×
Warning
JUser: :_load: Unable to load user with ID: 81428
Language
Monday, 14 September 2020
အဓိပ္ပာယ်ရောထွေး၍ အသုံးမှားတတ်သော အင်္ဂလိပ်စကားလုံးများ
အဓိပ္ပာယ်ရောထွေး၍ အသုံးမှားတတ်သော အင်္ဂလိပ်စကားလုံးများ
Accept, Except
Accept - လက်ခံသည်
Please accept my apology for my absence yesterday. (ကျွန်တော် မနေ့ကမလာနိုင်တဲ့အတွက် ကျွန်တော့ရဲ့တောင်းပန်ချက်ကို လက်ခံပါ)
The girl accepted the boy’s gift of a watch. (ကောင်မလေးက ကောင်လေးရဲ့နာရီလက်ဆောင်ကို လက်ခံခဲ့တယ်)။
Except - မှတပါး
All the boys, except Mg Hla, attended the ceremony. (မောင်လှမှတပါး ကျန်တဲ့သူအားလုံး ပွဲကို တက်ရောက်ခဲ့တယ်)
I can tell you everything except my meeting with the girl. (ငါ့ကောင်မလေးနဲ့တွေ့တဲ့ကြောင်းကလွဲရင် ကျန်တာအားလုံးကို ပြောပြနိုင်ပါတယ်)
Abstain, Refrain.
Abstain - ရှောင်သည် (အစားအသောက်၊ အပြုအမူ . . .. )
We abstain from food in the evening when we keep Sabbath. (ကျွန်တော်တို့ဥပုသ်စောင့်တဲ့အခါ ညနေပိုင်းမှာ အစားအသောက်ကို ရှောင်ကြတယ်)
Refrain – ရှောင်သည် (လုပ်ခြင်း၊ ကိုင်ခြင်း စသည်မှ . . . . )
We refrain from eating in the evening when we keep Sabbath. (ကျွန်တော်တို့ဥပုသ်စောင့်တဲ့အခါ ညနေပိုင်းမှာ စားသောက်ခြင်းမှ ရှောင်ကြဉ်ကြသည်)။
(မှတ်ချက် - abstain from နောက်မှာ နာမ်လိုက်ရတယ်၊ refrain from နောက်မှာ ကြိယာနာမ်လိုက်ရတယ်)
Adapt, Adept, Adopt
Adapt - သင့်သလိုစီမံသည်။ ဝင်ဆံ့သည်
He adapted the story into a play. (သူက ဝတ္ထုတိုကို ပြဇာတ်ဖြစ်အောင် ပြုပြင်စီရင်သည်)
Adept - ကျွမ်းကျင်သော၊ ကျွမ်းကျင်သူ
He is adept in preparing mohinga. (သူက မုန့်ဟင်းခါးချက်ရာမှ ကျွမ်းကျင်တယ်)
He is an adept in photography. (သူက ဓာတ်ပုံပညာမှာ ကျွမ်းကျင်သူတစ်ဦးဖြစ်တယ်)
Adopt - လက်ခံသည်။ မွေးစားသည်။
The Government adopts measures to stop exploitation. (အစိုးရက ခေါင်းပုံဖြတ်ရပ်စဲအောင် ဆောင်ရွက်ချက်များကို ချမှတ်တယ်။
The old couple adopted the orphan. (အဘိုးကြီးလင်မယားက မိဘမဲ့ကလေးကို မွေးစားကြတယ်)
Accede, Concede
Accede - ခွင့်ပြုသည်။
The management acceded to the workers demands. (အုပ်ချုပ်ရေးအဖွဲ့က လုပ်သားများ၏ တောင်းဆိုချက်များကို ခွင့်ပြုလိုက်သည်)
Concede - လိုက်လျောသည်။
In order to avoid argument, he conceded that his opponent was right. (ငြင်းခုံမှုမဖြစ်အောင် ရှောင်လွှဲလိုသောကြောင့် သူက သူ့ကန့်ကွက်သူမှန်ပါတယ်လို့ လိုက်လျောဝန်ခံလိုက်သည်)
Admission, Admittance
Admission - အသင်းအဖွဲ့စသည်တို့တွင် ပါဝင်ခွင့်
New matriculates will be given admission to one of the universities. (ဆယ်တန်းအောင်စလူသစ်များကို တက္ကသိုလ်တစ်ကျောင်းကျောင်းတွင် ဝင်ခွင့်ပေးမည်)
Admittance - တစ်နေရာသို့ဝင်ခွင့်
No admittance into the examination hall is given to outsiders. (အပြင်လူများအား စာမေးပွဲခန်းမကြီးထဲသို့ ဝင်ခွင့်မပြုပါ)
Advice, Advise
Advice - သြဝါဒ၊ အကြံပေးချက်
You should seek your parent’s advice before you apply for admission into the university. (တက္ကသိုလ် မလျှောက်ခင် သင့်မိဘများ၏ သြဝါဒကို ယူသင့်တယ်)
Advise - အကြံပေးသည်၊ သြဝါဒပေးသည်။
They will advise you what you should do. (သင် ဘာလုပ်သင့်တယ်ဆိုတာကို သူတို့အကြံဉာဏ် သြဝါဒပေးလိမ့်မယ်)
Few, A Few, The Few
Few - မရှိသလောက်၊ နည်းပါးသော ဦးရေ
Few persons will go out in the rain without an umbrella. (မိုးရွာထဲမှာ ထီးမပါဘဲသွားသူ အလွန်ပင် နည်းတယ်)
A few - အနည်းငယ်သော အရေအတွက်
Only a few persons will go out without an umbrella. (လူအနည်းငယ်မျှသာ ထီးမပါဘဲ ထွက်ကြပေလိမ့်မည်)
The few - ထိုလူနည်းစုကလေး
The few that go out will probably catch cold. (ထိုသို့ထွက်သွားသူလူတစ်စုမှာလည်း အအေးမိချင်မိကြပေလိမ့်မည်)
ကိုးကား - ဆရာကြီးတက်တိုး
Accept, Except
Accept - လက်ခံသည်
Except - မှတပါး
Abstain, Refrain.
Adapt, Adept, Adopt
Adopt - လက်ခံသည်။ မွေးစားသည်။
Accede, Concede
Accede - ခွင့်ပြုသည်။
Concede - လိုက်လျောသည်။
Admission, Admittance
Advice, Advise
Few, A Few, The Few
Read times
Rate this articles
(0 votes)