×

Warning

JUser: :_load: Unable to load user with ID: 723


Language

Wednesday, 20 September 2017

အဂၤလိပ္စကားလံုး Morning နဲ႔ပက္သက္တဲ့ အသံုးျပဳပံု (၂)

အဂၤလိပ္စကားလံုး Morning နဲ႔ပက္သက္တဲ့ အသံုးျပဳပံု (၂) google.com

မနက္ပိုင္း (Morning) နဲ႕ပက္သက္တဲ့အသံုးအနွဳန္းေလးေတြ မွန္မွန္ကန္ကန္သံုးတတ္ေစဖို႔ ေဖာ္ျပေပးထားတာ က်န္တဲ့အပိုင္းေလးကို ထပ္တင္ေပးထားတာပါ။

အနာဂတ္ကာလအေၾကာင္း ေျပာခ်င္တဲ့အခါ

တစ္မနက္ခင္းမွာ ျဖစ္ေတာ့မယ့္ အေၾကာင္းကိစၥကို ေျပာခ်င္တဲ့အခါ ‘on’ ကို သံုးပါတယ္။

Example:

¨       They are coming to see me on Friday morning.

လာမယ့္ရက္တစ္ရက္မွာ ျဖစ္မယ့္ကိစၥကို ေျပာတဲ့အခါ ရက္ကုိ ေဖာ္ျပျပီးသားျဖစ္ခဲ့ရင္ အဲ့ဒီရက္ကုိ ညႊန္ျပေျပာဆိုတဲ့အခါ in the morning လို႔သံုးလိုက္ရံုပါဘဲ။

Example:

¨       The teams will arrive at Nay Pyi Daw Olympic Village on Sunday when Myanmar will play Thailand in the morning.

Recommended for you - သင့္ရဲ႕ မွတ္ဥာဏ္ကို ႏုပ်ိဳေစျပီး ထက္ျမက္ေစမည့္ နည္းလမ္းေကာင္းမ်ား

ရက္တစ္ရက္မွာ ျဖစ္မယ့္အေၾကာင္းကို ေျပာေနရင္း အဲ့ဒီရက္နဲ႕ ေနာက္တစ္ေန႔မနက္ကို ညႊန္းျပီး ေျပာမယ္ဆိုရင္ the following morning လို႔ ေျပာရပါမယ္။

Example:

¨       We will arrive in Yangon on Friday evening and set off for Ngwe Saung the following morning.

ပံုမွန္ျဖစ္ေလ့ရွိတာကို ေျပာတဲ့အခါ

တစ္စံုတစ္ခုက မနက္တိုင္း ပံုမွန္ ျဖစ္ေလ့ရွိတာ (ျဖစ္ေလ့ရွိခဲ့တာ) ကို ေျပာခ်င္ရင္ in the morning လို႔ ေျပာလို႔ရသလို plural form နဲ႕ in the mornings လို႔ပါ ေျပာလို႔ရတယ္။

Examples:

¨       I read all the papers in the morning.

¨       The library may open only in the mornigs.

¨       I had to get up very early in the mornings.

¨       She stayed in bed in the mornings.

Recommended for you - ဘာမွ မလုပ္ခ်င္ေတာ့တဲ့အခါ

တစ္စံုတစ္ခုက တစ္ပတ္လွ်င္တစ္ၾကိမ္ ရက္တစ္ရက္ရဲ႕ တစ္မနက္မွာ ပံုမွန္ ျဖစ္ေလ့ရွိတယ္လို႔ ေျပာခ်င္ရင္ ‘on’ ကို သံုးျပီး ေနာက္မွာရက္နာမည္ကို တြဲျပီး ေနာက္ဆံုးမွာ mornings(plural) နဲ႕ အဆံုးသတ္ရတယ္။ (on + day of week + mornings)

Examples:

¨       You can deposit and withdraw money on Monday mornings.

¨       My father mended shoes on Sunday mornings.

အခ်ိန္အတိအက်ကို ေဖာ္ညႊန္းလိုပါက

နာရီ အခ်ိန္ေတြကို ေျပာတဲ့အခါ မနက္ပိုင္းနဲ႕ ညပိုင္းကို am/pm တို႕နဲ႕ ခြဲျခား ေျပာရပါတယ္။ ဒါမွသာလွ်င္ ကိုယ္ေျပာတဲ့အခ်ိန္က မနက္ပိုင္းလား ညေန သို႔မဟုတ္ ညပိုင္းလား ဆိုတာ ေပၚလြင္မွာ ျဖစ္ပါတယ္။ စာ သို႔မဟုတ္ စကားမွာ အခ်ိန္ကို ေျပာျပီးရင္ in the morning ကို ထည့္ေျပာရတယ္။ (အလားတူပဲ in the afternoon တို႔ in the evening စသည္ျဖင့္ ခြဲ ေျပာရပါတယ္။)

Examples:

¨       They often hold management meetings at seven in the morning.

¨       It was five o’clock in the morning.

အဂၤလိပ္စာကို ေသေသခ်ာခ်ာေလ့လာခ်င္တဲ့ ေက်ာင္းသားေက်ာင္းသူမ်ား ကြ်န္ေတာ္တို႔ sayar.com.mm မွာရွိတဲ့ အဂၤလိပ္စာဆရာဆရာမမ်ားႏွင့္ ဆက္သြယ္လိုက္ပါ။

ဆရာ ဆရာမမ်ားလည္း sayar.com.mm တြင္ အခမဲ့ register ျပဳလုပ္နိုင္ပါတယ္။

Credit; Myanmar-network.net

Unicode

မနက်ပိုင်း (Morning) နဲ့ပက်သက်တဲ့အသုံးအနှုန်းလေးတွေ မှန်မှန်ကန်ကန်သုံးတတ်စေဖို့ ဖော်ပြပေးထားတာ ကျန်တဲ့အပိုင်းလေးကို ထပ်တင်ပေးထားတာပါ။


အနာဂတ်ကာလအကြောင်း ပြောချင်တဲ့အခါ
တစ်မနက်ခင်းမှာ ဖြစ်တော့မယ့် အကြောင်းကိစ္စကို ပြောချင်တဲ့အခါ  ‘on’ ကို သုံးပါတယ်။
Example:
•    They are coming to see me on Friday morning.
လာမယ့်ရက်တစ်ရက်မှာ ဖြစ်မယ့်ကိစ္စကို ပြောတဲ့အခါ ရက်ကို ဖော်ပြပြီးသားဖြစ်ခဲ့ရင် အဲ့ဒီရက်ကို ညွှန်ပြပြောဆိုတဲ့အခါ in the morning လို့သုံးလိုက်ရုံပါဘဲ။
Example:
•    The teams will arrive at Nay Pyi Daw Olympic Village on Sunday when Myanmar will play Thailand in the morning.

Recommended for you - သင့်ရဲ့ မှတ်ဉာဏ်ကို နုပျိုစေပြီး ထက်မြက်စေမည့် နည်းလမ်းကောင်းများ
ရက်တစ်ရက်မှာ ဖြစ်မယ့်အကြောင်းကို ပြောနေရင်း အဲ့ဒီရက်နဲ့ နောက်တစ်နေ့မနက်ကို ညွှန်းပြီး ပြောမယ်ဆိုရင် the following morning လို့ ပြောရပါမယ်။
Example:
•    We will arrive in Yangon on Friday evening and set off for Ngwe Saung the following morning.


ပုံမှန်ဖြစ်လေ့ရှိတာကို ပြောတဲ့အခါ
တစ်စုံတစ်ခုက မနက်တိုင်း ပုံမှန် ဖြစ်လေ့ရှိတာ (ဖြစ်လေ့ရှိခဲ့တာ) ကို ပြောချင်ရင် in the morning လို့ ပြောလို့ရသလို plural form နဲ့ in the mornings လို့ပါ ပြောလို့ရတယ်။
Examples:
•    I read all the papers in the morning.
•    The library may open only in the mornigs.
•    I had to get up very early in the mornings.
•    She stayed in bed in the mornings.

Recommended for you - ဘာမှ မလုပ်ချင်တော့တဲ့အခါ
တစ်စုံတစ်ခုက တစ်ပတ်လျှင်တစ်ကြိမ် ရက်တစ်ရက်ရဲ့ တစ်မနက်မှာ ပုံမှန် ဖြစ်လေ့ရှိတယ်လို့ ပြောချင်ရင် ‘on’ ကို သုံးပြီး နောက်မှာရက်နာမည်ကို တွဲပြီး နောက်ဆုံးမှာ mornings(plural) နဲ့ အဆုံးသတ်ရတယ်။ (on + day of week + mornings)
Examples:
•    You can deposit and withdraw money on Monday mornings.
•    My father mended shoes on Sunday mornings.


အချိန်အတိအကျကို ဖော်ညွှန်းလိုပါက
နာရီ အချိန်တွေကို ပြောတဲ့အခါ မနက်ပိုင်းနဲ့ ညပိုင်းကို am/pm တို့နဲ့ ခွဲခြား ပြောရပါတယ်။ ဒါမှသာလျှင် ကိုယ်ပြောတဲ့အချိန်က မနက်ပိုင်းလား ညနေ သို့မဟုတ် ညပိုင်းလား ဆိုတာ ပေါ်လွင်မှာ ဖြစ်ပါတယ်။ စာ သို့မဟုတ် စကားမှာ အချိန်ကို ပြောပြီးရင် in the morning ကို ထည့်ပြောရတယ်။ (အလားတူပဲ in the afternoon တို့ in the evening စသည်ဖြင့် ခွဲ ပြောရပါတယ်။)
Examples:
•    They often hold management meetings at seven in the morning.
•    It was five o’clock in the morning.


အင်္ဂလိပ်စာကို သေသေချာချာလေ့လာချင်တဲ့ ကျောင်းသားကျောင်းသူများ ကျွန်တော်တို့ sayar.com.mm မှာရှိတဲ့ အင်္ဂလိပ်စာဆရာဆရာမများနှင့် ဆက်သွယ်လိုက်ပါ။
ဆရာ ဆရာမများလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။


Credit; Myanmar-network.net

 

Read times Last modified on Monday, 30 December 2019 14:38
Rate this articles
(1 Vote)