×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Tuesday, 22 September 2020

Go နဲ့ပတ်သက်တဲ့ Phrasal Verb လေးတွေ

Go နဲ့ပတ်သက်တဲ့ Phrasal Verb လေးတွေ
ဒီနေ့တော့ ဆရာ-ဘဝသစ်ဦးအောင်ကျော်ပို့ချခဲ့ဘူးတဲ့ သင်ခန်းစာတွေထဲက Go နဲ့ပတ်သက်တဲ့ Phrasal Verb တွေကို အတူတူ လေ့လာကျရအောင်။

 

(၁) go into - (ယာဉ်) ဝင်တိုက်မိတာ၊ ဝင်သွားတာ၊ ဝင်တာ၊ ပြောပြတာ။
e.g.(1) The car skidded and went into a tree. (ကားက ချော်သွားပြီး သစ်ပင်တစ်ပင်ကို ဝင်တိုက်တယ်)

e.g.(2) He went into the army at the age of twenty. (သူဟာ အသက်နှစ်ဆယ်အရွယ်မှာ စစ်တပ်ထဲဝင်တယ်)

e.g.(3) He went into a long explanation of the affair. (သူဟာ ဒီကိစ္စကို ရှည်ရှည်ဝေးဝေး ရှင်းပြ/ပြောပြ)တယ်

 

(၂) go off - ထွက်သွားတာ၊ ခိုးရာလိုက်တာ၊ ပေါက်ကွဲတာ၊ (သေနတ်)ကျည်ထွက်တာ၊ ချဉ်/သိုးသွားတာ၊ ဖြစ်ပွားတ၊ မကြိုက်တော့တာ

e.g.(1) They went off without telling me where they were going. (သူတို့ဟာ ဘယ်သွားမယ်ဆိုတာ ငါ့ကိုမပြောဘဲ ထွက်သွားတယ်)

e.g.(2) She went off with the gardener's son. (သူမဟာ ဥယျာဉ်မှူးရဲ့သားနဲ့ ခိုးရာလိုက်ပြေးတယ်)

e.g.(3) The accountant went off with all the money. (စာရင်းကိုင်ဟာ ပိုက်ဆံတွေအကုန်လုံး ခိုးသွား (လစ်သွား)တယ်)

e.g.(4) The gun went off. (သေနတ်ကျည်ထွက်သွားတာ)

e.g.(5) The meat has gone off. (အသားတွေက သိုးသွားတယ်)

e.g.(6) The milk has gone off because of the heat. (အပူချိန်ကြောင့် နွားနို့ချဉ်သွားတယ်)

e.g.(7) The party went off as planned. (ပါတီဟာ စီစဉ်တဲ့အတိုင်း ဖြစ်ပွား/ဖြစ်သွားတယ်)

e.g.(8) He has gone off her, and doesn't want to see her again. (သူဟာ သူမကို မကြိုက်တော့ဘူး၊ နောက်ထပ်လည်း မတွေ့ချင်တော့ဘူး)

 

(၃) go on - ဆက်သွားတာ၊ ဆက်ပြောတာ၊ ဆက်ဖြစ်တာ၊ ဖြစ်ပျက်တာ၊ ပြုမူတာ

e.g.(1) They went on to the next town. (သူတို့ဟာနောက်မြို့ကိုဆက်သွားတယ်)

e.g.(2) Some people just go on and on. (တစ်ချို့လူတွေက စကားကိုဆက်ပြောနေတာ မပြီးတော့ဘူး)

e.g.(3) The war went on till 1918. (စစ်ဟာ ၁၉၁၈ ခုနှစ်အထိ ဆက်ဖြစ်တယ်(

e.g.(4) They told me what had been going on. (သူတို့တွေက ဘာတွေဆက်လက်ဖြစ်ပျက်နေခဲ့တယ်ဆိုတာ ကျွန်တော့ကိုပြောပြတယ်)

e.g.(5) If you go on like this, you must expect trouble. (မင်းဒီလိုပြုမူနေမယ်ဆိုရင် ဒုက္ခကို မျှော်လင့်ထားရမယ်)

 

(၄) go on for - နီးလာတာ

e.g.(1) He must be going for forty. (သူက အသက်လေးဆယ်နားနီးရော့တော့)

e.g.(2) It's going on for midnight. (သန်းခေါင်နားတောင်နီးပြီ)

 

(၅) go out - မီးငြိမ်းတာ၊ ခေတ်မစားတော့တာ၊ (ဒီရေ)ကျတာ၊ (အားကစားယှဉ်ပြိုင်ရာမှ)ပြုတ်သွားတာ

e.g.(1) The lights have gone out. (မီးတွေငြိမ်းသွားပြီ)

e.g.(2) Short skirts have gone out. (စကတ်တိုတွေ ခေတ်မစားတော့ဘူး)

e.g.(3) The tide has gone out. (ဒီရေကျသွားပြီ)

e.g.(4) That team went out in the third round. (ဒီအသင်းဟာ တတိယအချီမှာ ပြုတ်သွားတယ်)

 

(၆) go over - ဖြတ်ကူးတာ၊ ဘက်ပြောင်းသွားတာ၊ လက်ခံတာ၊ စစ်ဆေးတာ၊ သုံးသပ်တာ

e.g.(1) He went over to the other side of the street. (သူက လမ်းတစ်ဘက်ကိုကူးသွားတာ)

e.g.(2) They have gone over to the enemy. (သူတို့ဟာ ရန်သူ့ဘက်ကို ပြောင်းသွားတယ်)

e.g.(3) His speech went over well. (သူရဲ့မိန့်ခွန်းကိုကောင်းကောင်းလက်ခံကြတယ်)

e.g.(4) The auditors went over the accounts with care. (စာရင်းစစ်တွေက ငွေစာရင်းတွေကို ဂရုတစိုက် စစ်ဆေးကြတယ်)

e.g.(5) Let's go over the facts as we know them. (အချက်အလက်တွေကို တို့တွေသိထားတဲ့အတိုင်း ပြန်သုံးသပ်ကြည့်ကြစို့)

 

(၇) go round - လောက်တာ၊ စေ့ငှတာ၊ ပျံ့နှံ့တာ၊ ကူးစက်တာ

e.g.(1) There aren't enough chairs to go round. (ကုလားထိုင်တွေ မလောက်ဘူး)

e.g.(2) Is there enough food to go round? (စားစရာတွေ လောက်ငှအောင်ရှိရဲ့လား)

e.g.(3) There's a rumour going round that Sue and David are having an affair. (ဆူးနဲ့ဒေးဗစ် ကြိုက်နေကြတယ်ဆိုတဲ့ ကောလဟာလ ပျံ့နှံ့နေတယ်)

e.g.(4) There's a lot of flu going round at the moments. (အခုအခိုက်အတန့်မှာ တုပ်ကွေးတွေအများကြီး ကူးစက်ပျံ့နှံ့နေတယ်)

 

(၈) go though - အတည်ပြုခံရတာ၊ ခံစားရတာ၊ စစ်ဆေးတာ၊ တွေ့ရှိတာ။

e.g.(1) The bill has gone through and become an act of Parliament. (ဥပဒေကြမ်းဟာ အတည်ပြုခံရပြီး လွှတ်တော်အက်ဥပဒေဖြစ်သွားပြီ)

e.g.(2) She has gone through a lot since her husband was killed. (သူမဟာ သူ့ယောကျ်ားအသတ်ခံရကတည်းက အများကြီး ခံစားခဲ့ရတယ်။)

e.g.(3) The lawyers went through the evidence. (ရှေ့နေတွေက အထောက်အထားကို စစ်ဆေးကြတယ်)

e.g.(4) The customs men went through our suitcase. (အကောက်ခွန်ဌာနကလူတွေက ကျွန်တော်တို့ရဲ့ လက်ဆွဲအိတ်ကို ရှာဖွေကြတယ်)

 

(၉) go under - နစ်တာ၊ ပြုတ်တာ

e.g.(1) The firm will go under unless business improves. (အရောင်းအဝယ်ကောင်းမလာရင် ကုမ္ပဏီပြုတ်လိမ့်မယ်)

e.g.(2) The ship slowly went under. (သဘောၤဟာ တဖြည်းဖြည်း နစ်သွားတယ်)

 

(၁၀) go up = တက်လာတယ်၊ မီးလောင်/ပေါက်ကွဲမှုကြောင့် ပျက်စီးတယ်

e.g.(1) New office blocks are going up everywhere. (ရုံးအဆောက်အဦးအသစ်တွေဟာ နေရာတကာမှာ တက်လာတယ်)

e.g.(2) The goods have gone up in price. (ကုန်ပစ္စည်းတွေဈေးတက်လာတယ်)

e.g.(3) The whole building went up when the bomb exploded. (ဗုံးပေါက်ကွဲမှုကြောင့် အဆောက်အဦးတစ်ခုလုံး ပျက်စီးသွားတယ်)

 

(၁၁) go with - ဒွန်တွဲသည်၊ တွဲခုတ်သည်၊ တွဲဖက်ပါရှိသည်၊ လိုက်ဖက်သည်။

e.g.(1) Poverty goes with laziness. (ဆင်းရဲခြင်းဟာ ပျင်းရိခြင်းနဲ့ဒွန်တွဲနေတယ်)

e.g.(2) He goes with a different woman every week. (သူဟာ အပတ်စဉ် မတူတဲ့၊ ခြားနားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွဲတယ်)

e.g.(3) A new car goes with the job. (ဒီအလုပ်လုပ်ရင် ကားသစ်တစ်ီးရတယ်(တွဲဖက်ပါဝင်တယ်)

e.g.(4) Her new hat doesn't go with her dress. (သူမရဲ့ဦးထုပ်နဲ့အဝတ်အစား မလိုက်ဖက်ဘူး)

 

(၁၂) go without - မရှိဘဲနေနိုင်တာ၊ မရှိဘဲဖြစ်တာ

e.g.(1) How long can a human being go without food. (လူတစ်ယောက်က အစားမစားဘဲ ဘယ်လောက်ကြာကြာ နေနိုင်မလဲ)

e.g.(2) She went without sleep for three days. (သူမဟာ သုံးရက်ကြာ မအိပ်ဘဲနေနိုင်တယ်)

 

(၁၃) gobble - -ဝါးမျိုတာ

e.g.(1) The rent gobbles up half his earning. (အိမ်ငှားခက သူ့ဝင်ငွေတစ်ဝက်လောက်ကို ဝါးမျိုပစ်တယ်)

 

 

 


 




 










 







 

(၄) go on for - နီးလာတာ



 






 







 






 



e.g.(2) She has gone through a lot since her husband was killed. (သူမဟာ သူ့ယောက်ျားအသတ်ခံရကတည်းက အများကြီး ခံစားခဲ့ရတယ်။)



 



e.g.(2) The ship slowly went under. (သဘောင်္ဟာ တဖြည်းဖြည်း နစ်သွားတယ်)

 





 






 




 

(၁၃) gobble - -၀ါးမျိုတာ


Read times
Rate this articles
(1 Vote)