×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Monday, 28 September 2020

စကားပြောစွမ်းရည် (Speaking Skill) ကို သင်ယူလေ့လာခြင်း

စကားပြောစွမ်းရည် (Speaking Skill) ကို သင်ယူလေ့လာခြင်း

 

Reading Skill ရှိရင် အင်္ဂလိပ် (အခြားဘာသာစကားတစ်ခု) စကားပြောနိုင်တယ်. . . 
Grammar တတ်ရင် အင်္ဂလိပ် (အခြားဘာသာစကားတစ်ခု) စကားပြောနိုင်တယ် . . . 
စာများများဖတ်ရင် စကားပြောစွမ်းရည် (Speaking Skill) အလိုလိုရတယ် . . . 
ဝါဟာရ (Vocabulary) များများသိရင် စကားပြောလို့ရတယ် . . . .ဆိုတာတွေက မဟုတ်ပါဘူး။

 


Speaking Skill ဟာ Language Skill (၄)ခုထဲက တစ်ခုအပါအဝင်ဖြစ်ပြီး Skill စွမ်းရည်တစ်ခုစီတိုင်းအတွက် သူ့တတ်ကျွမ်းဖို့လိုအပ်တဲ့ အရည်အချင်းတွေ အစိတ်အပိုင်းတွေ ရှိပါတယ်။ ဥပမာ စာဖတ်စွမ်းရည် Reading Skill မှာ သူ့ sub-skill အခွဲတွေရှိသလို Speaking Skill မှာလည်း သူ့သက်ဆိုင်ရာ Sub-sill တွေ ရှိပါတယ်။

 

Speaking လို့ပြောတဲ့နေရာမှာ ပထမဦးဆုံး Monologue နဲ့ Dialogue ကို ခွဲခြားရပါလိမ့်မယ်။ ပြောသူရဲ့ ပါးစပ်ကထွက်တိုင်း Speaking လို့ပြောလို့ရပေမယ့် တစ်ယောက်ထဲက အခြာတစ်ယောက် (သို့) တစ်စုကို ပြောတာကို Monologue လို့ ခေါ်ပါတယ်။ တစ်ဖက်သတ်ပြောတာကို ဆိုလိုပါတယ်။ ဒီလိုစကားပြောနည်းထဲမှာ Lecture ဟောပြောသင်ကြားပို့ချခြင်း၊ sermon တရားဟောခြင်းတို့ပါဝင်ပါတယ်။

 

Dialogue ကတော့ အနည်းဆုံး နှစ်ဦး၊ နှစ်ယောက် ပါရှိရပါတယ်။ အပြန်အလှန် ပြောဆိုခြင်းဖြစ်ပါတယ်။ တစ်ယောက်က ပြောတာကို ဒုတိယတစ်ယောက်ကနားထောင်ပြီး ဒုတိယတစ်ယောက်က ပြန်ဖြေတာ၊ တုံ့ပြန်တာတွေကို ပထမတစ်ယောက်က နားထောင်ရပါတယ်။ အဲသလို ပြောသူနဲ့ နားထောင်သူတို့ အခန်းကဏ္ဍပြောင်းပြီး အပြန်အလှန် ဆက်ဆံဆက်သွယ်တာကို Dialogue လို့ ခေါ်ပါတယ်။

တစ်ဖန် Speaking ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးအစားတွေ ထပ်ခွဲထားတာကတော့ Social Conversation (လူမှုရေး အလ္လာပ၊ သလ္လာပ)၊ Academic Discussion (ပညာရပ်ဆိုင်ရာ ဆွေးနွေးခြင်း)၊ Interview (အင်တာဗျူး)၊ Social Function (e.g. Requesting (ခွင့်တောင်းခြင်း)၊ Inviting (ဖိတ်ကြားခြင်း)၊ Apologizing (တောင်းပန်ခြင်း)၊ Asking for / Giving Advice (အကြံဉာဏ်ပေးခြင်း၊ အကြံဉာဏ် ရယူခြင်း)၊ Telling Stories (ပုံပြောခြင်း)၊ Narrating (အဖြစ်အပျက် အတွေ့အကြုံတို့ကို စီကာပတ်ကုံးပြောပြခြင်း)၊ Telling Joke (ဟာသပြောခြင်း)၊ Problem Solving (ပြသာနစ်ခုကို ဝိုင်းဝန်းဆွေးနွေး အဖြေရှာခြင်း၊ Taking part in meetings (ဆွေးနွေးပွဲတွင် ဝင်ရောက်ပါဝင်ဆွေးနွေးခြင်း)၊ Oral Presentation (လူပုံလည် ပရိတ်သတ်ရှေ့တွေ အကြောင်းအရာတစ်ခုကို တင်ပြပြောဆိုခြင်း၊ Service Transaction (ဝန်ဆောင်မှုကိစ္စများကို အပြန်အလှန် အတုံ့အလှည့်ပြု ဆွေးနွေးခြင်း) စသည်တို့ ပါဝင်ပါတယ်။

 

Social Conversation ဆိုတဲ့ လူမှုရေး၊ အလ္လာပ၊ သလ္လာပ စကား အပြန်အလှန် ပြောဆိုခြင်းကို လေ့လာကြည့်ကြပါစို့။ ဒီ Speaking Skill အမျိုးအစားအောက်မှာ ဘာတွေ အကျုံးဝင်ပါသလဲ . . . ?
(1) Conversation Skill
(2) Language Aspect
(3) Topic/Ideas
(4) Thinking Skill
(5) Social တို့ ပါဝင်ပါတယ်။

 

(၁) Conversation Skill ဆိုတာက စကားကို ဘယ်လိုစပြောရမယ်၊ ဘယ်ကစပြောရမယ်၊ ဘာအကြောင်းအရာမျိုးနဲ့ စရတယ်၊ ဘယ်လို ချဲ့ထွင်ပြောဆိုရတယ်၊ တစ်ဖက်သားကို စကားအဆက်မပြတ်သွားအောင် ဘယ်လိုကူညီထောက်ပံ့ရတယ်၊ မရှင်းတာကို ဘယ်လိုပြန်မေးရတယ်။ နားလည်/မလည် ဘယ်လိုစုံစမ်းရတယ်၊ စကားဘယ်လို ဖြတ်ပြောရတယ်။ စကားဖြတ်ပြောခံရရင် မူလပြောနေတဲ့ အကြောင်းအရာဆီကို ပြန်သွားရတယ်၊ အကြောင်းအရာ ဘယ်လိုပြောင်းရတယ်၊ ပြောဆိုခြင်းကို ဘယ်လိုရုပ်သိမ်းရတယ်၊ ဘယ်လိုအဆုံးသတ်ရတယ်၊ ပြောစရာအကြောင်းအရာ စဉ်းစားနေတဲ့အချိန်၊ စကားလုံးရှာနေရတဲ့အချိန်မှာ ဘယ်လို အချိန်ဆွဲရတယ် စသည်တို့အားလုံး တတ်ကျွမ်းခြင်းကို ဆိုလိုပါတယ်။ ဒါတွေက တကူးတက သင်ယူလေ့ကျင့်ရတဲ့ စွမ်းရည်တွေပဲဖြစ်ပါတယ်။

(၂) Language Aspect ဆိုတာကတော့ သမာရိုးကျ ဘာသာစကား သင်ယူခြင်းပဲဖြစ်ပါတယ်။ အဲ့ဒီ့အပိုင်းမှာ Grammar နဲ့ Vocabulary အပြင် Pronunciation နဲ့ ှSentence Structure တို့ ပါဝင်ပါတယ်။ အသံထွက် မှန်ကန်ပီသဖို့၊ သဒ္ဒါမှန်ကန်ဖို့၊ ဝါကျတည်ဆောက်ပုံတွေမှန်ကန်ဖို့၊ ဝေါဟာရကြွယ်ဝဖို့ လိုအပ်တဲ့အပိုင်းဖြစ်ပါတယ်။ Social Conversation မှာ မရှိမြစ်တဲ့အပိုင်းးပဲဖြစ်ပါတယ်။ ကျွန်တော်တို့တွေ ပထမတန်းက ဒသမတန်းအတိ၊ တက္ကသိုလ်မှာ ဘွဲ့ရတဲ့အထိ Language Aspect ကို သင်ယူခဲ့ရပါတယ်။ ဒါပေမယ့် conversation skill / Social conversation အပိုင်းမှာ အားနည်းတဲ့အတွက် စကားပြောဆိုရာမှာ အခက်အခဲတွေရှိတယ်၊ အဆင်မပြေတာတွေရှိတယ်ဆိုတာကို သတိပြုမိကြမှာပါ။ ဒီ့အတွက် Language Aspect အပြင် conversation skill လည်း အများကြီး လိုအပ်ပါတယ်။

 

(၃) Topic / Idea ပိုင်းကတော့ စကားအပြန်အလှန်ပြောဆိုခြင်းရဲ့အကြောင်းအရာပိုင်း၊ အိုင်ဒီယာအပိုင်းပဲဖြစ်ပါတယ်။ ဒီမှာ စာဖတ်ခြင်းရဲ့တန်ဖိုးကို တွေ့မြင်ရမှာပါ။ စာများများဖတ်ညပီး ဗဟုသုတများများရှိတဲ့သူမှာ ပြောစရာအကြောင်းအရာတွေ ပိုရှိနေကြပါတယ်။ နောက်တစ်ခုကတော့ စကားပြော Idea မရှိတဲ့၊ မထုတ်တတ်တဲ့ကိစ္စပါ။ ဥပမာ “Talking about your family” ဆိုတဲ့ Topic မှာ ဘယ်လိုအကြောင်းအရာတွေပါဝင်ရပါမလဲ၊ ဘာတွေထည့်ပြောရမလဲ၊ ဘာတွေမေးမြန်းသင့်တယ်ဆိုတဲ့ Idea မရှိရင် စကားအသွားအလာက ခြောက်သွေ့ရပ်တန့်သွားပြီး အူတူတူ အတတကြီး ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် Generating Idea on a topic ဆိုတဲ့ အတတ်ကို သင်ကြားပေးဖို့၊ သင်ယူလေ့ကျင့်တတ်မြောက်ဖို့ အထူးလိုအပ်ပါတယ်။ ဥပမာ IELTS စာမေးပွဲမျိုးမှာဆိုရင် ဖြေဆိုသူက ကတ်ပြားတစ်ခု ပေးပါတယ်။ အဲ့ဒီ့ကတ်ပြားပေါ်မှာ ပြောရမယ့် အကြောင်းအရာ ရိုက်နှိပ်ပါရှိပါတယ်။ အဲ့ဒါကို တစ်မိနစ်စဉ်းစားပြီးနောက် တောက်လျှောက်ပြောရပါတော့တယ်။ အဲ့ဒီ့အချိန်မှာ idea မထုတ်တတ်ရင် ပြောစရာစကား မရှိတဲ့အတွက် အောင်မြင်မှာမဟုတ်ပါဘူး။

 

(၄) Thinking Skill ဆိုတာကတော့ စဉ်းစားတတ်ခြင်းစွမ်းရည်ဖြစ်ပါတယ်။ အပြန်အလှန် စကားပြောကြတဲ့အချိန်မှာ တစ်ဘက်စကားကို နားထောင်ရင်း ဘာပြန်ပြောရမလဲ၊ ဘာမေးမြန်းရမလဲ၊ ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကို နားထောင်ရင်းမှာပဲ တစ်ချိန်တည်း စဉ်းစားနေရပါတယ်။ ပြောနေတဲ့အကြောင်းအရာကို ဘက်ပေါင်းစုံက စဉ်းစားနေရပါတယ်။ ပြောနေတဲ့အကြောင်းအရာကို ဘက်ပေါင်းစုံက စဉ်းစားနိုင်လေ စကားက စည်ပင်လေပဲဖြစ်ပါတယ်။ ဒီလို ရုတ်တရက် စဉ်းစားတတ်အောင်လည်း လေ့ကျင့်ပျိုးထောင်ယူရပါတယ်။ စဉ်းစားပြီးစကားပြောတတ်သူနဲ့ မစဉ်းစားဘဲစကားပြောတတ်သူဟာ များစွာ ကွာခြင်းပါတယ်။

 

(၅) လူနှစ်ယောက်အပြန်အလှန် စကားပြောဆိုခြင်းဟာ လူမှုရေးကိစ္စတစ်ခုဖြစ်ပါတယ်။ အဲ့ဒါကြောင့် Conversation မှာ Social Skill ဟာ မလွဲမသွေ ဝင်လာပါတော့တယ်။ လူမှုဆက်ဆံရေးစွမ်းရည်ဟာ Conversation မှာ အလွန်အရေးပါပါတယ်။ လူလူချင်း ဆက်ဆံရာမှာ လူမှုရေးစိတ်ဓာတ်ရှိဖို့ လိုအပ်ပါတယ်။ ခင်မင်မှုကိုပြခြင်း၊ ဖော်ရွေခြင်း၊ မျက်နှာထားရွှင်ပြခြင်း၊ လူလူချင်း စာနာထောက်ထားခြင်း၊ အခက်အခဲများ အပြန်အလှန်ကူညီခြင်း၊ လေးစားခြင်း စတဲ့စိတ်ဓာတ်တွေဟာ အပြန်အလှန် စကားပြောဆိုသူရဲ့မျက်နှာအမူအရာ၊ လေသံ၊ ဆက်ဆံရေး၊ စကားလုံးအသုံးအနှုန်းတို့နဲ့ သက်ဆိုင်သလို နားထောင်သူရဲ့ နေထိုင်ပြုမူပြောဆိုပုံနဲ့လည်း ပတ်သက်ပါတယ်။ ဘယ်လောက်တော်တော် ဘယ်လောက်တတ်တတ် လူမှုရေးညံ့ဖျင်းရင် စကားမပြောချင်ကြတာဟာ ဒီ Social Skill အရေးပါမှုကို သက်သေပြနေပါတယ်။

 

နောက်ဆုံးအချက်ကတော့ Cultural Ways of Speaking ဖြစ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုအရ ပြဌာန်းထားတဲ့ စကားပြောပုံပြောနည်းနဲ့ အခြားလူမျိုးတွေရဲ့ ယဉ်ကျေးမှုအသီးသီးက ပြဌာန်းထားတဲ့ ပြောပုံပြောနည်းတွေ ကွာခြားကြပါတယ်။ အင်္ဂလိပ်စကားလုံးတွေကို အင်္ဂလိပ်သဒ္ဒါနည်းနဲ့ ဝါကျမှန်မှန်စီပြီး အသံထွက်မှန်ရုံနဲ့ အပြန်အလှန် စကားပြောတဲ့အခါမှာ အသက်မပါဘဲ တောင့်တောင့်ကြီး ဖြစ်နေတတ်တာဟာ ဒီ Cultural Way ကြောင့်ပါပဲ။ ကျွန်တော်တို့ မြန်မာစကားပြောနည်းက လိုရင်းတိုရှင်းနည်းပဲဖြစ်ပါတယ်။ မေးတာကိုဖြေ၊ အပိုမပြောနဲ့ဆိုတာဖြစ်ပါတယ်။ အင်္ဂလိပ်နည်းကတော့ မေးတာကို ပြည့်ပြည့်စုံစုံနဲပ သိုင်းသိုင်းဝိုင်းဝိုင်းဖြေနည်းပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မြန်မာလူမျိုးတွေက မေးခွန်းတွေကို သိပ်မကြိုက်ကြပါဘူး။ ဒါကြောင့် အမေးနည်းတယ်။ အခြားစကားပြောနည်းတွေမှာတော့ အကြောင်းအရာတစ်ခုကို ထဲထဲဝင်ဝင်သိချင်တဲ့အတွက် မေးခွန်းတွေကို ဆက်တိုက်မေးတတ်တာကို တွေ့ရပါတယ်။ မေးခွန်းတွေမေးတဲ့အခါမှာလည်း Information Question တွေဖြစ်တဲ့အတွက် who, when where, why, how တွေ တစ်သီတစ်သန်းကြီးမေးတာမျိုးမဟုတ်ဘဲ intonation question တွေ၊ tag question တွေ၊ indirect question တွေနဲ့ tone လေသံကို လျှော့မေးတာမျိုးတွေ ဖြစ်ပါတယ်။

 

အချုပ်ပြောရရင် Speaking Skill ဆိုတာ အလိုလိုတ်တာမျိုးမဟုတ်တဲ့အတွက် အချိန်ပေးပြိး သင်သူရတဲ့ စွမ်းရည်ဖြစ်ပါတယ်။ Good Speaker, Good conversationalist တစ်ယောက်ဖြစအာင်ဖို့အတွက် အထက်ပါ skill တွေအားလုံး ဖွံ့ဖြိုးတိုးတက်လောအောင် အစဉ်တစိုက် ကြိုးစားအားထုတ် သင်ယူလေ့ကျင့်ဖို့ လိုအပ်ပါတယ်။ တကယ်တတ်ကျွမ်းချင်ရင် အချိန်၊ ကြိုးစားအားထုတ်မှုနဲ့ \တတ်မြောက်လိုခြင်း ဆန္ဒတို့ကို အရင်းအနှီးစိုက်ထုတ်ရမှာ ဧကန်မလွဲဖြစ်ပါတယ်။


 

စကားေျပာစြမ္းရည္ (Speaking Skill) ကို သင္ယူေလ့လာျခင္း

Reading Skill ရွိရင္ အဂၤလိပ္ (အျခားဘာသာစကားတစ္ခု) စကားေျပာႏိုင္တယ္ . . . 
Grammar တတ္ရင္ အဂၤလိပ္ (အျခားဘာသာစကားတစ္ခု) စကားေျပာႏိုင္တယ္ . . 
စာမ်ားမ်ားဖတ္ရင္ စကားေျပာစြမ္းရည္ (Speaking Skill) အလိုလိုရတယ္ . . . 
၀ါဟာရ (Vocabulary) မ်ားမ်ားသိရင္ စကားေျပာလို႔ရတယ္ . . . .ဆိုတာေတြက မဟုတ္ပါဘူး။



Speaking Skill ဟာ Language Skill (၄)ခုထဲက တစ္ခုအပါအ၀င္ျဖစ္ၿပီး Skill စြမ္းရည္တစ္ခုစီတိုင္းအတြက္ သူ႔တတ္ကၽြမ္းဖို႔လိုအပ္တဲ့ အရည္အခ်င္းေတြ အစိတ္အပိုင္းေတြ ရွိပါတယ္။ ဥပမာ စာဖတ္စြမ္းရည္ Reading Skill မွာ သူ႔ sub-skill အခြဲေတြရွိသလို Speaking Skill မွာလည္း သူ႔သက္ဆိုင္ရာ Sub-sill ေတြ ရွိပါတယ္။

 

Speaking လို႔ေျပာတဲ့ေနရာမွာ ပထမဦးဆံုး Monologue နဲ႔ Dialogue ကို ခြဲျခားရပါလိမ့္မယ္။ ေျပာသူရဲ႕ ပါးစပ္ကထြက္တိုင္း Speaking လို႔ေျပာလို႔ရေပမယ့္ တစ္ေယာက္ထဲက အျခာတစ္ေယာက္ (သို႔) တစ္စုကို ေျပာတာကို Monologue လို႔ ေခၚပါတယ္။ တစ္ဖက္သတ္ေျပာတာကို ဆိုလိုပါတယ္။ ဒီလိုစကားေျပာနည္းထဲမွာ Lecture ေဟာေျပာသင္ၾကားပို႔ခ်ျခင္း၊ sermon တရားေဟာျခင္းတို႔ပါ၀င္ပါတယ္။

 

Dialogue ကေတာ့ အနည္းဆံုး ႏွစ္ဦး၊ ႏွစ္ေယာက္ ပါရွိရပါတယ္။ အျပန္အလွန္ ေျပာဆိုျခင္းျဖစ္ပါတယ္။ တစ္ေယာက္က ေျပာတာကို ဒုတိယတစ္ေယာက္ကနားေထာင္ၿပီး ဒုတိယတစ္ေယာက္က ျပန္ေျဖတာ၊ တံု႔ျပန္တာေတြကို ပထမတစ္ေယာက္က နားေထာင္ရပါတယ္။ အဲသလို ေျပာသူနဲ႔ နားေထာင္သူတို႔ အခန္းက႑ေျပာင္းၿပီး အျပန္အလွန္ ဆက္ဆံဆက္သြယ္တာကို Dialogue လို႔ ေခၚပါတယ္။

 

တစ္ဖန္ Speaking ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ အမ်ိဳးအစားေတြ ထပ္ခြဲထားတာကေတာ့ Social Conversation (လူမႈေရး အလႅာပ၊ သလႅာပ)၊ Academic Discussion (ပညာရပ္ဆိုင္ရာ ေဆြးေႏြးျခင္း)၊ Interview (အင္တာဗ်ဴး)၊ Social Function (e.g. Requesting (ခြင့္ေတာင္းျခင္း)၊ Inviting (ဖိတ္ၾကားျခင္း)၊ Apologizing (ေတာင္းပန္ျခင္း)၊ Asking for / Giving Advice (အႀကံဥာဏ္ေပးျခင္း၊ အႀကံဥာဏ္ ရယူျခင္း)၊ Telling Stories (ပံုေျပာျခင္း)၊ Narrating (အျဖစ္အပ်က္ အေတြ႕အႀကံဳတို႔ကို စီကာပတ္ကံုးေျပာျပျခင္း)၊ Telling Joke (ဟာသေျပာျခင္း)၊ Problem Solving (ျပသာနစ္ခုကို ၀ုိင္း၀န္းေဆြးေႏြး အေျဖရွာျခင္း၊ Taking part in meetings (ေဆြးေႏြးပြဲတြင္ ၀င္ေရာက္ပါ၀င္ေဆြးေႏြးျခင္း)၊ Oral Presentation (လူပံုလည္ ပရိတ္သတ္ေရွ႕ေတြ အေၾကာင္းအရာတစ္ခုကို တင္ျပေျပာဆိုျခင္း၊ Service Transaction (၀န္ေဆာင္မႈကိစၥမ်ားကို အျပန္အလွန္ အတံု႕အလွည့္ျပဳ ေဆြးေႏြးျခင္း) စသည္တို႔ ပါ၀င္ပါတယ္။

 

Social Conversation ဆိုတဲ့ လူမႈေရး၊ အလႅာပ၊ သလႅာပ စကား အျပန္အလွန္ ေျပာဆိုျခင္းကို ေလ့လာၾကည့္ၾကပါစို႔။ ဒီ Speaking Skill အမ်ိဳးအစားေအာက္မွာ ဘာေတြ အက်ံဳး၀င္ပါသလဲ . . . ?
(1) Conversation Skill
(2) Language Aspect
(3) Topic/Ideas
(4) Thinking Skill
(5) Social တို႔ ပါ၀င္ပါတယ္။

 

(၁) Conversation Skill ဆိုတာက စကားကို ဘယ္လိုစေျပာရမယ္၊ ဘယ္ကစေျပာရမယ္၊ ဘာအေၾကာင္းအရာမ်ိဳးနဲ႔ စရတယ္၊ ဘယ္လို ခ်ဲ႕ထြင္ေျပာဆိုရတယ္၊ တစ္ဖက္သားကို စကားအဆက္မျပတ္သြားေအာင္ ဘယ္လိုကူညီေထာက္ပံ့ရတယ္၊ မရွင္းတာကို ဘယ္လိုျပန္ေမးရတယ္။ နားလည္/မလည္ ဘယ္လိုစံုစမ္းရတယ္၊ စကားဘယ္လို ျဖတ္ေျပာရတယ္။ စကားျဖတ္ေျပာခံရရင္ မူလေျပာေနတဲ့ အေၾကာင္းအရာဆီကို ျပန္သြားရတယ္၊ အေၾကာင္းအရာ ဘယ္လိုေျပာင္းရတယ္၊ ေျပာဆိုျခင္းကို ဘယ္လိုရုပ္သိမ္းရတယ္၊ ဘယ္လိုအဆံုးသတ္ရတယ္၊ ေျပာစရာအေၾကာင္းအရာ စဥ္းစားေနတဲ့အခ်ိန္၊ စကားလံုးရွာေနရတဲ့အခ်ိန္မွာ ဘယ္လို အခ်ိန္ဆြဲရတယ္ စသည္တို႔အားလံုး တတ္ကၽြမ္းျခင္းကို ဆိုလိုပါတယ္။ ဒါေတြက တကူးတက သင္ယူေလ့က်င့္ရတဲ့ စြမ္းရည္ေတြပဲျဖစ္ပါတယ္။



(၂) Language Aspect ဆိုတာကေတာ့ သမာရိုးက် ဘာသာစကား သင္ယူျခင္းပဲျဖစ္ပါတယ္။ အဲ့ဒီ့အပိုင္းမွာ Grammar နဲ႔ Vocabulary အျပင္ Pronunciation နဲ႔ ွွSentence Structure တို႔ ပါ၀င္ပါတယ္။ အသံထြက္ မွန္ကန္ပီသဖို႔၊ သဒၵါမွန္ကန္ဖို႔၊ ၀ါက်တည္ေဆာက္ပံုေတြမွန္ကန္ဖို႔၊ ေ၀ါဟာရၾကြယ္၀ဖို႔ လိုအပ္တဲ့အပိုင္းျဖစ္ပါတယ္။ Social Conversation မွာ မရွိမျစ္တဲ့အပိုင္းးပဲျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ေတြ ပထမတန္းက ဒသမတန္းအတိ၊ တကၠသိုလ္မွာ ဘြဲ႕ရတဲ့အထိ Language Aspect ကို သင္ယူခဲ့ရပါတယ္။ ဒါေပမယ့္ conversation skill / Social conversation အပိုင္းမွာ အားနည္းတဲ့အတြက္ စကားေျပာဆိုရာမွာ အခက္အခဲေတြရွိတယ္၊ အဆင္မေျပတာေတြရွိတယ္ဆိုတာကို သတိျပဳမိၾကမွာပါ။ ဒီ့အတြက္ Language Aspect အျပင္ conversation skill လည္း အမ်ားႀကီး လိုအပ္ပါတယ္။

 

(၃) Topic / Idea ပိုင္းကေတာ့ စကားအျပန္အလွန္ေျပာဆိုျခင္းရဲ႕အေၾကာင္းအရာပိုင္း၊ အိုင္ဒီယာအပိုင္းပဲျဖစ္ပါတယ္။ ဒီမွာ စာဖတ္ျခင္းရဲ႕တန္ဖိုးကို ေတြ႕ျမင္ရမွာပါ။ စာမ်ားမ်ားဖတ္ညပီး ဗဟုသုတမ်ားမ်ားရွိတဲ့သူမွာ ေျပာစရာအေၾကာင္းအရာေတြ ပိုရွိေနၾကပါတယ္။ ေနာက္တစ္ခုကေတာ့ စကားေျပာ Idea မရွိတဲ့၊ မထုတ္တတ္တဲ့ကိစၥပါ။ ဥပမာ “Talking about your family” ဆိုတဲ့ Topic မွာ ဘယ္လိုအေၾကာင္းအရာေတြပါ၀င္ရပါမလဲ၊ ဘာေတြထည့္ေျပာရမလဲ၊ ဘာေတြေမးျမန္းသင့္တယ္ဆိုတဲ့ Idea မရွိရင္ စကားအသြားအလာက ေျခာက္ေသြ႕ရပ္တန္႔သြားၿပီး အူတူတူ အတတႀကီး ျဖစ္သြားႏိုင္ပါတယ္။ ဒါေၾကာင့္ Generating Idea on a topic ဆိုတဲ့ အတတ္ကို သင္ၾကားေပးဖို႔၊ သင္ယူေလ့က်င့္တတ္ေျမာက္ဖို႔ အထူးလိုအပ္ပါတယ္။ ဥပမာ IELTS စာေမးပြဲမ်ိဳးမွာဆိုရင္ ေျဖဆိုသူက ကတ္ျပားတစ္ခု ေပးပါတယ္။ အဲ့ဒီ့ကတ္ျပားေပၚမွာ ေျပာရမယ့္ အေၾကာင္းအရာ ရိုက္ႏွိပ္ပါရွိပါတယ္။ အဲ့ဒါကို တစ္မိနစ္စဥ္းစားၿပီးေနာက္ ေတာက္ေလွ်ာက္ေျပာရပါေတာ့တယ္။ အဲ့ဒီ့အခ်ိန္မွာ idea မထုတ္တတ္ရင္ ေျပာစရာစကား မရွိတဲ့အတြက္ ေအာင္ျမင္မွာမဟုတ္ပါဘူး။

 

(၄) Thinking Skill ဆိုတာကေတာ့ စဥ္းစားတတ္ျခင္းစြမ္းရည္ျဖစ္ပါတယ္။ အျပန္အလွန္ စကားေျပာၾကတဲ့အခ်ိန္မွာ တစ္ဘက္စကားကို နားေထာင္ရင္း ဘာျပန္ေျပာရမလဲ၊ ဘာေမးျမန္းရမလဲ၊ ဘယ္လိုတုန္႔ျပန္ရမလဲဆိုတာကို နားေထာင္ရင္းမွာပဲ တစ္ခ်ိန္တည္း စဥ္းစားေနရပါတယ္။ ေျပာေနတဲ့အေၾကာင္းအရာကို ဘက္ေပါင္းစံုက စဥ္းစားေနရပါတယ္။ ေျပာေနတဲ့အေၾကာင္းအရာကို ဘက္ေပါင္းစံုက စဥ္းစားႏိုင္ေလ စကားက စည္ပင္ေလပဲျဖစ္ပါတယ္။ ဒီလို ရုတ္တရက္ စဥ္းစားတတ္ေအာင္လည္း ေလ့က်င့္ပ်ိဳးေထာင္ယူရပါတယ္။ စဥ္းစားၿပီးစကားေျပာတတ္သူနဲ႔ မစဥ္းစားဘဲစကားေျပာတတ္သူဟာ မ်ားစြာ ကြာျခင္းပါတယ္။

 

(၅) လူႏွစ္ေယာက္အျပန္အလွန္ စကားေျပာဆိုျခင္းဟာ လူမႈေရးကိစၥတစ္ခုျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ Conversation မွာ Social Skill ဟာ မလဲြမေသြ ၀င္လာပါေတာ့တယ္။ လူမႈဆက္ဆံေရးစြမ္းရည္ဟာ Conversation မွာ အလြန္အေရးပါပါတယ္။ လူလူခ်င္း ဆက္ဆံရာမွာ လူမႈေရးစိတ္ဓာတ္ရွိဖို႔ လိုအပ္ပါတယ္။ ခင္မင္မႈကိုျပျခင္း၊ ေဖာ္ေရြျခင္း၊ မ်က္ႏွာထားရႊင္ျပျခင္း၊ လူလူခ်င္း စာနာေထာက္ထားျခင္း၊ အခက္အခဲမ်ား အျပန္အလွန္ကူညီျခင္း၊ ေလးစားျခင္း စတဲ့စိတ္ဓာတ္ေတြဟာ အျပန္အလွန္ စကားေျပာဆိုသူရဲ႕မ်က္ႏွာအမူအရာ၊ ေလသံ၊ ဆက္ဆံေရး၊ စကားလံုးအသံုးအႏႈန္းတို႕ႏဲ႕ သက္ဆိုင္သလို နားေထာင္သူရဲ႕ ေနထိုင္ျပဳမူေျပာဆိုပံုနဲ႔လည္း ပတ္သက္ပါတယ္။ ဘယ္ေလာက္ေတာ္ေတာ္ ဘယ္ေလာက္တတ္တတ္ လူမႈေရးညံ့ဖ်င္းရင္ စကားမေျပာခ်င္ၾကတာဟာ ဒီ Social Skill အေရးပါမႈကို သက္ေသျပ ေနပါတယ္။

 

ေနာက္ဆံုးအခ်က္ကေတာ့ Cultural Ways of Speaking ျဖစ္ပါတယ္။ ျမန္မာလူမ်ိဳးေတြရဲ႕ ယဥ္ေက်းမႈအရ ျပဌာန္းထားတဲ့ စကားေျပာပံုေျပာနည္းနဲ႔ အျခားလူမ်ိဳးေတြရဲ႕ ယဥ္ေက်းမႈအသီးသီးက ျပဌာန္းထားတဲ့ ေျပာပံုေျပာနည္းေတြ ကြာျခားၾကပါတယ္။ အဂၤလိပ္စကားလံုးေတြကို အဂၤလိပ္သဒၵါနည္းနဲ႔ ၀ါက်မွန္မွန္စီၿပီး အသံထြက္မွန္ရံုနဲ႔ အျပန္အလွန္ စကားေျပာတဲ့အခါမွာ အသက္မပါဘဲ ေတာင့္ေတာင့္ႀကီး ျဖစ္ေနတတ္တာဟာ ဒီ Cultural Way ေၾကာင့္ပါပဲ။ ကၽြန္ေတာ္တို႔ ျမန္မာစကားေျပာနည္းက လိုရင္းတုိရွင္းနည္းပဲျဖစ္ပါတယ္။ ေမးတာကိုေျဖ၊ အပိုမေျပာနဲ႔ဆိုတာျဖစ္ပါတယ္။ အဂၤလိပ္နည္းကေတာ့ ေမးတာကို ျပည့္ျပည့္စံုစံုနဲပ သိုင္းသိုင္း၀ိုင္း၀ိုင္းေျဖနည္းပဲျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့ ျမန္မာလူမ်ိဳးေတြက ေမးခြန္းေတြကို သိပ္မႀကိဳက္ၾကပါဘူး။ ဒါေၾကာင့္ အေမးနည္းတယ္။ အျခားစကားေျပာနည္းေတြမွာေတာ့ အေၾကာင္းအရာတစ္ခုကို ထဲထဲ၀င္၀င္သိခ်င္တဲ့အတြက္ ေမးခြန္းေတြကို ဆက္တိုက္ေမးတတ္တာကို ေတြ႕ရပါတယ္။ ေမးခြန္းေတြေမးတဲ့အခါမွာလည္း Information Question ေတြျဖစ္တဲ့အတြက္ who, when where, why, how ေတြ တစ္သီတစ္သန္းႀကီးေမးတာမ်ိဳးမဟုတ္ဘဲ intonation question ေတြ၊ tag question ေတြ၊ indirect question ေတြနဲ႔ tone ေလသံကို ေလွ်ာ့ေမးတာမ်ိဳးေတြ ျဖစ္ပါတယ္။

 

အခ်ဳပ္ေျပာရရင္ Speaking Skill ဆိုတာ အလိုလိုတ္တာမ်ိဳးမဟုတ္တဲ့အတြက္ အခ်ိန္ေပးၿပိး သင္သူရတဲ့ စြမ္းရည္ျဖစ္ပါတယ္။ Good Speaker, Good conversationalist တစ္ေယာက္ျဖစအာင္ဖို႔အတြက္ အထက္ပါ skill ေတြအားလံုး ဖြံ႕ၿဖိဳးတိုးတက္ေလာေအာင္ အစဥ္တစိုက္ ႀကိဳးစားအားထုတ္ သင္ယူေလ့က်င့္ဖို႔ လိုအပ္ပါတယ္။ တကယ္တတ္ကၽြမ္းခ်င္ရင္ အခ်ိန္၊ ႀကိဳးစားအားထုတ္မႈနဲ႔ တတ္ေျမာက္လိုျခင္း ဆႏၵတို႔ကို အရင္းအႏွီးစိုက္ထုတ္ရမွာ ဧကန္မလြဲျဖစ္ပါတယ္။


(Ref: The Light English – No.92, Aug2002 (Zin Lin Khant – Y.E.S)

Read times
Rate this articles
(0 votes)