×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Thursday, 01 October 2020

မွတ္သားဖြယ္ရာ အေမရိကန္အသံုး အဂၤလိပ္စကားလံုးမ်ား

လူတိုင်းလူတိုင်း၊ နေရာတိုင်းနေရာတိုင်းမှာ လက်ခံသုံးနှုန်းတဲ့ စကားအသုံးလေးတွေရှိပါတယ်။

အမေရိကန်လူမျိုးတွေဟာလည်း သူတို့နေ့စဉ်ကြုံတွေ့ရတဲ့ အဖြစ်အပျက်လေးတွေအပေါ် အခြေခံလို့ လက်ခံကျင့်သုံးကြတဲ့ နေ့စဉ်သုံးစကားတွေထဲမှာ "hook line and sinker" ဆိုတာလည်း အပါအဝင်ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ "အကြွင်းမဲ့ယုံကြည်တယ်။ အယုံလွယ်တယ်" လို့ ဆိုလိုပါတယ်။ ဒီစကားစုဟာ ငါးမျှားခြင်းက ဆင်းသက်လာတယ်လို့ ဆိုနိုင်ပါတယ်။ ငါးတစ်ကောင်ရဖို့အတွက် ငါးမျှားချိတ် (Hook), ငါးမျှားကြိုး (Lines) နဲ့ ငါးမျှားကြိုးကို နစ်မြုပ်စေနိုင်တဲ့အလေး (Sinker) တို့ လိုအပ်ပါတယ်။ ပြီးတော့မှ ငါးစာနဲ့ဖုံးပြီး ရေထဲကိုချတယ်။ မဆင်ခြင်ဘဲ အစာငမ်းတဲ့ ငါးဟာ ငါးစာ (Bait) ကို အဟပ်ကပ်လျက် ပါနေတဲ့ ငါးမျှားချိတ်နဲ့ အလေးကို ရောပြီး မြိုမိပြီးသား ဖြစ်သွားပါတယ်။ အဲ့ဒီအခါမှာ ငါးမျှားကြိုးနဲ့ အပေါ်ဆွဲတင်လိုက်ရုံပါပဲ။ ဒီ့အတွက် မဆင်ခြင်ဘဲ အုံးစုံ အကြွင်းမဲ့ယုံကြည်တဲ့အခါ "hook, line and sinker" လို့ တင်စားပြောဆိုလိုလာကြပါတယ်။ ဥပမာ - အိပ်ရာထနောက်ကျပြီး ကျောင်းနောက်ကျတဲ့ ခလေးဟာ ဆရာမဆူမှာစိုးလို့ အမေ့ကိုကူလို့ နောက်ကျတယ်လို့ ပြောမယ်ဆိုပါဆို့။ ဒါကို ဆရာမကလက်ခံလိုက်တယ်။ ဒီလိုအခြေအနေမျိုးနဲ့များကြုံခဲ့ရင် ခလေးက သူ့သူငယ်ချင်းတွေကို "She swallowed my story, hook, line and sinker" "ဆရာမဟာ ငါပြောသမျှ ယုံတာပါပဲကွာ" လို့ ပြောနိုင်တာပေါ့။

 

 

နောက်ထပ်ဆင်တူစကားတစ်ခုကတော့ "Lock, stock and barrel" ပါပဲ။ Lock ဆိုတာက သေနတ်မောင်းပါ။ Stock ကတော့ သေနတ်အနှာင့်၊ သေနတ်ဒင် ဖြစ်ပါတယ်။ Barrel ကတော့ သေနတ်ပြောင်းပေါ့။ အဲ့ဒီ့အစိတ်အပိုင်း သုံးခုပေါင်းမှ သေနတ်တစ်လက်လို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ "Lock, stock and barrel" ရဲ့ အဓိပ္ပာယ်ကတော့ အလုံးစုံ၊ တစ်ခုလုံးလို့ အဓိပ္ပာယ်ရပါတယ်။ ဥပမာ Mr. Rockfeller bought the oil company "lock, stock and barrel" ဆိုရင် မစ္စတာ ရော့ဖဲလားဟာ ဆီကုမ္ပဏီတစ်ခုလုံး (အဆောက်အဦးရော၊ အတွင်းပစ္စည်းတွေပါမကျန်) ဝယ်ယူလိုက်တယ်လို့ နားလည်ရပါတယ်။

 

 

နောက်ထပ်တစ်ခုကတော့ ရွေးချယ်မှု (Choice) နဲ့ပတ်သက်တဲ့ စကားလုံးတွေပါပဲ။ ရွေးချယ်မှုတွေ ကြုံလာတဲ့အခါ ရွေးချယ်ဖို့ခက်ခဲတဲ့အခြေအနေတွေနဲ့ပတ်သက်ရင် "Hobson's choice" ဆိုတဲ့ အမေရိကန်စကားတစ်ခုရှိပါတယ်။ စကားရဲ့အဓိပ္ပာယ်ကတော့ လုံးဝရွေးချယ်ရန် မရှိခြင်းလို့ အဓိပ္ပာယ် ရပါတယ်။ စကားရဲ့ ရင်းမြစ်ဟာဆိုရင် Thomas Hobson ဟာ အင်္ဂလန်နိုင်ငံ Cambridge မြို့မှာ နေထိုင်သူဖြစ်ပြီး မြင်းအမြောက်အမြား ပိုင်ဆိုင်ပါတယ်။ သူဟာ Cambridge University က ကျောင်းသူ၊ ကျောင်းသားတွေကို မြင်းငှားလေ့ရှိပါတယ်။ ဒါပေမယ့် သူဟာ ငှားသာငှားရတယ်၊ ယုံကြည်မှုကမရှိလေတော့ သူ့ရဲ့မြင်းကောင်းတွေကို ရွေးပြီး ယူသွားမှာ သိပ်ကြောက်တယ်။ ဒါကြောင့် မြင်းငှားလာတဲ့သူတွေဆိုရင် သူ့မြင်းဇောင်းတံခါးနားမှာ ချည်ထားတဲ့ မြင်းကိုပဲ ငှားတယ်။ ရွေးရမှဆိုတဲ့ လူမျိုးတွေကို မငှားပါဘူး။ ဒါကြောင့် ရွေးစရာမရှိတဲ့အခြေအနေဆိုရင် "Hobson's choice" လို့ ပြောကြပါတယ်။

 

 

ရွေးချယ်ခြင်းနဲ့ပတ်သက်ရင် "Between a rock and a hard place" "between the devil and the deep blue sea" ဆိုတဲ့ စကားသုံးတွေလည်း ရှိပါသေးတယ်။


"Between a rock and a hard place" ဆိုတဲ့စကားကတော့ ဆုတ်လည်းစူး၊ စားလည်းရူး ဆိုတဲ့ ဘေးကျပ်နံကျပ် အခြေအနေမျိုးကို ဆိုလိုပါတယ်။ ဥပမာ သင့်အလုပ်ရှင်က အချိန်ပိုဆင်းခိုင်းမယ်၊ သင်မှာလည်း အပေါင်းအသင်းတွေနဲ့ အချိန်းအချက်က ရှိနေတယ်ဆိုပါစို့။ အဲ့ဒီ့အခြေအနေဟာဆိုရင် သင့်အတွက် "You are caught between a rock and a hard place" ပဲပေါ့။

 

"Between the devil and the deep blue sea" ဆိုတာကလည်း ကိုယ်ရွေးချယ်ရမယ့် အရာတွေဟာ ဘာမှကောင်းတာမရှိဘဲ အန္တရာယ်များတာချည်းပဲဖြစ်နေတာကို ဆိုလိုပါတယ်။ အဓိပ္ပာယ်ကတော့ Devil ဆိုတဲ့ မကောင်းဆိုးဝါးအဖြစ်နဲ့ ရွေးချယ်တဲ့ ငရဲမီးလျှံကို ရွေးမလား၊ Deep blue sea (နက်ရှိုင်းတဲ့ပင်လယ်)ထဲမှာပဲ အနစ်ခံမလား လို့ အဓိပ္ပာယ်ရပါတယ်။ နှစ်ခုစလုံးက အန္တရာယ် များတာချည်းပါပဲ။ ကောင်းတာဘာမှမရှိတဲ့အခါမျိုးမှာ သုံးလေ့ရှိပါတယ်။

 

အင်္ဂလိပ်စာ အသုံးအနှုန်းများ ပိုမိုကြွယ်ဝနိုင်ကြပါစေ။

 

 

လူတိုင္းလူတိုင္း၊ ေနရာတိုင္းေနရာတိုင္းမွာ လက္ခံသံုးႏႈန္းတဲ့ စကားအသံုးေလးေတြရွိပါတယ္။

 

အေမရိကန္လူမ်ိဳးေတြဟာလည္း သူတို႔ေန႔စဥ္ႀကံဳေတြ႕ရတဲ့ အျဖစ္အပ်က္ေလးေတြအေပၚ အေျခခံလို႔ လက္ခံက်င့္သံုးၾကတဲ့ ေန႔စဥ္သံုးစကားေတြထဲမွာ "hook line and sinker" ဆိုတာလည္း အပါအ၀င္ျဖစ္ပါတယ္။ အဓိပၸာယ္ကေတာ့ "အၾကြင္းမဲ့ယံုၾကည္တယ္။ အယံုလြယ္တယ္" လို႔ ဆိုလိုပါတယ္။ ဒီစကားစုဟာ ငါးမွ်ားျခင္းက ဆင္းသက္လာတယ္လို႔ ဆိုႏိုင္ပါတယ္။ ငါးတစ္ေကာင္ရဖို႔အတြက္ ငါးမွ်ားခ်ိတ္ (Hook), ငါးမွ်ားႀကိဳး (Lines) နဲ႔ ငါးမွ်ားႀကိဳးကို နစ္ျမဳပ္ေစႏိုင္တဲ့အေလး (Sinker) တို႔ လိုအပ္ပါတယ္။ ၿပီးေတာ့မွ ငါးစာနဲ႔ဖံုးၿပီး ေရထဲကိုခ်တယ္။ မဆင္ျခင္ဘဲ အစာငမ္းတဲ့ ငါးဟာ ငါးစာ (Bait) ကို အဟပ္ကပ္လ်က္ ပါေနတဲ့ ငါးမွ်ားခ်ိတ္နဲ႔ အေလးကို ေရာၿပီး ၿမိဳမိၿပီးသား ျဖစ္သြားပါတယ္။ အဲ့ဒီအခါမွာ ငါးမွ်ားႀကိဳးနဲ႔ အေပၚဆြဲတင္လိုက္ရံုပါပဲ။ ဒီ့အတြက္ မဆင္ျခင္ဘဲ အံုးစံု အၾကြင္းမဲ့ယံုၾကည္တဲ့အခါ "hook, line and sinker" လို႔ တင္စားေျပာဆိုလိုလာၾကပါတယ္။ ဥပမာ - အိပ္ရာထေနာက္က်ၿပီး ေက်ာင္းေနာက္က်တဲ့ ခေလးဟာ ဆရာမဆူမွာစိုးလို႔ အေမ့ကိုကူလို႔ ေနာက္က်တယ္လို႔ ေျပာမယ္ဆိုပါဆို႔။ ဒါကို ဆရာမကလက္ခံလိုက္တယ္။ ဒီလိုအေျခအေနမ်ိဳးနဲ႔မ်ားႀကံဳခဲ့ရင္ ခေလးက သူ႔သူငယ္ခ်င္းေတြကို "She swallowed my story, hook, line and sinker" "ဆရာမဟာ ငါေျပာသမွ် ယံုတာပါပဲကြာ" လို႔ ေျပာႏိုင္တာေပါ့။

 

 

ေနာက္ထပ္ဆင္တူစကားတစ္ခုကေတာ့ "Lock, stock and barrel" ပါပဲ။ Lock ဆိုတာက ေသနတ္ေမာင္းပါ။ Stock ကေတာ့ ေသနတ္အႏွာင့္၊ ေသနတ္ဒင္ ျဖစ္ပါတယ္။ Barrel ကေတာ့ ေသနတ္ေျပာင္းေပါ့။ အဲ့ဒီ့အစိတ္အပိုင္း သံုးခုေပါင္းမွ ေသနတ္တစ္လက္လို႔ ဆိုႏိုင္မွာ ျဖစ္ပါတယ္။ "Lock, stock and barrel" ရဲ႕ အဓိပၸာယ္ကေတာ့ အလံုးစံု၊ တစ္ခုလံုးလို႔ အဓိပၸာယ္ရပါတယ္။ ဥပမာ Mr. Rockfeller bought the oil company "lock, stock and barrel" ဆိုရင္ မစၥတာ ေရာ့ဖဲလားဟာ ဆီကုမၸဏီတစ္ခုလံုး (အေဆာက္အဦးေရာ၊ အတြင္းပစၥည္းေတြပါမက်န္) ၀ယ္ယူလိုက္တယ္လို႔ နားလည္ရပါတယ္။

 

 

ေနာက္ထပ္တစ္ခုကေတာ့ ေရြးခ်ယ္မႈ (Choice) နဲ႔ပတ္သက္တဲ့ စကားလံုးေတြပါပဲ။ ေရြးခ်ယ္မႈေတြ ႀကံဳလာတဲ့အခါ ေရြးခ်ယ္ဖို႔ခက္ခဲတဲ့အေျခအေနေတြနဲ႔ပတ္သက္ရင္ "Hobson's choice" ဆိုတဲ့ အေမရိကန္စကားတစ္ခုရွိပါတယ္။ စကားရဲ႕အဓိပၸာယ္ကေတာ့ လံုး၀ေရြးခ်ယ္ရန္ မရွိျခင္းလို႔ အဓိပၸာယ္ ရပါတယ္။ စကားရဲ႕ ရင္းျမစ္ဟာဆိုရင္ Thomas Hobson ဟာ အဂၤလန္ႏိုင္ငံ Cambridge ၿမိဳ႕မွာ ေနထိုင္သူျဖစ္ၿပီး ျမင္းအေျမာက္အျမား ပိုင္ဆိုင္ပါတယ္။ သူဟာ Cambridge University က ေက်ာင္းသူ၊ ေက်ာင္းသားေတြကို ျမင္းငွားေလ့ရွိပါတယ္။ ဒါေပမယ့္ သူဟာ ငွားသာငွားရတယ္၊ ယံုၾကည္မႈကမရွိေလေတာ့ သူ႕ရဲ႕ျမင္းေကာင္းေတြကို ေရြးၿပီး ယူသြားမွာ သိပ္ေၾကာက္တယ္။ ဒါေၾကာင့္ ျမင္းငွားလာတဲ့သူေတြဆိုရင္ သူ႔ျမင္းေဇာင္းတံခါးနားမွာ ခ်ည္ထားတဲ့ ျမင္းကိုပဲ ငွားတယ္။ ေရြးရမွဆိုတဲ့ လူမ်ိဳးေတြကို မငွားပါဘူး။ ဒါေၾကာင့္ ေရြးစရာမရွိတဲ့အေျခအေနဆိုရင္ "Hobson's choice" လို႔ ေျပာၾကပါတယ္။

 

 

ေရြးခ်ယ္ျခင္းနဲ႔ပတ္သက္ရင္ "Between a rock and a hard place" "between the devil and the deep blue sea" ဆိုတဲ့ စကားသံုးေတြလည္း ရွိပါေသးတယ္။


"Between a rock and a hard place" ဆိုတဲ့စကားကေတာ့ ဆုတ္လည္းစူး၊ စားလည္းရူး ဆိုတဲ့ ေဘးက်ပ္နံက်ပ္ အေျခအေနမ်ိဳးကို ဆိုလိုပါတယ္။ ဥပမာ သင့္အလုပ္ရွင္က အခ်ိန္ပိုဆင္းခိုင္းမယ္၊ သင္မွာလည္း အေပါင္းအသင္းေတြနဲ႔ အခ်ိန္းအခ်က္က ရွိေနတယ္ဆိုပါစို႔။ အဲ့ဒီ့အေျခအေနဟာဆုိရင္ သင့္အတြက္ "You are caught between a rock and a hard place" ပဲေပါ့။

 

"Between the devil and the deep blue sea" ဆိုတာကလည္း ကိုယ္ေရြးခ်ယ္ရမယ့္ အရာေတြဟာ ဘာမွေကာင္းတာမရွိဘဲ အႏၱရာယ္မ်ားတာခ်ည္းပဲျဖစ္ေနတာကို ဆိုလိုပါတယ္။ အဓိပၸာယ္ကေတာ့ Devil ဆိုတဲ့ မေကာင္းဆိုး၀ါးအျဖစ္နဲ႔ ေရြးခ်ယ္တဲ့ ငရဲမီးလွ်ံကို ေရြးမလား၊ Deep blue sea (နက္ရွိဳင္းတဲ့ပင္လယ္)ထဲမွာပဲ အနစ္ခံမလား လို႔ အဓိပၸာယ္ရပါတယ္။ ႏွစ္ခုစလံုးက အႏၱရာယ္ မ်ားတာခ်ည္းပါပဲ။ ေကာင္းတာဘာမွမရွိတဲ့အခါမ်ိဳးမွာ သံုးေလ့ရွိပါတယ္။

အဂၤလိပ္စာ အသံုးအႏႈန္းမ်ား ပိုမိုၾကြယ္၀ႏိုင္ၾကပါေစ။

Read times
Rate this articles
(1 Vote)