×

Warning

JUser: :_load: Unable to load user with ID: 723


Language

Friday, 06 January 2017

Business English ဆရာများအတွက် အကြံကောင်း ၅ ချက်

အင်္ဂလိပ်စာ ဆရာတော်တော်များများက Business English သင်ရမယ်ဆိုရင် နည်းနည်းတော့ လက်တွန့်သွားတတ်ပါတယ်။

Business English သင်တယ်ဆိုတာ စီးပွားရေး ပညာရပ် business studies ကို နွှယ်ပြီး သင်ရသလိုမျိုးဖြစ်လို့ သင်ရခက်တယ်လို့ ထင်ကြလို့ပါ။

ကျောင်းသားတွေကို စီးပွားရေးဆိုင်ရာ စကားရပ် business contexts မှာ သုံးဖို့ လိုအပ်တဲ့ အင်္ဂလိပ်စာ စွမ်းရည်ကို ထက်မြက်အောင် လမ်းညွှန်သင်ကြားပေးတာဘဲ ဖြစ်ပါတယ်။

Business English သင်ကြားနည်းနဲ့ ဆိုင်တဲ့ အကြံကောင်း ၅ ချက်

၁. သင့်ကျောင်းသားတွေက ဘယ်အပိုင်းတွေကို အဓိက တတ်ချင်တာလဲ ဆိုတာ အရင်ဖော်ထုတ်ပါ။

- သင် အဓိက သင်ကြားရမှာက စီးပွားရေး လုပ်ငန်းခွင်က သူတွေဖြစ်မှာမို့ အဓိက ရည်မှန်းချက် တွေနဲ့ ရင်းနှီးပြီးသားပါ။

- သင်ခန်းစာမစတင်မှီ သူတို့ဘာကို ရည်မှန်းချက်ထားပြီး တတ်အောင် သင်ချင်တာလဲဆိုတာကို ဆွေးနွေးပါ။

- ဥပမာ- တယ်လီဖုန်းကောင်းကောင်း ပြောတတ်ဖို့လား၊ အီးမေးကောင်းကောင်းရေးတတ်ဖို့လား၊ အစည်းအဝေးမှာ ကောင်းကောင်းဦးဆောင်ပြောတတ်ဖို့လား စသည်တို့ ဖြစ်ပါတယ်။

- အင်္ဂလိပ်စာ ဆရာတွေက စာမသင်ခင် analysis လုပ်ထားပြီး objectives တွေကို ကျောင်းသားတွေထံ အသိပေးထားရမှာဖြစ်ပါတယ်။

၂. သင်ကြားပေးရမည့် Contexts ခေါ် ဘာသာရပ် အထူးပြု ဦးတည်ချက်ကို သေချာစွာသိပါစေ။

- Needs analysis ရဲ့ အရေးကြီးဆုံးအပိုင်းက ဘာကို ရည်မှန်းချက်ထားပြီး တတ်အောင်သင်ချင်တာလဲဆိုတာ ကျောင်းသားတွေနဲ့ဆွေးနွေးဖို့ပါဘဲ။

- ဥပမာ- အင်္ဂလိပ်စာ ဘာကြောင့်တတ်ချင်တာလဲ၊ အလုပ်ခွင်မှာ ဘယ်သူတွေနဲ့ အင်္ဂလိပ်လို ပြောဆိုဆက်ဆံရသလဲ၊ ဘယ်လိုအခြေအနေမျိုးမှာ ပြောဆိုဆက်ဆံရသလဲဆိုတာတွေပေါ့။

၃. Business English ကို business style နှင့်သင်ပါ။

- သင်ရဲ့သင်ကြားမှုအပေါ်မှာ impression ကောင်းအောင် business style ကျကျနှင့် သင်ဖို့ အရေးကြီးပါတယ်။

- Business English သင်ရာတွင် ကျောင်းသားများ၏ ပါဝင်ပြောဆိုမှုကို အမြောက်အမြားရှိမည်ဖြစ်ရာ ၄င်းတို့အတွက် စကားပြောလေ့ကျင့်ရန် အစီအစဉ်များ ထည့်သွင်းသင်ကြားပေးပါ။

၎. သင်ထောက်ကူပစ္စည်းများ၊ စာအုပ်စာတန်းများ သေချာစွာ ရွေးချယ်ပါ။

- General English အတန်းမှာကဲ့သို့ ကျောင်းသားများသည် ကောင်းမွန်သော သင်ထောက်ကူပစ္စည်းများနှင့် စာအုပ်များကို သင်ထံမှ မျှော်လင့်လိမ့်မည်။

- ယခုအခါ အမျိုးစုံသော စာအုပ်များနှင့် သင်ခန်းစာများ မြောက်များစွာ ရရှိနိုင်သော်လည်း မိမိသင်ကြားမည့် သင်ခန်းစာနှင့် ကိုက်ညီမည့် သင်ခန်းစာများကို မှန်ကန်စွာ ရွေးချယ်တတ်ရန် အရေးကြီးပါတယ်။

၅. သင်ကြားမှုပုံစံကို ပုံသေမထားဘဲ မမျှော်လင့်သော အခက်အခဲများကိုလည်း မျှော်လင့်ထားပါ။

- စီးပွားရေးနယ်ပယ်မှ စီးပွားရေးသမားကျောင်းသားများသည် ရည်မှန်းချက်ကြီးကြီးထားတတ်ကြပါတယ်။

- ထို့ကြောင့် စာသင်ချိန်ကိုလည်း အလုပ်ချိန်မတိုင်ခင် စတင်ချင်ကြသလို တစ်ခါတစ်လေ နေ့လည်ထမင်းစားချိန် သို့မဟုတ် ညနေ အလုပ်ဆင်းချိန်များတွင်လည်း သင်ချင်ကြပါတယ်။

- Business English သင်သော ဆရာများအားလုံး နားလည်လက်ခံထားရမည်မှာ သင့်ကျောင်းသားများသည် အလုပ်ခွင်ဝင်နေသူများဖြစ်သဖြင့် အလုပ်သည် ပထမဦးစားပေးဖြစ်သည်ဆိုသည့် အချက်ဖြစ်ပါတယ်။

Business English ဆရာများအတွက် အထက်ပါ အချက်များကို အကြံပြုလိုပါတယ်။ ဒီတော့ မည်သည့် ဘာသာရပ်သင်ကြားသော ဆရာ၊ ဆရာမများ မဆို Sayar.com.mm တွင် REGISTER လုပ်ပြီး ကျောင်းသားရှာဖို့ တိုက်တွန်းလိုပါတယ်။

Source: myanmar-network.net

Read times Last modified on Friday, 27 December 2019 15:21
Rate this articles
(0 votes)