×

Warning

JUser: :_load: Unable to load user with ID: 723


Language

Friday, 22 September 2017

ဗြိတိသျှကောင်စီမှ (၁၈) ကြိမ်မြောက် အင်္ဂလိပ်ဘာသာစကား ဆရာ၊ ဆရာမများ ဆွေးနွေးဖလှယ်ပွဲ ကျင်းပမည်

ဗြိတိသျှကောင်စီမှ (၁၈) ကြိမ်မြောက် အင်္ဂလိပ်ဘာသာစကား ဆရာ၊ ဆရာမများ ဆွေးနွေးဖလှယ်ပွဲ ကျင်းပမည် google.com







Unicode

စနေ၊တနင်္ဂနွေအားလပ်ရက်မှာ အချိန်တွေကို အကျိုးရှိရှိကုန်ဆုံးပြီး ဗဟုသုတရရှိစေရန်အတွက် ဗြိတိသျှကောင်စီမှ ကျင်းပပေးတဲ့ ဆရာ ဆရာမတွေအတွက် အင်္ဂလိပ်ဘာသာစကား ဆွေးနွေးပွဲကို သွားပြီး လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။


ဗြိတိသျှကောင်စီမှ အင်္ဂလိပ်ဘာသာစကား ဆရာ၊ ဆရာမများ ဆွေးနွေးဖလှယ်ပွဲ (၁၈) ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာ National Centre for English Language, Panglong Hall, University of Yangon မှာ နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။


ဒီဆွေးနွေးပွဲ အခမ်းအနားတွေဟာ အင်္ဂလိပ်စာသင်ကြား ဆရာ၊ ဆရာမတွေ အတွက် အတွေ့အကြုံတွေကို ဝေငှနိုင်ရန်နဲ့ သင်ယူနိုင်ရန် တန်ဖိုးရှိတဲ့ အခွင့်အရေးတွေကို အောင်မြင်စွာ ပံ့ပိုးပေးလျက်ရှိပါတယ်။ ယခု (၁၈) ကြိမ် မြောက် ဆွေးနွေးပွဲမှာ ဝါရင့် ဆရာ၊ ဆရာမတွေကို ဗြိတိသျှကောင်စီမှ ဖိတ်ခေါ်ကာ “English and Development” ဆောင်ပုဒ်အတိုင်း ဆွေးနွေး ပွဲတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ တက်ရောက်လာတဲ့ ဆရာ၊ ဆရာမတွေကိုလည်း ၎င်းတို့ရဲ့ သင်ကြားမှုများမှာ ပြန်လည် အသုံးချနိုင်မယ့် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ဦးတည်ဆွေးနွေးသွားမှာပါ။

Recommended for you - ဘွဲ့မရပေမယ့်လည်း အောင်မြင်နိုင်ပါတယ်။
ဒါ့အပြင် ဆွေးနွေးပွဲများမှာ English as a core skill in economic growth, ELT as a source of 21st century skills, The English classroom and the United Nation’s Sustainable, Development Goals (SDGs), English as a neutral or ‘link’ language အစရှိတဲ့ ခေါင်းစဉ်တွေနဲ့ ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲ အခမ်းအနားမှာ ဆရာ၊ ဆရာမ ၅၀ဝ တက်ရောက်ပြီး ဆွေးနွေးပွဲပေါင်း ၅၀ ကို အချိန်တွေခွဲပြီး ပြုလုပ်မယ်လို့ သိရပါတယ်။

Source; internetjournel

Read times Last modified on Monday, 30 December 2019 14:42
Rate this articles
(2 votes)