×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Monday, 28 December 2020

တစ်လအတွင်း သင့်ကို အင်္ဂလိပ်စာတိုးတက်စေမယ့် နည်းလမ်း(၇)သွယ်

တစ်လအတွင်း သင့်ကို အင်္ဂလိပ်စာတိုးတက်စေမယ့် နည်းလမ်း(၇)သွယ်
အင်္ဂလိပ်စာက ကမ္ဘာမှာနံပါတ်တစ်ဘာသာစကား ဖြစ်တယ်ဆိုတာ ငြင်းဖွယ်မရှိပါဘူး။ ယနေ့ခေတ်မှာ လူငယ်တိုင်းက အင်္ဂလိပ်စာတိုးတက်ဖို့အပြိုင်အဆိုင်ကြိုးစားနေကြတာပါ။ သင်လည်း လူငယ်တစ်ယောက်ဆို အင်္ဂလိပ်စာတိုးတက်အောင်ကြိုးစားသင့်တယ်နော်။ ဒါမှ သူများနောက်ကျမကျန်ခဲ့မှာဖြစ်ပါတယ်။ အဲ့တာကြောင့် သင့်ကို တစ်လအတွင်း အင်္ဂလိပ်စာတိုးတက်စေမယ့်နည်းလမ်း (၇) နဲ့မိတ်ဆက်ပေးပါရစေ။

 

(၁) သင့်ပတ်ဝန်းကျင်မှာ အင်္ဂလိပ်လိုစိုးမိုးနေပါစေ။
ဆိုလိုတာက သင့်ကိုယ်သင် အင်္ဂလိပ်စာပတ်ဝန်းကျင်ထဲကို ဆွဲသွင်းလိုက်ပါ။ ဒါက သင့်ကို အင်္ဂလိပ်စာ Passive Learning လုပ်ဖို့အတွက် အခွင့်အရေးကောင်းတွေပေးမှာဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင်ကလူတွေကအင်္ဂလိပ်လို ဆက်သွယ်ပြောဆိုကြတဲ့အတွက် သင်လည်းသူတို့လိုပဲ ဆက်သွယ်ပြောဆိုရမှာပါ။ ဒါပေမယ့် သင်ရှက်နေကြောက်နေလို့မဖြစ်ပါဘူး။

 

(၂) နေ့တိုင်းစကားလုံးအသစ်တစ်လုံးသင်ယူပါ။
နေ့တိုင်းစကားလုံးအသစ်ရှာဖွေပါ။ တစ်နေ့ တစ်လုံးပါပဲ။ သင်လုပ်ရမှာက နေ့စဉ်မပြတ် တစ်လုံးစီသင်ယူဖို့ပါ။ ရက်၃၀ပြည့်ရင် စကားလုံး၃၀ သင်ပိုင်ဆိုင်နေမှာပါ။ ဒါက သင့်ရဲ့ ဝေါဟာရကြွယ်ဝမှုကို အထောက်အပံ့ကောင်းဖြစ်လာမှာပါ။

 

(၃) စာများများဖတ်ပါ။
ဘာလေ့လာ လေ့လာ စာမဖတ်လို့တော့မရပါဘူး။ စာဖတ်ခြင်းက သင့်လေ့လာအားရဲ့ ပင်မသွေးကြောဖြစ်ပါတယ်။ အင်္ဂလိပ်စာအုပ်ဖတ်လေလေ သင့်ရဲ့အင်္ဂလိပ်စာစွမ်းရည်မြင့်တက်လာလေပါပဲ။ ဒါကြောင့် တစ်လအတွင်းမှာ Level up ချင်ရင် စာအုပ် ၃ အုပ်လောက် ဖတ်ဖြစ်အောင်ဖတ်ပါ။

 

(၄) သူငယ်ချင်းနဲ့ လေ့ကျင့်ပါ။
ကောင်းမွန်တဲ့ပါတနာရှိခြင်းက အောင်မြင်ခြင်းလမ်းစပါ။ ဒါကြောင့် တူတူလေ့ကျင့်လို့ရမယ့် သူငယ်ချင်းတစ်ယောက်ရှိပါစေ။ တူတူလေ့ကျင့်ရင်း တစ်ယောက်နဲ့တစ်ယောက် တိုးတက်နှုန်းတွေကို ဆန်းစစ်လို့ရပါတယ်။

 

(၅) သီချင်းတွေကနေ သင်ယူပါ။
ဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါ အကောင်းဆုံးနည်းလမ်းတစ်ခုက သီချင်းနားထောင်ခြင်းပါ။ သင့်ရဲ့ Listening skill ကိုတိုးတက်စေတဲ့အပြင် အသံထွက်တွေကိုပါ ပိုပြီးဆရာကျလာစေမယ့်နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။

 

(၆) အသံသွင်းလေ့ကျင့်ပါ။
သင်တစ်ယောက်တည်းလေ့ကျင့်တဲ့အခါ အသံသွင်းဖို့မမေ့ပါနဲ့။ သင့်ကိုယ်သင် ဘယ်လောက်တိုးတက်လာလဲဆိုတာကိုလည်း သိနိုင်တဲ့နည်းဖြစ်တာကြောင့် စကားပြောလိုက်၊ အသံသွင်းလိုက်၊ နားထောင်လိုက် နဲ့ လေ့ကျင့်ပါ။

 

(၇) ခေါင်းစဉ်တစ်ခုတည်းကနေ သင်လေ့လာနိုင်သလောက် စကားလုံးအသစ်တွေကိုလေ့လာပါ။
Deep and narrow လေ့လာနည်းက သင့်ကို ဆရာကျစေမယ့်နည်းလမ်းပါ။ ခေါင်းစဉ်တစ်ခုအောက်မှာရှိတဲ့ စကားလုံးတွေကအများကြီးပါ။ အဲ့တာတွေကို သင်လေ့လာနိုင်သလောက် အတွင်းကျကျ လေ့လာပါ။
ဥပမာ - Body Parts ကို လေ့လာတဲ့အခါ အတွင်းအပြင် တစ်ခုမကျန် လေ့လာတာမျိုးပါ။ ဒါက တကယ်ထိရောက်တဲ့နည်းတစ်ခုနော်။

ကဲ ဒီနည်းလမ်းတွေကို အသုံးပြုပြီးတစ်လအတွင်း သင့်ရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို မြှင့်တက်လိုက်ပါ။

 

 

တစ္လအတြင္း သင့္ကို အဂၤလိပ္စာတိုးတက္ေစမယ့္ နည္းလမ္း(၇)သြယ္
အဂၤလိပ္စာက ကမာၻမွာနံပါတ္တစ္ဘာသာစကား ျဖစ္တယ္ဆိုတာ ျငင္းဖြယ္မရွိပါဘူး။ ယေန႔ေခတ္မွာ လူငယ္တိုင္းက အဂၤလိပ္စာတိုးတက္ဖို႔အၿပိဳင္အဆိုင္ႀကိဳးစားေနၾကတာပါ။ သင္လည္း လူငယ္တစ္ေယာက္ဆို အဂၤလိပ္စာတိုးတက္ေအာင္ႀကိဳးစားသင့္တယ္ေနာ္။ ဒါမွ သူမ်ားေနာက္က်မက်န္ခဲ့မွာျဖစ္ပါတယ္။ အဲ့တာေၾကာင့္ သင့္ကို တစ္လအတြင္း အဂၤလိပ္စာတိုးတက္ေစမယ့္နည္းလမ္း (၇) နဲ႔မိတ္ဆက္ေပးပါရေစ။

 

(၁) သင့္ပတ္ဝန္းက်င္မွာ အဂၤလိပ္လိုစိုးမိုးေနပါေစ။
ဆိုလိုတာက သင့္ကိုယ္သင္ အဂၤလိပ္စာပတ္ဝန္းက်င္ထဲကို ဆြဲသြင္းလိုက္ပါ။ ဒါက သင့္ကို အဂၤလိပ္စာ Passive Learning လုပ္ဖို႔အတြက္ အခြင့္အေရးေကာင္းေတြေပးမွာျဖစ္ပါတယ္။ သင့္ပတ္ဝန္းက်င္ကလူေတြကအဂၤလိပ္လို ဆက္သြယ္ေျပာဆိုၾကတဲ့အတြက္ သင္လည္းသူတို႔လိုပဲ ဆက္သြယ္ေျပာဆိုရမွာပါ။ ဒါေပမယ့္ သင္ရွက္ေနေၾကာက္ေနလို႔မျဖစ္ပါဘူး။

 

(၂) ေန႔တိုင္းစကားလုံးအသစ္တစ္လုံးသင္ယူပါ။
ေန႔တိုင္းစကားလုံးအသစ္ရွာေဖြပါ။ တစ္ေန႔ တစ္လုံးပါပဲ။ သင္လုပ္ရမွာက ေန႔စဥ္မျပတ္ တစ္လုံးစီသင္ယူဖို႔ပါ။ ရက္၃၀ျပည့္ရင္ စကားလုံး၃၀ သင္ပိုင္ဆိုင္ေနမွာပါ။ ဒါက သင့္ရဲ႕ ေဝါဟာရႂကြယ္ဝမႈကို အေထာက္အပံ့ေကာင္းျဖစ္လာမွာပါ။

 

(၃) စာမ်ားမ်ားဖတ္ပါ။
ဘာေလ့လာ ေလ့လာ စာမဖတ္လို႔ေတာ့မရပါဘူး။ စာဖတ္ျခင္းက သင့္ေလ့လာအားရဲ႕ ပင္မေသြးေၾကာျဖစ္ပါတယ္။ အဂၤလိပ္စာအုပ္ဖတ္ေလေလ သင့္ရဲ႕အဂၤလိပ္စာစြမ္းရည္ျမင့္တက္လာေလပါပဲ။ ဒါေၾကာင့္ တစ္လအတြင္းမွာ Level up ခ်င္ရင္ စာအုပ္ ၃ အုပ္ေလာက္ ဖတ္ျဖစ္ေအာင္ဖတ္ပါ။

 

(၄) သူငယ္ခ်င္းနဲ႔ ေလ့က်င့္ပါ။
ေကာင္းမြန္တဲ့ပါတနာရွိျခင္းက ေအာင္ျမင္ျခင္းလမ္းစပါ။ ဒါေၾကာင့္ တူတူေလ့က်င့္လို႔ရမယ့္ သူငယ္ခ်င္းတစ္ေယာက္ရွိပါေစ။ တူတူေလ့က်င့္ရင္း တစ္ေယာက္နဲ႔တစ္ေယာက္ တိုးတက္ႏႈန္းေတြကို ဆန္းစစ္လို႔ရပါတယ္။

 

(၅) သီခ်င္းေတြကေန သင္ယူပါ။
ဘာသာစကားတစ္ခုကိုေလ့လာတဲ့အခါ အေကာင္းဆုံးနည္းလမ္းတစ္ခုက သီခ်င္းနားေထာင္ျခင္းပါ။ သင့္ရဲ႕ Listening skill ကိုတိုးတက္ေစတဲ့အျပင္ အသံထြက္ေတြကိုပါ ပိုၿပီးဆရာက်လာေစမယ့္နည္းလမ္းတစ္ခုလည္းျဖစ္ပါတယ္။

 

(၆) အသံသြင္းေလ့က်င့္ပါ။
သင္တစ္ေယာက္တည္းေလ့က်င့္တဲ့အခါ အသံသြင္းဖို႔မေမ့ပါနဲ႔။ သင့္ကိုယ္သင္ ဘယ္ေလာက္တိုးတက္လာလဲဆိုတာကိုလည္း သိႏိုင္တဲ့နည္းျဖစ္တာေၾကာင့္ စကားေျပာလိုက္၊ အသံသြင္းလိုက္၊ နားေထာင္လိုက္ နဲ႔ ေလ့က်င့္ပါ။

 

(၇) ေခါင္းစဥ္တစ္ခုတည္းကေန သင္ေလ့လာႏိုင္သေလာက္ စကားလုံးအသစ္ေတြကိုေလ့လာပါ။
Deep and narrow ေလ့လာနည္းက သင့္ကို ဆရာက်ေစမယ့္နည္းလမ္းပါ။ ေခါင္းစဥ္တစ္ခုေအာက္မွာရွိတဲ့ စကားလုံးေတြကအမ်ားႀကီးပါ။ အဲ့တာေတြကို သင္ေလ့လာႏိုင္သေလာက္ အတြင္းက်က် ေလ့လာပါ။

ဉပမာ - Body Parts ကို ေလ့လာတဲ့အခါ အတြင္းအျပင္ တစ္ခုမက်န္ ေလ့လာတာမ်ိဳးပါ။ ဒါက တကယ္ထိေရာက္တဲ့နည္းတစ္ခုေနာ္။

ကဲ ဒီနည္းလမ္းေတြကို အသုံးျပဳၿပီးတစ္လအတြင္း သင့္ရဲ႕ အဂၤလိပ္စာစြမ္းရည္ကို ျမႇင့္တက္လိုက္ပါ။

 

Read times
Rate this articles
(0 votes)