×

Warning

JUser: :_load: Unable to load user with ID: 723


Language

Tuesday, 03 October 2017

ဆက်ဆံရေးအခြေအနေတွေကို ဖော်ပြတဲ့ အင်္ဂလိပ်အသုံးအနှုန်းများ - ၂

ဆက်ဆံရေးအခြေအနေတွေကို ဖော်ပြတဲ့ အင်္ဂလိပ်အသုံးအနှုန်းများ - ၂ google.com




























Credit; zar ni(My Way!)

[Unicode Version]

Estranged (adjective) ခပ်တန်းတန်း ဆက်ဆံရေး
Not seeing friends or relatives very often, especially because of having fought with them
တစ်ယောက်နဲ့တစ်ယောက် စကားများထားကြလို့ ခပ်ရှောင်ရှောင် ခပ်တန်းတန်း ဆက်ဆံရေးမျိုးကို ဆိုလိုပါတယ်။
Fragile (adjective) ကွဲအက်လွယ် ဆက်ဆံရေး
Used about a situation, agreement, or relationship that can easily be damaged or destroyed
Fragile ဆိုတာလည်း အထိမခံသော၊ ကွဲအက်လွယ်သောလို့ အဓိပ္ပါယ် ရပါတယ်။ အခြေအနေတစ်ခု၊ သဘောတူညီချက်တစ်ခု၊ လူနှစ်ဦးကြားဆက်ဆံရေးတစ်ခုဟာ အလွယ်တကူ ပျက်စီးသွားနိုင်တယ်။ အမှားမခံဘူးဆိုတဲ့ အခြေအနေမျိုး ဖြစ်တယ်။
Illicit (adjective) တိတ်တိတ်ပုန်း ဆက်ဆံရေး
An illicit relationship, activity, or situation is one that people do not approve of
လူမှုပတ်ဝန်းကျင်က လက်မခံသော၊ ဖောက်ပြားသော ဆက်ဆံရေးမျိုး၊ ဥပမာ အိမ်ထောင်ရှိယောက်ျား၊ မိန်းမနှင့် တခြားသူတစ်ဦးဦးတို့၏ ဆက်ဆံရေး။

Recommended for you - အသုံးဝင်သော အင်္ဂလိပ်စကား အသုံးအနှုန်းများ(Right enough/Great)
Inseparable (adjective) ကြားလေသွေးလို့ မရတဲ့ ဆက်ဆံရေး
People who are inseparable have a very close relationship and spend all their time together
တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်မခွာနိုင် ကြားလေသွေးရင်ဝေးမှာစိုးလို့ တပူးတွဲတွဲရှိနေကြသူတွေပေါ့။
One-sided (adjective) တစ်ဖက်သတ် ဆက်ဆံရေး
In a one-sided relationship, one person does more than the other person or shows more love than the other person
တစ်ယောက်က ပိုချစ်ရတာ၊ တစ်ယောက်က ပိုကြင်နာ၊ အနစ်နာခံရတဲ့ ဆက်ဆံရေးမျိုး ဖြစ်ပါတယ်။ ပိုချစ်တဲ့သူက ပိုပေးဆပ်ရတာပေါ့။
Platonic (adjective) ၅၂၈ သွယ်မေတ္တာဆက်ဆံရေး
A platonic relationship is one that is friendly but does not involve sex
အချစ်ဆိုတာ ရယူချင်းမဟုတ်၊ ပေးဆပ်ချင်းလို့ ခံယူထားသူတွေ၊ ကိုယ်ချစ်တဲ့သူကို ချစ်နေရရုံနဲ့ ပြီးပြည့်စုံသူတွေ။ ကာမ မပါတဲ့ ဆက်ဆံရေးမျိုး။

Recommended for you - အခက်အခဲဆိုတိုင်း ဒူးထောက်အရှုံးပေးရမှာလား။
Rocky (adjective) လှိုင်းထန်နေတဲ့ ဆက်ဆံရေး
A rocky relationship, situation, or period of time is one in which there are a lot problems
ပြဿနာများစွာနဲ့ တစ်ယောက်နဲ့တစ်ယောက် မကြာခဏကတောက်ကဆ ဖြစ်ရတဲ့ ကာလတွေပေါ့။ အဲဒီကာလကို ကျော်ဖြတ်နိုင်သူတွေ ရှိသလို အရှုံးပေးသွားသူတွေလည်း မနည်းပါ။
Same-sex (adjective) လိင်တူဆက်ဆံရေး
Used for referring to sexual relationship involving either two men or two women.
မိန်းမအချင်းချင်း၊ ယောက်ျားအချင်းချင်းကိုမှ တွယ်တာ စိတ်ဝင်စားကြသူတွေရဲ့ ဆက်ဆံရေးပါ။
Source; Myanmar-network.net
Credit; zar ni(My Way!)

Read times Last modified on Monday, 30 December 2019 14:44
Rate this articles
(0 votes)