×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Thursday, 21 January 2021

စိတ်ဝင်စားစရာ အရောင်လေးတွေနဲ့ Idiom( အီဒီယမ် ) လေးများ

စိတ်ဝင်စားစရာ အရောင်လေးတွေနဲ့ Idiom( အီဒီယမ် ) လေးများ

အရောင်လေးတွေမှာ ကိုယ်ပိုင်သကေ်တလေးတွေရှိတယ်ဆိုတာ သိကြတယ်မလား? ဒီနေ့မှာတော့ အရောင်လေးတွေကို အသုံးပြုပြီး ဖန်တီးထားတဲ့စိတ်ဝင်စားဖွယ် Idiom လေးတွေကို ဖော်ပြမှာဖြစ်ပါတယ်။

 

(၁) White Lie – a small lie that is told to be polite or avoid hurting someone’s feelings.
အဖြူရောင်မုသား ပေါ့နော်။ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ တစ်စုံတစ်ယောက်နာကျင်ခံစားမှုမဖြစ်စေရအောင်သော်လည်းကောင်း ရည်ရွယ်ပြီး ပြောလိုက်ရတဲ့ အလိမ်အညာစကား ကို ဆိုလိုပါတယ်။

 

(၂) Black sheep – to be the outcast, odd one out, unlike the others
သိုးမည်း။ သူများတွေနဲ့မတူဘဲ အမြဲခွဲထွက်နေပြီး အူကြောင်ကြောင်ဆန်တဲ့လူတွေကို ပြောတာပါ။

 

(၃) Take the red eye – a late night flight that arrives early in the morning
တစ်ညလုံး လေယာဉ်စီးခဲ့ရပြီး မိုးလင်းခါနီးမှ ခရီးဆိုက်တာကို ပြောတဲ့အခါ ဒီ အီဒီယမ်လေးကို အသုံးပြုလို့ရပါတယ်။

 

(၄) Tickled pink – to be extremely pleased
အလွန်အကျူး ဝမ်းသာကျေနပ်ပီတိဖြာ တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

 

(၅) Once in a blue moon – very rarely
ကြုံတောင့်ကြုံခဲ၊ ရှားရှားပါးပါး လို့ အဓိပ္ပာယ်ရပါတယ်။

 

(၆) Caught red-handed – to catch someone in the act of doing something
တစ်ခုခုခိုးလုပ်နေတာကို လူမိသွားတယ် ဆိုပြီး ပြောလိုတဲ့အခါ “ I’ve caught red-handed” လို့ အသုံးပြုနိုင်ပါတယ်။

 

(၇) Out of the blue – randomly, without warning, surprisingly
လုံးဝကို မမျှော်လင့်ထားဘဲ ဖြစ်ပျက်သွားတဲ့အကြောင်းပြောလိုတဲ့အခါ အသုံးပြုနိုင်ပါတယ်။ ဥပမာ- He kissed me out of the blue.

 

(၈) Green thumb – to be skilled at gardening
လက်ဆိပ်ရှိတယ် ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ အပင်တွေကို ဖြစ်မြောက်အောင် စိုက်ပျိုးနိုင်တယ် လို့ ဆိုလိုရင်းဖြစ်ပါတယ်။

 

(၉) Grey area – something that is unclear, undefined
သဲသဲကွဲကွဲ သတ်မှတ်လို့မရတဲ့ အရာမျိုး ကို ပြောလိုတဲ့အခါ အသုံးပြုနိုင်ပါတယ်။

 

(၁၀) Green with envy – to be very jealous, envious
မတရား မနာလိုဖြစ်တယ် လို့ အဓိပ္ပာယ်ရပါတယ်။

 

အင်္ဂလိပ်စာလေ့လာတဲ့အခါ အီဒီယမ်လေ့လာခြင်းကလည်း အထောက်အကူကောင်းပေးတာမလို့ စိတ်ဝင်စားဖို့ကောင်းတဲ့ အီဒီယမ်လေးတွေကို ဆက်လက်တင်ဆက်ပေးပါဦးမယ်။

 

 

စိတ္ဝင္စားစရာ အေရာင္ေလးေတြနဲ႔ Idiom( အီဒီယမ္ ) ေလးမ်ား

အေရာင္ေလးေတြမွာ ကိုယ္ပိုင္သေက္တေလးေတြရွိတယ္ဆိုတာ သိၾကတယ္မလား? ဒီေန႔မွာေတာ့ အေရာင္ေလးေတြကို အသုံးျပဳၿပီး ဖန္တီးထားတဲ့စိတ္ဝင္စားဖြယ္ Idiom ေလးေတြကို ေဖာ္ျပမွာျဖစ္ပါတယ္။

 

(၁) White Lie – a small lie that is told to be polite or avoid hurting someone’s feelings.
အျဖဴေရာင္မုသား ေပါ့ေနာ္။ ယဥ္ေက်းမႈအရေသာ္လည္းေကာင္း၊ တစ္စုံတစ္ေယာက္နာက်င္ခံစားမႈမျဖစ္ေစရေအာင္ေသာ္လည္းေကာင္း ရည္႐ြယ္ၿပီး ေျပာလိုက္ရတဲ့ အလိမ္အညာစကား ကို ဆိုလိုပါတယ္။

 

(၂) Black sheep – to be the outcast, odd one out, unlike the others
သိုးမည္း။ သူမ်ားေတြနဲ႔မတူဘဲ အၿမဲခြဲထြက္ေနၿပီး အူေၾကာင္ေၾကာင္ဆန္တဲ့လူေတြကို ေျပာတာပါ။

 

(၃) Take the red eye – a late night flight that arrives early in the morning
တစ္ညလုံး ေလယာဥ္စီးခဲ့ရၿပီး မိုးလင္းခါနီးမွ ခရီးဆိုက္တာကို ေျပာတဲ့အခါ ဒီ အီဒီယမ္ေလးကို အသုံးျပဳလို႔ရပါတယ္။

 

(၄) Tickled pink – to be extremely pleased
အလြန္အက်ဴး ဝမ္းသာေက်နပ္ပီတိျဖာ တယ္ဆိုတဲ့ အဓိပၸာယ္ပါ။

 

(၅) Once in a blue moon – very rarely
ႀကဳံေတာင့္ႀကဳံခဲ၊ ရွားရွားပါးပါး လို႔ အဓိပၸာယ္ရပါတယ္။

 

(၆) Caught red-handed – to catch someone in the act of doing something
တစ္ခုခုခိုးလုပ္ေနတာကို လူမိသြားတယ္ ဆိုၿပီး ေျပာလိုတဲ့အခါ “ I’ve caught red-handed” လို႔ အသုံးျပဳႏိုင္ပါတယ္။

 

(၇) Out of the blue – randomly, without warning, surprisingly
လုံးဝကို မေမွ်ာ္လင့္ထားဘဲ ျဖစ္ပ်က္သြားတဲ့အေၾကာင္းေျပာလိုတဲ့အခါ အသုံးျပဳႏိုင္ပါတယ္။ ဥပမာ- He kissed me out of the blue.

 

(၈) Green thumb – to be skilled at gardening
လက္ဆိပ္ရွိတယ္ ဆိုတဲ့အဓိပၸာယ္ေပါ့ေနာ္။ အပင္ေတြကို ျဖစ္ေျမာက္ေအာင္ စိုက္ပ်ိဳးႏိုင္တယ္ လို႔ ဆိုလိုရင္းျဖစ္ပါတယ္။

 

(၉) Grey area – something that is unclear, undefined
သဲသဲကြဲကြဲ သတ္မွတ္လို႔မရတဲ့ အရာမ်ိဳး ကို ေျပာလိုတဲ့အခါ အသုံးျပဳႏိုင္ပါတယ္။

 

(၁၀) Green with envy – to be very jealous, envious
မတရား မနာလိုျဖစ္တယ္ လို႔ အဓိပၸာယ္ရပါတယ္။

 

အဂၤလိပ္စာေလ့လာတဲ့အခါ အီဒီယမ္ေလ့လာျခင္းကလည္း အေထာက္အကူေကာင္းေပးတာမလို႔ စိတ္ဝင္စားဖို႔ေကာင္းတဲ့ အီဒီယမ္ေလးေတြကို ဆက္လက္တင္ဆက္ေပးပါဦးမယ္။

Read times
Rate this articles
(1 Vote)