×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Saturday, 30 January 2021

အင်္ဂလိပ်စကားပြောကြွယ်စေဖို့ အီဒီယမ်တွေ လေ့လာကြစို့။

အင်္ဂလိပ်စကားပြောကြွယ်စေဖို့ အီဒီယမ်တွေ လေ့လာကြစို့။
အင်္ဂလိပ်စာကို လေ့လာကြတဲ့အခါ Vocabulary လေးတွေက ကျက်မှတ်လေ့လာရလွယ်ကူသလောက် အီဒီယမ်တွေကျတော့ လေ့လာရ၊ မှတ်သားရခက်ခဲပါတယ်။ အခုမှတ်၊ ခဏနေမေ့ ဖြစ်တတ်ကြပါတယ်။ အဲ့ဒါကြောင့် အီဒီယမ်တွေကို စကားပြောရင် ထည့်သွင်းပြောဆိုနိုင်ဖို့က ထင်သလောက်မလွယ်ကူပါဘူး။ ဒါကြောင့် အီဒီယမ်တွေကို လေ့လာတဲ့အခါ အခုဖတ်ပြီး ပြီးရောဆိုပြီး မလေ့လာဘဲ တစ်ခေါက်ဖတ် ပြီးရင် စာကြောင်း ၃၊ ၄ ကြောင်းမှာ အီဒီယမ်လေးတွေကို ထည့်သွင်းပြောကြည့်၊ ဒီလိုနည်းနဲ့ မှတ်သားဖို့ တိုက်တွန်းပါရစေ။ ဒါဆို ဒီနေ့အတွက် မှတ်ရလွယ်ပြီး အသုံးများတဲ့ အီဒီယမ်လေးတွေကို တူတူမှတ်သားကြည့်ရအောင်နော်။

 

1. I’m over the moon.
I’m on cloud nine.
ဒီအီဒီယမ်လေးတွေရဲ့ အဓိပ္ပာယ်က “အလွန်အကျူး ဝမ်းသာပီတိဖြစ်ပြီး ပျော်ရွှင်ပါတယ်” ပဲ ဖြစ်ပါတယ်။ အရင်က ပြောနေကျဖြစ်တဲ့ “ I’m very happy.” ဆိုတဲ့စကားကို ဘေးခဏချိတ်ထားလိုက်တော့နော်။

 

2. Catch up today.
Catch up ဆိုတဲ့ အဓိပ္ပာယ်ကတော့ “တွေ့ရအောင်” ဆိုတဲ့ အဓိပ္ပာယ်ပါ။ “Let’s meet today” အစား “ Let’s catch up today.” လို့ပြောရင်တော့ ပိုပြီးလှပတဲ့ ဝါကျတစ်ကြောင်းဖြစ်မှာပါ။

 

3. I’m swamped.
“ငါအရမ်းအလုပ်များနေတယ်” ဆိုတဲ့ အဓိပ္ပာယ်လေးပါ။ “I’m very busy” နဲ့ အဓိပ္ပာယ်တူတဲ့ အီဒီယမ်လေးပဲ ဖြစ်ပါတယ်။

 

4. Cup of tea.
လက်ဖက်ရည်တစ်ခွက် လို့တော့ မထင်လိုက်ပါနဲ့။ ဒီ အီဒီယမ်လေးကို ဘယ်နေရာမှာ အသုံးပြုလဲဆိုတော့ တစ်စုံတစ်ခုကို ကိုယ်က စိတ်မဝင်စားမနှစ်သက်ကြောင်းပြောလိုတဲ့အခါ အသုံးပြုနိုင်ပါတယ်။
ဥပမာ- I’m not interested in swimming.
Swimming is not my cup of tea. အဓိပ္ပာယ်ကတူတူပါပဲ။

 

5. Hit the book
တိုက်ရိုက်ဘာသာပြန်ရင်တော့ စာအုပ်ကို ရိုက်ခတ်ခြင်းပေါ့။ ဒါပေမဲ့ အီဒီယမ်အနေနဲ့ အသုံးပြုရင်တော့ သူ့ရဲ့အဓိပ္ပာယ်က လုံးဝပြောင်းလဲသွားပါတယ်။
ဉပမာ- I need to hit the book.
ဆိုရင် ငါစာအုပ်တွေကို ရိုက်ဖို့လိုတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်တော့ပါဘူး။ ငါစာကျက်ဖို့လိုတယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်သွားပါတယ်။

 

6. It makes me under the cloud.
Under the cloud ဆိုတဲ့ အဓိပ္ပာယ်လေးက Sad နဲ့တူပါတယ်။ ဒီအဖြစ်အပျက်က ငါ့ကိုဝမ်းနည်းစေတယ် လို့ သုံးလိုတဲ့အခါ It makes me sad အစား It makes me under the cloud ဆိုပြီး အသုံးပြုနိုင်ပါတယ်။

 

7. Chicken and egg situation.
ဒါလေးကတော့ ရှင်းပါတယ်။ ဘယ်ဟာက ပထမအကြောင်းတရားလဲ သေချာမသိနိုင်တဲ့အခါ အသုံးပြုတဲ့ အီဒီယမ်လေးပါ။
ဥပမာ - I need to have experience to get job, but without job, I can’t have any experience. It’s chicken and egg situation.

 

ဒီ အီဒီယမ်လေးတွေက တကယ့်ကို အသုံးများပြီး အသုံးလည်းဝင်တဲ့ အီဒီယမ်လေးတွေဖြစ်ပါတယ်။ နောက်နေ့တွေမှာလည်း စာဖတ်သူတို့ရဲ့ အင်္ဂလိပ်စာစွမ်းရည်ကို တိုးတက်လာစေမယ့် ဆောင်းပါးလေးတွေကို ဖန်တီးပေးနိုင်အောင် ကြိုးစားနေပါတယ်။ အားလုံးပဲ ကောင်းသောနေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

 

 

 

အဂၤလိပ္စကားေျပာႂကြယ္ေစဖို႔ အီဒီယမ္ေတြ ေလ့လာၾကစို႔။
အဂၤလိပ္စာကို ေလ့လာၾကတဲ့အခါ Vocabulary ေလးေတြက က်က္မွတ္ေလ့လာရလြယ္ကူသေလာက္ အီဒီယမ္ေတြက်ေတာ့ ေလ့လာရ၊ မွတ္သားရခက္ခဲပါတယ္။ အခုမွတ္၊ ခဏေနေမ့ ျဖစ္တတ္ၾကပါတယ္။ အဲ့ဒါေၾကာင့္ အီဒီယမ္ေတြကို စကားေျပာရင္ ထည့္သြင္းေျပာဆိုႏိုင္ဖို႔က ထင္သေလာက္မလြယ္ကူပါဘူး။ ဒါေၾကာင့္ အီဒီယမ္ေတြကို ေလ့လာတဲ့အခါ အခုဖတ္ၿပီး ၿပီးေရာဆိုၿပီး မေလ့လာဘဲ တစ္ေခါက္ဖတ္ ၿပီးရင္ စာေၾကာင္း ၃၊ ၄ ေၾကာင္းမွာ အီဒီယမ္ေလးေတြကို ထည့္သြင္းေျပာၾကည့္၊ ဒီလိုနည္းနဲ႔ မွတ္သားဖို႔ တိုက္တြန္းပါရေစ။ ဒါဆို ဒီေန႔အတြက္ မွတ္ရလြယ္ၿပီး အသုံးမ်ားတဲ့ အီဒီယမ္ေလးေတြကို တူတူမွတ္သားၾကည့္ရေအာင္ေနာ္။

 

1. I’m over the moon.
I’m on cloud nine.
ဒီအီဒီယမ္ေလးေတြရဲ႕ အဓိပၸာယ္က “အလြန္အက်ဴး ဝမ္းသာပီတိျဖစ္ၿပီး ေပ်ာ္႐ႊင္ပါတယ္” ပဲ ျဖစ္ပါတယ္။ အရင္က ေျပာေနက်ျဖစ္တဲ့ “ I’m very happy.” ဆိုတဲ့စကားကို ေဘးခဏခ်ိတ္ထားလိုက္ေတာ့ေနာ္။

 

2. Catch up today.
Catch up ဆိုတဲ့ အဓိပၸာယ္ကေတာ့ “ေတြ႕ရေအာင္” ဆိုတဲ့ အဓိပၸာယ္ပါ။ “Let’s meet today” အစား “ Let’s catch up today.” လို႔ေျပာရင္ေတာ့ ပိုၿပီးလွပတဲ့ ဝါက်တစ္ေၾကာင္းျဖစ္မွာပါ။

 

3. I’m swamped.
“ငါအရမ္းအလုပ္မ်ားေနတယ္” ဆိုတဲ့ အဓိပၸာယ္ေလးပါ။ “I’m very busy” နဲ႔ အဓိပၸာယ္တူတဲ့ အီဒီယမ္ေလးပဲ ျဖစ္ပါတယ္။

 

4. Cup of tea.
လက္ဖက္ရည္တစ္ခြက္ လို႔ေတာ့ မထင္လိုက္ပါနဲ႔။ ဒီ အီဒီယမ္ေလးကို ဘယ္ေနရာမွာ အသုံးျပဳလဲဆိုေတာ့ တစ္စုံတစ္ခုကို ကိုယ္က စိတ္မဝင္စားမႏွစ္သက္ေၾကာင္းေျပာလိုတဲ့အခါ အသုံးျပဳႏိုင္ပါတယ္။
ဥပမာ- I’m not interested in swimming.
Swimming is not my cup of tea. အဓိပၸာယ္ကတူတူပါပဲ။

 

5. Hit the book
တိုက္႐ိုက္ဘာသာျပန္ရင္ေတာ့ စာအုပ္ကို ႐ိုက္ခတ္ျခင္းေပါ့။ ဒါေပမဲ့ အီဒီယမ္အေနနဲ႔ အသုံးျပဳရင္ေတာ့ သူ႔ရဲ႕အဓိပၸာယ္က လုံးဝေျပာင္းလဲသြားပါတယ္။
ဉပမာ- I need to hit the book.
ဆိုရင္ ငါစာအုပ္ေတြကို ႐ိုက္ဖို႔လိုတယ္ဆိုတဲ့ အဓိပၸာယ္မဟုတ္ေတာ့ပါဘူး။ ငါစာက်က္ဖို႔လိုတယ္ ဆိုတဲ့ အဓိပၸာယ္ျဖစ္သြားပါတယ္။

 

6. It makes me under the cloud.
Under the cloud ဆိုတဲ့ အဓိပၸာယ္ေလးက Sad နဲ႔တူပါတယ္။ ဒီအျဖစ္အပ်က္က ငါ့ကိုဝမ္းနည္းေစတယ္ လို႔ သုံးလိုတဲ့အခါ It makes me sad အစား It makes me under the cloud ဆိုၿပီး အသုံးျပဳႏိုင္ပါတယ္။

 

7. Chicken and egg situation.
ဒါေလးကေတာ့ ရွင္းပါတယ္။ ဘယ္ဟာက ပထမအေၾကာင္းတရားလဲ ေသခ်ာမသိႏိုင္တဲ့အခါ အသုံးျပဳတဲ့ အီဒီယမ္ေလးပါ။
ဥပမာ - I need to have experience to get job, but without job, I can’t have any experience. It’s chicken and egg situation.

 

ဒီ အီဒီယမ္ေလးေတြက တကယ့္ကို အသုံးမ်ားၿပီး အသုံးလည္းဝင္တဲ့ အီဒီယမ္ေလးေတြျဖစ္ပါတယ္။ ေနာက္ေန႔ေတြမွာလည္း စာဖတ္သူတို႔ရဲ႕ အဂၤလိပ္စာစြမ္းရည္ကို တိုးတက္လာေစမယ့္ ေဆာင္းပါးေလးေတြကို ဖန္တီးေပးႏိုင္ေအာင္ ႀကိဳးစားေနပါတယ္။ အားလုံးပဲ ေကာင္းေသာေန႔ရက္ေလးကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။အင်္ဂလိပ်စကားပြောကြွယ်စေဖို့ အီဒီယမ်တွေ လေ့လာကြစို့။

Read times
Rate this articles
(1 Vote)