×

Warning

JUser: :_load: Unable to load user with ID: 81428


Language

Friday, 19 February 2021

ကိုရီးယားဇာတ်ကားတွေမှာ အသုံးများတဲ့ စကားစုလေးများ (၁)

ကိုရီးယားဇာတ်ကားတွေမှာ အသုံးပြုလေ့ရှိတဲ့ စကားစုလေးများ (၁)
1. 장난해? (jangnanhae) – Are you kidding me?
“မင်းငါ့ကိုနောက်နေတာလား” . . . ဒီစကားလေးကတော့ သူငယ်ချင်းတွေအကြား၊ သက်တူရွယ်တူတွေအကြား၊ ကိုယ့်ထက်ငယ်ရွယ်သူတွေအကြားမှာ အသုံးပြုလေ့ရှိတဲ့ စကားလေးပါပဲ။
ကိုရီးယားဇာတ်ကားလေးတွေကိုကြည့်ရင်သိမှာပါ။ ဒီစကားကို ကိုယ့်ထက်အသက်အရွယ်ကြီးသူတွေ၊ ရာထူးကြီးသူတွေကို ဘယ်တော့မှ ပြောလေ့မရှိပါဘူးနော်။

 

2. 혹시 (hoksi) – By any chance
ဒီစကားလေးကတော့ စကားရပ်တစ်ခု၊ အကြောင်းအရာတစ်ခုကို အတိအကျ မသိတဲ့အခါမှာ အသုံးပြုလေ့ရှိတဲ့စကားလေးပါပဲ။ “혹시 (hoksi) means ‘by any chance’ or ‘maybe.’” အခွင့်အရေးတစ်ခုအနေကတော့ . . ၊ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် . . . စသဖြင့်ဆိုလိုပါတယ်။

 

3. 콜 (kol) – Call/Deal

ဒါကတော့ “Konglish” အင်္ဂလိပ်စကားကနေ မွေးစားထားတဲ့စကားလုံးလေးတစ်ခုပါ။ တစ်စုံတစ်ခုကို သဘောတူတဲ့အခါ၊ စိန်ခေါ်မှုတွေကို လက်ခံတဲ့အခါ အသုံးပြုတဲ့စကားလေးပါ။ အင်္ဂလိပ်စကားလုံး Call နဲ့ အသံထွက်တူပါတယ်။

 

4. 뻥치지마 (ppeongchijima) – Don’t lie
뻥을 치다 (ppeongeul chida) - လိမ်ညာတယ်လို့အဓိပ္ပာယ်ရပါတယ်။ 지마 (jima) ဆိုတာကတော့
지 마세요 (ji maseyo) ဆိုတဲ့အမြင့်စကားကနေ ဆင်းသက်လာတာဖြစ်ပြီး “do not” “မလုပ်နဲ့” လို့ အဓိပ္ပာယ်ရပါတယ်။ ဒီစကားစုနှစ်ခုကို ပေါင်းစပ်လိုက်တဲ့အခါ “မလိမ်နဲ့” “မလိမ်ပါနဲ့”ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်သွားတာပေါ့။

 

5. 오해 하지마 (ohae hajima) – Don’t misunderstand
ဒီစကားစုလေးကိုတော့ ဟာသဇာတ်ကားတွေ၊ ဒရမ်မာကားတွေမှာ မကြာခဏဆိုသလို ကြားနေရတတ်ပါတယ်။ ဒီစကားစုကိုတော့ လူတစ်ယောက်က သူ့ရဲ့စစ်မှန်တဲ့ခံစားချက်တွေ၊ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ချင်တဲ့အခါမှာ အသုံးပြုလေ့ရှိတယ်။ “နားလည်မှုမလွဲပါနဲ့ကွာ” “တလွဲမထင်ပါနဲ့” လို့ အဓိပ္ပာယ်ရပါတယ်။

ဒီစကားစုကိုလေ့လာတဲ့အခါမှာ 오해 (ohae) means ‘misunderstanding.’ “နားလည်မှုလွဲသည်” ဆိုတဲ့စကားစုနဲ့ 하지 마세요 (haji maseyo)ဆိုတဲ့ အမြင့်စကားကနေဆင်းသက်လာတဲ့ 하지마 (hajima) ကတော့ “do not” “မလုပ်ပါနဲ့” ဆိုတာကို ပေါင်းစပ်ထားတာဖြစ်တဲ့အတွက် “နားလည်မှုမလွဲပါနဲ့”ဆိုတဲ့ အဓိပ္ပာယ် ထွက်ပါတယ်။

 

6. 이렇게? (ireoke) – Like this?
ဒီစကားစုလေးကတော့ တစ်စုံတစ်ခုကိုပြုလုပ်ဖို့၊ ဆောင်ရွက်ဖို့အတွက် အကြံဉာဏ်တောင်းခြင်းပါ။ “ဒီလိုလား” (သို့) “ဘယ်လိုလုပ်ရတာလဲ” ဆိုတဲ့ အဓိပ္ပာယ်ပါ။

 

7. 아싸! (assa) – Oh yeah
“ဟုတ်ပြီကွ” လို့ အဓိပ္ပာယ်ပြန်ဆိုရမလားပဲနော်။ အခြေအနေအမျိုးမျိုးမှာ အသုံးပြုလေ့ရှိတဲ့စကားစုလေး . . . . တစ်စုံတစ်ခုကို အောင်နိုင်တဲ့အခါ၊ ကံကောင်းတယ်လို့ ကိုယ့်ကိုကိုယ်ယူဆတဲ့အခါ၊ ထီပေါက်တဲ့အခါ . . . . အစရှိတဲ့အခါမျိုးတွေမှာ ဝမ်းသာပျော်ရွှင်စွာ အော်ဟစ်လေ့ရှိတဲ့ အာမေဋိတ်စကားစုလေးပေါ့။

 

8. 그럼 그럼 (geureom geureom) – Sure, sure
“သေချာပါတယ်” လို့ ဆိုလိုပါတယ်။ တစ်ခါတစ်ရံ စကားစုတွေရဲ့ရှေ့ဆုံးမှာ 그럼 (geureom) ကို အသုံးပြုတယ်ဆိုရင်တော့ ကိစ္စရပ်တစ်ခုရဲ့အခြေအနေကို ရည်ညွှန်းပြောဆိုတာပါ။ “’ဒီလိုဆိုရင် . . “ဆိုတဲ့ အဓိပ္ပာယ်နဲ့ အသုံးပြုလေ့ရှိပါတယ်။

 

9. 잠깐만 (jamkkanman) – Wait for awhile
ခဏလောက်စောင့်ပါအုန်းလို့ အဓိပ္ပာယ်ရပါတယ်။ ယဉ်ယဉ်ကျေးကျေးျပြောချင်တယ်ဆိုရင်တော့ စကားစုရဲ့နောက်ဆုံးမှာ 요 (yo) ကို ထည့်သွင်းအသုံးပြုဖို့ လိုပါတယ်။

 

10. 글쎄요 (geulsseyo) – Well, I don’t know
ဒီစကားစုကတော့ တစ်စုံတစ်ဦးရဲ့ အယူအဆ၊ ဒါမှမဟုတ် ထင်မြင်ယူဆချက်ကို တောင်းခံတဲ့အခါမှာ ဘယ်လိုပြန်ပြီးအဖြေပေးရမယ်ကို စဉ်းစားဖို့အချိန်အနည်းငယ် ရယူလိုတဲ့အခါမှာ အသုံးပြုလေ့ရှိတဲ့ စကားစုလေးပါ။ “ငါမသိဘူး၊ နေပါအုန်း . . ငါကြည့်လိုက်အုန်းမယ်” လို့ ဆိုလိုပါတယ်။

 

11. 어쩔 건데 (eojjeol geonde) – What are you going to do
“နင်ဘာတွေလုပ်နေတာလဲ” ဆိုတဲ့စကားစုလေးကတော့ ကိုယ်နဲ့ရွယ်တူတွေ၊ ကိုယ့်ထက်ငယ်တဲ့သူတွေနဲ့ စကားပြောတဲ့အခါ ပြောလေ့ပြောထရှိတဲ့ စကားစုလေးပါပဲ။

 

12. 뭘 봐요 (mwol bwayo) – What are you looking at
လူတစ်ယောက်က သင့်ကို အထူးအဆန်းကြည့်နေတဲ့အခါ ဒီမေးခွန်းကို မေးလေ့ရှိပါတယ်။ “ဘာကြည့်နေတာလဲ” ဆိုတဲ့အဓိပ္ပာယ်နဲ့ပေါ့။

 

13. 무슨 소리야 이게? (museun soriya ige) – What are you talking about? / what do you mean?
ထူးထူးဆန်းဆန်းစကား၊ ထူးခြားတဲ့အခါ၊ ရုတ်တရက်ထွက်ပေါ်လာတဲ့အသံတွေကို ကြားရတြ့အခါ အသုံးပြုလေ့ရှိတဲ့စကားလေးတစ်ခွန်းပါ။
무슨 (museun) (뭐 (mwo) / 무엇 (mueot) တို့နဲ့အဓိပ္ပာယ်တူပါတယ်။) ‘what.’ “ဘာလဲ”လို့ အဓိပ္ပာယ်ရပါတယ်။
소리 (sori) (‘saying’ or ‘mean’ )ကတော့ အသံ ဖြစ်ပြီး이게 (ige) (‘this.’)ကတော့ ဒီဟာ လို့ အဓိပ္ပာယ်ရတဲ့အတွက် ဒီအသံက ဘာလဲ၊ ဒီစကားက ဘာကိုဆိုလိုတာလဲ၊ ဘာပြောတာလဲ . . . ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။

 

14. 어떻게? (eotteoke) – how?
ကိုရီးယားကားမှာ အများဆုံးကြားရတဲ့စကားစုလေး၊ ဟုတ်တယ်ဟုတ်။ ဘယ်လိုလုပ်ကြမလဲဆိုတဲ့စကားလေးပါပဲနော်။

 

 

15. 하지마 (hajima) – Don’t do that
ဒီစကားစုလေးမှာတော့ 하다 (hada | to do) (ပြုလုပ်သည်) + 지마 (jima | command to not do something) (မလုပ်ပါနဲ့ - NO) ဆိုတဲ့စကားနှစ်ခုကို ပေါင်းစပ်ထားတာဖြစ်တဲ့အတွက် မလုပ်ပါနဲ့၊ ဆိုတဲ့အဓိပ္ပာယ်နဲ့ ပြောဆိုတာဖြစ်ပါတယ်။
하다 ဆိုတဲ့(ပြုလုပ်တယ်ဆိုတဲ့စကားနေရာမှာ) 가다 (gada | to go) ကိုထည့်သွင်းအသုံးပြုပြီး 가지마 (gajima | don’t go) မသွားပါနဲ့ဆိုပြီးလည်း အသုံးပြုကြပါတယ်။

 

 

ကိုရီးယားဇာတ္ကားေတြမွာ အသံုးမ်ားတဲ့ စကားစုေလးမ်ား (၁)

1. 장난해? (jangnanhae) – Are you kidding me?
“မင္းငါ့ကိုေနာက္ေနတာလား” . . . ဒီစကားေလးကေတာ့ သူငယ္ခ်င္းေတြအၾကား၊ သက္တူရြယ္တူေတြအၾကား၊ ကိုယ့္ထက္ငယ္ရြယ္သူေတြအၾကားမွာ အသံုးျပဳေလ့ရွိတဲ့ စကားေလးပါပဲ။
ကိုရီးယားဇာတ္ကားေလးေတြကိုၾကည့္ရင္သိမွာပါ။ ဒီစကားကို ကိုယ့္ထက္အသက္အရြယ္ႀကီးသူေတြ၊ ရာထူးႀကီးသူေတြကို ဘယ္ေတာ့့့့့့့့့့့့့့့့့မွ ေျပာေလ့မရွိပါဘူးေနာ္။

 

2. 혹시 (hoksi) – By any chance
ဒီစကားေလးကေတာ့ စကားရပ္တစ္ခု၊ အေၾကာင္းအရာတစ္ခုကို အတိအက် မသိတဲ့အခါမွာ အသံုးျပဳေလ့ရွိတဲ့စကားေလးပါပဲ။ “혹시 (hoksi) means ‘by any chance’ or ‘maybe.’” အခြင့္အေရးတစ္ခုအေနကေတာ့ . . ၊ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္ . . . စသျဖင့္ဆိုလိုပါတယ္။

 

3. 콜 (kol) – Call/Deal

ဒါကေတာ့ “Konglish” အဂၤလိပ္စကားကေန ေမြးစားထားတဲ့စကားလံုးေလးတစ္ခုပါ။ တစ္စံုတစ္ခုကို သေဘာတူတဲ့အခါ၊ စိန္ေခၚမႈေတြကို လက္ခံတဲ့အခါ အသံုးျပဳတဲ့စကားေလးပါ။ အဂၤလိပ္စကားလံုး Call နဲ႔ အသံထြက္တူပါတယ္။

 

4. 뻥치지마 (ppeongchijima) – Don’t lie

뻥을 치다 (ppeongeul chida) - လိမ္ညာတယ္လို႔အဓိပၸာယ္ရပါတယ္။ 지마 (jima) ဆိုတာကေတာ့
지 마세요 (ji maseyo) ဆိုတဲ့အျမင့္စကားကေန ဆင္းသက္လာတာျဖစ္ၿပီး “do not” “မလုပ္နဲ႔” လို႔ အဓိပၸာယ္ရပါတယ္။ ဒီစကားစုႏွစ္ခုကို ေပါင္းစပ္လိုက္တဲ့အခါ “မလိမ္နဲ႔” “မလိမ္ပါနဲ႔”ဆိုတဲ့အဓိပၸာယ္ေလးျဖစ္သြားတာေပါ့။

 

5. 오해 하지마 (ohae hajima) – Don’t misunderstand
ဒီစကားစုေလးကိုေတာ့ ဟာသဇာတ္ကားေတြ၊ ဒရမ္မာကားေတြမွာ မၾကာခဏဆိုသလို ၾကားေနရတတ္ပါတယ္။ ဒီစကားစုကိုေတာ့ လူတစ္ေယာက္က သူ႕ရဲ႕စစ္မွန္တဲ့ခံစားခ်က္ေတြ၊ ရည္ရြယ္ခ်က္ေတြကို ဖံုးကြယ္ခ်င္တဲ့အခါမွာ အသံုးျပဳေလ့ရွိတယ္။ “နားလည္မႈမလြဲပါနဲ႕ကြာ” “တလြဲမထင္ပါနဲ႔” လို႔ အဓိပၸာယ္ရပါတယ္။

 

ဒီစကားစုကိုေလ့လာတဲ့အခါမွာ 오해 (ohae) means ‘misunderstanding.’ “နားလည္မႈလြဲသည္” ဆိုတဲ့စကားစုနဲ႔ 하지 마세요 (haji maseyo)ဆိုတဲ့ အျမင့္စကားကေနဆင္းသက္လာတဲ့ 하지마 (hajima) ကေတာ့ “do not” “မလုပ္ပါနဲ႔” ဆိုတာကို ေပါင္းစပ္ထားတာျဖစ္တဲ့အတြက္ “နားလည္မႈမလြဲပါနဲ႔”ဆိုတဲ့ အဓိပၸာယ္ ထြက္ပါတယ္။

 

6. 이렇게? (ireoke) – Like this?
ဒီစကားစုေလးကေတာ့ တစ္စံုတစ္ခုကိုျပဳလုပ္ဖို႔၊ ေဆာင္ရြက္ဖို႔အတြက္ အႀကံဥာဏ္ေတာင္းျခင္းပါ။ “ဒီလိုလား” (သို႔) “ဘယ္လိုလုပ္ရတာလဲ” ဆိုတဲ့ အဓိပၸာယ္ပါ။

 

7. 아싸! (assa) – Oh yeah
“ဟုတ္ၿပီကြ” လို႔ အဓိပၸာယ္ျပန္ဆိုရမလားပဲေနာ္။ အေျခအေနအမ်ိဳးမ်ိဳးမွာ အသံုးျပဳေလ့ရွိတဲ့စကားစုေလး . . . . တစ္စံုတစ္ခုကို ေအာင္ႏိုင္တဲ့အခါ၊ ကံေကာင္းတယ္လို႔ ကိုယ့္ကိုကိုယ္ယူဆတဲ့အခါ၊ ထီေပါက္တဲ့အခါ . . . . အစရွိတဲ့အခါမ်ိဳးေတြမွာ ၀မ္းသာေပ်ာ္ရႊင္စြာ ေအာ္ဟစ္ေလ့ရွိတဲ့ အာေမဋိတ္စကားစုေလးေပါ့။

 

8. 그럼 그럼 (geureom geureom) – Sure, sure
“ေသခ်ာပါတယ္” လို႔ ဆိုလိုပါတယ္။ တစ္ခါတစ္ရံ စကားစုေတြရဲ႕ေရွ႕ဆံုးမွာ 그럼 (geureom) ကို အသံုးျပဳတယ္ဆိုရင္ေတာ့ ကိစၥရပ္တစ္ခုရဲ႕အေျခအေနကို ရည္ညႊန္းေျပာဆိုတာပါ။ “’ဒီလိုဆိုရင္ . . “ဆိုတဲ့ အဓိပၸာယ္နဲ႔ အသံုးျပဳေလ့ရွိပါတယ္။

 

9. 잠깐만 (jamkkanman) – Wait for awhile
ခဏေလာက္ေစာင့္ပါအုန္းလို႔ အဓိပၸာယ္ရပါတယ္။ ယဥ္ယဥ္ေက်းေက်း်ေျပာခ်င္တယ္ဆိုရင္ေတာ့ စကားစုရဲ႕ေနာက္ဆံုးမွာ 요 (yo) ကို ထည့္သြင္းအသံုးျပဳဖို႔ လိုပါတယ္။

 

10. 글쎄요 (geulsseyo) – Well, I don’t know
ဒီစကားစုကတော့ တစ္စံုတစ္ဦးရဲ႕ အယူအဆ၊ ဒါမွမဟုတ္ ထင္ျမင္ယူဆခ်က္ကို ေတာင္းခံတဲ့အခါမွာ ဘယ္လိုျပန္ၿပီးအေျဖေပးရမယ္ကို စဥ္းစားဖုိ႔အခ်ိန္အနည္းငယ္ ရယူလိုတဲ့အခါမွာ အသံုးျပဳေလ့ရွိတဲ့ စကားစုေလးပါ။ “ငါမသိဘူး၊ ေနပါအုန္း . . ငါၾကည့္လိုက္အုန္းမယ္” လို႔ ဆိုလိုပါတယ္။

 

11. 어쩔 건데 (eojjeol geonde) – What are you going to do
“နင္ဘာေတြလုပ္ေနတာလဲ” ဆိုတဲ့စကားစုေလးကေတာ့ ကိုယ္နဲ႔ရြယ္တူေတြ၊ ကိုယ့္ထက္ငယ္တဲ့သူေတြနဲ႔ စကားေျပာတဲ့အခါ ေျပာေလ့ေျပာထရွိတဲ့ စကားစုေလးပါပဲ။

 

12. 뭘 봐요 (mwol bwayo) – What are you looking at
လူတစ္ေယာက္က သင့္ကို အထူးအဆန္းၾကည့္ေနတဲ့အခါ ဒီေမးခြန္းကို ေမးေလ့ရွိပါတယ္။ “ဘာၾကည့္ေနတာလဲ” ဆိုတဲ့အဓိပၸာယ္နဲ႔ေပါ့။

 

13. 무슨 소리야 이게? (museun soriya ige) – What are you talking about? / what do you mean?
ထူးထူးဆန္းဆန္းစကား၊ ထူးျခားတဲ့အခါ၊ ရုတ္တရက္ထြက္ေပၚလာတဲ့အသံေတြကို ၾကားရတၾ့အခါ အသံုးျပဳေလ့ရွိတဲ့စကားေလးတစ္ခြန္းပါ။
무슨 (museun) (뭐 (mwo) / 무엇 (mueot) တို႔နဲ႔အဓိပၸာယ္တူပါတယ္။) ‘what.’ “ဘာလဲ”လို႔ အဓိပၸာယ္ရပါတယ္။
소리 (sori) (‘saying’ or ‘mean’ )ကေတာ့ အသံ ျဖစ္ၿပီး이게 (ige) (‘this.’)ကေတာ့ ဒီဟာ လို႔ အဓိပၸာယ္ရတဲ့အတြက္ ဒီအသံက ဘာလဲ၊ ဒီစကားက ဘာကိုဆိုလိုတာလဲ၊ ဘာေျပာတာလဲ . . . ဆိုတဲ့အဓိပၸာယ္ရပါတယ္။

 

14. 어떻게? (eotteoke) – how?
ကိုရီးယားကားမွာ အမ်ားဆံုးၾကားရတဲ့စကားစုေလး၊ ဟုတ္တယ္ဟုတ္။ ဘယ္လိုလုပ္ၾကမလဲဆိုတဲ့စကားေလးပါပဲေနာ္။

 

15. 하지마 (hajima) – Don’t do that
ဒီစကားစုေလးမွာေတာ့ 하다 (hada | to do) (ျပဳလုပ္သည္) + 지마 (jima | command to not do something) (မလုပ္ပါနဲ႔ - NO) ဆိုတဲ့စကားႏွစ္ခုကို ေပါင္းစပ္ထားတာျဖစ္တဲ့အတြက္ မလုပ္ပါနဲ႔၊ ဆိုတဲ့အဓိပၸာယ္နဲ႔ ေျပာဆိုတာျဖစ္ပါတယ္။
하다 ဆိုတဲ့(ျပဳလုပ္တယ္ဆိုတဲ့စကားေနရာမွာ) 가다 (gada | to go) ကိုထည့္သြင္းအသံုးျပဳၿပီး 가지마 (gajima | don’t go) မသြားပါနဲ႔ဆိုၿပီးလည္း အသံုးျပဳၾကပါတယ္။

Read times
Rate this articles
(1 Vote)