Audience
Conference
Meeting
Presentation
Speaker
Speech
Talk
[Unicode Version]
လုပ်ငန်းခွင်မှာသာမက ကျောင်းတွေမှာလည်း project တွေလုပ်ရတဲ့အခါ presentation တွေလုပ်ရတဲ့အတွက် presentation နဲ့သက်ဆိုင်တဲ့ key word လေးတွေကို ဖော်ပြလိုက်ပါတယ်။
Audience
(လူစုလူဝေးကြားတွင် ဟောပြောတာ၊ သီဆိုကပြ ဖျော်ဖြေတာကို နားထောင်သူ၊ ကြည့်ရှု့သူ ပရိတ်သတ် များကို ခေါ်ဝေါ်သုံးစွဲတာ ဖြစ်ပါတယ်။)
How many people do we expect in today’s audience?
ဒီကနေ့ ပရိတ်သတ်အနေနဲ့ လူဘယ်လောက်များများရှိမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားသလဲ?
Conference
(သက်မွေးဝမ်းကျောင်းတူတဲ့ ပုဂ္ဂုလ်တွေ၊ သီးခြားလုပ်ငန်းထဲက ကိုယ်စားလှယ် ပုဂ္ဂုလ်တွေ၊ ရက်ပေါင်းများစွာ စုဝေးပြီး အစည်းအဝေးတွေ presentation တွေ ဆက်တိုက်ပြုလုပ်ကြတာကို ကွန့်ဖရင့်(သို့) ညီလာခံလို့ ခေါ်ဝေါ်သုံးစွဲကြပါတယ်။)
The sales conference will be held in Sydney this year.
ဒီနှစ်ထဲမှာ အရောင်းဆိုင်ရာ ကွန့်ဖရင့်ကို ဆစ်ဒနီမှာ ကျင်းပလိမ့်မယ်။
Recommended for you - သာမန်ထက်ပိုတော်နေတယ်ဆိုတာ ဖော်ပြနေတဲ့အချက်များ
Meeting
(တစ်ခုခုကို ညှိနှိုင်းကြ၊ ဆွေးနွေးကြ ဆုံးဖြတ်ချက်ချကြဖို့ လူတွေဆုံဆည်းကြတဲ့ အခမ်းအနားကို အစည်းအဝေး၊ ညှိနှိုင်းဆွေးနွေးပွဲလို့ ခေါ်ဆိုသုံးစွဲကြပါတယ်)
The weekly planning meeting has been cancelled.
အပတ်စဉ်ဆွေးနွေးနေကျ စီမံချက်အစည်းအဝေးကို ဖျက်သိမ်းလိုက်တယ်။
Presentation
(ပရိတ်သတ်ရှေ့မှာ မိမိက ပြင်ဆင်လာပြီး ဟောပြောတင်ပြတာ ဖြစ်ပါတယ်။)
She has been invited to give a presentation at the board meeting.
ဘုတ်အဖွဲ့အစည်းအဝေးမှာ ဟောပြောဖို့ သူမ ဖိတ်ခေါ်ခံခဲ့ရတယ်။
Recommended for you - အခက်အခဲကိုယ်စီနှင့် ကိုယ်ပိုင်ဘဝများ
Speaker
(ဟောပြောတင်ပြတဲ့ ပုဂ္ဂုလ်ကို ခေါ်တာပါ)
One of the speakers is an expert in company law.
ဟောပြောတဲ့ ပုဂ္ဂုလ်တွေထဲက တစ်ယောက်ဟာ ကုမ္ပဏီဥပဒေကို ကျွမ်းကျင်တယ်။
Speech
(များသောအားဖြင့် နိုင်ငံရေးသမားတွေ ပုံမှန်လိုလို ဟောပြောကြတာမျိုးကို ခေါ်ဆိုပါတယ်။ မြန်မာမှာတော့ မိန့်ခွန်းလို့ပဲ မှတ်သားနိုင်ပါတယ်)
Talk
Talk ကို တစ်နည်းအားဖြင့် presentation လို့လည်း သုံးနိုင်ပါတယ်။
I’d like to thank our speaker for a very interesting talk.
ဟောပြောတဲ့ ပုဂ္ဂုလ်က စိတ်ဝင်စားစရာကောင်းအောင် ဟောပြောနိုင်တာကို ကျွန်တော်ဖြင့် ကျေးဇူးတင်တယ်။
Credit; Myanmar-network.net