×

Warning

JUser: :_load: Unable to load user with ID: 723


Language

Thursday, 12 January 2017

အင်္ဂလိပ်စာ လေ့လာနေပေမယ့် မတိုးတက်ဘူးဆိုရင် ဘာလုပ်ရမလဲ

အင်္ဂလိပ်ဘာသာစကား လေ့လာနေပေမယ့် မတိုးတက်ဘူးဆိုတဲ့ လူအများစုဟာ ဖြစ်တတ်တာက ကြုံရာ ကျဘမ်း၊ ဟိုစပ်စပ် ဒီစပ်စပ် လေ့လာနေမိတတ်တာကြောင့် ဖြစ်ပါတယ်။

ကြုံတဲ့သင်တန်းတက်တယ်၊ ကြုံတဲ့စာအုပ်၊ ဆောင်းပါး ဖတ်တာကြောင့် ဖြစ်ပါတယ်။ ဒီလိုကြုံရာလုပ်တာက Intermediate အဆင့်လောက်ရောက်ပြီးတဲ့ လေ့လာသူတွေအတွက်ဆို သိပ်ပြဿနာမရှိပါ။

အဲအဆင့်လောက် မရောက်သေးဘဲ ကိုယ့်ကိုကိုယ် ဘယ်အဆင့်ရောက်လို့ ရောက်နေမှန်းမသိသေးပဲ ကြုံရာလေ့လာမိရင် တိုးတက်မှုနှုန်း နှေးတက်ပါတယ်။

ဒီတော့ ကိုယ့်မှာ အဲလိုပြဿနာကြုံနေရင် စနစ်ကျတဲ့ပုံစံ၊ သင်ရိုးတစ်ခုကို စွဲပြီး လေ့လာပေးပါ။

ကိုယ့် တိုးတက်နှုန်းကို ကိုယ်ပြန်ပြီး သိစေမယ့် diary, record လိုဟာမျိုး ထားပါ။

အဲလို Diary မလုပ်နိုင်ရင်တောင် သင်ရိုးကို ကိုယ်ရဲ့ Checklist လို သဘောထားပြီး ပုံမှန်ကျေညက်အောင် လေ့လာသွားပါ။

သူများတွေ ပြောနိုင်၊ ရေးနိုင် နေတာတွေကို အားကျပြီး ကိုယ့်လေ့လာလက်စကိုချ၊ သူတို့ လုပ်နေတာတွေ လိုက်လုပ်မိတတ်တာမျိုးကို ရပ်တန်းကရပ်ပါ။

ဗန်းစကားတွေ၊ တောက်တိုမယ်ရ စကားတွေကို ဘုမသိ ဘမသိ လိုက်လုပ်နေရင်း ကိုယ် လေ့လာနေတဲ့ လမ်းကြောင်းကနေ သွေဖယ်သွားတတ်လို့ပါ။

ဘာသာစကားဆိုတာ ရေရှည်လုပ်တဲ့ လူက သာပြီးသားပါ။ ကိုယ်က သူတို့ကို မမှီသေးဘူးဆိုပြီး ဘယ်တော့မှ မသိမ်ငယ်ပါနဲ့။ အဓိက ကိုယ် လုပ်နိုင်တဲ့နှုန်းကို မှန်မှန်လေးသွားနိုင်ဖို့ပါ။

အရေးကြီးဆုံးအချက်က လေ့လာမိပြီးသမျှကို သိရုံသက်သက်မဟုတ်ပဲ အသုံးချနိုင်အောင် ကြိုးစားနေဖို့ပါ။

English ဘာသာစကားသင်တာ ကြွားဖို့မဟုတ်ပါဘူး၊ အကျိုးရှိအောင် အသုံးချဖို့ပါ။

ဒီတော့ ယောင်ဝါးဝါးတွေ မလုပ်မိပါစေနဲ့၊ တစ်ခုခုကို အပိုင်ကိုင်စွဲ လေ့လာပါ။

တကယ် လေ့လာမယ်ဆိုရင် ၆ လ ၊ ၁ နှစ် လောက်နဲ့တောင် သိသိသာသာ တိုးတက်လာနိုင်ပါတယ်။ တစ်နေ့ကို ၁ နာရီ ဒါမှမဟုတ် ၂ နာရီလောက်ပဲ သေသေချာချာ လုပ်ရင်တောင် သိသာပါတယ်။

လေ့လာရာမှာ စိတ်ဓာတ်တက်ကြွစေမယ့် နည်းလမ်းတွေကို သုံးပါ။ စိတ်ဓာတ်တက်ကြွစေမယ့် သင်ရိုးတွေကို လေ့လာပါ၊ ဆရာသမားတွေဆီမှာ သင်ယူပါ၊ လေ့ကျင့်ဖော်တွေနဲ့ လေ့ကျင့်ပါ။

ဒီတော့ ကျောင်းသား၊ ကျောင်းသူများသည် အင်္ဂလိပ်စာကို သင်ကြားလိုပါက Sayar.com.mm တွင် ရှိသော အင်္ဂလိပ်စာ ဆရာ၊ ဆရာမများနဲ့ ဆက်သွယ်နိုင်ပါတယ်။

Source: activeenglishmyanmar

Read times Last modified on Friday, 27 December 2019 15:27
Rate this articles
(7 votes)