×

Warning

JUser: :_load: Unable to load user with ID: 723


Language

Monday, 06 February 2017

အင်္ဂလိပ်စာတိုးတက်ဖို့ အရေးကြီးဆုံးအရာ

အင်္ဂလိပ်စာကောင်းဖို့ဆိုတာ Self-Study အရမ်း အရေးကြီးပါတယ်။

တစ်ချို့အင်္ဂလိပ်စာသင်တဲ့ လူငယ်လေးတွေက အင်္ဂလိပ်စာတိုးတက်ချင်တယ် ပြောနေပေမယ့်လည်း သင်တန်းမှာပဲ လေ့လာတဲ့အတွက် မတိုးတက်တာ ဖြစ်ပါတယ်။

တကယ် အင်္ဂလိပ်စာ တိုးတက်ချင်တယ်ဆိုရင် Self-Study မလုပ်သ၍ ဘယ်တော့မှ အင်္ဂလိပ်စာ ကောင်းလာမှာ မဟုတ်ပါဘူး။

အင်္ဂလိပ်စာ ကောင်းချင်တယ်လို့ အော်နေရုံနဲ့မပြီးပါဘူး။ ကိုယ်ဖြစ်ချင်တာအတွက် ကိုယ်တာဝန်ယူရဲရပါ့မယ်။

အရင်တုန်းက မရဖူးတဲ့အရာတွေကို လိုချင်ရင် အရင်တုန်းကမလုပ်ဖူးတာတွေကို လုပ်ရပါ့မယ်။

အရင်တုန်းက ညဘက် Facebook လေးဖွင့်လိုက်၊ Viberလေးနဲ့ chatလိုက်၊ Candy Crash လေး ဆော့လိုက်နဲ့ဆိုရင်တော့

အင်္ဂလိပ်စာတိုးတက်လာမှာ မဟုတ်ပါဘူး။

အမှန်တကယ် တိုးတက်ချင်တယ်ဆိုရင်တော့ time table လေး တစ်ခုဆွဲပြီး အင်္ဂလိပ်စာကို လေ့လာကြပါ။

အင်္ဂလိပ်စာမှ မဟုတ်ပါဘူး ဘယ်ပညာမဆို ကိုယ်က လေးလေးစားစား လေ့လာမှ ကျွမ်းကျင်တာပါ။

အင်္ဂလိပ်စာကို စာလို့သဘောမထားပါနဲ့။ ဘ၀မှာ အောင်မြင်ချင်တဲ့ လူငယ်တိုင်းအတွက်
မရှိမဖြစ် လိုအပ်တဲ့အရာလို့ သဘောထားပါ။

ပြီးတော့ အင်္ဂလိပ်စာကို ၀န်ထုပ်ဝန်ပိုး လိုသဘောမထားပါနဲ့။

တကယ်တော့ အင်္ဂလိပ်စာက လေ့လာရတာပျော်စရာကောင်းပါတယ်။ လေ့လာတတ်ဖို့ပဲလိုတာပါ။ စာအုပ်ကြီး အမြဲတမ်း ဖတ်နေမှ လေ့လာတာမဟုတ်ပါဘူး။

တစ်ခါတလေ Joke ကလေးတွေဖတ်၊ Short Story လွယ်လွယ်လေးတွေဖတ်၊ ရုပ်ရှင်ကြည့်ပြီး လေ့လာပါ။

ကိုယ့်ဘာသာကိုယ် တစ်ယောက်ထဲရှိလဲ စကားပြောလေ့ကျင့်ပါ။ သူများမြင်မှာဆိုးရင် ဖုန်းလေးကို နားမှာကပ်ပြီး တစ်ယောက်ထဲပြောတဲ့ နည်းကို သုံးပါ။

တကယ်တော့ ဘယ်အရာဖြစ်ဖြစ် ရူးရူးမူးမူးစွဲလမ်းမှ တိုးတက်တာပါ။ အဲလို ရူးရူးမူးမူးစွဲလမ်းတာကို မရှက်ပါနဲ့။

သင့်ကို ဘိုရူးဆိုပြီး ရယ်တဲ့သူတွေ ကဲ့ရဲ့တဲ့သူတွေ တစ်နေ့ကျရင် ဒီစာလုံးလေး ဘယ်လိုအသံထွက်လဲဟင်တို့ ငါမနက်ဖြန်အင်တာဗျူးရှိလို့ ငါ့ကို

အင်္ဂလိပ်စာလေး နည်းနည်းလောက် သင်ပေးပါလားတို့နဲ့ သင့်ကို လာအောက်ကျခံပါလိမ့်မယ်။

ဒီတော့ အင်္ဂလိပ်စာ ဘာသာရပ်အပြင် တစ်ခြားဘာသာရပ်များကို သင်ကြားလိုပါက Sayar.com.mm တွင် ရှိသော ဆရာများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

Source: shwemom

Read times Last modified on Friday, 27 December 2019 15:44
Rate this articles
(4 votes)