×

Warning

JUser: :_load: Unable to load user with ID: 723


Language

Friday, 10 February 2017

အင်္ဂလိပ်စာကို အမြန်ဆုံး တိုးတက်စေမယ့် နည်းလမ်းလေးများ

အင်္ဂလိပ်စာကောင်းဖို့ဆိုရင် အရင်ဆုံး ဆုံးဖြတ်ရမှာကတော့ အင်္ဂလိပ်စာကို ဘယ်မှာအသုံးပြုမှာလဲ ဆိုတာပါပဲ။

Speaking skill မှာတော်ချင်တာလား၊ အကုန်လုံးတော်ချင်တာလား စဉ်းစားဖို့လိုအပ်ပါတယ်။

လူငယ်တစ်ယောက်အနေနဲ့ 4 skills လုံး တော်အောင်ကြိုးစားဖို့ အချိန်ရှိပေမယ့် အချို့သောသူတွေအတွက်
တော့ writing မကောင်းရင်နေပါစေ ပြောတတ်ရင်ကျေနပ်ပါပြီဆိုတဲ့ သူတွေလည်းရှိပါတယ်။

Speaking and Listening

Speaking အကြောင်းပြောရရင် Listening အကြောင်းက ပြောကိုပြောရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနှစ်ခုက လုံးဝကို ဆက်စပ်နေလို့ပါပဲ။ အသံထွက်မကောင်းတဲ့ သူတစ်ယောက်က listening မကောင်းပါဘူး။

ဒီတော့ Speaking ရော Listening ရော ကောင်းချင်ရင် အသံထွက်ကောင်းဖို့ လိုလာပါပြီ။

Reading and Writing

Reading နဲ့ Writing ကလည်း စပ်ဆက်နေပါတယ်။ Reading အတွက်ကတော့ စဖတ်ဖတ်ချင်းမှာ လောဘတွေကြီးပြီးတော့ လမ်းဘေးစာအုပ်ဆိုင်က တွေ့တဲ့ အင်္ဂလိပ်အချစ်ဝတ္ထုများကို မဖတ်သင့်သေးပါဘူး။ သင်ကအခုမှ စဖတ်တာဆိုရင်တော့ ပုံပြင်စာအုပ်လေးတွေ၊ bilingual စာအုပ်တွေ ရွေးချယ်ဖတ်ရမှာပါ။

Writing Skill အတွက်ကတော့ သင်စာရေးဖို့ မပျင်းမှ တိုးတက်မှာပါ။ စာက ဘာအတွက်ရေးမှာလဲဆိုတာ အရေးကြီးပါတယ်။ အီးမေးလ်လား၊ ဆောင်းပါးလား၊ စာစီစာကုံးလားဆိုပြီး ရေးသားရပါ့မယ်။ စာရေးဖို့အတွက်ကတော့ writing အတွက် သီးသန့်ထုတ်ထားတဲ့ စာအုပ်တွေဖတ်သင့်ပါတယ်။

Grammar

အင်္ဂလိပ်စာကို ပြောတတ်ရုံပဲဆိုရင်တော့ Grammar က အရမ်းကြီး အရေးမပါပါဘူး။ Grammar ပေါ်အာရုံ
စိုက်လွန်းသူတွေဟာ အင်္ဂလိပ်စကား ကောင်းကောင်းပြောနိုင်ဖို့ ကြာတာကို တွေ့ရပါတယ်။

စကားပြောတဲ့အခါ Grammar မမှန်ရင်လည်း မကောင်းပါဘူး။ Speakingပဲ ကောင်းချင်တယ်ဆိုရင်တော့ Speaking Grammar ကိုပဲ လေ့လာပါ။ Speaking Grammar ဆိုတာက စကားပြောရာမှာ အများဆုံးသုံးလေ့ရှိတဲ့ Grammar Structure တွေကို ပြောတာပါ။

Study and Practice

အင်္ဂလိပ်စကား ကောင်းကောင်းပြောတတ်ချင်ရင် များများပြောပါ။ မရှက်ပါနဲ့။ စာမေးပွဲဖြေဖို့အတွက်၊ အင်တာဗျူးအောင်ဖို့အတွက်၊ အပျော်သက်သက်အတွက် အင်္ဂလိပ်စာ မသင်ပါနဲ့။

ဘ၀အတွက် အင်္ဂလိပ်စာကို သင်ပါ။ စာအုပ်ဖတ်ခြင်း၊ အင်္ဂလိပ်စာ သီချင်းနားထောင်ခြင်းဖြင့်လည်း အင်္ဂလိပ်စာကို လေ့လာလို့ရပါတယ်။ အင်္ဂလိပ်ဇာတ်ကားကြည့်ရင်းနဲ့လည်း listening ကျင့်လို့ ရပါတယ်။

English Dictionary

အင်္ဂလိပ်စာလေ့လာသူတိုင်းအတွက် dictionary ကောင်းကောင်းတစ်အုပ်က အရမ်းကိုအရေးကြီးပါတယ်။
dictionary ထဲမှာ စာလုံးတွေ ရှာဖွေဖို့ မပျင်းပါနဲ့။

Body Language and Intonation

အင်္ဂလိပ်လို ပြောဆိုတဲ့နေရာမှာ Body language က အရမ်းအရေးကြီးပါတယ်။ Body language မပါပဲပြော
တဲ့သူတွေရဲ့ စကားကို နားထောင်ရတာဟာ ငြီးငွေ့စရာကောင်းပါတယ်။ ပုခုံးလှုပ်သင့်တဲ့အခါလှုပ်ရမယ်၊ မျက်ခုံးပင့်သင့်တဲ့အခါပင့်ရမယ်၊ လက်တွေလှုပ်သင့်တဲ့အခါ လှုပ်ရမယ်။ အဲလိုပြောမှသာ အသက်ဝင်နေမှာဖြစ်ပြီး အသံအနိမ့် အမြင့် (intonation) ကလည်း အရမ်းအရေးကြီးပါတယ်။

ဒီတော့ ကျောင်းသား၊ ကျောင်းသူများသည် အင်္ဂလိပ်ဘာသာရပ်များကို သင်ကြားလိုပါက Sayar.com.mm တွင် ရှိသော ဆရာများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

ဆရာ၊ ဆရာမများသည် မိမိသင်ကြားနေသည့် ဘာသာရပ်များကိုလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။

Source: shwemom

Read times Last modified on Saturday, 28 December 2019 11:15
Rate this articles
(9 votes)