အင်္ဂလိပ်စာရဲ့ အခြေခံ သဒ္ဒါ အဆင့်မှာ အရေးကြီးတာက စကားလုံးတွေရဲ့ သဒ္ဒါအခေါ်အဝေါ် ပုံစံလေးတွေကို
အမြဲ တိတိကျကျ သိနေနိုင်အောင် ကြိုးစားထားဖို့ လိုအပ်ပါတယ်။
အင်္ဂလိပ် Grammar အတွက် ပုံစံ ၈ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
English Grammar မှာ တော့ 8 Parts of Speech (ဝါစင်္ဂ ၈ မျိုး) ရှိပြီး ၄င်းကောင်းတို့မှာ 1. Noun, 2. Pronoun, 3. Adjective, 4. Verb, 5. Adverb, 6. Preposition, 7. Conjunction, 8. Interjection တို့ဖြစ်ပါတယ်။
၁. Noun (နာမ်)
နာမည် အခေါ်အဝေါ်မှန်သမျှကို Noun လို့ ခေါ်ပါတယ်။ တစ်ဦးချင်းဆိုင်တဲ့ - ကျော်ကျော်၊ သီတာ (Kyaw Kyaw, Thida)၊ အများနဲ့ဆိုင်တဲ့ - လူသား၊ မိန်းမ၊ ကလေးငယ် (Human, Woman, Baby) ၊ စိတ်ခံစားချက်၊ ထိတွေ့ ကိုင်တွဲမရတဲ့ - ချစ်ခြင်း ၊ မုန်းခြင်း (Love, Hate) အစုလိုက်ကို ဖော်ပြတဲ့ - မိသားစု ၊ ကုမ္ပဏီ (Family, Company) စတာတွေ အားလုံးဟာ Noun (နာမ်) တွေပဲ ဖြစ်ပါတယ်။
၂. Pronoun (နာမ်စား)
Noun (နာမ်) တွေကို စကားပြော၊ စာရေးတဲ့အခါ ထပ်ပြီး မသုံးချင်လို့ အစားထိုးပြီး သုံးတဲ့ စကားလုံးတွေကို Pronoun (နာမ်စား) လို့ ခေါ်ပါတယ်။ ဥပမာ- Kyaw Kyaw အစား "He" သုံးမယ်။ My job အစား "It" သုံးမယ် ဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။
မိမိတို့ သင်ကြားလိုသည့် ဘာသာရပ်များစွာကို အလွယ်တကူ ရှာဖွေလိုပါက ဒီ Link မှာ ရှိသော ဆရာများနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။
၃. Adjective (နာမ ဝိသေသန)
Noun/Pronouns တွေ ရဲ့ အရည်အချင်းတွေ ဂုဏ်သတ္တိတွေကို ထည့်သွင်း ပြောဆိုတဲ့ စကားလုံးတွေကို Adjective (နာမ ဝိသေသန) လို့ ခေါ်ပါတယ်။ ဥပမာ “a hat” ဆိုတဲ့ ဦးထုပ်တစ်လုံးကို အနက်ရောင် ဦးထုပ်တစ်လုံး “a black hat” လို့ ပြောလိုက်တဲ့အခါမှာ “black” ဟာ adjective (နာမ၀ိသေသန) ဖြစ်သွားပါတယ်။
၎။. Verb (ကြိယာ)
Nouns/Pronouns တွေက တစ်ခုခု ထလုပ်ပြီ ၊ ဖြစ်ပြီ ၊ ရှိပြီ ဆိုရင်တော့ အဲ့လို လုပ်ကြောင်း၊ ဖြစ်ကြောင်း၊ ရှိကြောင်း ပြတဲ့ စကားလုံးတွေကို Verb (ကြိယာ) လို့ ခေါ်ရပါတယ်။ ဥပမာ - “I swim every day.” မှာပါတဲ့ “swim” ဟာ လုပ်ကြောင်းကို ပြတယ်။ “I am a swimmer.” မှာ ပါတဲ့ "am" ဟာ ဖြစ်ကြောင်း ကို ပြတယ်။ “I have a swimsuit.” မှာ ပါတဲ့ "have" ဟာ ရှိကြောင်း ကို ပြတယ်။
၅. Adverb (ကြိယာဝိသေသန)
Verb (ကြိယာ) ရဲ့ အကြောင်းကို ပိုမို ဖြည့်စွက်တဲ့ စကားလုံးတွေဟာ Adverb (ကြိယာဝိသေသန) ဖြစ်ပါတယ်။ “He is working hard.” မှာပါတဲ့ "hard" ဟာ Adverb (ကြိယာဝိသေသန) ဖြစ်တယ်။
၆. Preposition (ဝိဘတ်)
Preposition (ဝိဘတ်) ဆိုတာ အချိန်၊ နေရာ၊ ဦးတည်ရာ တွေကို ပြဖို့အတွက် Nouns , Pronouns , Gerunds (V-ing ပုံစံ နဲ့ Noun) တွေရဲ့ ရှေ့မှာ ထားသုံးရတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ဥပမာ - " in the class " မှာ ပါတဲ့ " in ", " at 9 o'clock " မှာ ပါတဲ့ " at " စတာတွေဟာ Preposition (ဝိဘတ်) တွေ ဖြစ်ပါတယ်။
၇. Conjunction (သမ္ဗန္ဓ)
Words (စကားလုံးတွေ), phrases (စကားစုတွေ), or clauses (ဝါကျကဏ္ဍ) တွေကို အချင်းချင်း ဆက်ပေးတဲ့ စကားလုံးတွေကို သမ္ဗန္ဓ လို့ ခေါ်တာပေါ့ ။ "and, yet, but, for, nor, or " စတာတွေပေါ့ Conjunction (သမ္ဗန္ဓ) တွေ ဖြစ်ပါတယ်။
၈. Interjection (အာမေဍိတ်ပြ စကား)
ပြင်းထန်တဲ့ စိတ်ခံစားချက် တွေ၊ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေကို
ဖော်ပြဖို့ သုံးလေ့ရှိတဲ့ စကားလုံးတွေကို Interjection (အာမေဍိတ်ပြ စကား) လို့ မှတ်ထားနိုင်ပါတယ်။ အရေးမှာတော့ အဲ့ဒီ စကားလုံးတွေရဲ့ အနောက်မှာ "!"(Exclamation mark/point) ပါပါတယ်။
ဒီတော့ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ စိတ်ဝင်စားသော မည်သည့်ဘာသာရပ်များကိုမဆို သင်ကြားလိုပါက Sayar.com.mm တွင် ရှိသော ဆရာများနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
ဆရာ၊ ဆရာမများသည် မိမိသင်ကြားနေသည့် ဘာသာရပ်များကိုလည်း sayar.com.mm တွင် အခမဲ့ register ပြုလုပ်နိုင်ပါတယ်။
Source: active english