×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Thursday, 15 November 2018

မိမိဘဝအောင်မြင်တိုးတက်ဖို့အတွက် အချက် ( ၅) ချက်

မိမိဘ၀ကို ဘယ်လိုအောင်မြင်အောင် လုပ်ဆောင်ရမလဲဆိုတာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်...။ အောင်မြင်ချင်တဲ့သူဆိုရင် အောက်ဖော်ပြပါ အကြောင်းအရာလေးကို ဖတ်ကြည့်သင့်ပါတယ်။

၁။ မိမိအကြောင်း မိမိပိုသိရှိအောင်လုပ်ရမယ့်။

နေ့စဉ်နဲ့အမျှ မိမိတို့လုပ်ကိုင်ဆောင်ရွက်နေတဲ့အမှုကိစ္စမှန်သမျှတို့အပေါ်တွင် လက်လွတ်စပယ်အမှုမဲ့အမှတ်မဲ့မနေသင့်ပါဘူး။ တတ်နိုင်သလောက်သတိလေးချပ်ပြီး လုပ်ဆောင်သင့်ပါတယ် ဒီလိုမှသာ မိမိတို့ရဲ့ အားသာချက် အားနည်းချက်တွေကိုသိရှိခံစား နားလည်လာပါမယ်။ သိရှိလာတဲ့အားသာချက်တွေအပေါ်မှာ ပိုမိုအာရုံစိုက်ပြီး လုပ်ဆောင်ရန် လိုသလိုမိမိတို့အားနည်းချက်တွေကိုအားသာတဲ့တခြားသူတွေနဲ့ပူးပေါင်းဆောင်ရွက်ရပါမယ်။

၂။ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းစေရန်ဂရုစိုက်ရမယ်။

ဘယ်လောက်ပဲ တော်နေတတ်နေတဲ့သူဖြစ်ပါစေ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းမှု မရှိဘူးဆိုရင်အောင်မြင်တဲ့သူတစ်ယောက်လို့သတ်မှတ်လို့မရပါဘူး။ အောင်မြင်အောင်ကြိုးစားနေတဲ့သူအဖို့ဆိုရင်တော့မရှိမဖြစ်ကိုအလေး
ထားရမယ့်ကိစ္စလို့ဆိုရပါမယ်။ ဒါကြောင့်အစားအသောက်ကိုဂရုစိုက်ဖို့လိုသလိုကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတို့ကိုလည်း တစ်နေ့နာရီဝက်နဲ့တစ်ပတ်ကိုသုံးရက်လောက် အနည်းဆုံး ပြုလုပ်ပေးရပါမယ်။

၃။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်လည်းကောင်းမွန်ရမယ်။

အဆိုးမြင်ကုန်းတိုက်မနာလိုခြင်းတွေ ပြည့်နှက်နေတဲ့လူ့ပတ်ဝန်းကျင် မှာ ကျွန်တော်တို့တွေ ကြိုးစားရုန်းကန်နေရပါတယ်။ အစွန်းအထင်းတွေပေကျံသွားတဲ့မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကိုဆေးကြောသန့်စင်ဖို့ လိုအပ်ပါတယ်။အကောင်းဆုံးနည်းလမ်းတစ်ခုရှိပါတယ်။ မိမိကိုပြန်လည်ကုစားပေးမယ့် ပတ်ဝန်းကျင်တစ်ခုတည်ဆောက်ထားဖို့လိုပါမယ်။အဲ့ဒီပတ်ဝန်းကျင်လေးထဲကို မိမိကိုလိုလိုလားလားခင်မင်နှစ်သက်သူတွေ၊ မိမိလုပ်ဆောင်ချက်တွေအပေါ် အားပေးအားမြှောက်လမ်းညွန်ပဲ့ပင်ပေးသူတွေ၊ မိဘ၊ ဆရာသမား၊ ညီအကိုမောင်နှမ၊ သူငယ်ချင်း စသူတွေကိုစုစည်းရပါမယ်။ ထိုပတ်ဝန်းကျင်လေးကိုတစ်ပတ်အနည်းဆုံး တစ်ကြိမ်လောက်အချိန်ပေးသင့်ပါတယ်။

၎။ ရင့်ကျက်လာအောင်ဆောင်ရွက်ရမယ်။

မိမိအားကျအတုယူရတဲ့သူတွေရဲ့အကြောင်းတွေ၊ မိမိကိုစိန်ခေါ်မှုပေးနိုင်တဲ့အကြောင်းအရာတွေကိုအားလပ်ချိန်တွေမှာ ရှာဖွေလေ့လာဖတ်ရှူ့ရပါမယ်။ ဆရာကောင်းသမားကောင်းတွေ ရှာဖွေဆည်းကပ်ရမယ်။ အရေးအကြီး
ဆုံးတစ်ချက်ကတော့အိပ်ရေးဝအောင်အိပ်ဖို့လိုပါမယ်။

၅။ မိမိတို့ယုံကြည်ရာကိုပြောရဲဆိုရဲလုပ်ကိုင်ရဲရမယ်။

“ယုံကြည်ရာတစ်ခုအတွက်အဆုံးတိုင်လျှောက်လှမ်းပါ” လို့ပဲ ကိုလေးဖြူ သီချင်းဆိုပြလိုက်ပါတယ်။ စာဖတ်သူအားလုံး Why am I on this earth? မေးခွန်းလေးရဲ့အဖြေ ကိုရှာတွေ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြပါစေ။

source: tameelay

Read times Last modified on Wednesday, 29 January 2020 15:26
Rate this articles
(2 votes)