×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Saturday, 24 November 2018

ဘဝ မှာ ကိုယ်တကယ် ဝါသနာ ပါတဲ့ အရာကို သိဖို့ဆိုရင်

အထူးသဖြင့် ဆယ်တန်းအောင်ကာစ နဲ့ ကျောင်းပြီးကာစ လူငယ်တွေမှာ ကြုံရလေ့ရှိတဲ့ အခက်အခဲ ကိုယ် ဘယ်လမ်းကြောင်းကို ရွေးချယ်ရမလဲ ဆိုတာပါပဲ။

လူတစ်ယောက်က သူ့ဘဝမှာ ဘယ်အရာကို ဝါသနာပါပြီး ဘယ် ပညာရပ်ကို ဆည်းပူးရမယ် ဆိုတာ အတိအကျ သိနေတဲ့အခါ အောင်မြင်မှုကို လွယ်ကူစွာ ချည်းကပ်နိုင်ပါတယ် ။

အဲ့အတွက် ကိုယ်စိတ်အားထက်သန် ရာကို မရှာတွေ့သေးတဲ့ လူငယ်တွေအတွက်တော့ ဒီ(၅) ချက်အတိုင်း လိုက်လံလုပ်ဆောင်ကြည့်နိုင် ပါတယ်။

(၁) မိမိကိုယ်ကို မေးကြည့်သင့်တဲ့ မေးခွန်း

"ဘယ် ဘာသာရပ် နဲ့ သက်ဆိုင်တဲ့ စာအုပ်ကို မပျင်းမရိဘဲ ၅ အုပ်ဆက်တိုက် ဖတ်ရှူ့ နိုင်သလဲ " အခြေခံအားဖြင့် စာဖတ်ဝါသနာ ပါသူတွေ အတွက် ဒီမေးခွန်းနဲ့ တင် ကိုယ့် Passion ကို ရှာဖွေတွေ့ရှိမယ်လို့ ထင်ပါတယ်။

(၂) ငယ်စဉ်က အချိန်အပေးဖြစ်ဆုံးအရာ

ငယ်စဉ်အရွယ်မှာ ကိုယ့်အားလပ်ချိန် တွေက ဘယ်လိုအရာတွေလုပ်ရင်း အဓိက ကုန်ဆုံးသွားခဲ့ဖူးသလဲ ဆိုတာ ပြန်စဉ်းစားကြည့်ပါ။ ကျွန်တော် ကတော့ စာဖတ်တတ်ကာစအရွယ်ကစလို့ အားလပ်ချိန်တိုင်း ကာတွန်း သို့မဟုတ် ပုံပြင်စာအုပ် ဖတ်ရင်းကုန်ဆုံးခဲ့ပြီး အသက်ကြီးတော့လည်း စာပေနဲ့ ပတ်သတ်တဲ့ လမ်းကြောင်းကိုပဲ ပြန်ရွေးချယ်ဖြစ်ခဲ့ပါတယ်။

(၃) ပိုက်ဆံမရဘဲ အလုပ်လုပ်ရမယ် ဆိုရင်

တာဝန်တစ်ခုကို ငွေကြေးမရဘဲ လုပ်ပေးနေရပေမယ့် အဲ့အလုပ်အတွက်လည်း ကိုယ်က စိတ်ကျေနပ် ပျော်ရွှင်နေမိမယ်ဆိုရင် အဲ့အလုပ်က ဘာများဖြစ်မလဲ?

(၄) သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါ

သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါ ကိုယ့် ဖက်က ဘယ်အကြောင်းအရာကို အားတတ်သရော အများဆုံးပြောဖြစ်လဲ စဉ်းစားကြည့်ပါ။ ကိုယ်ရင်းနှီးတဲ့ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရတဲ့ အခါ ကိုယ့်ဖက်စတင်ပြီး စိတ်ပါလက်ပါ ဆွေးနွေးဖြစ်တဲ့အရာဟာ ကိုယ့် တကယ် စိတ်အားထက်သန်ရာ ဖြစ်ပါတယ်။

(၅) မကြိုက်နှစ်သက်တဲ့ အရာတွေကိုဖယ်ထုတ်လိုက်ပါ

ဥပမာ - ကိုယ်က သချာင်္တွက်ရတာ ညံ့တယ် ၊ စိတ်မဝင်စားဘူးဆိုရင် အင်ဂျင်နီယာ ၊ စာရင်းကိုင် အစရှိတဲ့ သချာင်္နဲ့ ဆက်စပ်တဲ့ လမ်းကြောင်းတွေကို ဖယ်ချပစ်လိုက်ပါ ။ ယောင်လို့တောင် မရွေးချယ်ပါနဲ့ ။ မိဘ နဲ့ ပတ်ဝန်းကျင်က တိုက်တွန်းလည်း သူတို့နားလည်အောင် စိတ်ရှည်ရှည်ရှင်းပြပါ။

source: lunge.media

Read times Last modified on Wednesday, 29 January 2020 15:41
Rate this articles
(4 votes)