×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Thursday, 31 January 2019

ငယ်ငယ်ကခေါင်းမာတဲ့ကလေးတွေဟာ ကြီးလာတဲ့အချိန်မှာ အောင်မြင်သူတွေဖြစ်လာကြောင်းတွေ့ရှိ

တကယ်လို့သင့်မှာ လွန်လွန်ကဲကဲ ခေါင်းမာနေတဲ့ ကလေးတစ်ယောက်ရှိနေရင် ဂုဏ်ယူလိုက်ပါ။


ခေါင်းမာတဲ့ ကလေးတွေကိုထိန်းသိမ်းရတာ အတော်ခက်ခဲပါတယ်။

ဒါပေမယ့် ဒီလိုခေါင်းမာပြီး ပြောရဆိုရခက်တဲ့ ကလေးတွေဟာ အရွယ်ရလာပြီးနောက် သူတို့ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်တွေမှာ ပိုအောင်မြင်သူတွေဖြစ်နိုင်တယ်လို့လေ့လာမှုတွေမှာ သက်သေပြခဲ့ပါတယ်။

မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာတော့ ခေါင်းမာပြီးပြောရဆိုရခက်တဲ့ ကလေးတွေနဲ့အတိုက်အခံဖြစ်နေမည့်အစား သူတို့တွေကို ပွေ့ဖက်ကြိုဆိုသင့်ကြောင်း ထောက်ပြခဲ့ပါတယ်။

အဲ့ဒီ သုတေသနစာတမ်းကိုတော့ Journal of Developmental Psychology မှာထုတ်ဝေခဲ့ပြီး သက်သေပြချက်တွေအရ ခေါင်းမာတဲ့ ကလေးတွေဟာ ပန်းတိုင်းကိုအရောက်သွားဖို့၊ အခြားသောပြောရလွယ်ပြီး ဆုံးမရလွယ်ကူတဲ့ ကလေးတွေထက် ဝင်ငွေကောင်းတဲ့ အသက်မွေးဝမ်းကြောင်းကိုလုပ်ကိုင်နိုင်ဖို့ ကြီးပြင်းလာသူတွေဖြစ်တယ်လို့ အဆုံးသတ်ပြောဆိုထားပါတယ်။

ဒီလိုလေ့လာမှုကိုတော့ ၁၂ နှစ်အရွယ်ရှိ ကလေးပေါင်း ၇၀၀ နဲ့စတင်ခဲ့ပါတယ်။ အဲ့ဒီကလေးတွေအသက် ၅၂ နှစ်ရောက်သည်အထိ သူတို့တွေကို လေ့လာကြည့်ခဲ့ပြီးငယ်စဉ်က ခေါင်းမာတဲ့ကလေးတွေဟာ အရွယ်ရလာတဲ့အခါမှာ ပိုအောင်မြင်တဲ့ သူတွေဖြစ်လာကြောင်းတွေ့ခဲ့ရပါတယ်။

စည်းမျဉ်းဘောင်တွေကို ချိုးဖောက်တတ်တဲ့ ကလေးတွေဟာ သူတို့ရွေးချယ်တဲ့ အသက်မွေးဝမ်းကြောင်းလမ်းမှာ အောင်မြင်မှုမြင့်မြင့်မားမားရရှိကြပြီး မိဘတွေကို ရံဖန်ရံခါမှာ မနာခံတတ်တဲ့၊ ကလန်ကဆန် ပြုတတ်တဲ့ ကလေးတွေတောင် အရွယ်ရလာတဲ့အခါ အောင်မြင်နေကြောင်းတွေ့ရပါတယ်။

ခေါင်းမာတဲ့ကလေးတစ်ယောက်ရဲ့အမူအကျင့်တွေကတော့ -
-စိတ်မရှည်ခြင်း
-စည်းဘောင်တွေကိုချိုးဖောက်တတ်ခြင်း
-မနာခံတတ်ခြင်း
-ဂရုမစိုက်တတ်ခြင်း
-နှိမ့်ချစိတ်ရှိုခြင်း (အမှတ်ကောင်းရနေတောင် နိမ့်ကျတယ်လို့ခံစားရခြင်း)

တချို့သတင်းဆောင်းပါးတွေမှာတော့ မိဘတွေရဲ့အလိုကိုငြင်းဆန်တတ်တဲ့ကလေးတွေဟာ သူတို့ရဲ့ပြိုင်ဘက်တွေထက် လစာကောင်းတဲ့အခြေအနေတွေပိုင်ဆိုင်ကြကြောင်း ရေးသားထားပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ကလေးဟာ ကိုယ်ပေးတာထက် ပိုကြီးကြီး တောင်းနေတဲ့အခါ သူတို့တွေဟာ နောင်တစ်ချိန်မှာ လစာကောင်းမည့်သူတွေ၊ အောင်မြင်မည့်သူတွေ ဖြစ်မှာသေချာပါတယ်။

ဒါပေမယ့် သတိပြုရမှာက ခေါင်းမာနေတဲ့ ကလေးတိုင်းကတော့ အောင်မြင်နေတာမျိုးမဟုတ်ပါဘူး။ မှန်ကန်တဲ့ အားပေးမှုနဲ့ ကောင်းမွန်တဲ့လမ်းညွန်မှုတွေကသာ အဲဒီခေါင်းမာတဲ့ကလေးတွေကို အကောင်းဘက်သွားအောင် တည့်မတ်ပေးနိုင်တာဖြစ်ပါတယ်။

From  MM

Read times Last modified on Thursday, 30 January 2020 15:07
Rate this articles
(1 Vote)