×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 27 February 2019

အသက်ကြီးလာရင်တောင် မှတ်ဥာဏ်ထက်မြက်စေဖို့ နည်းလမ်းများ

သင်ဟာ အခုဆိုရင် ဖုန်းနံပါတ်တွေကို မှတ်ဖို့ မလွယ်ကူတော့တာ(ဒါမှမဟုတ်) တချို့ကိစ္စတွေကိုနာရီအနည်းငယ်အတွင်းမှာ မေ့သွားတတ်လို့ လက်မှာ မှတ်ထားရတာ။

ပြီးခဲ့တဲ့အပတ်က မိတ်ဆွေဟောင်းနဲ့သွားတွေ့တဲ့အခါ မျက်နှာကရင်းနှီးပေမဲ့နာမည်မမှတ်မိတာအစရှိတဲ့အရာတွေ ဖြစ်နေပြီဆိုရင် သင့်အသက်အရွယ်ရလာလို့ဖြစ်ပြီး သင့်မှတ်ဥာဏ်ထဲမှာ တစ်ခုခုဖြစ်နေတယ်ဆိုတာ နားလည်လိုက်တာဖြစ်ပါတယ်။

အသက်အရွယ်ရလာတာနဲ့အမျှ သင့်ဦးနှောက်မှတ်ဥာဏ်တွေလဲ နှေးကွေးသွားပြီး လုပ်ဆောင်ချက်တွေလဲ ပြောင်းလဲသွားပါတယ်။ ဒါပေမဲ့ သင် အသက်အရွယ်ရလာရင်တောင် မေ့မေ့နေတဲ့မှတ်ဥာဏ်တွေကို အကူအညီဖြစ်စေတဲ့နည်းလမ်းတွေနဲ့ရှောင်ကြဉ်လို့ရပါတယ်။

လေ့ကျင့်ခန်းလုပ်ခြင်း
ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ပေးဖို့လိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ သွက်လက်တက်ကြွစွာနေထိုင်ခြင်းက သင့်ခန္ဓာကိုယ်နဲ့ဦးနှောက်မှာ မှားယွင်းနေတဲ့အရာတိုင်းနီးပါးကို ဖြေရှင်းချက်ဖြစ်ပါတယ်။

အသစ်အသစ်တွေကို လေ့လာခြင်း
ဘာသာစကားအသစ်(ဒါမှမဟုတ်) ဂီတဆိုင်ရာကိရိယာတွေကဲ့သို့ သင်မလုပ်ဖူးတဲ့အသစ်သစ်သောအရာတွေကို လေ့လာရင်း သင့်ဦးနှောက် ကျန်းမာဖို့နဲ့ စွမ်းဆောင်ရည်မြင့်မားဖို့အတွက် လုပ်ဆောင်လိုက်ပါ။

 

Read More >>>>>  လူ့ဘဝ၏ သက်ရောက်မှုများ

 

ဥာဏ်စမ်းပဟေဠိတွေဖြေကြည့်ခြင်း
ပဟေဠိလုပ်တာ၊ အင်္ဂလိပ်စာလုံးလေးတွေဆက်တာ၊ ဥာဏ်စမ်းလေးတွေဖြေတာတို့လုပ်ခြင်းက သင့်ဦးနှောက်ကို ထက်မြတ်အောင်လေ့ကျင့်ပေးတာဖြစ်ပြီး မှတ်နိုင်စွမ်းအားလဲ တိုးလာမှာဖြစ်ပါတယ်။

ထပ်ခါထပ်ခါလုပ်ဆောင်ခြင်း
ဖုန်းနံပါတ်၊ နာမည်(ဒါမှမဟုတ်) နေရာတစ်ခုကို မှတ်မိစေချင်တဲ့အခါ ထိုအရာတွေကို ထပ်ခါထပ်ခါ မှတ်ထားခြင်း အချိန်အကြာကြီးမှတ်မိနေစေမှာဖြစ်ပါတယ်။ ထပ်ခါထပ်ခါမှတ်ထားခြင်းကို လေ့ကျင့်တဲ့အခါ မှတ်ဥာဏ်တိုးတတ်ဖို့အတွက် တစ်နာရီတစ်ခါ၊ ပြီးရင် နာရီအနည်းငယ်၊ နေ့တိုင်းစသဖြင့် အချိန်သတ်မှတ်ထားရပါမယ်။ ဒါမှ ကောင်းမွန်တဲ့ရလဒ်ကို ရရှိမှာဖြစ်ပါတယ်။

From: MM

Read times Last modified on Thursday, 30 January 2020 15:48
Rate this articles
(2 votes)