×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Monday, 11 March 2019

တန်ဖိုးသိအောင်ကြိုးစားပါ

တန်ဖိုးသိအောင်လုပ်ဖို့က မခက်ပါဘူး။ လူတွေကို စာနာနားလည်ပြီး ကိုယ်ချင်းစာတတ်ရင် တန်ဖိုးအလိုလိုသိလာပါလိမ့်မယ်။

တန်ဖိုးသိတတ်ချင်းဟာ လူ့ဘောင်အဖွဲ့အစည်းမှာ အရေးတကြီးလိုအပ်နေပါတယ်။

တစ်ယောက်နဲ့တစ်ယောက်ဟာ အပြန်အလှန်တန်ဖိုးသိကြမယ်ဆိုရင် ငြိမ်းချမ်းရေးရဖို့မခက်ပါဘူး။

ကိုယ်တန်ဖိုးထားရတဲ့အရာကိုလည်း အဖျက်ဆီးအစော်ကား မခံနိုင်သလို သူများရဲ့ တန်ဖိုးထားမှုကိုလည်း လေးစားစောင့်ရှောက်ပေးရင် လူ့ဘောင်အဖွဲ့အစည်းတစ်ခုလုံးဟာ ငြိမ်းချမ်းသာယာနေမှာပါ။

တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီရင်း၊ အားနည်းသူကိုအားပေးရင်း၊ လမ်းမှန်တွေညွှန်ပြပေးရင်းနဲ့ပဲ ပိုကောင်းတဲ့ အနာဂါတ်ကို သွားကြရမှာပါ။

နိုင်ငံတစ်ခုလုံးအနေနဲ့လည်း တန်ဖိုးထားတဲ့အရာမှန်ကန်မှ ဖြစ်မှာပါ။

တန်ဖိုးထားမှန်ကန်ခြင်းကနေ ကောင်းမွန်တဲ့ရလဒ်တွေ၊ မြန်ဆန်တဲ့တိုးတက်မှုတွေ၊ မှန်ကန်တဲ့ လမ်းကြောင်းတွေ ထွက်လာမှာပါ။  


မတူညီသော တန်ဖိုးများ

ပစ္စည်းတွေတင်မက အခြားတန်ဖိုးထားတဲ့ အရာတွေလည်း အများကြီးရှိပါတယ်။

တချို့က မိသားစုကို တန်ဖိုးထားတယ် တချို့ကရာထူးဂုဏ်ကိုတန်ဖိုးထားတယ်။

တချို့က အချိန်လေးစားမှုကို တန်ဖိုးထားတယ် တချို့ကခင်မင်မှုကိုတန်ဖိုးထားတယ်။

တချို့က သူငယ်ချင်းကို တန်ဖိုးထားတယ် တချို့က အောင်မြင်မှုကို တန်ဖိုးထားတယ်။

တချို့က အချစ်ကိုတန်ဖိုးထားတယ် တချို့က ပိုက်ဆံကိုတန်ဖိုးထားတယ်။

သေချာစဉ်စားကြည့်ရင် ဒီတန်ဖိုးထားတဲ့အရာတွေကပဲ ကိုယ့်ဘဝကို ဆက်လက်ရှင်သန်စေတာပါ တန်ဖိုးထားရတဲ့အရာမရှိတော့ရင် ဘဝက နေချင်စရာမရှိတော့ဘူး။

တချို့ကအချစ်ကိုတန်ဖိုးထားတယ်။ ကိုယ်ချစ်ရတဲ့သူက သစ္စာဖောက်တဲ့အခါ ကိုယ့်အနားမှာ မရှိနိုင်တော့တဲ့အခါ …ကိုယ့်ကိုကိုယ် suicide လုပ်သွားကျတာကို ကျွန်တော်တို့ကြားဖူး တွေ့ဖူးကြမှာပါ။

အဲ့ဒါကြောင့်မလို့ မှန်ကန်မျှတစွာ တန်ဖိုးထားတတ်ဖို့ကလည်း အရေးကြီးပါတယ်။

Source: LiveTheDream

Read times Last modified on Thursday, 30 January 2020 17:41
Rate this articles
(1 Vote)