×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 20 August 2019

" ခဲတံလေးကပြောသော ဘဝနေနည်း "

" ခဲတံလေးကပြောသော ဘဝနေနည်း " google.com

ခဲတံလေးကို ခဲတံဗူးထဲမထည့်မီခဲတံပြုလုပ်သူက မှာကြားလိုက်ပါတယ်။

"ခဲတံလေးရေ --- လောကကြီးထဲကို မဝင်ခင်မှာ
မင်းသိထားဖို့လိုအပ်တဲ့ အချက် ၅ ချက် ရှိတယ်ကွ။

ဒီအချက်တွေကို မင်းလိုက်နာနိုင်ရင်
မင်းဟာ အကောင်းဆုံးခဲတံတစ်ချောင်းဖြစ်မယ်ဆိုတာ မှတ်ထားပေါ့ကွာ"


(၁) မင်းလုပ်နိုင်တာတွေ အများကြီး ရှိပါလိမ့်မယ်။
ဒါပေမယ့် တစ်စုံတစ်ယောက်က မင်းကိုသုံးပြီး စာရေးချင်စိတ်ရှိနေဖို့တော့ လိုအပ်တယ်။
အသုံးပြုသူရှိမှသာ မင်းတန်ဘိုးတက်မယ်။


(၂) မင်းကို ချွန်တဲ့အခါတိုင်း မင်းနာနာကျင်ကျင်
ခံစားရလိမ့်မယ်။
ဒါပေမယ့် ခဲတံကောင်းတစ်ချောင်းဖြစ်ဖို့တော့
မင်းချွန်ထက်နေဖို့ လိုမယ် ။


(၃) မင်းလုပ်မိတဲ့ အမှားတိုင်းကို မင်းကိုယ်တိုင်ပြင်နိုင်ဖို့
ခဲဖျက်လေးတစ်ခု မင်းမှာရှိတယ် …
ခဲဖျက်လေး တဖြည်းဖြည်း ပါးမသွားဖို့ကိုလည်း
မင်းပဲတာဝန်ယူရမယ်။


(၄) မင်းရဲ့အရေးကြီးဆုံးအစိတ်အပိုင်းက မင်းရဲ့အတွင်းဘက် အတွင်;သားသာဖြစ်တယ်။
မင်းရဲ့အတွင်းသားက အရည်အသွေးမှီနေရမယ်။


(၅) မင်းကိုအသုံးပြုခံရတဲ့ စာရွက်မျက်နှာပြင်တိုင်းရဲ့ပေါ်မှာ
အမှတ်အသားတစ်ခု ချန်ထားခဲ့ရမယ်။
ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်
မင်း စာဆက်ရေးနိုင်ရမယ်။

ခဲတံလေးလည်း နားလည်သဘောပေါက်ပြီး
အမြဲတမ်းမှတ်သားထားမည်ဖြစ်ကြောင်း
ကတိပေးလိုက်ပါသည်။

ထို့နောက် ခဲတံဗူးလေးထဲသို့
ရည်ရွယ်ချက်အပြည့်ဖြင့် ဝင်လိုက်ပါတော့သည်။

ခဲတံလေးနေရာမှာ သင်ကိုယ်တိုင်
အစားထိုးဝင်ကြည့်တဲ့ အခါ …

- သင်သည် ထူးခြားသော လူတစ်ယောက်သာ ဖြစ်ပါတယ်။

- မွေးဖွားချိန်မှသည် သေဆုံးချိန်အထိ
သင်ဖြစ်ချင်သည့်အရာများကို သင်သာလျှင်
ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်ပါတယ်။

- သင်သာလျှင် အရာရာတိုင်းကို ပြောင်းလဲနိုင်သူ
ဖြစ်ပါတယ်။


Credit: အေးမို့

sayar.com.mm

Read times Last modified on Wednesday, 08 January 2020 14:38
Rate this articles
(0 votes)