×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Friday, 23 August 2019

"သင့္ဘဝကို တစ္ႏွစ္အတြင္း ေျပာင္းလဲ ေပးႏိုင္မယ့္ အခ်က္ (၈) ခ်က္"

"သင့္ဘဝကို တစ္ႏွစ္အတြင္း ေျပာင္းလဲ ေပးႏိုင္မယ့္ အခ်က္ (၈) ခ်က္" freepick

သင့္ဘဝကို အခုထက္ပိုၿပီး တိုးတက္ခ်င္စိတ္ရွိေနသလား။

အဲဒါဆိုရင္ေတာ့ သင့္မွာရွိေနတဲ့ မေကာင္းတဲ့အခ်က္တခ်ိဳ႕ကို ျပဳျပင္သြားမွျဖစ္မွာပါ။ တစ္ခုခ်င္း ျပဳျပင္သြားၿပီး သင့္ဘဝတိုးတက္ေအာင္လုပ္ေဆာင္သင့္တဲ့အခ်က္ေတြ၊ အက်င့္ေတြကို ျပင္ယူပါ။

အခ်ိန္တခုေရာက္တဲ့အခါမွာ သင့္ဘဝတိုးတက္သင့္သေလာက္ေတာ့ တိုးတက္လာမွာပါ။ ခုေဖာ္ျပေပးခ်င္တဲ့အခ်က္ ၈ခ်က္ကေတာ့ pinterest ထဲမွာ ဖတ္လိုက္ရတဲ့ သင့္ဘဝကို တစ္ႏွစ္အတြင္းေျပာင္းလဲႏိုင္မယ့္အခ်က္ ၈ခ်က္ကို ေဖာ္ျပေပးလိုက္တာျဖစ္ပါတယ္။ တကယ္ေျပာင္းလဲတိုးတက္မႈရွိမရွိကေတာ့ သင့္အေပၚမွာပဲ မူတည္ေနတာပါေနာ္။

(၁) ဆင္ေျခေပးေနတာေတြကို ရပ္ပစ္လိုက္ပါ

pexels-photo-1345085_1.jpeg

သင့္ဘဝမွာ ေန႔ရက္တိုင္း အျခားသူေတြထက္ ဘယ္ေလာက္ကံေကာင္းသလဲဆိုတာကို အၿမဲေတြးေတာ တန္ဖိုးထားပါ။ သင့္ထက္ဆိုးဝါးတဲ့ဘဝေတြရွိေသးတယ္ဆိုတာ သတိရပါ။

(၂) အထီးက်န္ျခင္းကို မေၾကာက္႐ြံ႕ပါနဲ႔

pexels-photo-278312.jpeg


သင့္ဘဝရဲ႕အထီးက်န္ေန႔ရက္ေတြကို လက္ခံပါ။ သင့္ဘဝရဲ႕ေျပာင္းလဲသင့္တဲ့အက်င့္ေတြကို ေျပာင္းလဲၿပီး အျခားလူတစ္ေယာက္လို ေျပာင္းလဲပစ္လိုက္ပါ။

(၃) သင့္ဘဝအတြက္ေကာင္းျခင္းေတြမယူလာေပးတဲ့လူေတြကို စြန႔္ခြာပါ

femtouch.jpg

အဆိုးျမင္တတ္သူေတြ၊ သင့္ဆီကို ဝမ္းနည္းျခင္း၊ ပူေဆြးျခင္း၊ စိတ္ဓာတ္က်ျခင္းေတြစတဲ့ မေကာင္းတဲ့အယူအဆေတြခ်ည္း ယူလာတတ္သူေတြကို ႏႈတ္ဆက္လိုက္ပါ။

တေျဖးေျဖးျခင္း စြန႔္ခြာပါ။ စိတ္ညစ္စရာ၊ ပူေဆြးစရာ ခံစားခ်က္မ်ားဟာ ပတ္၀န္းက်င္ကိုု အလြန္ကူးစက္လြယ္ပါတယ္။

အစိုုးရ မေကာင္းဘူး၊ ေခတ္မေကာင္းဘူး၊ ေက်ာင္းမေကာင္းဘူး၊ လူေတြမေကာင္းဘူး၊ အိမ္သားမ်ား မေကာင္းဘူး၊ စသည္ျဖင့္ အဆိုုးျမင္သမားေတြ ရဲ႔ မ်က္စိထဲမွာ ဘာတစ္ခုုမွ အေကာင္းမျမင္တတ္ပါ။

အဲဒီအဆိုုးျမင္ အပ်က္ထင္တဲ့ အက်င့္ကူူးသြားရင္ ဘာလုုပ္လုုပ္ အဆင္မေျပေတာ့ပါ။

အဲဒါေၾကာင့္ အဆိုုးျမင္တဲ့လူနဲ႔ ေတြ႔ရင္ အျမန္ေရွာင္ရွားထားပါ။ အဆိုုးျမင္တဲ့စကားမ်ားဟာ အမိုုက္ေတြပါ။ ကိုုယ္အမိုုက္ပံုုးျဖစ္တာၾကာသြားရင္ အမိုုက္ပံုုးပါ အမိုုက္ကိုုက္လိုု႔ အမိုုက္ျဖစ္သြားပါေတာ့တယ္။

(၄) ႐ုပ္ျမင္သံၾကားနဲ႔ အင္တာနက္ကို ရပ္တန႔္ပစ္ပါ

pexels-photo-607812.jpeg


႐ုပ္ျမင္သံၾကားၾကည့္ျခင္းနဲ႔ အင္တာနက္သုံးျခင္းကို မူးယစ္ေဆးစြဲသလိုစြဲေနတယ္ဆိုရင္ အခ်ိန္တစ္ခုသတ္မွတ္ၿပီး မသုံးဘဲေနႏိုင္ေအာင္ႀကိဳးစားၾကည့္ပါ။

Recommended For You >>>> "သင္တန္းမတက္ပဲ အလြယ္ကူဆံုး အဂၤလိပ္စာ ေလ့လာနည္း"

(၅) သင့္ကိုသင္ပ်ိဳးေထာင္ပါ

pexels-photo-531062.jpeg


သင္ျဖစ္ခ်င္တဲ့အရာတခုခုအတြက္ သင္ကိုသင္ပ်ိဳးေထာင္ပါ။ အဲဒီ့အေပၚမွာအာ႐ုံအျပည့္အဝစိုက္ၿပီး သင္တိုးတက္ဖို႔ပဲအာ႐ုံစိုက္ပါ၊ အားထုတ္ပါ။

(၆) သင္ရဲ႕ပန္းတိုင္အတြက္ သင့္ကိုသင္ကတိထားပါ

pexels-photo-1043514.jpeg

သင့္ရဲ႕ပန္းတိုင္အတြက္ သင့္ကိုသင္ကတိေပးထားၿပီး ျဖစ္ေအာင္လုပ္ဖို႔ႀကိဳးစားပါ။ တစ္ဆင့္ၿပီးတစ္ဆင့္ေအာင္ျမင္ေအာင္ ႀကိဳးစားသြားပါ။

သင္ဘယ္ကိုသြားခ်င္တယ္ဆိုတာ မဆုံးျဖတ္ႏုိင္မခ်င္း သင္ ဘယ္ကိုမွ ေရာက္မွာမဟုတ္ပါဘူး။ သင္ ဘာကိုလိုခ်င္တယ္ဆိုတာကို သိေအာင္ဆုံးျဖတ္ပါ။ အဲဒီအရာေနာက္ကို စိတ္ေရာကိုယ္ပါ လုိက္ပါ။


(၇) သင့္ရဲ႕စြမ္းအင္ကိုေန႔တိုင္းလိုလိုျမႇင့္တင္ပါ

pexels-photo-1586996.jpeg

သင့္ရဲ႕ေန႔ရက္တိုင္းက ေခြၽးထြက္ေနပါေစ။ ေျပာခ်င္တာက ဒီေန႔လုပ္ႏိုင္တာထက္ မနက္ျဖန္ ပိုလုပ္ႏိုင္ေအာင္ႀကိဳးစားၿပီးလုပ္ပါ။ သင့္ရဲ႕စြမ္းအင္ကို ေန႔တိုင္းလိုလိုျမႇင့္တင္ေနပါ။

(၈) က်ရႈံးျခင္းနဲ႔အတူေရွ႕ဆက္ပါ

Building-Self-Confidence-photo.jpg

သင့္ဘဝမွာ က်ရႈံးျခင္းေတြႀကဳံရပါေစ၊ စိတ္ဓာတ္မက်ဘဲ က်ရႈံးျခင္းေတြဆီကေန သင္ခန္းစာရေအာင္ ယူၿပီး ထိုသင္ခန္းစာေတြနဲ႔အတူ သင့္ဘဝကိုေရွ႕ဆက္ႀကိဳးစားသြားပါ။
တစ္ႏွစ္အတြင္းတကယ္ျပဳမူေနထိုင္ၿပီး ျပဳျပင္ဖို႔ႀကိဳးစားရင္ေတာ့ ျဖစ္ႏိုင္မွာပါ။ တကယ္ျဖစ္ႏိုင္မျဖစ္ႏိုင္ဆိုတာကေတာ့ သင့္အေပၚမွာပဲ မူတည္ေနပါတယ္။

သင္ႀကိဳးစားရင္ေတာ့ ႀကိဳးစားသေလာက္ျပန္ရမွာေသခ်ာပါတယ္ေနာ္။ အားလုံးပဲျပဳျပင္ တိုးတက္ႏိုင္ၾကပါေစ။

"သင့္ရဲ႕ အတိတ္ဆိုတာ သင့္ရဲ႕အနာဂတ္နဲ႕ ညီမၽွျခင္းမဟုတ္ပါဘူး။ အေရးပါတာကေတာ့ သင္ အခုလုပ္ေနတဲ့အရာပဲျဖစ္ပါတယ္။"

Ref : BAWA101

Unicode ဖြင့်ဖတ်ရန်

သင့်ဘဝကို အခုထက်ပိုပြီး တိုးတက်ချင်စိတ်ရှိနေသလား

အဲဒါဆိုရင်တော့ သင့်မှာရှိနေတဲ့ မကောင်းတဲ့အချက်တချို့ကို ပြုပြင်သွားမှဖြစ်မှာပါ။ တစ်ခုချင်း ပြုပြင်သွားပြီး သင့်ဘဝတိုးတက်အောင်လုပ်ဆောင်သင့်တဲ့အချက်တွေ၊ အကျင့်တွေကို ပြင်ယူပါ။

အချိန်တခုရောက်တဲ့အခါမှာ သင့်ဘဝတိုးတက်သင့်သလောက်တော့ တိုးတက်လာမှာပါ။ ခုဖော်ပြပေးချင်တဲ့အချက် ၈ချက်ကတော့ pinterest ထဲမှာ ဖတ်လိုက်ရတဲ့ သင့်ဘဝကို တစ်နှစ်အတွင်းပြောင်းလဲနိုင်မယ့်အချက် ၈ချက်ကို ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ တကယ်ပြောင်းလဲတိုးတက်မှုရှိမရှိကတော့ သင့်အပေါ်မှာပဲ မူတည်နေတာပါနော်။

 

(၁) ဆင်ခြေပေးနေတာတွေကို ရပ်ပစ်လိုက်ပါ

pexels-photo-1345085_1.jpeg

 

သင့်ဘဝမှာ နေ့ရက်တိုင်း အခြားသူတွေထက် ဘယ်လောက်ကံကောင်းသလဲဆိုတာကို အမြဲတွေးတော တန်ဖိုးထားပါ။ သင့်ထက်ဆိုးဝါးတဲ့ဘဝတွေရှိသေးတယ်ဆိုတာ သတိရပါ။

 

 

(၂) အထီးကျန်ခြင်းကို မကြောက်ရွံ့ပါနဲ့

pexels-photo-278312.jpeg


သင့်ဘဝရဲ့အထီးကျန်နေ့ရက်တွေကို လက်ခံပါ။ သင့်ဘဝရဲ့ပြောင်းလဲသင့်တဲ့အကျင့်တွေကို ပြောင်းလဲပြီး အခြားလူတစ်ယောက်လို ပြောင်းလဲပစ်လိုက်ပါ။

 

 

(၃) သင့်ဘဝအတွက်ကောင်းခြင်းတွေမယူလာပေးတဲ့လူတွေကို စွန့်ခွာပါ

femtouch.jpg

 

အဆိုးမြင်တတ်သူတွေ၊ သင့်ဆီကို ဝမ်းနည်းခြင်း၊ ပူဆွေးခြင်း၊ စိတ်ဓာတ်ကျခြင်းတွေစတဲ့ မကောင်းတဲ့အယူအဆတွေချည်း ယူလာတတ်သူတွေကို နှုတ်ဆက်လိုက်ပါ။

တဖြေးဖြေးခြင်း စွန့်ခွာပါ။ စိတ်ညစ်စရာ၊ ပူဆွေးစရာ ခံစားချက်များဟာ ပတ်ဝန်းကျင်ကို အလွန်ကူးစက်လွယ်ပါတယ်။

အစိုးရ မကောင်းဘူး၊ ခေတ်မကောင်းဘူး၊ ကျောင်းမကောင်းဘူး၊ လူတွေမကောင်းဘူး၊ အိမ်သားများ မကောင်းဘူး၊ စသည်ဖြင့် အဆိုးမြင်သမားတွေ ရဲ့ မျက်စိထဲမှာ ဘာတစ်ခုမှ အကောင်းမမြင်တတ်ပါ။

အဲဒီအဆိုးမြင် အပျက်ထင်တဲ့ အကျင့်ကူူးသွားရင် ဘာလုပ်လုပ် အဆင်မပြေတော့ပါ။

အဲဒါကြောင့် အဆိုးမြင်တဲ့လူနဲ့ တွေ့ရင် အမြန်ရှောင်ရှားထားပါ။ အဆိုးမြင်တဲ့စကားများဟာ အမိုက်တွေပါ။ ကိုယ်အမိုက်ပုံးဖြစ်တာကြာသွားရင် အမိုက်ပုံးပါ အမိုက်ကိုက်လို့ အမိုက်ဖြစ်သွားပါတော့တယ်။

 

 

(၄) ရုပ်မြင်သံကြားနဲ့ အင်တာနက်ကို ရပ်တန့်ပစ်ပါ

pexels-photo-607812.jpeg


ရုပ်မြင်သံကြားကြည့်ခြင်းနဲ့ အင်တာနက်သုံးခြင်းကို မူးယစ်ဆေးစွဲသလိုစွဲနေတယ်ဆိုရင် အချိန်တစ်ခုသတ်မှတ်ပြီး မသုံးဘဲနေနိုင်အောင်ကြိုးစားကြည့်ပါ။

 

(၅) သင့်ကိုသင်ပျိုးထောင်ပါ

pexels-photo-531062.jpeg


သင်ဖြစ်ချင်တဲ့အရာတခုခုအတွက် သင်ကိုသင်ပျိုးထောင်ပါ။ အဲဒီ့အပေါ်မှာအာရုံအပြည့်အဝစိုက်ပြီး သင်တိုးတက်ဖို့ပဲအာရုံစိုက်ပါ၊ အားထုတ်ပါ။

 

(၆) သင်ရဲ့ပန်းတိုင်အတွက် သင့်ကိုသင်ကတိထားပါ

pexels-photo-1043514.jpeg

 

သင့်ရဲ့ပန်းတိုင်အတွက် သင့်ကိုသင်ကတိပေးထားပြီး ဖြစ်အောင်လုပ်ဖို့ကြိုးစားပါ။ တစ်ဆင့်ပြီးတစ်ဆင့်အောင်မြင်အောင် ကြိုးစားသွားပါ။

သင်ဘယ်ကိုသွားချင်တယ်ဆိုတာ မဆုံးဖြတ်နိုင်မချင်း သင် ဘယ်ကိုမှ ရောက်မှာမဟုတ်ပါဘူး။ သင် ဘာကိုလိုချင်တယ်ဆိုတာကို သိအောင်ဆုံးဖြတ်ပါ။ အဲဒီအရာနောက်ကို စိတ်ရောကိုယ်ပါ လိုက်ပါ။

 


(၇) သင့်ရဲ့စွမ်းအင်ကိုနေ့တိုင်းလိုလိုမြှင့်တင်ပါ

pexels-photo-1586996.jpeg

 

သင့်ရဲ့နေ့ရက်တိုင်းက ချွေးထွက်နေပါစေ။ ပြောချင်တာက ဒီနေ့လုပ်နိုင်တာထက် မနက်ဖြန် ပိုလုပ်နိုင်အောင်ကြိုးစားပြီးလုပ်ပါ။ သင့်ရဲ့စွမ်းအင်ကို နေ့တိုင်းလိုလိုမြှင့်တင်နေပါ။

 

(၈) ကျရှုံးခြင်းနဲ့အတူရှေ့ဆက်ပါ

Building-Self-Confidence-photo.jpg

 

သင့်ဘဝမှာ ကျရှုံးခြင်းတွေကြုံရပါစေ၊ စိတ်ဓာတ်မကျဘဲ ကျရှုံးခြင်းတွေဆီကနေ သင်ခန်းစာရအောင် ယူပြီး ထိုသင်ခန်းစာတွေနဲ့အတူ သင့်ဘဝကိုရှေ့ဆက်ကြိုးစားသွားပါ။
တစ်နှစ်အတွင်းတကယ်ပြုမူနေထိုင်ပြီး ပြုပြင်ဖို့ကြိုးစားရင်တော့ ဖြစ်နိုင်မှာပါ။ တကယ်ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကတော့ သင့်အပေါ်မှာပဲ မူတည်နေပါတယ်။

သင်ကြိုးစားရင်တော့ ကြိုးစားသလောက်ပြန်ရမှာသေချာပါတယ်နော်။ အားလုံးပဲပြုပြင် တိုးတက်နိုင်ကြပါစေ။

"သင့်ရဲ့ အတိတ်ဆိုတာ သင့်ရဲ့အနာဂတ်နဲ့ ညီမျှခြင်းမဟုတ်ပါဘူး။ အရေးပါတာကတော့ သင် အခုလုပ်နေတဲ့အရာပဲဖြစ်ပါတယ်။"

 

Ref : BAWA101

Read times Last modified on Monday, 20 January 2020 10:24
Rate this articles
(1 Vote)