×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Saturday, 26 October 2019

"အဆင့္အတန္းဆုိတာ"

"အဆင့္အတန္းဆုိတာ" google

(ZAWGYI)

ကြၽန္ေတာ္တို႔ဘဝမွာ ကိုယ့္အထက္က လူကို စိတ္ထဲက မပါဘဲ ရယ္ရ၊ ၿပဳံးရတာေတြ ရွိခဲ့ဖူးမွာပါ။ တည့္(ဒဲ့)ေျပာရရင္ ဖားဖူးၾကမယ္လည္း ထင္ပါတယ္။ ေခတ္အေျခအေနအရရယ္၊ မေကာင္းတတ္လို႔ အလိုက္အထိုက္ ဆက္ဆံရတာရယ္ ရွိႏိုင္တာမို႔ နားလည္ပါတယ္။

ဒါေပမဲ့ ကိုယ့္ထက္ နိမ့္ပါးသူကို ဘယ္လိုဆက္ဆံသလဲ ဆိုတာကေတာ့ လူတစ္ေယာက္ရဲ႕ အဆင့္အတန္းကို ေဖာ္ျပေနတယ္လို႔ ခံယူတယ္။ ဒီအတြက္ေတာ့ ကြၽန္ေတာ့္တစ္ဦးတည္း ခံယူခ်က္အရ အေၾကာင္းတခုခုျပၿပီး နားလည္ေပးဖို႔ရာ ခက္တယ္။

တခ်ိဳ႕ေတြ သိပ္သေဘာေကာင္းသလို၊ ေဖာ္ေ႐ြသလို ထင္ရတယ္။ ဒါေပမဲ့ စားပြဲထိုးကေလးကို၊ သူ႔အိမ္က အိမ္အကူကို၊ ေနာက္ဆုံး တိရစာၦန္ေလးတစ္ေကာင္ေကာင္ကို ေမာက္မာေနတာ၊ ႏွိမ့္ခ်ဆက္ဆံေနတာ၊ အႏိုင္က်င့္ေနတာ ေတြ႕လိုက္ရတဲ့အခါမွ သူတို႔ရဲ႕ စိတ္အမွန္က ေပၚတာ။ တစ္ခါတစ္ေလ ေဒါသထြက္ေနတုန္း ဆက္ဆံေျပာဆိုမိတာ မဟုတ္ဘဲ ပုံမွန္ဆက္ဆံတဲ့ ပုံစံကိုက အဲ့လိုအႏိုင္ယူသလို ျဖစ္ေနတာမ်ိဳးေတြ ျမင္ရရင္၊ သူ႔ဟာသူ ဘယ္ေလာက္ႀကီးပဲ ခ်မ္းသာ ေအာင္ျမင္ေနပါေစပါ၊ စိတ္ထဲ အေတာ္ေလး အထင္ေသးမိတယ္။

ကိုယ့္ကို ခြန္အား အားျဖင့္ ဘာမွျပန္မလုပ္ႏိုင္တဲ့ မိန္းမကို ႐ိုက္ႏွက္တာမ်ိဳး၊ ဒီဝန္ထမ္းေလးက လစာရတဲ့အလုပ္တစ္ခု လိုအပ္ေနေတာ့ ထြက္လို႔မရတာသိလို႔ ဖိေထာင္းေနတာမ်ိဳး၊ ငါက Customer ပဲ ဆိုၿပီး အမွားေသးေသးေလးကို ပုံႀကီးခ်ဲ႕ Complain လုပ္ေနတာမ်ိဳး၊ အဲ့လို ကိုယ့္ကို ဘာမွ ျပန္မလုပ္ႏိုင္တာ သိသိႀကီးနဲ႔ အႏိုင္ယူေနတာ ေတြးၾကည့္ရင္ သိပ္ရွက္စရာေကာင္းတယ္။

ကြၽန္ေတာ့္ဘဝမွာ ဘယ္ေတာ့မွ မဖားပါဘူးလို႔ေတာ့ အာမမခံရဲဘူး။ ဒါ ႐ိုး႐ိုးသားသား ေျပာတာ။ သို႔ေသာ္ ကိုယ့္ထက္ နိမ့္ပါးသူကို အၿမဲေလးေလးစားစား ဆက္ဆံမယ္လို႔ေတာ့ ကိုယ့္ကိုယ္ကိုယ္ ကတိေပးထားတယ္။

သူတို႔နဲ႔ ပတ္သက္လို႔ အေၾကာင္းေၾကာင္းေၾကာင့္ ေဒါသထြက္မိေတာင္ တတ္ႏိုင္သေလာက္ ႀကိဳးစားၿပီး ထိန္းတယ္။ ရန္မလိုဘူး။ ဖိမေထာင္းဘူး။ နဂိုကတည္းက နိမ့္ပါးေနသူေတြ ခဏထားဦး၊ ကိုယ့္သူငယ္ခ်င္းေတြ၊ အသိမိတ္ေဆြေတြ၊ ေလးစားရတဲ့သူေတြထဲကေတာင္ ကိုယ့္ကို ယုံၾကည္လို႔ ေျပာထားတဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြ၊ ကိုယ္ မထင္မွတ္ဘဲ သိခဲ့ရတဲ့ သူ႔အေၾကာင္းေတြဟာ သူနဲ႔ကိုယ္နဲ႔ ဘယ္လိုဆက္ဆံေရး ျဖစ္သြားပါေစ၊ ကိုယ့္အတြက္ ႏိုင္ကြက္အေနနဲ႔ ဘယ္ေတာ့မွ အသုံးမခ်ဘူး။

ဘဝမွာ ကိုယ္လည္း အရႈံးေပးမေနခ်င္၊ အႏိုင္က်င့္မခံခ်င္လို႔ ဘယ္သူ႔ကိုမွလည္း အႏိုင္မယူခ်င္ဘူး။ အႏိုင္ယူလို႔ ရတဲ့သူကိုဆို ပိုလို႔ အႏိုင္မယူခ်င္ဘူး။ အေၾကာင္းကေတာ့ ရွင္းတယ္၊ ရွက္လို႔ပဲ။

ေဒါက္တာ ၿဖိဳးသီဟ
၂၂.၁၀.၂၀၁၉

 

မိမိတတ္ခ်င္တဲ့ အတတ္ပညာေတြကုိ တကူးတက လုိက္ရွာေနစရာမလုိဘဲ ဆရာႏွင့္ေက်ာင္းသားတစ္ဦးခ်င္းစီ ထိထိေရာက္ေရာက္သင္ေပးႏုိင္တဲ့ ဆရာေတြကုိ sayar.com website ထဲမွာ ဝင္ေရာက္ရွာေဖြႏုိင္ပါတယ္။ ရွာေဖြရန္အတြက္ ၄င္း Link အား ႏွိပ္ပါ( https://www.sayar.com.mm/subjects.html ) 

 

(UNICODE)

"အဆင့်အတန်းဆိုတာ"
ကျွန်တော်တို့ဘဝမှာ ကိုယ့်အထက်က လူကို စိတ်ထဲက မပါဘဲ ရယ်ရ၊ ပြုံးရတာတွေ ရှိခဲ့ဖူးမှာပါ။ တည့်(ဒဲ့)ပြောရရင် ဖားဖူးကြမယ်လည်း ထင်ပါတယ်။ ခေတ်အခြေအနေအရရယ်၊ မကောင်းတတ်လို့ အလိုက်အထိုက် ဆက်ဆံရတာရယ် ရှိနိုင်တာမို့ နားလည်ပါတယ်။

ဒါပေမဲ့ ကိုယ့်ထက် နိမ့်ပါးသူကို ဘယ်လိုဆက်ဆံသလဲ ဆိုတာကတော့ လူတစ်ယောက်ရဲ့ အဆင့်အတန်းကို ဖော်ပြနေတယ်လို့ ခံယူတယ်။ ဒီအတွက်တော့ ကျွန်တော့်တစ်ဦးတည်း ခံယူချက်အရ အကြောင်းတခုခုပြပြီး နားလည်ပေးဖို့ရာ ခက်တယ်။

တချို့တွေ သိပ်သဘောကောင်းသလို၊ ဖော်ရွေသလို ထင်ရတယ်။ ဒါပေမဲ့ စားပွဲထိုးကလေးကို၊ သူ့အိမ်က အိမ်အကူကို၊ နောက်ဆုံး တိရစ္ဆာန်လေးတစ်ကောင်ကောင်ကို မောက်မာနေတာ၊ နှိမ့်ချဆက်ဆံနေတာ၊ အနိုင်ကျင့်နေတာ တွေ့လိုက်ရတဲ့အခါမှ သူတို့ရဲ့ စိတ်အမှန်က ပေါ်တာ။ တစ်ခါတစ်လေ ဒေါသထွက်နေတုန်း ဆက်ဆံပြောဆိုမိတာ မဟုတ်ဘဲ ပုံမှန်ဆက်ဆံတဲ့ ပုံစံကိုက အဲ့လိုအနိုင်ယူသလို ဖြစ်နေတာမျိုးတွေ မြင်ရရင်၊ သူ့ဟာသူ ဘယ်လောက်ကြီးပဲ ချမ်းသာ အောင်မြင်နေပါစေပါ၊ စိတ်ထဲ အတော်လေး အထင်သေးမိတယ်။

ကိုယ့်ကို ခွန်အား အားဖြင့် ဘာမှပြန်မလုပ်နိုင်တဲ့ မိန်းမကို ရိုက်နှက်တာမျိုး၊ ဒီဝန်ထမ်းလေးက လစာရတဲ့အလုပ်တစ်ခု လိုအပ်နေတော့ ထွက်လို့မရတာသိလို့ ဖိထောင်းနေတာမျိုး၊ ငါက Customer ပဲ ဆိုပြီး အမှားသေးသေးလေးကို ပုံကြီးချဲ့ Complain လုပ်နေတာမျိုး၊ အဲ့လို ကိုယ့်ကို ဘာမှ ပြန်မလုပ်နိုင်တာ သိသိကြီးနဲ့ အနိုင်ယူနေတာ တွေးကြည့်ရင် သိပ်ရှက်စရာကောင်းတယ်။

ကျွန်တော့်ဘဝမှာ ဘယ်တော့မှ မဖားပါဘူးလို့တော့ အာမမခံရဲဘူး။ ဒါ ရိုးရိုးသားသား ပြောတာ။ သို့သော် ကိုယ့်ထက် နိမ့်ပါးသူကို အမြဲလေးလေးစားစား ဆက်ဆံမယ်လို့တော့ ကိုယ့်ကိုယ်ကိုယ် ကတိပေးထားတယ်။

သူတို့နဲ့ ပတ်သက်လို့ အကြောင်းကြောင်းကြောင့် ဒေါသထွက်မိတောင် တတ်နိုင်သလောက် ကြိုးစားပြီး ထိန်းတယ်။ ရန်မလိုဘူး။ ဖိမထောင်းဘူး။ နဂိုကတည်းက နိမ့်ပါးနေသူတွေ ခဏထားဦး၊ ကိုယ့်သူငယ်ချင်းတွေ၊ အသိမိတ်ဆွေတွေ၊ လေးစားရတဲ့သူတွေထဲကတောင် ကိုယ့်ကို ယုံကြည်လို့ ပြောထားတဲ့ လျှို့ဝှက်ချက်တွေ၊ ကိုယ် မထင်မှတ်ဘဲ သိခဲ့ရတဲ့ သူ့အကြောင်းတွေဟာ သူနဲ့ကိုယ်နဲ့ ဘယ်လိုဆက်ဆံရေး ဖြစ်သွားပါစေ၊ ကိုယ့်အတွက် နိုင်ကွက်အနေနဲ့ ဘယ်တော့မှ အသုံးမချဘူး။

ဘဝမှာ ကိုယ်လည်း အရှုံးပေးမနေချင်၊ အနိုင်ကျင့်မခံချင်လို့ ဘယ်သူ့ကိုမှလည်း အနိုင်မယူချင်ဘူး။ အနိုင်ယူလို့ ရတဲ့သူကိုဆို ပိုလို့ အနိုင်မယူချင်ဘူး။ အကြောင်းကတော့ ရှင်းတယ်၊ ရှက်လို့ပဲ။

ဒေါက်တာ ဖြိုးသီဟ
၂၂.၁၀.၂၀၁၉

 

မိမိတတ်ချင်တဲ့ အတတ်ပညာတွေကို တကူးတက လိုက်ရှာနေစရာမလိုဘဲ ဆရာနှင့်ကျောင်းသားတစ်ဦးချင်းစီ ထိထိရောက်ရောက်သင်ပေးနိုင်တဲ့ ဆရာတွေကို sayar.com website ထဲမှာ ဝင်ရောက်ရှာဖွေနိုင်ပါတယ်။ ရှာဖွေရန်အတွက် ၎င်း Link အား နှိပ်ပါ( https://www.sayar.com.mm/subjects.html )

Read times Last modified on Wednesday, 08 January 2020 17:05
Rate this articles
(0 votes)