×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 29 October 2019

"အသက္ ၂၀ ေက်ာ္လာရင္ သင့္အေနနဲ ့ မျဖစ္မေန စြန္ ့လႊတ္လိုက္သင့္တဲ့ အရာ (၉) ခု"

"အသက္ ၂၀ ေက်ာ္လာရင္ သင့္အေနနဲ ့ မျဖစ္မေန စြန္ ့လႊတ္လိုက္သင့္တဲ့ အရာ (၉) ခု" google.com

"အသက္ ၂၀ ေက်ာ္လာရင္ သင့္အေနနဲ ့ မျဖစ္မေန စြန္ ့လႊတ္လိုက္သင့္တဲ့ အရာ (၉) ခု"
ေအာင္ျမင္ေက်ာ္ၾကားတဲ့ သူေတြရဲ႕ေနာက္ကြယ္မွာ ခါးသီးတဲ့ စည္းကမး္ေတြရွိပါတယ္။ ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကို ဦးစားေပးျပီး ဆႏၵကုိ သိကၡဏာနဲ႔ထိန္းသိမ္းတတ္တဲ့သူေတြ၊ စိတ္ကူးအိပ္မက္ၾကီးၾကီးမားမားပိုင္ဆိုင္ထားတဲ့ သူေတြဟာ တစ္ခ်ိန္မွာေတာ့ တကယ့္ကို လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္တဲ့သူေတြ ျဖစ္လာပါေတာ့တယ္။

 

ခုေဖာ္ျပေပးမွာကေတာ့ ကိုယ္ဝါသနာပါရာလိုင္းေတြမွာ အျမင့္ဆံုးေသာေအာင္ျမင္မႈေတြ ရခ်င္တဲ့သူေတြအတြက္ ၂၀ ေက်ာ္အရြယ္ကေန စတင္ ျပဳျပင္သင့္တဲ့ အခ်က္ေလးေတြပဲျဖစ္ပါတယ္။ ၾကီးမားတဲ့စိတ္ကူးေတြ၊ အိပ္မက္ေတြရွိတဲ့ လူငယ္ေတြအတြက္ တကယ္ကို ဖတ္သင့္တဲ့ေဆာင္းပါးေလးတစ္ပုဒ္လညး္ျဖစ္ပါတယ္။


(၁) ဆံုးျဖတ္ခ်က္ေတြကို ျပန္ရွင္းျပ မေနပါနဲ႔ေတာ့

သင္ဘာေၾကာင့္ ဒီအရာကို ဆံုးျဖတ္ခဲ့တာလဲ၊ ဒီလမး္ေၾကာင္းကို ေရြးခ်ယ္ခဲ့တာလည္း ဆိုတာနဲ႔ပတ္သက္ျပီး ကုိယ့္ဘဝအတြက္ တကယ္ကို အေရးပါတဲ့သူေတြကလြဲရင္ ရွင္းျပမေနပါနဲ႔ေတာ့။ ဆံုးျဖတ္ခ်က္ခ်ခဲ့ျပီးသား၊ ေရြးခ်ယ္ခဲ့ျပီးသားအရာေတြအတြက္ ငါမွားမ်ားမွားသြားျပီလားဆိုတဲ့ သံသယေတြ၊ဒြိဟစိတ္ေတြကို ေဖ်ာက္လိုက္ပါ။

 

(၂) ရည္မွန္းခ်က္ေတြကို အာရံုစိုက္ပါ

သင့္ဘဝမွာ မေကာင္းတဲ့သူေတြ၊ သင့္ကုိ စိတ္အေႏွာက္အယွက္ ျဖစ္ေစတဲ့သူေတြကုိ ႏႈတ္ဆက္လိုက္ပါေတာ့။ အနာဂတ္မွာ သင္လိုခ်င္တဲ့ ပန္းတိုင္ကိုသာ ေမွ်ာ္မွန္းျပီး လက္ေတြ႕အေကာင္အထည္ ေဖာ္ဖို႔ကိုသာ စတင္ျပီး အာရံုစိုက္ပါ။

 

(၃) ေၾကကြဲစရာေတြကို ေမ့လုိက္ပါ

အတိတ္ကျဖစ္ပ်က္ခဲ့တဲ့ ဝမး္နည္းစရာ၊ ေၾကကြဲစရာ၊ ေဆြးစရာ၊ လြမး္စရာေတြ အားလံုးကုိ ေမ့လိုက္ပါ။ ဒီအရာေတြက ဘဝမဟုတ္ပါဘူး။ ဘဝတက္လမ္း္ကို ပိတ္ပင္တဲ့ အတားအဆီးေတြသာ ျဖစ္တာေၾကာင့္ ထားခဲ့လိုက္ပါေတာ့။

 

(၄) သူမ်ားအၾကိဳက္ မေနပါနဲ႔ေတာ့

မွန္ေရွ႕မွာပဲ အခ်ိန္ေတြကုန္ျပီး အလွေတြျပင္၊ အဝတ္အစားေတြ တစ္ထည္ျပီး တစ္ထည္ေရြး၊ ကိုယ့္ကိုယ္ကို စိတ္တိုင္းမက်တဲ့ ေန႔ေတြအားလံုးကို အဆံုးသတ္လိုက္ပါေတာ့။ သူမ်ားေတြ ဘယ္လိုျမင္မွာ၊ ဘယ္လိုေျပာမွာ စတာေတြကို ဂရုမစိုက္ပဲ သင္တကယ္ လုပ္ခ်င္စိတ္ရွိမွ လုပ္ပါ။ သူမ်ားအၾကိဳက္ လိုက္မေနပါနဲ႔ေတာ့။

 

(၅) ဟန္ေဆာင္တာေတြ ရပ္လုိက္ပါ

ေက်ာင္းမွာ ေပၚျပဴလာအျဖစ္ဆံုးေကာင္မေလးတစ္ေယာက္ေယာက္၊ ဒါမွမဟုတ္ နာမည္ေက်ာ္တစ္ေယာက္ေယာက္ရဲ႕ ပံုစံတူကို လိုက္ျပီး မေနပါနဲ႔။ သင့္ရဲ႕အရွိကိုအရွိအတိုင္းလက္ခံတတ္ျပီး သင့္ရဲ႕ပင္ကုိယ္သဘာဝမွာ ေပ်ာ္ေပ်ာ္ေနတတ္ဖို႔၊ စိတ္ေက်နပ္ဖို႔ အခုကစျပီး သင္ယူပါ။

Recommended For You >>> " အဂၤလိပ္စာ Listening Skill တုိးတက္ေအာင္ ေလ့က်င့္နည္း "

 

(၆) ကိုယ္ႏွစ္သက္တဲ့ အလုပ္အကိုင္ကုိပဲေရြးပါ

သူမ်ားေတြ မင္းသမီးျဖစ္လုိ႔ သင္မင္းသမီးျဖစ္စရာမလိုပါဘူး။ သင့္ရဲ႕ ရည္မွန္းခ်က္၊ သင့္ရဲ႕ဘဝဟာ သင့္လက္ထဲမွာပဲရွိပါတယ္။ ဒါေၾကာင့္ သင္ဝါသနာမပါေပမယ့္ ဂုဏ္ရွိေစမယ့္ အလုပ္အကိုင္ေတြထက္ ဂုဏ္ေတြဘာမွ မရွိရင္ေတာင္ သင္ႏွစ္သက္တဲ့ အလုပ္မ်ိဳးကုိပဲ ေရြးခ်ယ္ပါ။

 

(၇) ခႏၶာကုိယ္ကုိဂရုမစုိက္တာေတြ မလုပ္ပါနဲ႔ေတာ့

သင့္ရဲ႕ ခႏၶာကိုယ္ၾကီးဟာ အမိႈက္ပံုမဟုတ္ပါဘူး။ ဒါေၾကာင့္ ေသေသခ်ာခ်ာ ျပဳစုတတ္ဖို႔၊ ေသေသခ်ာခ်ာ ခ်စ္တတ္ဖို႔ လိုအပ္ပါတယ္။ လိုအပ္တဲ့ ေလ့က်င့္ခန္း၊ ကိုယ္လက္လႈပ္ရွားမႈေတြ ျပဳလုပ္ေပးတာ၊ က်န္းမာေရးနဲ႔ညီညြတ္တဲ့ အစားအစာမ်ိဳးေတြ ေရြးခ်ယ္စားသံုးေပးတာေတြကို အခုကစျပီး လုပ္သင့္ပါျပီ။ သင္အသက္ၾကီးလာတဲ့အခါ ဒီအရာေတြအတြက္ ေက်းဇူးတင္ေနမွာပါ။

 

(၈) ေပ်ာ္ရႊင္ဖို႔အတြက္ အခ်စ္လိုတယ္ဆိုတဲ့အေတြးမ်ိဳးမေတြးပါနဲ႔ေတာ့

သင့္ဘဝမွာ ေပ်ာ္ရႊင္မႈကို ေတြ႕ရွိရဖို႔အတြက္ ခ်စ္သူတစ္ေယာက္လိုအပ္တယ္၊ မျဖစ္မေန ခ်စ္သူရွိမွရမယ္ဆိုတဲ့ အေတြးမ်ိဳးကို လံုးဝရပ္လုိက္ပါ။ အမွန္တကယ္ကေတာ့ ေပ်ာ္ရႊင္မႈဆိုတာ သင့္ရဲ႕ေရြးခ်ယ္မႈပါပဲ။ တစ္ေယာက္တည္းျဖစ္ေနရင္ေတာင္ ေပ်ာ္ေပ်ာ္ေနတတ္ဖို႔ သင္ယူပါ။

 

(၉) တျခားသူေတြနဲ႔ ႏိႈင္းယွဥ္ေနတာေတြရပ္လုိက္ပါ

သင္ဟာ ဘယ္ေတာ့မွတျခားလူမျဖစ္သြားႏိုင္သလို၊ တျခားသူတစ္ေယာက္ေယာက္ကလည္း သင္ျဖစ္လာႏိုင္မွာမဟုတ္ပါဘူး။ ဒါေၾကာင့္ သင့္ကုိသင္ သူမ်ားေတြနဲ႔ ႏိႈင္းယွဥ္တာမ်ိဳးေတြ ရပ္လုိက္ပါ။ သင္ဟာ ကမၻာေပၚမွာ တစ္ဦးတည္းေသာ ျပိဳင္စံရွားလူတစ္ေယာက္ျဖစ္တယ္ဆိုတာ စတင္လက္ခံလိုက္ပါ။

အဂၤလိပ္ဘာသာစကားသင္ၾကားေပးေသာဆရာ၊ ဆရာမမ်ား >>> https://www.sayar.com.mm/subjects/all-teachers/subject-496.html

Graphic Design သင္ၾကားေပးေသာဆရာ၊ ဆရာဆရာမ်ား >>> https://www.sayar.com.mm/subjects/all-teachers/subject-269.html

အျခားေသာ ဘာသာရပ္မ်ားသင္ၾကားေပးေသာဆရာ၊ ဆရာမမ်ား >>> https://www.sayar.com.mm/subjects.html

 

UNICODE

"အသက် ၂၀ ကျော်လာရင် သင့်အနေနဲ့ မဖြစ်မနေ စွန့်လွှတ်လိုက်သင့်တဲ့ အရာ (၉) ခု"

အောင်မြင်ကျော်ကြားတဲ့ သူတွေရဲ့နောက်ကွယ်မှာ ခါးသီးတဲ့ စည်းကမ်းတွေရှိပါတယ်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပြီး ဆန္ဒကို သိက္ခဏာနဲ့ထိန်းသိမ်းတတ်တဲ့သူတွေ၊ စိတ်ကူးအိပ်မက်ကြီးကြီးမားမားပိုင်ဆိုင်ထားတဲ့ သူတွေဟာ တစ်ချိန်မှာတော့ တကယ့်ကို လျှမ်းလျှမ်းတောက်အောင်မြင်တဲ့သူတွေ ဖြစ်လာပါတော့တယ်။

ခုဖော်ပြပေးမှာကတော့ ကိုယ်ဝါသနာပါရာလိုင်းတွေမှာ အမြင့်ဆုံးသောအောင်မြင်မှုတွေ ရချင်တဲ့သူတွေအတွက် ၂၀ ကျော်အရွယ်ကနေ စတင် ပြုပြင်သင့်တဲ့ အချက်လေးတွေပဲဖြစ်ပါတယ်။ ကြီးမားတဲ့စိတ်ကူးတွေ၊ အိပ်မက်တွေရှိတဲ့ လူငယ်တွေအတွက် တကယ်ကို ဖတ်သင့်တဲ့ဆောင်းပါးလေးတစ်ပုဒ်လည်းဖြစ်ပါတယ်။


(၁) ဆုံးဖြတ်ချက်တွေကို ပြန်ရှင်းပြ မနေပါနဲ့တော့

သင်ဘာကြောင့် ဒီအရာကို ဆုံးဖြတ်ခဲ့တာလဲ၊ ဒီလမ်းကြောင်းကို ရွေးချယ်ခဲ့တာလည်း ဆိုတာနဲ့ပတ်သက်ပြီး ကိုယ့်ဘဝအတွက် တကယ်ကို အရေးပါတဲ့သူတွေကလွဲရင် ရှင်းပြမနေပါနဲ့တော့။ ဆုံးဖြတ်ချက်ချခဲ့ပြီးသား၊ ရွေးချယ်ခဲ့ပြီးသားအရာတွေအတွက် ငါမှားများမှားသွားပြီလားဆိုတဲ့ သံသယတွေ၊ဒွိဟစိတ်တွေကို ဖျောက်လိုက်ပါ။

 

(၂) ရည်မှန်းချက်တွေကို အာရုံစိုက်ပါ

သင့်ဘဝမှာ မကောင်းတဲ့သူတွေ၊ သင့်ကို စိတ်အနှောက်အယှက် ဖြစ်စေတဲ့သူတွေကို နှုတ်ဆက်လိုက်ပါတော့။ အနာဂတ်မှာ သင်လိုချင်တဲ့ ပန်းတိုင်ကိုသာ မျှော်မှန်းပြီး လက်တွေ့အကောင်အထည် ဖော်ဖို့ကိုသာ စတင်ပြီး အာရုံစိုက်ပါ။

 

(၃) ကြေကွဲစရာတွေကို မေ့လိုက်ပါ

အတိတ်ကဖြစ်ပျက်ခဲ့တဲ့ ဝမ်းနည်းစရာ၊ ကြေကွဲစရာ၊ ဆွေးစရာ၊ လွမ်းစရာတွေ အားလုံးကို မေ့လိုက်ပါ။ ဒီအရာတွေက ဘဝမဟုတ်ပါဘူး။ ဘဝတက်လမ်းကို ပိတ်ပင်တဲ့ အတားအဆီးတွေသာ ဖြစ်တာကြောင့် ထားခဲ့လိုက်ပါတော့။

 

(၄) သူများအကြိုက် မနေပါနဲ့တော့

မှန်ရှေ့မှာပဲ အချိန်တွေကုန်ပြီး အလှတွေပြင်၊ အဝတ်အစားတွေ တစ်ထည်ပြီး တစ်ထည်ရွေး၊ ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျတဲ့ နေ့တွေအားလုံးကို အဆုံးသတ်လိုက်ပါတော့။ သူများတွေ ဘယ်လိုမြင်မှာ၊ ဘယ်လိုပြောမှာ စတာတွေကို ဂရုမစိုက်ပဲ သင်တကယ် လုပ်ချင်စိတ်ရှိမှ လုပ်ပါ။ သူများအကြိုက် လိုက်မနေပါနဲ့တော့။

 

(၅) ဟန်ဆောင်တာတွေ ရပ်လိုက်ပါ

ကျောင်းမှာ ပေါ်ပြူလာအဖြစ်ဆုံးကောင်မလေးတစ်ယောက်ယောက်၊ ဒါမှမဟုတ် နာမည်ကျော်တစ်ယောက်ယောက်ရဲ့ ပုံစံတူကို လိုက်ပြီး မနေပါနဲ့။ သင့်ရဲ့အရှိကိုအရှိအတိုင်းလက်ခံတတ်ပြီး သင့်ရဲ့ပင်ကိုယ်သဘာဝမှာ ပျော်ပျော်နေတတ်ဖို့၊ စိတ်ကျေနပ်ဖို့ အခုကစပြီး သင်ယူပါ။

Recommended For You >>> " အင်္ဂလိပ်စာ Listening Skill တိုးတက်အောင် လေ့ကျင့်နည်း "

 

(၆) ကိုယ်နှစ်သက်တဲ့ အလုပ်အကိုင်ကိုပဲရွေးပါ

သူများတွေ မင်းသမီးဖြစ်လို့ သင်မင်းသမီးဖြစ်စရာမလိုပါဘူး။ သင့်ရဲ့ ရည်မှန်းချက်၊ သင့်ရဲ့ဘဝဟာ သင့်လက်ထဲမှာပဲရှိပါတယ်။ ဒါကြောင့် သင်ဝါသနာမပါပေမယ့် ဂုဏ်ရှိစေမယ့် အလုပ်အကိုင်တွေထက် ဂုဏ်တွေဘာမှ မရှိရင်တောင် သင်နှစ်သက်တဲ့ အလုပ်မျိုးကိုပဲ ရွေးချယ်ပါ။

 

(၇) ခန္ဓာကိုယ်ကိုဂရုမစိုက်တာတွေ မလုပ်ပါနဲ့တော့

သင့်ရဲ့ ခန္ဓာကိုယ်ကြီးဟာ အမှိုက်ပုံမဟုတ်ပါဘူး။ ဒါကြောင့် သေသေချာချာ ပြုစုတတ်ဖို့၊ သေသေချာချာ ချစ်တတ်ဖို့ လိုအပ်ပါတယ်။ လိုအပ်တဲ့ လေ့ကျင့်ခန်း၊ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ပေးတာ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာမျိုးတွေ ရွေးချယ်စားသုံးပေးတာတွေကို အခုကစပြီး လုပ်သင့်ပါပြီ။ သင်အသက်ကြီးလာတဲ့အခါ ဒီအရာတွေအတွက် ကျေးဇူးတင်နေမှာပါ။

 

(၈) ပျော်ရွှင်ဖို့အတွက် အချစ်လိုတယ်ဆိုတဲ့အတွေးမျိုးမတွေးပါနဲ့တော့

သင့်ဘဝမှာ ပျော်ရွှင်မှုကို တွေ့ရှိရဖို့အတွက် ချစ်သူတစ်ယောက်လိုအပ်တယ်၊ မဖြစ်မနေ ချစ်သူရှိမှရမယ်ဆိုတဲ့ အတွေးမျိုးကို လုံးဝရပ်လိုက်ပါ။ အမှန်တကယ်ကတော့ ပျော်ရွှင်မှုဆိုတာ သင့်ရဲ့ရွေးချယ်မှုပါပဲ။ တစ်ယောက်တည်းဖြစ်နေရင်တောင် ပျော်ပျော်နေတတ်ဖို့ သင်ယူပါ။

 

(၉) တခြားသူတွေနဲ့ နှိုင်းယှဉ်နေတာတွေရပ်လိုက်ပါ

သင်ဟာ ဘယ်တော့မှတခြားလူမဖြစ်သွားနိုင်သလို၊ တခြားသူတစ်ယောက်ယောက်ကလည်း သင်ဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် သင့်ကိုသင် သူများတွေနဲ့ နှိုင်းယှဉ်တာမျိုးတွေ ရပ်လိုက်ပါ။ သင်ဟာ ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော ပြိုင်စံရှားလူတစ်ယောက်ဖြစ်တယ်ဆိုတာ စတင်လက်ခံလိုက်ပါ။

အင်္ဂလိပ်ဘာသာစကားသင်ကြားပေးသောဆရာ၊ ဆရာမများ >>> https://www.sayar.com.mm/subjects/all-teachers/subject-496.html

Graphic Design သင်ကြားပေးသောဆရာ၊ ဆရာဆရာများ >>> https://www.sayar.com.mm/subjects/all-teachers/subject-269.html

အခြားသော ဘာသာရပ်များသင်ကြားပေးသောဆရာ၊ ဆရာမများ >>> https://www.sayar.com.mm/subjects.html

 

Sources : Shweman

sayar.com.mm

 

 

Read times Last modified on Wednesday, 08 January 2020 17:02
Rate this articles
(0 votes)