×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 06 November 2019

ရင့္က်က္လာသူေတြရဲ႕ သဘာဝ

ရင့္က်က္လာသူေတြရဲ႕ သဘာဝ pexels

စိတ္ေကာက္တယ္ဆုိတာ ဆယ့္ေျခာက္ႏွစ္အရြယ္ အလုပ္ပါ။ စိတ္ဆုိးတယ္ဆုိတာမရင့္က်က္ေသးတဲ့အရြယ္ သဘာဝပါ။

စိတ္နာေပမယ့္လည္းပဲ ခြင့္လႊတ္ႏူိင္တယ္ဆုိတာက ရင့္က်က္သူေတြရဲ႕ သဘာဝပါ။

မေျပာခ်င္ေပမယ့္လည္းပဲ ျပဳံးျပႏူိင္တာ ရင့္က်က္သူေတြရဲ႕ သဘာဝပါ။

နာက်င္ေနေနေပမယ့္ ဘာမွမျဖစ္သလုိ ေနႏူိင္တာကလည္း ရင့္က်က္ေနသူေတြရဲ႕ ထိမ္းခ်ဳပ္ႏူိင္စြမ္းပါပဲ။

ေဒါသျဖစ္ေနေပမယ့္ အျပင္ကုိထုတ္မျပတတ္တာ ရင့္က်က္သူေတြရဲ႕ ဂုဏ္သတၱိပါပဲ။

ရင့္က်က္လာျခင္းဆုိတာက ဟန္ေဆာင္လာျခင္းမဟုတ္ဘဲ သဘာဝကုိသိနားလည္ လက္ခံလာႏူိင္ၿပီး မေကာင္းတဲ့ စိတ္ကုိ ဥပကၡာျပဳ ထိမ္းခ်ဳပ္လာႏူိင္ျခင္း ျဖစ္ပါတယ္။

 

"မငယ္ေတာ့တဲ့အခါ"
------------------------------

လူစည္စည္ အသံဆူဆူ ေပ်ာ္ပဲြရႊင္ပဲြေတြသြားဖို႔ထက္ လူရွင္းရွင္း နားေအးေအးေနရာမွာ သက္ေတာင့္သက္သာေလး ပိုေနခ်င္လာတယ္။

အေပၚယံမိတ္ေဆြ မ်ားမ်ားစားစားရွိဖို႔ထက္ ရင္ဖြင့္ေဖာ္သူငယ္ခ်င္း တစ္ေယာက္တစ္ေလေလာက္ရွိေနရင္ပဲ လုံေလာက္လာတယ္။

ဘာမျဖစ္လို႔ ေသေလာက္ေအာင္စိတ္ညစ္တယ္ ဆိုတာေတြလည္း နည္းလာၿပီး
ျဖစ္လာသမ်ွကို အရင္ကထက္ ပိုလက္ခံႏိုင္လာတယ္။

ဘာရလို႔ ပိုေပ်ာ္တယ္ ဆိုတာလည္း မရွိသေလာက္ ရွားသြားၿပီး ရွိလာတဲ့အေပ်ာ္ေတြ ျပန္ေပ်ာက္သြားရင္လည္း
အလိုက္သင့္ေလး ေနတတ္လာတယ္။

ေငြတန္ဖိုးကို ပိုသိလာတယ္ မိဘေဆြမ်ိဳးအသိုင္းအဝိုင္းရဲ႕တန္ဖိုးကို ပိုျမင္တတ္လာတယ္။

ကိုယ့္အေပၚ မေကာင္းတဲ့သူေတြကို သည္းခံႏိုင္လာၿပီး ကိုယ့္အေပၚေကာင္းတဲ့သူေတြကို ပိုခ်စ္တတ္လာတယ္။

အလွအပထက္ က်န္းမာေရးကို ဂရုစိုက္တတ္လာၿပီး ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကိုလည္းဦးစားေပးတတ္လာတယ္

ႀကီးရင့္ျခင္းဆိုတာႏုပ်ိဳလန္းဆန္းျခင္းရဲ႕ အဆုံးသတ္ျဖစ္ေပမယ့္ တည္ၿငိမ္ရင့္က်က္ျခင္းရဲ႕ အစျဖစ္ေၾကာင္းကိုလည္း ေျပာင္းလဲစျပဳလာတဲ့

ကိုယ့္စိတ္ေနသေဘာထားေတြဆီကေနတစ္ဆင့္ သတိထား လက္ခံတတ္လာတယ္...။

ရင့္က်က္သူတစ္ေယာက္ဆုိတာ ပညာအတတ္ပညာနဲ႔ေတြကုိလည္း ေခတ္နဲ႔အညီ အနည္းနဲ႔အမ်ား တတ္ေျမာက္ထားၾကပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႔ မိမိတတ္ခ်င္တဲ့ ပညာရပ္ေတြကုိ ရွာေဖြေနတယ္ဆုိရင္ေတာ့ ဆရာတစ္ဦးခ်င္းဆီအနီးကပ္သင္ေပးတဲ့ sayar.com.mm ထဲမွ ၄င္း link (https://www.sayar.com.mm/subjects.html  ) ထဲကုိဝင္ျပီး မိမိတတ္ေျမာက္ခ်င္တဲ့ ပညာရပ္မ်ားကုိရွာေဖြျပီး သင္ယူႏုိင္ပါတယ္။

 

(unicode)

စိတ်ကောက်တယ်ဆိုတာ ဆယ့်ခြောက်နှစ်အရွယ် အလုပ်ပါ။ စိတ်ဆိုးတယ်ဆိုတာမရင့်ကျက်သေးတဲ့အရွယ် သဘာဝပါ။

စိတ်နာပေမယ့်လည်းပဲ ခွင့်လွှတ်နိူင်တယ်ဆိုတာက ရင့်ကျက်သူတွေရဲ့ သဘာဝပါ။

မပြောချင်ပေမယ့်လည်းပဲ ပြုံးပြနိူင်တာ ရင့်ကျက်သူတွေရဲ့ သဘာဝပါ။

နာကျင်နေနေပေမယ့် ဘာမှမဖြစ်သလို နေနိူင်တာကလည်း ရင့်ကျက်နေသူတွေရဲ့ ထိမ်းချုပ်နိူင်စွမ်းပါပဲ။

ဒေါသဖြစ်နေပေမယ့် အပြင်ကိုထုတ်မပြတတ်တာ ရင့်ကျက်သူတွေရဲ့ ဂုဏ်သတ္တိပါပဲ။

ရင့်ကျက်လာခြင်းဆိုတာက ဟန်ဆောင်လာခြင်းမဟုတ်ဘဲ သဘာဝကိုသိနားလည် လက်ခံလာနိူင်ပြီး မကောင်းတဲ့ စိတ်ကို ဥပက္ခာပြု ထိမ်းချုပ်လာနိူင်ခြင်း ဖြစ်ပါတယ်။

"မငယ်တော့တဲ့အခါ"
------------------------------

လူစည်စည် အသံဆူဆူ ပျော်ပွဲရွှင်ပွဲတွေသွားဖို့ထက် လူရှင်းရှင်း နားအေးအေးနေရာမှာ သက်တောင့်သက်သာလေး ပိုနေချင်လာတယ်။

အပေါ်ယံမိတ်ဆွေ များများစားစားရှိဖို့ထက် ရင်ဖွင့်ဖော်သူငယ်ချင်း တစ်ယောက်တစ်လေလောက်ရှိနေရင်ပဲ လုံလောက်လာတယ်။

ဘာမဖြစ်လို့ သေလောက်အောင်စိတ်ညစ်တယ် ဆိုတာတွေလည်း နည်းလာပြီး
ဖြစ်လာသမျှကို အရင်ကထက် ပိုလက်ခံနိုင်လာတယ်။

ဘာရလို့ ပိုပျော်တယ် ဆိုတာလည်း မရှိသလောက် ရှားသွားပြီး ရှိလာတဲ့အပျော်တွေ ပြန်ပျောက်သွားရင်လည်း
အလိုက်သင့်လေး နေတတ်လာတယ်။

ငွေတန်ဖိုးကို ပိုသိလာတယ် မိဘဆွေမျိုးအသိုင်းအဝိုင်းရဲ့တန်ဖိုးကို ပိုမြင်တတ်လာတယ်။

ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို သည်းခံနိုင်လာပြီး ကိုယ့်အပေါ်ကောင်းတဲ့သူတွေကို ပိုချစ်တတ်လာတယ်။

အလှအပထက် ကျန်းမာရေးကို ဂရုစိုက်တတ်လာပြီး ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုလည်းဦးစားပေးတတ်လာတယ်

ကြီးရင့်ခြင်းဆိုတာနုပျိုလန်းဆန်းခြင်းရဲ့ အဆုံးသတ်ဖြစ်ပေမယ့် တည်ငြိမ်ရင့်ကျက်ခြင်းရဲ့ အစဖြစ်ကြောင်းကိုလည်း ပြောင်းလဲစပြုလာတဲ့

ကိုယ့်စိတ်နေသဘောထားတွေဆီကနေတစ်ဆင့် သတိထား လက်ခံတတ်လာတယ်...။

ရင့်ကျက်သူတစ်ယောက်ဆိုတာ ပညာအတတ်ပညာနဲ့တွေကိုလည်း ခေတ်နဲ့အညီ အနည်းနဲ့အများ တတ်မြောက်ထားကြပါတယ်။ ဒါကြောင့် သင့်အနေနဲ့ မိမိတတ်ချင်တဲ့ ပညာရပ်တွေကို ရှာဖွေနေတယ်ဆိုရင်တော့ ဆရာတစ်ဦးချင်းဆီအနီးကပ်သင်ပေးတဲ့ sayar.com.mm ထဲမှ ၎င်း link (https://www.sayar.com.mm/subjects.html ) ထဲကိုဝင်ပြီး မိမိတတ်မြောက်ချင်တဲ့ ပညာရပ်များကိုရှာဖွေပြီး သင်ယူနိုင်ပါတယ်။

 

Credit - Thi Ha

Read times Last modified on Wednesday, 08 January 2020 17:31
Rate this articles
(0 votes)