×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Tuesday, 22 August 2017

အတွေးအခေါ်များ နှင့် ရှင်သန်ခြင်း

အတွေးအခေါ်များ နှင့် ရှင်သန်ခြင်း google.com

အောင်မြင်မှုနဲ့ ကိုယ့်ရဲ့ အတွေးအခေါ် လက်ခံယုံကြည်မှုတို့ ဆက်သွယ်မှုရှိရဲ့လား။ ပိုပြီး အလုပ်ကြိုးစား မယ်၊ တခါတလေကံကောင်းခြင်းတွေကနေ အောင်မြင်မှုရမယ်…ဒါတွေတင်မကပါဘူး

သင်လက်ခံထားတဲ့ ပုံစံကျနေတဲ့ တွေးခေါ်မှုတွေက လုပ်ဆောင်မှုတိုင်းကို အောင်မြင်မှုရစေဖို့အတွက် အထောက်အပံ့ ဖြစ်စေပါတယ်။

ကျောင်းတက်တုန်းက သင့်ကိုသင်ပေးချင် သင်ပေးလိမ့်မယ်…အလုပ်ကောင်းကောင်းတစ်ခုရဖို့အတွက် အလုပ်ကြိုစားဖို့အတွက်။ အောင်မြင်မှုက သင့်ရှေ့ကိုမှော်ဆန်ဆန်ရောက်လာမည့်အလား အောင်မြင်မှု ရရှိဖို့ စောင့်ဆိုင်းနေတတ်ကြတယ်။ စောင့်ဆိုင်းနေရုံနဲ့တော့ ဘာမှဖြစ်မလာတာ သေချာပါတယ်။ သင့်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်အချို့ကို ပြောင်းလဲကြည့်ပြီး ပိုမိုကောင်းမွန်ပြည့်စုံပြီး အောင်မြင်တဲ့ အနာဂတ်ကို လျှောက်လှမ်းကြည့်ရအောင်။

၁. “ ဒီဟာကို ပိုကောင်းအောင်ဘယ်လိုလုပ်ရမလဲ” ဒီလိုမေးခွန်းမေးတတ်တဲ့အကျင့်လေးလုပ်ပေးပါ။ ပြီးတော့ သင့်ဘဝရဲ့ အခန်းကဏ္ဍတိုင်းမှာ ပြန်ပြီးအသုံးချပါ။ အရာအားလုံးက ဒီတိုင်းပဲတည်ရှိနေတာ မဟုတ်ပါဘူး။ ပိုပြီးကောင်းအောင်လုပ်ဆောင်နိုင်မယ့်နည်းလမ်းတွေ ရှိနေပါတယ်။ ပိုပြီးကောင်းအောင်လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ ရှိနေပါတယ်။ ရိုးရှင်းတဲ့နည်းလမ်းတွေ ကနေခွဲထွက်ပြီး အသစ်အဆန်းတွေကို ရှာဖွေပါ။

၂. စမ်းသပ်မှုတွေကို မျက်ချေမပြတ်ပါစေနဲ့။ သင်မကြိုးစားပဲနဲ့တော့ လက်ခံနိုင်တဲ့စမ်းသပ်မှုတစ်ခု ဖြစ်မလားဆိုတာ သင်မသိနိုင်ပါဘူး။ ဘဝဆိုတာ စမ်းသပ်မှုတွေနဲ့ ပြည့်နှက်နေတာပါ။ ဥပမာ ရက် ၃၀ လောက်အချိန်ပေးပြီး သင့်ရဲ့ကျန်းမာရေး၊ ပျော်ရွှင်မှု၊ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်းမှု၊ ငွေကြေး စသဖြင့်ပေါ့ ဘယ်လိုလုပ်ရင်ပိုကောင်းလာမလဲ ဆိုတဲ့ ရက်တိုစီမံကိန်းလေးနဲ့ စမ်းသပ်လုပ်ဆောင်ကြည့်ပါ။ ပြည့်သွား တဲ့အခါ ဘယ်အရာကပိုပြီး အလုပ်ဖြစ်လဲ ဘယ်ဟာကပိုပြီးနှစ်သက်စရာကောင်းလဲ ဘယ်ဟာကပိုပြီး ကြီးမားတဲ့ပြောင်းလဲမှုဖြစ်စေလဲ ကောင်းတဲ့အချက် အလေ့အကျင့်တွေကိုယူပြီး တခြားအသစ်တွေကို စမ်းသပ်လုပ်ဆောင်ကြည့်ပါ။

READ -သင့်ဘဝရဲ့ အဘိဓာန်ထဲမှာ ရှုံးနိမ့်မှုဆိုတဲ့ စကားလုံးကို ရေးထိုးမိအောင် တွန်းအားပေးနေတာတွေက!!!

၃. သင့်ရဲ့ ကြီးမားတဲ့ ပန်းတိုင်၊ ချမှတ်ထားတဲ့ ဘဝလမ်းကြောင်း၊ စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ် လုပ်ငန်းခွင် မှာပဲဖြစ်ဖြစ် အောင်မြင်စေမယ့်အချက်တွေကို မမေ့ပါနဲ့။ အသေးစိတ်အချက်အလက်တွေကို လျစ်လျူမရှုပါ နဲ့။ ပြဿနာတစ်ခုကြုံလာမယ်ဆိုရင် ဒီပြဿနာထဲက အခွင့်အလမ်းကို မြင်အောင်ကြည့်ပါ။

၎. သင့်ရဲ့ထင်မြင်ယူဆချက်ကို ဘယ်တော့မှ အပြည့်အဝမယုံပါနဲ့။ ထင်မြင်ယူဆချက်တွေက အန္တရာယ်ရှိ ပါတယ်။ ပြီးပြည့်စုံတဲ့သူ အားလုံးကိုသိတဲ့သူဆိုတာမရှိပါဘူး။ ဒါကြောင့်သင့်ရဲ့ ထင်မြင်ယူဆချက်တိုင်းက လည်းမမှန်နိုင်ပါဘူး။ မှားနိုင်တဲ့အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

၅. အကြပ်အတည်းတွေ အခက်အခဲတွေ ကြုံနေတယ်ဆိုရင်တောင် ဆင်ခြေပေးတာကို ရှောင်ရှားသင့်ပါ တယ်။ ဘယ်သူမှသင့်ရဲ့ဆင်ခြေစကားကို ကြားချင်မှာမဟုတ်ပါဘူး။ ဆင်ခြေတွေ အပြစ်တင်တာတွေကို လုပ်နေမယ့်အစား ဖြေရှင်းနိုင်မယ့်နည်းလမ်းကို စဉ်းစားသင့်ပါတယ်။

READ -ညဘက်အချိန်မှန်အိပ်ခြင်းက ပိုပြီး smart ကျစေတယ်ဆိုတာ သိပြီးပြီလား

၆. ကိုယ့်ကိုယ်ပျောက်ဆုံးမသွားဖို့ အရေးကြီးပါတယ်။ ကိုယ်ကိုယ်ကို တိုးတက်အောင်ပြုလုပ်တယ်ဆိုတာ ကောင်းမွန်တဲ့အချက်ပါပဲ။ ဒါပေမယ့် သင်စွမ်းဆောင်နိုင်တာထက် ပိုပြီး ကိုယ့်ကိုယ်ကို တိုးတက်အောင်ပြု လုပ်နိုင်တယ်ဆိုပြီး မတွေးထားပါနဲ့။ သင်က တစ်ယောက်တည်းသီးသန့်နေရတာကို နှစ်သက်တယ်ဆိုရင် အရောင်းပိုင်းမှာ အလုပ်မလုပ်သင့်ပါဘူး။ ကြိုးစားရင်တော့ တော်တဲ့အရောင်းဝန်ထမ်းကောင်းဖြစ်လာ နိုင်ပေမယ့် သင့်ပျော်ရွှင်မှုကို ခံစားရမှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို မြင်အောင်ကြည့်ပါ။

Source ; addicted2success

Read times Last modified on Monday, 30 December 2019 14:17
Rate this articles
(3 votes)