×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 20 November 2019

ကေလးေတြကို မဆိုးေအာင္ ဘယ္လိုထိန္းေက်ာင္းျပဳစုၾကမလဲ?

ကေလးေတြကို မဆိုးေအာင္ ဘယ္လိုထိန္းေက်ာင္းျပဳစုၾကမလဲ? google.com

ကေလးဆိုးေလးလို႕ဆိုလိုက္တာနဲ႕ မ်က္စိထဲ တန္းျမင္တာက ကစားစရာေတြ တအိမ္လံုးအျပည့္နဲ႕ ျပည့္စံုတဲ့ကေလးမ်ိဳးျဖစ္ေနတတ္ပါတယ္။

ဒါေပမဲ့ ကေလးတစ္ေယာက္ကို ဆိုးေစတာဟာ ပိုင္ဆိုင္မႈမ်ားျခင္းေၾကာင့္မဟုတ္ပါဘူး။ ထိန္းေက်ာင္းျပစုနည္း လြဲမွားေနလို႕ ျဖစ္ပါတယ္။
ကေလးဆိုးေတြဟာ အလိုၾကီးျပီး တကိုယ္ေကာင္းဆန္ကာ ဆင္ျခင္တံုတရား နည္းပါးပါတယ္။ သူတို႕ကို အလိုလိုက္တာဟာ ထိန္းရပိုလြယ္သေယာင္ထင္ ရေပမဲ့ သူတို႕လိုခ်င္တာဟူသမွ်ကို ရပါမ်ားရင္လည္း အထီးက်န္ဆန္ သြားျပီး ေလာကကို သံသယမ်ားလာတတ္ပါတယ္။

ဘာလို႕လဲ ဆိုေတာ့ သူတို႕လိုခ်င္တာရဖို႕ ႏြဲ႕ဆိုးဆိုးျပီးေတာင္းေနက်ဆိုေတာ့ သူမ်ားက ေပးတဲ့ အခါမွာေက်းဇူးတင္ရေကာင္းမွန္းလည္း မသိေတာ့ ပဲ ေမတၱာတရားကို မခံစားတတ္ေတာ့ပါဘူး။ မတင္းတိမ္မေရာင့္ရဲတတ္ျခင္းဟာ ကေလးရဲ႕စိတ္ကို ပင္ပန္းေစတာေၾကာင့္ ကေလးကို အလိုလိုက္လြန္းျခင္းဟာ ၾကီးျပင္းလာတဲ့ အခါ ဘ၀မွာရင္နာစရာေတြပိုမိုခံစားရေအာင္ လုပ္သလိုျဖစ္ေနပါတယ္။
မိဘေတြအေနျဖင့္ မိမိကေလးကို ဆိုးတဲ့အေျခအေနမေရာက္ေအာင္ အလုိမလိုက္ပဲ ထားဖို႕လည္း ခက္ခဲတတ္သျဖင့္ ကေလးဆိုးတစ္ဦးျဖစ္လာေစ တဲ့ အေၾကာင္းရင္းမ်ားကို မိဘမ်ားေရွာင္ရွားႏိုင္ဖို႕ ေဖာ္ျပေပးလိုက္ပါတယ္။


(၁) ကေလးရဲ႕ ဆႏၵတိုင္းကို နံပတ္ (၁)ထားျပီးျဖည့္ဆည္းေပးျခင္း
ကေလးရဲ႕ ဆႏၵတိုင္းကို တေလာကလံုးမွာ အေရးၾကီးဆံုးလို သေဘာထားျပီး လုိုက္ေလ်ာေပး တာဟာ ေလာကၾကီးတစ္ခုလံုးက သူ႕အလိုကို ျဖည့္ေပးရမယ္လို႕ မွားယြင္းမွတ္ယူလာေစပါတယ္။ အဲဒီအခါမွာ သူတပါး (မိသားစုအပါအ၀င္)ရဲ႕လိုအပ္ခ်က္ေတြ ဆႏၵေတြကို မျမင္တတ္ေတာ့ပါဘူး။ ကေလးေတြဟာ ေလာကမွာ အေပးအယူဆိုတာ ရွိေၾကာင္း သိဖို႕လိုအပ္ပါတယ္။ ယူရတာပဲမ်ားျပီး ေပးဖို႕မတတ္ေတာ့တဲ့အခါ ေပးဆပ္ျခင္းမွ ရရွိတဲ့ပီတိကို မခံစားဖူးတာေၾကာင့္ စိတ္ညစ္လြယ္တတ္ ပါတယ္။


(၂) ကေလးရဲ႕ ေကာင္းတဲ့အျပဳအမူေတြကို လ်စ္လ်ဴ႐ႈမိျခင္း
မိဘေတာ္ေတာ္မ်ားမ်ားဟာ ကေလးေတြ ေအးေဆးတိတ္ဆိတ္စြာ ကစားေနၾကခ်ိန္ေတြ၊ ျပႆနာမရွာခ်ိန္ေတြမွာ ခ်ီးက်ဴးစကား မဆိုမိတတ္ၾကပါဘူး။ ဆူညံတဲ့အခ်ိန္ေတြမွာ သူတို႕ကို ျပစ္တင္ေျပာဆိုခဲ့သလိုပဲ တိတ္ဆိတ္လိမၼာစြာ ကစားေနခ်ိန္မွာလည္း မပ်က္မကြက္ ခ်ီးက်ဴးစကားေျပာေပးပါ။ ေကာင္းတဲ့အျပဳအမူတစ္ခုခု လုပ္တိုင္းလည္း မျဖစ္မေန ခ်ီးမြမ္းေပးပါ။


(၃) မေကာင္းတဲ့ အျပဳအမူေတြကို မေတာ္တဆမွားယြင္း အေလးထားမိျခင္း
တခ်ိဳ႕မိေတြဟာ ကေလးေတြလိမၼာေနခ်ိန္မွာ သတိမျပဳမိတတ္ေတာ့ ကေလးေတြက ဆူပူေအာ္ဟစ္ျခင္းျဖင့္ ဂ႐ုစိုက္ခံရေအာင္ ျပဳလုပ္တတ္ပါတယ္။ ကေလးကို လိမၼာေနခ်ိန္ခ်ီးက်ဴးျခင္းကို မပ်က္မကြက္ျပဳလုပ္ပါက ကေလးက လိမၼာဖို႕ ပိုၾကိဳးစားမွာျဖစ္ျပီး မလိမၼာတဲ့အခ်ိန္ အလိုလိုက္ျခင္းက ပိုမိုဆိုးတဲ့ကေလးျဖစ္လာေစပါတယ္။


(၄) ကေလးအတြက္ စည္းကမ္းေတြကို ေသခ်ာခ်မွတ္ေပးဖို႕ ပ်က္ကြက္ျခင္း
အျပဳအမူေကာင္းေတြကို သတ္မွတ္ထားတဲ့ စည္းကမ္းေတြကို ေသခ်ာခ်မွတ္ မထားဘူးဆိုရင္ေတာ့ ကေလးဆိုးတစ္ေယာက္ရဲ႕ မိဘျဖစ္ဖို႕ အမ်ားၾကီး နီးစပ္ေနပါျပီ။ ကေလးဆိုတာ သဘာ၀အတိုင္း လိမၼာမလာႏိုင္ပါဘူး။ ဒါေၾကာင့္ အျပဳအမူေကာင္းေတြကို သတ္မွတ္ထားတဲ့ စည္းကမ္းေတြကို ေသခ်ာခ်မွတ္ျပီး ဆုေပး ဒဏ္ေပးစနစ္နဲ႕ ျပဳျပင္ထိန္းေက်ာင္းသင့္ပါတယ္။


(၅) စည္းကမ္းခ်မွတ္ထားတဲ့အတိုင္း တိတိက်က်မေဆာင္ရြက္ျခင္း
ကေလးကို မလုပ္ဖို႕တားျမစ္ထားတာေတြကို ကေလးက လုပ္တဲ့အခါ သတိမျပဳမိလိုက္ျခင္း၊ မအားလပ္သျဖင့္ အေထြအထူးမေျပာမိလိုက္ျခင္းတို႕ မျဖစ္သင့္ပါ။ ကေလးကို တားျမစ္ထားတဲ့ အရာကိုလည္း မိသားစုထဲတျခားသူ တစ္ဦးဦးက ကေလးေရွ႕မွာ ျပဳလုပ္ျခင္းကို ခြင့္မျပဳသင့္ပါ။ ဥပမာ စားစရာကုိ မေဆာ့ဖို႕ ကေလးကိုေျပာထားျပီးမွ သူ႕အထက္အၾကီးေလးက စားစရာ ကိုေဆာ့ေနတာ သတိမျပဳမိလိုက္ပဲ ကေလးက ေတြ႔ျမင္သြားျခင္းဟာ စည္းကမ္းကို ေဖာက္ဖို႕ တြန္းအားလိုျဖစ္ေနပါတယ္။

Recommended For You >>> "စိတ္ပညာအရ ႐ိုက္ႏွက္ခံၿပီး ႀကီးျပင္းလာရတဲ့ကေလးေတြဟာ ပိုမို႐ိုင္းစိုင္းလာႏိုင္"


(၆) ကေလး မလုပ္ခ်င္တာကို အတင္းလုပ္ခို္င္းျခင္း
မိမိလုပ္ေစခ်င္တာကို မလုပ္ရင္ သၾကားလံုးမေကၽြးဘူးဆိုျပီး ျပစ္ဒဏ္ သတ္မွတ္တာဟာ ကေလးေတြအတြက္ အထိေရာက္ဆံုးပါပဲ။ ကေလးကို ဟင္းသီးဟင္းရြက္ အတင္းစားခိုင္းတဲ့အခါ ေထြးထုတ္တာ၊ ပါးစပ္ပိတ္ ထားတာတို႕ ျပဳလုပ္ရင္ မိဘေတြ အခက္ၾကံဳရျပီေပါ့။ ဒီေတာ့ ကေလးနဲ႕႐ုန္းရင္းဆန္ခတ္မလုပ္ပဲ ဟင္းရြက္ေၾကာ္တစ္ပန္းကန္ စားရင္ ေခ်ာကလက္တစ္ခုေပးမယ္လို႕ ကမ္းလွမ္းျခင္းျဖင့္ အႏိုင္ရႏိုင္ပါတယ္။


(၇) အျပစ္လုပ္တဲ့အခါ ကာကြယ္ေပးျခင္း
ကေလးက အျပစ္တစ္ခုခုလုပ္တဲ့အခါ ကာကြယ္မေပးပဲ ေသခ်ာေမးျမန္းျပီး ဆံုးျဖတ္ပါ။ အဲလိုလုပ္ဖို႕ ပ်က္ကြက္ပါက ကေလးဟာ မိမိလုပ္တဲ့အျပစ္ကို သူမ်ားအေပၚပံုခ်တတ္သူ အျဖစ္ၾကီးျပင္းလာႏိုင္ပါတယ္။ ကိုယ္လုပ္တဲ့အျပစ္ကို ကိုယ္ခံယူရမွာျဖစ္ေၾကာင္း သင္ၾကားေပးျပီး တကယ္လုပ္မလုပ္ ေစာင့္ၾကည့္အကဲခတ္ျခင္းျဖင့္ တာ၀န္သိတဲ့ကေလးျဖစ္လာပါလိမ့္မယ္။


(၈) ကေလးကို လက္ေဆာင္မ်ား အေၾကာင္းမဲ့၀ယ္ေပးျခင္း
ကေလးကို ၀ယ္ေပးတဲ့အရာဟာ အေရးၾကီးသလိုပဲ ၀ယ္ေပးရတဲ့အေၾကာင္းရင္းကလည္း အေရးၾကီးပါတယ္။ ဥပမာ- လြန္ခဲ့တဲ့ ၃ လေလာက္ကပဲ ၀ယ္ထားတဲ့စက္ဘီးကို မၾကိဳက္ေတာ့လို႕ စက္ဘီးအသစ္၀ယ္ေပးျခင္းဟာ အလြန္အမင္းအလုိလုိက္ျခင္းျဖစ္ပါတယ္။ တခါတေလမွာ ကေလးက လိုခ်င္တာ ပူဆာမရတဲ့အခါ ငိုျပ သနားေအာင္လုပ္ျပလို႕ နားညည္းသက္သာေအာင္ ၀ယ္ေပးလိုက္တဲ့အခါမွာ ကေလးက ခဏတာပဲ ေပ်ာ္ရႊင္ပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒါဟာ ဆုလာဘ္မဟုတ္ပဲ ပူဆာျခင္းရဲ႕ရလာဒ္ျဖစ္လို႕ပါပဲ။


(၉) ပစၥည္းေတြ ပစ္ေပါက္တာကို မတားျမစ္ျခင္း
ကေလးက ေဒါသတၾကီးနဲ႕ျဖစ္ေစ အေၾကာင္းမဲ့့ျဖစ္ေစ ပစၥည္းေတြ ပစ္ေပါက္ျပီး ဆိုးျပတဲ့အခါ ခြင့္မလႊတ္ရပါဘူး။ ဒီအက်င့္ဟာ ၾကီးျပင္းတဲ့အခါထိ ပါသြားျပီး လူမႈအဖြဲ႕အစည္းၾကား ရွက္စဖြယ္ျဖစ္တတ္ပါတယ္။


(၁၀) မိဘကိုယ္တိုင္က ဆိုးျပေနျခင္း
မိဘဆိုတာ ကေလးရဲ႕ စံျပပံုရိပ္ျဖစ္တဲ့အတြက္ ကေလးကို တားျမစ္ထားတာေတြကို မိမိကုိယ္တို္င္ မလုပ္မိဖို႕ အေရးအၾကီးဆံုးပါပဲ။ ကေလးရဲ႕ေရွ႕မွာ ညည္းညဴးစိတ္ဆိုးျပ တာေတြ၊ ေအာ္ဟစ္ဆူပူျပတာေတြဟာ ကေလးကို နမူနာလုပ္ျပေနသလိုပါပဲ။ “ငါေျပာသလိုလုပ္၊ ငါလုပ္သလိုမလုပ္နဲ႕” လို႕ေျပာတတ္တဲ့ မိဘမျဖစ္ေအာင္ ဂ႐ုစိုက္ပါ။
မိဘတိုင္းက မိမိကေလးကို လိမၼာေစခ်င္တာေတာ့ အေသအခ်ာပါပဲ။ ဒါေပမဲ့ ကေလးက ဆိုးေနျပီဆိုရင္ မိမိတုိ႕ရဲ႕ ထိန္းေက်ာင္းမႈပံုစံကို အျမဲဆန္းစစ္ျပီး ကေလးထိန္းေက်ာင္းနည္း စာေပေတြကို မျပတ္ေလ့လာဖတ္႐ႈပါ။ကေလးကို ဒီအတိုင္းလႊတ္မထားပဲ ေရရွည္အတြက္ ေမွ်ာ္ေတြးကာ အေလ့အက်င့္ေကာင္းေတြ ျပဳစုပ်ိဳးေထာင္ေပးပါ လို႕ အၾကံျပဳလုိက္ပါတယ္။

အေျခခံပညာအလယ္တန္း သင္ၾကားေပးေသာ sayar.com.mm မွဆရာ၊ ဆရာမမ်ား >>> https://www.sayar.com.mm/subjects/all-teachers/subject-500.html



UNICODE

ကလေးတွေကို မဆိုးအောင် ဘယ်လိုထိန်းကျောင်းပြုစုကြမလဲ?
ကလေးဆိုးလေးလို့ဆိုလိုက်တာနဲ့ မျက်စိထဲ တန်းမြင်တာက ကစားစရာတွေ တအိမ်လုံးအပြည့်နဲ့ ပြည့်စုံတဲ့ကလေးမျိုးဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်ကို ဆိုးစေတာဟာ ပိုင်ဆိုင်မှုများခြင်းကြောင့်မဟုတ်ပါဘူး။ ထိန်းကျောင်းပြစုနည်း လွဲမှားနေလို့ ဖြစ်ပါတယ်။
ကလေးဆိုးတွေဟာ အလိုကြီးပြီး တကိုယ်ကောင်းဆန်ကာ ဆင်ခြင်တုံတရား နည်းပါးပါတယ်။ သူတို့ကို အလိုလိုက်တာဟာ ထိန်းရပိုလွယ်သယောင်ထင် ရပေမဲ့ သူတို့လိုချင်တာဟူသမျှကို ရပါများရင်လည်း အထီးကျန်ဆန် သွားပြီး လောကကို သံသယများလာတတ်ပါတယ်။

ဘာလို့လဲ ဆိုတော့ သူတို့လိုချင်တာရဖို့ နွဲ့ဆိုးဆိုးပြီးတောင်းနေကျဆိုတော့ သူများက ပေးတဲ့ အခါမှာကျေးဇူးတင်ရကောင်းမှန်းလည်း မသိတော့ ပဲ မေတ္တာတရားကို မခံစားတတ်တော့ပါဘူး။ မတင်းတိမ်မရောင့်ရဲတတ်ခြင်းဟာ ကလေးရဲ့စိတ်ကို ပင်ပန်းစေတာကြောင့် ကလေးကို အလိုလိုက်လွန်းခြင်းဟာ ကြီးပြင်းလာတဲ့ အခါ ဘဝမှာရင်နာစရာတွေပိုမိုခံစားရအောင် လုပ်သလိုဖြစ်နေပါတယ်။
မိဘတွေအနေဖြင့် မိမိကလေးကို ဆိုးတဲ့အခြေအနေမရောက်အောင် အလိုမလိုက်ပဲ ထားဖို့လည်း ခက်ခဲတတ်သဖြင့် ကလေးဆိုးတစ်ဦးဖြစ်လာစေ တဲ့ အကြောင်းရင်းများကို မိဘများရှောင်ရှားနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။


(၁) ကလေးရဲ့ ဆန္ဒတိုင်းကို နံပတ် (၁)ထားပြီးဖြည့်ဆည်းပေးခြင်း
ကလေးရဲ့ ဆန္ဒတိုင်းကို တလောကလုံးမှာ အရေးကြီးဆုံးလို သဘောထားပြီး လိုက်လျောပေး တာဟာ လောကကြီးတစ်ခုလုံးက သူ့အလိုကို ဖြည့်ပေးရမယ်လို့ မှားယွင်းမှတ်ယူလာစေပါတယ်။ အဲဒီအခါမှာ သူတပါး (မိသားစုအပါအဝင်)ရဲ့လိုအပ်ချက်တွေ ဆန္ဒတွေကို မမြင်တတ်တော့ပါဘူး။ ကလေးတွေဟာ လောကမှာ အပေးအယူဆိုတာ ရှိကြောင်း သိဖို့လိုအပ်ပါတယ်။ ယူရတာပဲများပြီး ပေးဖို့မတတ်တော့တဲ့အခါ ပေးဆပ်ခြင်းမှ ရရှိတဲ့ပီတိကို မခံစားဖူးတာကြောင့် စိတ်ညစ်လွယ်တတ် ပါတယ်။


(၂) ကလေးရဲ့ ကောင်းတဲ့အပြုအမူတွေကို လျစ်လျူရှုမိခြင်း
မိဘတော်တော်များများဟာ ကလေးတွေ အေးဆေးတိတ်ဆိတ်စွာ ကစားနေကြချိန်တွေ၊ ပြဿနာမရှာချိန်တွေမှာ ချီးကျူးစကား မဆိုမိတတ်ကြပါဘူး။ ဆူညံတဲ့အချိန်တွေမှာ သူတို့ကို ပြစ်တင်ပြောဆိုခဲ့သလိုပဲ တိတ်ဆိတ်လိမ္မာစွာ ကစားနေချိန်မှာလည်း မပျက်မကွက် ချီးကျူးစကားပြောပေးပါ။ ကောင်းတဲ့အပြုအမူတစ်ခုခု လုပ်တိုင်းလည်း မဖြစ်မနေ ချီးမွမ်းပေးပါ။


(၃) မကောင်းတဲ့ အပြုအမူတွေကို မတော်တဆမှားယွင်း အလေးထားမိခြင်း
တချို့မိတွေဟာ ကလေးတွေလိမ္မာနေချိန်မှာ သတိမပြုမိတတ်တော့ ကလေးတွေက ဆူပူအော်ဟစ်ခြင်းဖြင့် ဂရုစိုက်ခံရအောင် ပြုလုပ်တတ်ပါတယ်။ ကလေးကို လိမ္မာနေချိန်ချီးကျူးခြင်းကို မပျက်မကွက်ပြုလုပ်ပါက ကလေးက လိမ္မာဖို့ ပိုကြိုးစားမှာဖြစ်ပြီး မလိမ္မာတဲ့အချိန် အလိုလိုက်ခြင်းက ပိုမိုဆိုးတဲ့ကလေးဖြစ်လာစေပါတယ်။


(၄) ကလေးအတွက် စည်းကမ်းတွေကို သေချာချမှတ်ပေးဖို့ ပျက်ကွက်ခြင်း
အပြုအမူကောင်းတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို သေချာချမှတ် မထားဘူးဆိုရင်တော့ ကလေးဆိုးတစ်ယောက်ရဲ့ မိဘဖြစ်ဖို့ အများကြီး နီးစပ်နေပါပြီ။ ကလေးဆိုတာ သဘာဝအတိုင်း လိမ္မာမလာနိုင်ပါဘူး။ ဒါကြောင့် အပြုအမူကောင်းတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို သေချာချမှတ်ပြီး ဆုပေး ဒဏ်ပေးစနစ်နဲ့ ပြုပြင်ထိန်းကျောင်းသင့်ပါတယ်။


(၅) စည်းကမ်းချမှတ်ထားတဲ့အတိုင်း တိတိကျကျမဆောင်ရွက်ခြင်း
ကလေးကို မလုပ်ဖို့တားမြစ်ထားတာတွေကို ကလေးက လုပ်တဲ့အခါ သတိမပြုမိလိုက်ခြင်း၊ မအားလပ်သဖြင့် အထွေအထူးမပြောမိလိုက်ခြင်းတို့ မဖြစ်သင့်ပါ။ ကလေးကို တားမြစ်ထားတဲ့ အရာကိုလည်း မိသားစုထဲတခြားသူ တစ်ဦးဦးက ကလေးရှေ့မှာ ပြုလုပ်ခြင်းကို ခွင့်မပြုသင့်ပါ။ ဥပမာ စားစရာကို မဆော့ဖို့ ကလေးကိုပြောထားပြီးမှ သူ့အထက်အကြီးလေးက စားစရာ ကိုဆော့နေတာ သတိမပြုမိလိုက်ပဲ ကလေးက တွေ့မြင်သွားခြင်းဟာ စည်းကမ်းကို ဖောက်ဖို့ တွန်းအားလိုဖြစ်နေပါတယ်။


Recommended For You >>> "စိတ်ပညာအရ ရိုက်နှက်ခံပြီး ကြီးပြင်းလာရတဲ့ကလေးတွေဟာ ပိုမိုရိုင်းစိုင်းလာနိုင်"


(၆) ကလေး မလုပ်ချင်တာကို အတင်းလုပ်ခိုင်းခြင်း
မိမိလုပ်စေချင်တာကို မလုပ်ရင် သကြားလုံးမကျွေးဘူးဆိုပြီး ပြစ်ဒဏ် သတ်မှတ်တာဟာ ကလေးတွေအတွက် အထိရောက်ဆုံးပါပဲ။ ကလေးကို ဟင်းသီးဟင်းရွက် အတင်းစားခိုင်းတဲ့အခါ ထွေးထုတ်တာ၊ ပါးစပ်ပိတ် ထားတာတို့ ပြုလုပ်ရင် မိဘတွေ အခက်ကြုံရပြီပေါ့။ ဒီတော့ ကလေးနဲ့ရုန်းရင်းဆန်ခတ်မလုပ်ပဲ ဟင်းရွက်ကြော်တစ်ပန်းကန် စားရင် ချောကလက်တစ်ခုပေးမယ်လို့ ကမ်းလှမ်းခြင်းဖြင့် အနိုင်ရနိုင်ပါတယ်။


(၇) အပြစ်လုပ်တဲ့အခါ ကာကွယ်ပေးခြင်း
ကလေးက အပြစ်တစ်ခုခုလုပ်တဲ့အခါ ကာကွယ်မပေးပဲ သေချာမေးမြန်းပြီး ဆုံးဖြတ်ပါ။ အဲလိုလုပ်ဖို့ ပျက်ကွက်ပါက ကလေးဟာ မိမိလုပ်တဲ့အပြစ်ကို သူများအပေါ်ပုံချတတ်သူ အဖြစ်ကြီးပြင်းလာနိုင်ပါတယ်။ ကိုယ်လုပ်တဲ့အပြစ်ကို ကိုယ်ခံယူရမှာဖြစ်ကြောင်း သင်ကြားပေးပြီး တကယ်လုပ်မလုပ် စောင့်ကြည့်အကဲခတ်ခြင်းဖြင့် တာဝန်သိတဲ့ကလေးဖြစ်လာပါလိမ့်မယ်။


(၈) ကလေးကို လက်ဆောင်များ အကြောင်းမဲ့ဝယ်ပေးခြင်း
ကလေးကို ဝယ်ပေးတဲ့အရာဟာ အရေးကြီးသလိုပဲ ဝယ်ပေးရတဲ့အကြောင်းရင်းကလည်း အရေးကြီးပါတယ်။ ဥပမာ- လွန်ခဲ့တဲ့ ၃ လလောက်ကပဲ ဝယ်ထားတဲ့စက်ဘီးကို မကြိုက်တော့လို့ စက်ဘီးအသစ်ဝယ်ပေးခြင်းဟာ အလွန်အမင်းအလိုလိုက်ခြင်းဖြစ်ပါတယ်။ တခါတလေမှာ ကလေးက လိုချင်တာ ပူဆာမရတဲ့အခါ ငိုပြ သနားအောင်လုပ်ပြလို့ နားညည်းသက်သာအောင် ဝယ်ပေးလိုက်တဲ့အခါမှာ ကလေးက ခဏတာပဲ ပျော်ရွှင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ ဆုလာဘ်မဟုတ်ပဲ ပူဆာခြင်းရဲ့ရလာဒ်ဖြစ်လို့ပါပဲ။


(၉) ပစ္စည်းတွေ ပစ်ပေါက်တာကို မတားမြစ်ခြင်း
ကလေးက ဒေါသတကြီးနဲ့ဖြစ်စေ အကြောင်းမဲ့ဖြစ်စေ ပစ္စည်းတွေ ပစ်ပေါက်ပြီး ဆိုးပြတဲ့အခါ ခွင့်မလွှတ်ရပါဘူး။ ဒီအကျင့်ဟာ ကြီးပြင်းတဲ့အခါထိ ပါသွားပြီး လူမှုအဖွဲ့အစည်းကြား ရှက်စဖွယ်ဖြစ်တတ်ပါတယ်။


(၁၀) မိဘကိုယ်တိုင်က ဆိုးပြနေခြင်း
မိဘဆိုတာ ကလေးရဲ့ စံပြပုံရိပ်ဖြစ်တဲ့အတွက် ကလေးကို တားမြစ်ထားတာတွေကို မိမိကိုယ်တိုင် မလုပ်မိဖို့ အရေးအကြီးဆုံးပါပဲ။ ကလေးရဲ့ရှေ့မှာ ညည်းညူးစိတ်ဆိုးပြ တာတွေ၊ အော်ဟစ်ဆူပူပြတာတွေဟာ ကလေးကို နမူနာလုပ်ပြနေသလိုပါပဲ။ “ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့” လို့ပြောတတ်တဲ့ မိဘမဖြစ်အောင် ဂရုစိုက်ပါ။
မိဘတိုင်းက မိမိကလေးကို လိမ္မာစေချင်တာတော့ အသေအချာပါပဲ။ ဒါပေမဲ့ ကလေးက ဆိုးနေပြီဆိုရင် မိမိတို့ရဲ့ ထိန်းကျောင်းမှုပုံစံကို အမြဲဆန်းစစ်ပြီး ကလေးထိန်းကျောင်းနည်း စာပေတွေကို မပြတ်လေ့လာဖတ်ရှုပါ။ကလေးကို ဒီအတိုင်းလွှတ်မထားပဲ ရေရှည်အတွက် မျှော်တွေးကာ အလေ့အကျင့်ကောင်းတွေ ပြုစုပျိုးထောင်ပေးပါ လို့ အကြံပြုလိုက်ပါတယ်။

အခြေခံပညာအလယ်တန်း သင်ကြားပေးသော sayar.com.mm မှဆရာ၊ ဆရာမများ >>> https://www.sayar.com.mm/subjects/all-teachers/subject-500.html

 

 

sayar.com.mm

yangon life
credit: Dim’s Note Book

 

Read times Last modified on Wednesday, 08 January 2020 17:47
Rate this articles
(0 votes)