×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 03 December 2019

"လူငယ္ ႏွင့္ ေပါင္းသင္းဆက္ဆံေရး အတတ္ပညာ"

"လူငယ္ ႏွင့္ ေပါင္းသင္းဆက္ဆံေရး အတတ္ပညာ" freepick

လူမႈေန႔စဥ္ဘဝမွာသာမက ေက်ာင္းသားဘဝမွာေကာ လုပ္ငန္းခြင္ဝင္တဲ့အခါမွာပါ အေရးႀကီးတဲ့ အရာတစ္ခုကေတာ့ ေပါင္းသင္းဆက္ဆံေရး အတတ္ပညာျဖစ္ပါတယ္။ 

Hard Skill ဆိုတာကေတာ့ အတတ္ပညာ ရပ္ပိုင္းဆိုင္ရာ ကြၽမ္းက်င္မႈပါ။ Soft Skill ဆိုတာကေတာ့ တခ်ိဳ႕လူေတြမွာ ပင္ကိုယ္ပါလာတဲ့စြမ္းရည္ ျဖစ္ၿပီး တစ္ခ်ိဳ႕ကေတာ့ ကိုယ္တိုင္ေျပာင္းလဲလုပ္ယူရမဲ့ အရာမ်ိဳးပါ။ လူအမ်ားနဲ႔ သဟဇာတျဖစ္ေအာင္ေနတတ္ျခင္း ၊ ေဆြးေႏြး ညႇိႏႈိင္းတတ္ျခင္း၊ ဦးေဆာင္တတ္ျခင္း အစရွိသျဖင့္ အရာေတြက Soft Skill ေတြျဖစ္ပါတယ္။ လုပ္ငန္းခြင္ဝင္တဲ့ အခါ ကိုယ္က ပညာရပ္ပိုင္း Hard Skill ပိုင္းမွာ ဘယ္ေလာက္ပဲ တဖက္ကမ္းခတ္ ထူးခြၽန္ေနပါေစ ေပါင္းသင္းဆက္ဆံေရး မေကာင္းပဲ Soft Skill ပိုင္းမွာ အားနည္းေနရင္ေတာ့ က်ရႈံးၾကတာမ်ားပါတယ္။

ေရရွည္ ဘယ္သူမွ လက္တြဲလုပ္ေဆာင္ႏိုင္မွာ မဟုတ္ပါဘူး။ လုပ္ငန္းခြင္မွာလည္း အဆင္မေျပပဲ ေဘးေရာက္ေနတတ္ပါတယ္။ အဲ့ဒီလိုအေလ့အက်င့္ေတြကို တကၠသိုလ္ေက်ာင္းသား ဘ၀ ကတည္းက ေလ့က်င့္ထားပါမွ လုပ္ငန္းခြင္မွာဝင္ေရာက္လုပ္ကိုင္တဲ့ အခါ အခက္အခဲမရွိ အဆင္ေျပၿပီး ေအာင္ျမင္ႏိုင္မွာျဖစ္ပါတယ္။ ေက်ာင္းသားက စာပဲလုပ္ရမယ္။ တျခားဘာမွ စိတ္မဝင္စားရဘူး ဆိုတဲ့ အယူအဆေတြက လြဲမွားေနပါတယ္။

Roll 1 ေတြက ေအာင္ျမင္သူေတြ ျဖစ္ေကာင္းျဖစ္ၾကပါလိမ့္မယ္။ ဒါေပမဲ့ေအာင္ျမင္သူတိုင္းကေတာ့ Roll 1 ေတြ မဟုတ္ၾကပါဘူး။ အသက္ေမြးဝမ္းေက်ာင္း ပညာရပ္ (Hard Skill) ကို ႀကိဳးစားၿပီးေလ့လာ သင္ယူသင့္သလို တစ္ဖက္မွာလည္း (Soft Skill) ပိုင္းကို ေလ့လာသင္ယူသင့္ပါတယ္။ Intelligent Quotient (IQ) ဘယ္ေလာက္ေကာင္းေကာင္း Emotional Quotient (EQ) မရွိရင္ေတာ့ ယေန႔ေခတ္မွာ ရပ္တည္ဖို႔ရာ အဆင္ေျပ လြယ္ကူမွာ မဟုတ္ပါဘူး။ အဲ့ဒီအတြက္ေၾကာင့္ တကၠသိုလ္ တက္ေနစဥ္ ကတည္းက ေလ့က်င့္ထားဖို႔အတြက္ လိုအပ္ပါတယ္။ ကိုယ့္ေဒါသကို ထိန္းခ်ဳပ္တတ္ဖို ၊့ခံစားခ်က္ကို ဦးစားမေပးဖို႔၊ တစ္ကိုယ္ေကာင္းမဆန္ဖို႔က အင္မတန္ အေရးႀကီးပါတယ္။

မ်ားေသာအားျဖင့္ ေက်ာင္းမွာဆိုရင္ ကိုယ့္သူငယ္ခ်င္း ေတြနဲ႔ေလာက္ပဲ အေပါင္းအသင္းလုပ္ၿပီး တျခားသူေတြနဲ႔ မသိသလိုပဲေနတတ္ၾကတာမ်ားပါတယ္။ ဒါဟာ ေကာင္းတဲ့အေလ့အထ တစ္ခုမဟုတ္ပါဘူး။ လူတိုင္းနဲ႔မိတ္ေဆြ ဖြဲ႕ႏိုင္ေအာင္ႀကိဳးစားပါ။ တကၠသိုလ္တက္ေနတယ္ဆိုရင္ ကိုယ္တက္ေနတဲ့ေက်ာင္းက ပါေမာကၡခ်ဳပ္၊ ေမာ္ကြန္းထိန္း၊ ဆရာ၊ ဆရာမ မွ အစ ေက်ာင္းသန္႔ရွင္းေရး၊ လုံၿခဳံေရး အထိ မ်က္မွန္းတန္းမိၿပီး သိေနတယ္ဆိုရင္ပဲ ကိုယ့္အတြက္ တစ္ခ်ိန္ခ်ိန္မွာ အကူအညီလိုတဲ့အခါ အကူအညီ ရယူႏိုင္မွာျဖစ္ပါတယ္။

ေက်ာင္းတြင္း လႈပ္ရွားမႈ Activities ေတြမွာပါဝင္ပါ။ ပရဟိတ လုပ္ငန္းေတြမွာ ပါဝင္ပါ။ အဲ့ဒီမွ တစ္ဆင့္ မိတ္ေဆြသစ္ေတြရ ရွိလာပါလိမ့္မယ္။ မိတ္ေဆြ ဆိုသည့္ေနရာမွာ ေကာင္းတဲ့ မိတ္ေဆြေတြ နဲ႔ ေတြ႕ႏိုင္သလို ဆိုးတဲ့ မိတ္ေဆြေတြနဲ႔လည္း ေတြ႕ဆုံရႏိုင္ပါတယ္။ မိတ္ေဆြေကာင္း နဲ႔ေတြ႕တဲ့အခါ ကိုယ့္အတြက္ေကာင္းက်ိဳးေတြရႏိုင္သလို ဆိုးတဲ့ မိတ္ေဆြမ်ိဳးနဲ႔ ေတြ႕တဲ့အခါ သူ႔ကိုေျပာင္းလဲေပးႏိုင္ေအာင္ႀကိဳးစားပါ။ ေကာင္း၊ မေကာင္း ကို ခြဲျခားသိျမင္ႏိုင္ဖို႔ရာ စာမ်ားမ်ားဖတ္ပါ။

အခုအခ်ိန္မွာ အင္တာနက္ မွလည္း အသိပညာ ဗဟုသုတေတြကို မ်ားစြာ ရွာေဖြႏိုင္ပါၿပီ ျဖစ္တဲ့အတြက္ လက္လွမ္းမီသေလာက္ ေလ့လာၾကေစလိုပါတယ္။ အေပါင္းအသင္း မေကာင္းလို႔ပ်က္တယ္ ဆိုတဲ့စကား ၾကားဖူးမွာပါ။ လူငယ္ေတြရဲ႕သေဘာ သဘာဝက အရာရာကို စူးစမ္းေလ့လာခ်င္တယ္။ အဲ့ဒီအခ်ိန္မွာ မေကာင္းမွန္းသိရက္နဲ႔ ကိုယ္တိုင္ မျပဳလုပ္မိေစဖို႔အထူးသတိျပဳရပါမယ္။ဥပမာ-မူးယစ္ေဆးဝါး ကိုမေကာင္းမွန္းသိရက္နဲ႔ စမ္းၾကည့္မိရင္ေတာ့ ျပန္လည္႐ုန္းထြက္ႏိုင္ဖို႔မလြယ္ကူပဲ တစ္ဘဝလုံး စုန္းစုန္းျမႇဳပ္သြားႏိုင္ပါတယ္။ မိမိကိုယ္မိမိ အၫႊန္႔ခ်ိဳးသလို ျဖစ္ၿပီး ေနာင္တစ္ခ်ိန္မွာ ေနာင္တရစရာေတြသာ ေတြ႕ႀကဳံရႏိုင္ပါတယ္။

Recommended For you >>> လူငယ္မ်ားအၾကား ေခတ္စားလာသည့္စာရင္းအင္းႏွင့္စီးပြား ေရးစီမံခန္႔ခြဲမႈပညာ(Accounting and Bussiness Management)

မိမိရဲ႕မိသားစုအတြက္ အားကိုးအားထားထိုက္တဲ့သူ ျဖစ္လိုလွ်င္ မေကာင္းတဲ့ အရာေတြကို မလုပ္မိေအာင္ ဆင္ျခင္သင့္ပါတယ္။ သူတစ္ပါးကို ေကာင္းမြန္ဖို႔ရာ လမ္းၫႊန္ေပးႏိုင္တဲ့ သူျဖစ္ေအာင္ႀကိဳးစားပါ။ ကိုယ္တိုင္တတ္ႏိုင္သမွ် လူေတြကို ကူညီပါ။ သူမ်ားဆီက အကူအညီပဲ ေမွ်ာ္ကိုးေနတာမ်ိဳးမဟုတ္ပဲ ကိုယ့္ကပါသူမ်ားအတြက္ တတ္ႏိုင္သမွ် အကူအညီျပန္ေပးရပါမယ္။

သူတစ္ပါးက ကိုယ့္အေပၚေကာင္းသည္ျဖစ္ေစ၊ ဆိုးသည္ျဖစ္ေစ လူတိုင္းအတြက္ေတာ့ ကိုယ္က မိတ္ေဆြစစ္ မိတ္ေဆြမွန္ ျဖစ္ေနပါေစ။ သို႔မွသာ ကိုယ္အကူအညီလို တဲ့အခါ တစ္ပါးသူထံမွ ျပန္လည္ကူညီမႈ ရရွိႏိုင္ပါလိမ့္မယ္။ လူဆိုတာတစ္ဦးတစ္ေယာက္တည္းေနထိုင္လို႔မရပါဘူး။ အဖြဲ႕အစည္း အသိုင္းအဝိုင္းနဲ႔ေနထိုင္ရတဲ့အခါ အဆင္ေျပဖို႔လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ေနတတ္ဖို႔အေရးႀကီးပါတယ္။

လူေတြ ရဲ႕စိတ္က တသမတ္တည္းျဖစ္တည္ေနတာ မဟုတ္ပါဘူး။ ေပ်ာ္႐ႊင္ေန တဲ့ အခ်ိန္ရွိသလို ဝမ္းနည္းေနတဲ့ အခ်ိန္ရွိပါတယ္။ တက္ႂကြေနတဲ့ အခ်ိန္ရွိသလို စိတ္ဓာတ္က် စိတ္အားငယ္ေနတဲ့ အခ်ိန္ရွိပါတယ္။ အဆင္ေျပေနတဲ့ အခ်ိန္ ရွိသလို အဆင္မေျပတဲ့ အခ်ိန္ရွိပါတယ္။ ဒါေတြကို နားလည္ထားဖို႔လိုအပ္ပါတယ္။

 

လူတစ္ေယာက္ကို လြယ္လြယ္နဲ႔အေပၚယံ ၾကည့္ၿပီးဆုံးျဖတ္လို႔မရပါဘူး။ ကိုယ္ခ်င္းစာစိတ္ ထားရွိဖို႔ရာ အေရးႀကီးပါတယ္။ မိမိကိုယ္ကို ႏွိမ့္ခ်ပါ။ ႂကြားဝါ ေမာက္မာတာမ်ိဳးဆိုရင္ လူတိုင္းက သေဘာမက်တတ္ၾကပါဘူး။ ျဖည္းညင္းစြာေျပာတဲ့စကားေတြက လူရဲ႕ စိတ္ကို ေျပေစႏိုင္ၿပီး ၾကမ္းတမ္းစြာေျပာတဲ့ စကားေတြကေတာ့ အမ်က္ေဒါသကို ထြက္ေစပါတယ္။ ဒါေၾကာင့္ စကားကို အတတ္ႏိုင္ဆုံး ယဥ္ေက်းလိမၼာစြာေျပာဆိုပါ။

ေမးခြန္းေတြေမးဖို႔မေၾကာက္ပါနဲ႔။ အေမးရွိမွ အေျဖရွိမွာပါ။ ေမးခြန္းေမးတတ္မွ ကိုယ္လိုခ်င္တဲ့အေျဖ ကို ရမွာပါ။ ကိုယ္သိခ်င္တဲ့ အေၾကာင္းအရာကို သိရမွာပါ။ ေက်ာင္းမွာ Presentation လုပ္ခိုင္းလွ်င္ လူအမ်ားေရွ႕ထြက္ၿပီး စကားေျပာရမွာ မေၾကာက္ပါနဲ႔။ ေၾကာက္တဲ့ အရာတစ္ခုကို ထပ္ခါ ထပ္ခါ လုပ္ျခင္းျဖင့္ ေၾကာက္တဲ့စိတ္ကို ေက်ာ္လႊားႏိုင္ပါတယ္။


ေက်ာင္းမွာပဲျဖစ္ျဖစ္ အျပင္မွာပဲျဖစ္ျဖစ္ ျပႆနာတစ္စုံတစ္ခု ျဖစ္လာခဲ့လွ်င္ ဘယ္သူ႔ေၾကာင့္ ျဖစ္တယ္ဆိုၿပီး လက္ညႇိဳးထိုး အျပစ္တင္မဲ့အစား ဘာေၾကာင့္ ျဖစ္တယ္ ဘယ္လိုေျဖရွင္းရမယ္ဆိုတဲ့ အေျဖကိုရွာပါ။ မိမိထက္ အေတြ႕အႀကဳံရွိတဲ့ သူေတြနဲ႔တိုင္ပင္ပါ။ ေခါင္းေဆာင္တစ္ဦးရဲ႕စိတ္ဓာတ္ကို ေမြးျမဴပါ။ ေခါင္းေဆာင္ျဖစ္လာမဲ့သူက ေက်ာင္းတက္ေနစဥ္အတြင္းမွာ သိသာပါတယ္။ သူငယ္ခ်င္း အခ်င္းခ်င္းမွာတင္ ေခါင္းေဆာင္တဲ့သူက ရွိစၿမဲပါ။ သူ႔ကိုယ္သူ ေခါင္းေဆာင္လို႔ ေျပာေနတာမ်ိဳး မဟုတ္ပဲ လူအမ်ားက သတ္မွတ္ထားတာမ်ိဳးပါ။ တစ္ခုခုဆို ထိုသူကိုသာ အားကိုးခ်င္ တိုင္ပင္ခ်င္တာမ်ိဳးပါ။ ျပႆနာ ေျဖရွင္းႏိုင္တဲ့ အေလ့အက်င့္ ရွိမယ္၊ ကိုယ့္မွာ ဆရာသမားေကာင္း၊ မိတ္ေဆြေကာင္း၊ အေပါင္းအသင္းေကာင္း ေတြ အမ်ားႀကီးရွိမယ္ဆိုရင္ ေက်ာင္းၿပီးသြားလို႔လုပ္ငန္းလုပ္ကိုင္တဲ့အခါ အဆက္အသြယ္ေကာင္းေတြ ျဖစ္လာၿပီး ကိုယ့္အတြက္ အေထာက္အပံ့ေကာင္းေတြ ျဖစ္လာပါလိမ့္မယ္။ ထိုမွတစ္ဆင့္ ေအာင္ျမင္တဲ့ ဘဝေတြကို ပိုင္ဆိုင္ႏိုင္ၾကပါေစ။

 

 

နန္႔ထက္ထက္ထြန္း (WYTU)

 

UNICODE

"လူငယ် နှင့် ပေါင်းသင်းဆက်ဆံရေး အတတ်ပညာ"
လူမှုနေ့စဉ်ဘဝမှာသာမက ကျောင်းသားဘဝမှာကော လုပ်ငန်းခွင်ဝင်တဲ့အခါမှာပါ အရေးကြီးတဲ့ အရာတစ်ခုကတော့ ပေါင်းသင်းဆက်ဆံရေး အတတ်ပညာဖြစ်ပါတယ်။ Hard Skill ဆိုတာကတော့ အတတ်ပညာ ရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုပါ။

Soft Skill ဆိုတာကတော့ တချို့လူတွေမှာ ပင်ကိုယ်ပါလာတဲ့စွမ်းရည် ဖြစ်ပြီး တစ်ချို့ကတော့ ကိုယ်တိုင်ပြောင်းလဲလုပ်ယူရမဲ့ အရာမျိုးပါ။ လူအများနဲ့ သဟဇာတဖြစ်အောင်နေတတ်ခြင်း ၊ ဆွေးနွေး ညှိနှိုင်းတတ်ခြင်း၊ ဦးဆောင်တတ်ခြင်း အစရှိသဖြင့် အရာတွေက Soft Skill တွေဖြစ်ပါတယ်။ လုပ်ငန်းခွင်ဝင်တဲ့ အခါ ကိုယ်က ပညာရပ်ပိုင်း Hard Skill ပိုင်းမှာ ဘယ်လောက်ပဲ တဖက်ကမ်းခတ် ထူးချွန်နေပါစေ ပေါင်းသင်းဆက်ဆံရေး မကောင်းပဲ Soft Skill ပိုင်းမှာ အားနည်းနေရင်တော့ ကျရှုံးကြတာများပါတယ်။

ရေရှည် ဘယ်သူမှ လက်တွဲလုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ လုပ်ငန်းခွင်မှာလည်း အဆင်မပြေပဲ ဘေးရောက်နေတတ်ပါတယ်။ အဲ့ဒီလိုအလေ့အကျင့်တွေကို တက္ကသိုလ်ကျောင်းသား ဘ၀ ကတည်းက လေ့ကျင့်ထားပါမှ လုပ်ငန်းခွင်မှာဝင်ရောက်လုပ်ကိုင်တဲ့ အခါ အခက်အခဲမရှိ အဆင်ပြေပြီး အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ကျောင်းသားက စာပဲလုပ်ရမယ်။ တခြားဘာမှ စိတ်မဝင်စားရဘူး ဆိုတဲ့ အယူအဆတွေက လွဲမှားနေပါတယ်။

Roll 1 တွေက အောင်မြင်သူတွေ ဖြစ်ကောင်းဖြစ်ကြပါလိမ့်မယ်။ ဒါပေမဲ့အောင်မြင်သူတိုင်းကတော့ Roll 1 တွေ မဟုတ်ကြပါဘူး။ အသက်မွေးဝမ်းကျောင်း ပညာရပ် (Hard Skill) ကို ကြိုးစားပြီးလေ့လာ သင်ယူသင့်သလို တစ်ဖက်မှာလည်း (Soft Skill) ပိုင်းကို လေ့လာသင်ယူသင့်ပါတယ်။ Intelligent Quotient (IQ) ဘယ်လောက်ကောင်းကောင်း Emotional Quotient (EQ) မရှိရင်တော့ ယနေ့ခေတ်မှာ ရပ်တည်ဖို့ရာ အဆင်ပြေ လွယ်ကူမှာ မဟုတ်ပါဘူး။ အဲ့ဒီအတွက်ကြောင့် တက္ကသိုလ် တက်နေစဉ် ကတည်းက လေ့ကျင့်ထားဖို့အတွက် လိုအပ်ပါတယ်။ ကိုယ့်ဒေါသကို ထိန်းချုပ်တတ်ဖို ၊့ခံစားချက်ကို ဦးစားမပေးဖို့၊ တစ်ကိုယ်ကောင်းမဆန်ဖို့က အင်မတန် အရေးကြီးပါတယ်။

များသောအားဖြင့် ကျောင်းမှာဆိုရင် ကိုယ့်သူငယ်ချင်း တွေနဲ့လောက်ပဲ အပေါင်းအသင်းလုပ်ပြီး တခြားသူတွေနဲ့ မသိသလိုပဲနေတတ်ကြတာများပါတယ်။ ဒါဟာ ကောင်းတဲ့အလေ့အထ တစ်ခုမဟုတ်ပါဘူး။ လူတိုင်းနဲ့မိတ်ဆွေ ဖွဲ့နိုင်အောင်ကြိုးစားပါ။ တက္ကသိုလ်တက်နေတယ်ဆိုရင် ကိုယ်တက်နေတဲ့ကျောင်းက ပါမောက္ခချုပ်၊ မော်ကွန်းထိန်း၊ ဆရာ၊ ဆရာမ မှ အစ ကျောင်းသန့်ရှင်းရေး၊ လုံခြုံရေး အထိ မျက်မှန်းတန်းမိပြီး သိနေတယ်ဆိုရင်ပဲ ကိုယ့်အတွက် တစ်ချိန်ချိန်မှာ အကူအညီလိုတဲ့အခါ အကူအညီ ရယူနိုင်မှာဖြစ်ပါတယ်။

ကျောင်းတွင်း လှုပ်ရှားမှု Activities တွေမှာပါဝင်ပါ။ ပရဟိတ လုပ်ငန်းတွေမှာ ပါဝင်ပါ။ အဲ့ဒီမှ တစ်ဆင့် မိတ်ဆွေသစ်တွေရ ရှိလာပါလိမ့်မယ်။ မိတ်ဆွေ ဆိုသည့်နေရာမှာ ကောင်းတဲ့ မိတ်ဆွေတွေ နဲ့ တွေ့နိုင်သလို ဆိုးတဲ့ မိတ်ဆွေတွေနဲ့လည်း တွေ့ဆုံရနိုင်ပါတယ်။ မိတ်ဆွေကောင်း နဲ့တွေ့တဲ့အခါ ကိုယ့်အတွက်ကောင်းကျိုးတွေရနိုင်သလို ဆိုးတဲ့ မိတ်ဆွေမျိုးနဲ့ တွေ့တဲ့အခါ သူ့ကိုပြောင်းလဲပေးနိုင်အောင်ကြိုးစားပါ။ ကောင်း၊ မကောင်း ကို ခွဲခြားသိမြင်နိုင်ဖို့ရာ စာများများဖတ်ပါ။

 

အခုအချိန်မှာ အင်တာနက် မှလည်း အသိပညာ ဗဟုသုတတွေကို များစွာ ရှာဖွေနိုင်ပါပြီ ဖြစ်တဲ့အတွက် လက်လှမ်းမီသလောက် လေ့လာကြစေလိုပါတယ်။ အပေါင်းအသင်း မကောင်းလို့ပျက်တယ် ဆိုတဲ့စကား ကြားဖူးမှာပါ။ လူငယ်တွေရဲ့သဘော သဘာဝက အရာရာကို စူးစမ်းလေ့လာချင်တယ်။ အဲ့ဒီအချိန်မှာ မကောင်းမှန်းသိရက်နဲ့ ကိုယ်တိုင် မပြုလုပ်မိစေဖို့အထူးသတိပြုရပါမယ်။ဥပမာ-မူးယစ်ဆေးဝါး ကိုမကောင်းမှန်းသိရက်နဲ့ စမ်းကြည့်မိရင်တော့ ပြန်လည်ရုန်းထွက်နိုင်ဖို့မလွယ်ကူပဲ တစ်ဘဝလုံး စုန်းစုန်းမြှုပ်သွားနိုင်ပါတယ်။ မိမိကိုယ်မိမိ အညွှန့်ချိုးသလို ဖြစ်ပြီး နောင်တစ်ချိန်မှာ နောင်တရစရာတွေသာ တွေ့ကြုံရနိုင်ပါတယ်။

Recommended For you >>> လူငယ်များအကြား ခေတ်စားလာသည့်စာရင်းအင်းနှင့်စီးပွား ရေးစီမံခန့်ခွဲမှုပညာ(Accounting and Bussiness Management)

 

မိမိရဲ့မိသားစုအတွက် အားကိုးအားထားထိုက်တဲ့သူ ဖြစ်လိုလျှင် မကောင်းတဲ့ အရာတွေကို မလုပ်မိအောင် ဆင်ခြင်သင့်ပါတယ်။ သူတစ်ပါးကို ကောင်းမွန်ဖို့ရာ လမ်းညွှန်ပေးနိုင်တဲ့ သူဖြစ်အောင်ကြိုးစားပါ။ ကိုယ်တိုင်တတ်နိုင်သမျှ လူတွေကို ကူညီပါ။ သူများဆီက အကူအညီပဲ မျှော်ကိုးနေတာမျိုးမဟုတ်ပဲ ကိုယ့်ကပါသူများအတွက် တတ်နိုင်သမျှ အကူအညီပြန်ပေးရပါမယ်။

သူတစ်ပါးက ကိုယ့်အပေါ်ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ လူတိုင်းအတွက်တော့ ကိုယ်က မိတ်ဆွေစစ် မိတ်ဆွေမှန် ဖြစ်နေပါစေ။ သို့မှသာ ကိုယ်အကူအညီလို တဲ့အခါ တစ်ပါးသူထံမှ ပြန်လည်ကူညီမှု ရရှိနိုင်ပါလိမ့်မယ်။ လူဆိုတာတစ်ဦးတစ်ယောက်တည်းနေထိုင်လို့မရပါဘူး။ အဖွဲ့အစည်း အသိုင်းအဝိုင်းနဲ့နေထိုင်ရတဲ့အခါ အဆင်ပြေဖို့လိုက်လျောညီထွေ ဖြစ်အောင်နေတတ်ဖို့အရေးကြီးပါတယ်။

လူတွေ ရဲ့စိတ်က တသမတ်တည်းဖြစ်တည်နေတာ မဟုတ်ပါဘူး။ ပျော်ရွှင်နေ တဲ့ အချိန်ရှိသလို ဝမ်းနည်းနေတဲ့ အချိန်ရှိပါတယ်။ တက်ကြွနေတဲ့ အချိန်ရှိသလို စိတ်ဓာတ်ကျ စိတ်အားငယ်နေတဲ့ အချိန်ရှိပါတယ်။ အဆင်ပြေနေတဲ့ အချိန် ရှိသလို အဆင်မပြေတဲ့ အချိန်ရှိပါတယ်။ ဒါတွေကို နားလည်ထားဖို့လိုအပ်ပါတယ်။

လူတစ်ယောက်ကို လွယ်လွယ်နဲ့အပေါ်ယံ ကြည့်ပြီးဆုံးဖြတ်လို့မရပါဘူး။ ကိုယ်ချင်းစာစိတ် ထားရှိဖို့ရာ အရေးကြီးပါတယ်။ မိမိကိုယ်ကို နှိမ့်ချပါ။ ကြွားဝါ မောက်မာတာမျိုးဆိုရင် လူတိုင်းက သဘောမကျတတ်ကြပါဘူး။ ဖြည်းညင်းစွာပြောတဲ့စကားတွေက လူရဲ့ စိတ်ကို ပြေစေနိုင်ပြီး ကြမ်းတမ်းစွာပြောတဲ့ စကားတွေကတော့ အမျက်ဒေါသကို ထွက်စေပါတယ်။ ဒါကြောင့် စကားကို အတတ်နိုင်ဆုံး ယဉ်ကျေးလိမ္မာစွာပြောဆိုပါ။

မေးခွန်းတွေမေးဖို့မကြောက်ပါနဲ့။ အမေးရှိမှ အဖြေရှိမှာပါ။ မေးခွန်းမေးတတ်မှ ကိုယ်လိုချင်တဲ့အဖြေ ကို ရမှာပါ။ ကိုယ်သိချင်တဲ့ အကြောင်းအရာကို သိရမှာပါ။ ကျောင်းမှာ Presentation လုပ်ခိုင်းလျှင် လူအများရှေ့ထွက်ပြီး စကားပြောရမှာ မကြောက်ပါနဲ့။ ကြောက်တဲ့ အရာတစ်ခုကို ထပ်ခါ ထပ်ခါ လုပ်ခြင်းဖြင့် ကြောက်တဲ့စိတ်ကို ကျော်လွှားနိုင်ပါတယ်။


ကျောင်းမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် ပြဿနာတစ်စုံတစ်ခု ဖြစ်လာခဲ့လျှင် ဘယ်သူ့ကြောင့် ဖြစ်တယ်ဆိုပြီး လက်ညှိုးထိုး အပြစ်တင်မဲ့အစား ဘာကြောင့် ဖြစ်တယ် ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ အဖြေကိုရှာပါ။ မိမိထက် အတွေ့အကြုံရှိတဲ့ သူတွေနဲ့တိုင်ပင်ပါ။ ခေါင်းဆောင်တစ်ဦးရဲ့စိတ်ဓာတ်ကို မွေးမြူပါ။ ခေါင်းဆောင်ဖြစ်လာမဲ့သူက ကျောင်းတက်နေစဉ်အတွင်းမှာ သိသာပါတယ်။ သူငယ်ချင်း အချင်းချင်းမှာတင် ခေါင်းဆောင်တဲ့သူက ရှိစမြဲပါ။ သူ့ကိုယ်သူ ခေါင်းဆောင်လို့ ပြောနေတာမျိုး မဟုတ်ပဲ လူအများက သတ်မှတ်ထားတာမျိုးပါ။ တစ်ခုခုဆို ထိုသူကိုသာ အားကိုးချင် တိုင်ပင်ချင်တာမျိုးပါ။ ပြဿနာ ဖြေရှင်းနိုင်တဲ့ အလေ့အကျင့် ရှိမယ်၊ ကိုယ့်မှာ ဆရာသမားကောင်း၊ မိတ်ဆွေကောင်း၊ အပေါင်းအသင်းကောင်း တွေ အများကြီးရှိမယ်ဆိုရင် ကျောင်းပြီးသွားလို့လုပ်ငန်းလုပ်ကိုင်တဲ့အခါ အဆက်အသွယ်ကောင်းတွေ ဖြစ်လာပြီး ကိုယ့်အတွက် အထောက်အပံ့ကောင်းတွေ ဖြစ်လာပါလိမ့်မယ်။ ထိုမှတစ်ဆင့် အောင်မြင်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

 

sayar.com.mm

နန့်ထက်ထက်ထွန်း (WYTU)

Read times Last modified on Monday, 30 December 2019 17:00
Rate this articles
(0 votes)