×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Friday, 25 August 2017

အဆိပ်သင့်လူစားများ

အဆိပ်သင့်လူစားများ google.com

အဆိပ်ဆိုတာ ကောင်းတဲ့စကားလုံးတစ်ခုတော့ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ နေထိုင်တဲ့ကမ္ဘာကြီးက တစ်ခုတည်းဆိုပေမယ့် လူအမျိုးမျိုး၊ စိတ်အမျိုးမျိုး၊ သတ္တဝါအမျိုးမျိုး၊ ပတ်ဝန်းကျင်အမျိုးမျိုး ဒီလိုမျိုး အမျိုးမျိုးပေါင်းများစွာနဲ့ ပေါင်းစပ်ဖွဲ့စည်း ယှဉ်တွဲနေထိုင်ရတာပါ။

အဆိပ်ရှိတဲ့သတ္တဝါတွေကိုတော့ ကြိုတင်သိပြီး ရှောင်နိုင်ပါတယ်။ အဆိပ်သင့်နေတဲ့လူတွေကိုတော့ သေချာသိနိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ကြိုတင်လေ့လာပြီး သင့်ကို အနှောင့်အယှက်ပေးနိုင်မယ့် အဆိပ်သင့်လူစားတွေကို ရှောင်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ကိုယ်တိုင် အဆိပ်မမိဖို့လည်း အရေးကြီးပါတယ်။

READ - ဥာဏ်ကောင်းလွန်းရင်လည်း single ဖြစ်တတ်ပါတယ်။

၁. ဆင်ခြင်တုံတရား ကင်းမဲ့သူ

ဆင်ခြင်တုံတရားကင်းမဲ့တဲ့သူတွေက ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်မှု စွမ်းအားနည်းသွားပါတယ်။ သူတို့က တခြားသူတွေရဲ့ ပြောစကားတွေ အကြံဥာဏ်တွေကို နားမထောင်တတ်ပါဘူး။ သူတို့က အရာရာကို သိတယ် တတ်တယ်လို့ကိုယ့်ကိုယ်ထင်နေတဲ့သူတွေပါ။ ကိုယ်ဘယ်လောက်အတိုင်းအတာထိ သိတယ် ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်နိုင်စွမ်းမရှိပါဘူး။ ဒီလိုလူမျိုးတွေနဲ့ ပက်သက်နေတာ သင့်ဘဝရဲ့ တန်ဖိုးရှိ တဲ့အချိန်တွေကို ဖြုန်းတီးလိုက်တာနဲ့ တူတူပါပဲ။

၂. မနာလိုစိတ်ရှိတဲ့သူ

ဘဝဆိုတာ ပိုင်ဆိုင်တာနဲ့ အတက်အကျဆိုတဲ့ လောကဓံကိုတော့ ကြုံတွေ့ရမှာ မလွဲမသွေပါပဲ။ မိတ်ဆွေစစ်တွေလည်း ရှိသလို မိတ်ဆွေယောင်ဆောင်ထားတဲ့ ရန်သူတွေလည်းရှိပါတယ်။ သင့်အောင်မြင်မှုကိုတော့ ရှေ့တွင် ချီးမွမ်းပြောဆိုပေမယ့် နောက်ကွယ်ကနေတိုက်ခိုက်ဖို့ ချောင်းနေတဲ့သူတွေပါ။ ဒီလိုမျိုး မနာလိုစိတ်ရှိတဲ့သူတွေက သူတို့ထက်အောင်မြင်သွားမှာကို မလိုချင်ကြပါဘူး။ မနာလိုစိတ်ရှိတဲ့သူတွေကို သင့်ပတ်ဝန်းကျင်မှာ ရှိနေတယ်ဆိုရင် သူတို့နဲ့ မပက်သက်မိအောင် သတိထားပါ။

READ - သူများတွေထက်သာတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်အဖြစ် ရပ်တည်လိုပါသလား???

၃. အတင်းအဖျင်း ပြောတတ်သူ

သူတို့တွေက သတင်းတွေကို အမှန်အမှား ကောင်းတယ် ဆိုးတယ် ဝေဖန်ဆန်းစစ်မှုမရှိ ပြောတတ်တဲ့သူ တွေပါ။ သင့်ကို သူများအကြောင်းတွေလာပြောနေတဲ့သူတွေ ဆိုရင် သတိထားပါ။ သင့်နောက်ကွယ် မှာလည်း သင့်အကြောင်းကို သူများတွေကို ပြန်ပြောနေမယ်ဆိုတာ သေချာပါတယ်။ ဒီလိုအတင်းအဖျင်း ပြောတတ်တဲ့သူတွေက ကင်ဆာဆဲလ်တွေလိုပဲ ပတ်ဝန်းကျင်တစ်ခုလုံးကို မကောင်းတဲ့အသွင် ရောက်အောင် အလျင်အမြန်ပြုလုပ်နိုင်စွမ်းရှိတဲ့သူတွေပါ။

၎. လိမ်ပြောတတ်တဲ့သူတွေ

ဗုဒ္ဓဘာသာလူမျိုးတွေဖြစ်တဲ့အတွက် ငါးပါးသီလကို ယုံကြည်သက်ဝင်ပြီး လုံအောင်ဆောက်တည် ကြပါတယ်။ လိမ်ပြောတယ်မိတယ်ဆိုတာနဲ့ ကိုယ့်လိပ်ပြာကိုယ်မလုံတော့ပါဘူး။ လူတွေကများ ကိုယ့်ကို သံသယမျက်လုံးနဲ့ကြည့်နေတာလားဆိုပြီးတော့ ပူလောင်နေရပါတယ်။ ကိုယ်ကိုယ်တိုင်လည်း လိမ်ညာတဲ့အမှုကို မပြုလုပ်မိဖို့ အရေးကြီးပါတယ်။ အောင်မြင်မှုတစ်ခုရဖို့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေအပေါင်းအသင်းဆိုတာ လိုအပ်ပါတယ်။ ဒါကြောင့် လိမ်ပြောတတ်တဲ့သူတွေကို သင့်ရဲ့ ပတ်ဝန်းကျင်ထဲကို အဝင်မခံပါနဲ့။

 

Source; entrepreneur

Read times Last modified on Monday, 30 December 2019 14:34
Rate this articles
(2 votes)