×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Friday, 27 December 2019

၂၀၂၀ မွာ ပိုမို တိုးတက္ ေကာင္းမြန္ တဲ့ ဘဝ ဖန္တီး ႏိုင္ဖို႕နည္းလမ္း ( ၈ ) သြယ္

၂၀၂၀ မွာ ပိုမို တိုးတက္ ေကာင္းမြန္ တဲ့ ဘဝ ဖန္တီး ႏိုင္ဖို႕နည္းလမ္း ( ၈ ) သြယ္ freepick

(၁) သင့္ကိုယ္သင္နားလည္ပါ ေပၚပင္မလိုက္ပါနဲ႔

ေအာင္ျမင္သူေတြရဲ႕ အႀကံေပးစကားေတြကို ၾကည့္လိုက္ရင္ အလုပ္တစ္ခုကို အဆုံးထိ ေဇာက္ခ်လုပ္ဖို႔ ေတာ္ေတာ္ မ်ားမ်ား ေျပာတတ္ၾကပါတယ္။

ဒါကိုကြၽန္ေတာ္တို႔အားလုံး သိၾကေပမယ့္လည္း ခုေခတ္လူငယ္ေတြ ဆိုသည္မွာ ေပၚပင္လိုက္မိတတ္တာ အရမ္းမ်ားပါတယ္။ ဒါေၾကာင့္လည္း ဟိုဟာေလး ေကာင္းႏိုးႏိုး၊ ဒီဟာေလးကို အတည္လုပ္ေတာ့မလိုလိုနဲ႔ ဘာရယ္ေသခ်ာ ျဖစ္မလာဘဲ တစ္ခုခုမွာ လုံးဝကြၽမ္းက်င္တယ္၊ ေအာင္ျမင္တယ္ ဆိုတာမ်ိဳး မရွိႏိုင္ျဖစ္ေနတာပါ။ ဆိုေတာ့ ေပၚပင္မလိုက္မိဖို႔ အေရးႀကီးပါတယ္။ ဘယ္သူေတြဘာေျပာေျပာ ကိုယ္ဟာ ကိုယ္ရည္မွန္းထားတဲ့ အရာကိုသာ တစိုက္မတ္မတ္ လုပ္မယ္ဆိုရင္ ေအာင္ျမင္မႈဆီ အေႏွးနဲ႔ အျမန္ နီးစပ္လာမွာ အေသအခ်ာပါပဲ။

 


(၂) ပတ္ဝန္းက်င္ေကာင္းရွာပါ
ေက်ာင္းတုန္းက စာေတာ္တဲ့ အဖြဲ႕၊ စာညံ့တဲ့အဖြဲ႕၊ အလယ္အလတ္အဖြဲ႕၊ အဆိုးအေပအဖြဲ႕ ဆိုၿပီး တူရာစုတတ္ၾကသလို ကိုယ္ဟာလည္း ေအာင္ျမင္ခ်င္ရင္ ပတ္ဝန္းက်င္ေကာင္းတစ္ခုကို ဝင္ေရာက္ဖို႔ လိုအပ္ပါတယ္။ ဒီလိုမဟုတ္ဘဲ တစ္ေနကုန္ စားဖို႔ အိပ္ဖို႔ ေလာက္ပဲသိၿပီး ဘဝတိုးတက္ေရးအတြက္ ဘာမွစိတ္မဝင္စားတဲ့ ပတ္ဝန္းက်င္မွာပဲ ပိတ္မိေနရင္ေတာ့ ဘာဗဟုသုတ၊ တိုးတက္မႈမွ ရွိမွာမဟုတ္သလို ကိုယ္ပါ ပ်က္စီးသြားႏိုင္တဲ့ အလားအလာ မ်ားပါတယ္။ ဒါေၾကာင့္ ကိုယ္အားက်ရတဲ့သူေတြ၊ ရည္မွန္းခ်က္ တူၾကသူေတြ၊ ႀကိဳးစားၾကတဲ့သူေတြ စတဲ့ ပတ္ဝန္းက်င္ေကာင္းမ်ိဳးနဲ႔ ကိုယ့္ကိုယ္ကိုယ္ ဝန္းရံဖို႔ သတိရေစခ်င္ပါတယ္။ ကိုယ့္မွာ မေကာင္းတဲ့ အေပါင္းသင္းေတြရွိေနရင္လည္း ၂၀၁၉ မွာ ပဲ ထားခဲ့ဖို႕တိုက္တြန္းခ်င္ပါတယ္။

 


(၃) ၾကိဳးစားဖို႔ စိတ္ပိုင္းမျဖတ္နိုင္ေအာင္လုပ္ပါ
အေရးၾကီးပါတယ္။ ဒါကိုလုပ္သင့္တယ္၊ လုပ္လိုက္ရင္လည္း ကိုယ့္အေျခအေန တိုးတက္သြားမယ္ဆိုတာ သိေပမဲ့ ၾကိဳးစားဖို႕ကို စိတ္ပိုင္းမျဖတ္နိုင္ေသးတာနဲ႔ မလုပ္ျဖစ္ခဲ့တာေတြ ဘယ္နွစ္နွစ္ ရွိျပီလဲ။ ၾကိဳးစားရမွာ ေတြေဝမေနပါနဲ႕။ ေတြေဝေနတဲ့ စိတ္ကို၂၀၁၉ မွာပဲ ထားခဲ့လိုက္ပါေတာ့။ နွစ္သစ္မွာ စတင္ လုပ္ေဆာင္ပါ ေတာ့။

 


(၄) ့ဗဟုသုတရွာေဖြပါ
ငယ္ရြယ္ေနတဲ့အခ်ိန္မွာ အင္တာနက္ေတြ၊ ဂိမ္းေတြေဆာ့ၿပီးအခ်ိန္ကုန္ေနတာက အေၾကာင္းမဟုတ္ဘူးဆိုေပမယ့္ အရြယ္ေရာက္လာတဲ့အခ်ိန္မွာေတာ့ ကိုယ့္ဘဝအတြက္အက်ိဳးရွိေစမယ့္ အရာမ်ိဳးကိုေတြကိုေရြးၿပီးလုပ္တာက ပိုသင့္ေတာ္မႈရွိတယ္ဆိုတာကို ေတြးတတ္ဖို႔လိုပါလိမ့္မယ္။ အားေနတဲ့အခ်ိန္ေတြမွာ ႐ုပ္ရွင္ေတြၾကည့္၊ အင္တာနက္ေတြသံုးေနမယ့္အစား ကိုယ့္အတြက္ဗဟုသုတရေစမယ့္ စာအုပ္ဖတ္တာမ်ိဳးေတြ၊ ကိုယ့္အတြက္အက်ိဳးရွိေစမယ့္အရာေတြကို ရွာတာကအေကာင္းဆံုးပါေနာ္။

 


(၅) က်န္းမာေရးေကာင္းမြန္ေအာင္ေနပါ
လူငယ္တစ္ေယာက္ဆိုေပမဲ့လည္း က်န္းမာေရးကို ဂရုမစိူက္လို႕ေတာ့မရပါဘူး။ စားခ်ိန္၊ အိပ္ခ်ိန္မွန္ဖို ့လည္းလိုပါတယ္။ လူငယ္တစ္ေယာက္အေနနဲ ့ က်န္းက်န္းမာမာနဲ ့ လူငယ္ပီပီ ဖ်က္ဖ်က္လက္လက္ သြက္သြက္လက္လက္ေနထိုင္ႏိုင္ဖို ့က အရမ္းကိုအေရးၾကီးပါတယ္။ က်န္းမာေရးေကာင္းမွာ စိတ္သြားတိုင္းကိုယ္ပါျပီး လုပ္ေဆာင္တဲ့ အရာေတြမွာ ေအာင္ျမင္ႏိုင္မွာ ျဖစ္ပါတယ္။

 


(၆) အကူအညီေတာင္းခံပါ
ေအာင္ျမင္မႈကို ပိုင္ဆိုင္ဖို႔ဆိုတာ တစ္ေယာက္တည္းဘယ္လိုမွမျဖစ္ႏိုင္ပါဘူး။ ကိုယ့္အတြက္ ဥာဏ္ပညာ၊ အသိပညာနဲ႔ ဗဟုသုတေတြကို ေပးစြမ္းႏိုင္တဲ့ အေကာင္းဆုံးေသာအရင္းအျမစ္ကေတာ့ ကိုယ့္အနီးအနားကလူေတြပါပဲ။ ကိုယ္မထင္မွတ္ထားတဲ့ ပုံစံေတြနဲ႔လည္း ကိုယ့္ကိုကူညီေပးႏိုင္ပါတယ္။

 


(၇) ဘာသာစကားအသစ္တစ္ခု သင္ယူႏိုင္ေအာင္လုပ္ပါ
တိုးတက္လာတဲ့ေခတ္မွာ ဘာသာစကားကၽြမ္းက်င္မႈ ဟာ ဘဝရဲ႕တိုးတက္မႈအတြက္ အေကာင္းဆံုး အေထာက္အကူ တစ္ခုျဖစ္လာမွာပဲ ျဖစ္ပါတယ္။

 


(၈) ကိုယ္ေရာက္ေနတဲ့လမ္းေၾကာင္းေပၚမွာပဲ ပိုၿပီးအဆင့္ျမင့္တဲ့ေနရာတစ္ခုကို စိတ္ကူးၾကည့္ပါ

ခုလက္ရွိကိုယ္က account ပိုင္းမွာလုပ္ေနတယ္ဆိုပါေတာ့…..စာရင္းကိုင္ေနရာကေန စာရင္းစစ္တဲ့သူအျဖစ္စိတ္ကူးယဥ္ၾကည့္လိုက္ပါ။ ပိုၿပီး ေပ်ာ္ႏိုင္မလား….၊
ဒီထက္ပိုျမင့္တဲ့ရာထူးတစ္ဆင့္ခ်င္းတိုးတက္ေအာင္ႀကိဳးစားခ်င္စိတ္ရွိသလားလို႔ ကိုယ့္ကိုကိုယ္ေမးၾကည့္ပါ။ မျဖစ္ခ်င္ဘူးဆိုရင္ေတာ့ သင္ကခုလက္ရွိလုပ္ေနတဲ့အလုပ္
ဒါမွမဟုတ္ ကိုယ္သြားေနတဲ့လမ္းေၾကာင္းအတြက္ ျမင့္မားတဲ့ရည္မွန္းခ်က္မရွိဘဲ ေရလိုက္ငါးလိုက္နဲ႔ စားသာတာကိုလုပ္ေနတယ္လို႔ ကိုယ့္ကိုကိုယ္ေဝဖန္သင့္ပါတယ္။
အဲဒါဆိုရင္ေတာ့ ဒီလမ္းေၾကာင္းကို တကယ္စိတ္ပါလို႔မျဖစ္ႏိုင္ေတာ့ပါဘူး။ 
ဘာေၾကာင့္လဲဆိုေတာ့ လူ႔ဘဝက တစ္သက္လုံးဒီတိုင္းေနလို႔မျဖစ္ႏိုင္ပါဘူး။
ကိုယ္ေရာက္ေနတဲ့လမ္းေၾကာင္းရဲ႕ ပိုျမင့္တဲ့ေနရာတစ္ခုေရာက္ေအာင္ အၿမဲႀကိဳးစားေနသင့္ပါတယ္။
အဲဒါေၾကာင့္ သင္ေရာက္ရွိေနတဲ့လမ္းေၾကာင္းရဲ႕ ေနာက္ထပ္ေနရာတစ္ေနရာအတြက္ စိတ္ကူးယဥ္ၾကည့္သင့္ပါတယ္။

လူငယ္ေတြအေနနဲ ့မိမိရဲ ႔အရည္အခ်င္းေတြကိုျမွင့္တင္ခ်င္တယ္ဆိုရင္ေတာ့ sayar.com.mm မွာ ဘာသာရပ္ေပါင္းစံုသင္ၾကား ျပသေပးေသာ ကိုယ္ပိုင္ Study Guide ဆရာ၊ ဆရာမ မ်ားရွိပါသည္။
ဆရာ၊ ဆရာမမ်ားကိုဝင္ေရာက္ၾကည့္ရႈလိုပါက ဤလင့္ခ္ https://www.sayar.com.mm/subjects.html တြင္ လြယ္လြယ္ကူကူ၊ လ်င္လ်င္ျမန္ျမန္နဲ ့အခမဲ့ ဝင္ေရာက္ရွာေဖြၾကည့္ရႈႏိုင္ပါသည္။

UNICODE

 

၂၀၂၀ မှာ ပိုမို တိုးတက် ကောင်းမွန် တဲ့ ဘဝ ဖန်တီး နိုင်ဖို့နည်းလမ်း ( ၈ ) သွယ်


(၁) သင့်ကိုယ်သင်နားလည်ပါ ပေါ်ပင်မလိုက်ပါနဲ့
အောင်မြင်သူတွေရဲ့ အကြံပေးစကားတွေကို ကြည့်လိုက်ရင် အလုပ်တစ်ခုကို အဆုံးထိ ဇောက်ချလုပ်ဖို့ တော်တော် များများ ပြောတတ်ကြပါတယ်။ ဒါကိုကျွန်တော်တို့အားလုံး သိကြပေမယ့်လည်း ခုခေတ်လူငယ်တွေ ဆိုသည်မှာ ပေါ်ပင်လိုက်မိတတ်တာ အရမ်းများပါတယ်။ ဒါကြောင့်လည်း ဟိုဟာလေး ကောင်းနိုးနိုး၊ ဒီဟာလေးကို အတည်လုပ်တော့မလိုလိုနဲ့ ဘာရယ်သေချာ ဖြစ်မလာဘဲ တစ်ခုခုမှာ လုံးဝကျွမ်းကျင်တယ်၊ အောင်မြင်တယ် ဆိုတာမျိုး မရှိနိုင်ဖြစ်နေတာပါ။ ဆိုတော့ ပေါ်ပင်မလိုက်မိဖို့ အရေးကြီးပါတယ်။ ဘယ်သူတွေဘာပြောပြော ကိုယ်ဟာ ကိုယ်ရည်မှန်းထားတဲ့ အရာကိုသာ တစိုက်မတ်မတ် လုပ်မယ်ဆိုရင် အောင်မြင်မှုဆီ အနှေးနဲ့ အမြန် နီးစပ်လာမှာ အသေအချာပါပဲ။

 


(၂) ပတ်ဝန်းကျင်ကောင်းရှာပါ
ကျောင်းတုန်းက စာတော်တဲ့ အဖွဲ့၊ စာညံ့တဲ့အဖွဲ့၊ အလယ်အလတ်အဖွဲ့၊ အဆိုးအပေအဖွဲ့ ဆိုပြီး တူရာစုတတ်ကြသလို ကိုယ်ဟာလည်း အောင်မြင်ချင်ရင် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဝင်ရောက်ဖို့ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ဘဲ တစ်နေကုန် စားဖို့ အိပ်ဖို့ လောက်ပဲသိပြီး ဘဝတိုးတက်ရေးအတွက် ဘာမှစိတ်မဝင်စားတဲ့ ပတ်ဝန်းကျင်မှာပဲ ပိတ်မိနေရင်တော့ ဘာဗဟုသုတ၊ တိုးတက်မှုမှ ရှိမှာမဟုတ်သလို ကိုယ်ပါ ပျက်စီးသွားနိုင်တဲ့ အလားအလာ များပါတယ်။ ဒါကြောင့် ကိုယ်အားကျရတဲ့သူတွေ၊ ရည်မှန်းချက် တူကြသူတွေ၊ ကြိုးစားကြတဲ့သူတွေ စတဲ့ ပတ်ဝန်းကျင်ကောင်းမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် ဝန်းရံဖို့ သတိရစေချင်ပါတယ်။ ကိုယ့်မှာ မကောင်းတဲ့ အပေါင်းသင်းတွေရှိနေရင်လည်း ၂၀၁၉ မှာ ပဲ ထားခဲ့ဖို့တိုက်တွန်းချင်ပါတယ်။

 


(၃) ကြိုးစားဖို့ စိတ်ပိုင်းမဖြတ်နိုင်အောင်လုပ်ပါ
အရေးကြီးပါတယ်။ ဒါကိုလုပ်သင့်တယ်၊ လုပ်လိုက်ရင်လည်း ကိုယ့်အခြေအနေ တိုးတက်သွားမယ်ဆိုတာ သိပေမဲ့ ကြိုးစားဖို့ကို စိတ်ပိုင်းမဖြတ်နိုင်သေးတာနဲ့ မလုပ်ဖြစ်ခဲ့တာတွေ ဘယ်နှစ်နှစ် ရှိပြီလဲ။ ကြိုးစားရမှာ တွေဝေမနေပါနဲ့။ တွေဝေနေတဲ့ စိတ်ကို၂၀၁၉ မှာပဲ ထားခဲ့လိုက်ပါတော့။ နှစ်သစ်မှာ စတင် လုပ်ဆောင်ပါ တော့။

 


(၄)့ဗဟုသုတရှာဖွေပါ
ငယ်ရွယ်နေတဲ့အချိန်မှာ အင်တာနက်တွေ၊ ဂိမ်းတွေဆော့ပြီးအချိန်ကုန်နေတာက အကြောင်းမဟုတ်ဘူးဆိုပေမယ့် အရွယ်ရောက်လာတဲ့အချိန်မှာတော့ ကိုယ့်ဘဝအတွက်အကျိုးရှိစေမယ့် အရာမျိုးကိုတွေကိုရွေးပြီးလုပ်တာက ပိုသင့်တော်မှုရှိတယ်ဆိုတာကို တွေးတတ်ဖို့လိုပါလိမ့်မယ်။ အားနေတဲ့အချိန်တွေမှာ ရုပ်ရှင်တွေကြည့်၊ အင်တာနက်တွေသုံးနေမယ့်အစား ကိုယ့်အတွက်ဗဟုသုတရစေမယ့် စာအုပ်ဖတ်တာမျိုးတွေ၊ ကိုယ့်အတွက်အကျိုးရှိစေမယ့်အရာတွေကို ရှာတာကအကောင်းဆုံးပါနော်။

 


(၅) ကျန်းမာရေးကောင်းမွန်အောင်နေပါ
လူငယ်တစ်ယောက်ဆိုပေမဲ့လည်း ကျန်းမာရေးကို ဂရုမစိူက်လို့တော့မရပါဘူး။ စားချိန်၊ အိပ်ချိန်မှန်ဖို့လည်းလိုပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ ကျန်းကျန်းမာမာနဲ့ လူငယ်ပီပီ ဖျက်ဖျက်လက်လက် သွက်သွက်လက်လက်နေထိုင်နိုင်ဖို့က အရမ်းကိုအရေးကြီးပါတယ်။ ကျန်းမာရေးကောင်းမှာ စိတ်သွားတိုင်းကိုယ်ပါပြီး လုပ်ဆောင်တဲ့ အရာတွေမှာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

 


(၆) အကူအညီတောင်းခံပါ
အောင်မြင်မှုကို ပိုင်ဆိုင်ဖို့ဆိုတာ တစ်ယောက်တည်းဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ကိုယ့်အတွက် ဉာဏ်ပညာ၊ အသိပညာနဲ့ ဗဟုသုတတွေကို ပေးစွမ်းနိုင်တဲ့ အကောင်းဆုံးသောအရင်းအမြစ်ကတော့ ကိုယ့်အနီးအနားကလူတွေပါပဲ။ ကိုယ်မထင်မှတ်ထားတဲ့ ပုံစံတွေနဲ့လည်း ကိုယ့်ကိုကူညီပေးနိုင်ပါတယ်။

 


(၇) ဘာသာစကားအသစ်တစ်ခု သင်ယူနိုင်အောင်လုပ်ပါ
တိုးတက်လာတဲ့ခေတ်မှာ ဘာသာစကားကျွမ်းကျင်မှု ဟာ ဘဝရဲ့တိုးတက်မှုအတွက် အကောင်းဆုံး အထောက်အကူ တစ်ခုဖြစ်လာမှာပဲ ဖြစ်ပါတယ်။

 


(၈) ကိုယ်ရောက်နေတဲ့လမ်းကြောင်းပေါ်မှာပဲ ပိုပြီးအဆင့်မြင့်တဲ့နေရာတစ်ခုကို စိတ်ကူးကြည့်ပါ

ခုလက်ရှိကိုယ်က account ပိုင်းမှာလုပ်နေတယ်ဆိုပါတော့…..စာရင်းကိုင်နေရာကနေ စာရင်းစစ်တဲ့သူအဖြစ်စိတ်ကူးယဉ်ကြည့်လိုက်ပါ။ ပိုပြီး ပျော်နိုင်မလား….၊
ဒီထက်ပိုမြင့်တဲ့ရာထူးတစ်ဆင့်ချင်းတိုးတက်အောင်ကြိုးစားချင်စိတ်ရှိသလားလို့ ကိုယ့်ကိုကိုယ်မေးကြည့်ပါ။ မဖြစ်ချင်ဘူးဆိုရင်တော့ သင်ကခုလက်ရှိလုပ်နေတဲ့အလုပ်
ဒါမှမဟုတ် ကိုယ်သွားနေတဲ့လမ်းကြောင်းအတွက် မြင့်မားတဲ့ရည်မှန်းချက်မရှိဘဲ ရေလိုက်ငါးလိုက်နဲ့ စားသာတာကိုလုပ်နေတယ်လို့ ကိုယ့်ကိုကိုယ်ဝေဖန်သင့်ပါတယ်။
အဲဒါဆိုရင်တော့ ဒီလမ်းကြောင်းကို တကယ်စိတ်ပါလို့မဖြစ်နိုင်တော့ပါဘူး။ 
ဘာကြောင့်လဲဆိုတော့ လူ့ဘဝက တစ်သက်လုံးဒီတိုင်းနေလို့မဖြစ်နိုင်ပါဘူး။
ကိုယ်ရောက်နေတဲ့လမ်းကြောင်းရဲ့ ပိုမြင့်တဲ့နေရာတစ်ခုရောက်အောင် အမြဲကြိုးစားနေသင့်ပါတယ်။
အဲဒါကြောင့် သင်ရောက်ရှိနေတဲ့လမ်းကြောင်းရဲ့ နောက်ထပ်နေရာတစ်နေရာအတွက် စိတ်ကူးယဉ်ကြည့်သင့်ပါတယ်။

လူငယ်တွေအနေနဲ့မိမိရဲ့အရည်အချင်းတွေကိုမြှင့်တင်ချင်တယ်ဆိုရင်တော့ sayar.com.mm မှာ ဘာသာရပ်ပေါင်းစုံသင်ကြား ပြသပေးသော ကိုယ်ပိုင် Study Guide ဆရာ၊ ဆရာမ များရှိပါသည်။
ဆရာ၊ ဆရာမများကိုဝင်ရောက်ကြည့်ရှုလိုပါက ဤလင့်ခ် https://www.sayar.com.mm/subjects.htmlတွင် လွယ်လွယ်ကူကူ၊ လျင်လျင်မြန်မြန်နဲ့အခမဲ့ ဝင်ရောက်ရှာဖွေကြည့်ရှုနိုင်ပါသည်။

 

sayar.com.mm

Read times
Rate this articles
(0 votes)