×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 05 February 2020

ဘာကြောင့် အရည်အချင်းမရှိသူတွေက ကိုယ့်ကိုယ် ကို အံ့မခန်းထူးချွန်တယ်လို့ထင်ရတာလဲ?

ဘာကြောင့် အရည်အချင်းမရှိသူတွေက ကိုယ့်ကိုယ် ကို အံ့မခန်းထူးချွန်တယ်လို့ထင်ရတာလဲ? google.com

သင်က သင့်ကိုယ်သင်ထင်သလောက်အရာရာတိုင်းမှာ ကျွမ်းကျင်မှုရှိရဲ့လား။

သင်ဟာ ပိုက်ဆံကို စီမံခန့်ခွဲ ကိုင်တွယ်တဲ့နေရာမှာ ဘယ်လောက်တော်သလဲ?
လူတွေရဲ့ စိတ်ခံစားချက်ကို ဖတ်တဲ့ နေရာမှာရော သင့်ကိုယ်သင် တော်တယ်လို့ထင်လား?
ဘာသာစကားတွေမှာ သာမန်ထက်ပိုကောင်းသလား ?
ကိုယ်ဘယ်လောက် အရည်အချင်းရှိလဲ?
ကိုယ့်ကျွမ်းကျင်တဲ့ပညာက တခြားလူတွေနဲ့ ဘယ်လို နှိုင်းယှဉ်လို့ရလဲသိခြင်းက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကို မြှင့်တင်ပေးတာထက်ကို ပိုပါတယ်။
ဘယ်အချိန်မှာကိုယ့်ဆုံးဖြတ်ချက်နဲ့ ပင်ကိုအသိကိုသုံးပြီးရှေ့ဆက်တိုးသင့်သလဲ?


ဘယ်အချိန်မှာတော့အကြံဉာဏ်တောင်းဖို့လိုသလဲ ဆိုတာကို နားလည်နိုင်အောင် ကူညီပေးနိုင်တယ်။
ဒါပေမယ့် စိတ်ပညာသုတေသနက ညွှန်ပြတာက ကျွန်တော်တို့ဟာကိုယ့်ကိုယ်ကိုယ်တိတိကျကျ သုံးသပ်တဲ့နေရာမှာ သိပ်မကောင်းကြတာတွေ့ရပါတယ်။
တကယ်တမ်းကျွန်တော်တို့က ကိုယ့်အရည်အချင်းကို မကြာခဏ အမှန်တကယ်ရှိတာထက်ပိုပြီး အထင်ကြီးမိတတ်ကြပါတယ်။ သုတေသီတွေကဒီဖြစ်စဉ်ကို Dunning-Kruger သက်ရောက်မှုလို့နာမည်ပေးထားကြပါတယ်။


Dunning-Kruger သက်ရောက်မှု
ဒီသက်ရောက်မှုက ဘာကြောင့် လေ့လာမှုအရ လူဦးရေ ၁၀၀ ကျော်က လူတွေမှာ ကိုယ့်ကိုယ်ကို သာလွန်ကောင်းမွန်တယ်လို့အထင်မှားမှု လက္ခဏာပြသတယ်ဆိုတာကို ရှင်းပြတယ်။
ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် သူများထက် တော်တယ်လို့ ထင်မြင်အကဲဖြတ်တတ်ကြတယ်။ သင်္ချာနိယာမတွေကို သွေဖယ်ဆန့်ကျင်တဲ့အထိပါပဲ။


ကုမ္ပဏီနှစ်ခုကဆော့်ဖ်ဝဲလ်အင်ဂျင်နီယာတွေကို သူတို့စွမ်းဆောင်မှုကို အကဲဖြတ်ခိုင်းတဲ့အခါ ကုမ္ပဏီတစ်ခုက အင်ဂျင်နီယာ ၃၂% နဲ့ နောက်တစ်ခုက ၄၂% က သူတို့ကိုယ်သူတို့ အတော်ဆုံး ၅% ထဲထည့်ကြတယ်။
နောက်လေ့လာမှုတစ်ခုမှာ အမေရိကန်ကားမောင်းသူ ၈၈% က သူတို့ကိုယ်သူတို့ သာမန်(ပျမ်းမျှ)ထက်ပိုတဲ့ ကားမောင်းကျွမ်းကျင်မှုရှိတယ်လို့ပြောကြတယ်။
ဒါတွေက သီးခြားတွေ့ရှိချက်တွေမဟုတ်ပါဘူး။ ပျမ်းမျှအားဖြင့် လူတွေက ကိုယ့်ကိုယ်ကိုယ် အများစုထက် ပိုတော်တယ်လို့ အကဲဖြတ်လေ့ရှိတယ်။
ကျန်းမာရေး၊ဦးဆောင်မှု၊ အရည်အချင်း၊ ကျင့်ဝတ် ကစပြီး အခြားပညာရပ်တွေလည်း ပါဝင်ပါတယ်။


ထူးထူခြားခြား စိတ်ဝင်စားဖို့ကောင်းတာက အရည်အချင်းအနိမ့်ဆုံးသူတွေက ပိုပြီး မကြာခဏ သူတို့ကျွမ်းကျင်မှုကိုအကြီးဆုံးအတိုင်းတာထိ ပိုအထင်ကြီးဖို့ဖြစ်နိုင်ခြေအရှိဆုံးဖြစ်တယ်လို့သုတေသီတွေကပြောကြပါတယ်။
သိသိသာသာ ညံ့ဖျင်းတဲ့သူတွေက အကျိုးသင့်အကြောင်းသင့် တွေးခေါ်မှု၊ သဒ္ဒါ၊ ငွေးကြေးဆိုင်ရာ ဗဟုသုတ၊ သင်္ချာ၊ စိတ်ခံစားမှု၊ ဉာဏ်ရည်ဉာဏ်သွေး ဆေးပညာဆိုင်ရာဓာတ်ခွဲဆေးစစ်ချက်များ လုပ်ဆောင်ခြင်းနဲ့

စစ်တုရင် ကစားနည်း စတာတွေမှာ သူတို့ရဲ့ကျွမ်းကျင်မှုကို တကယ့်ပညာရှင်တွေ နီးပါး ကောင်းတယ်လို့ အကဲဖြတ်လေ့ရှိကြပါတယ်။

 


ဒီတော့ ဘယ်သူတွေက ဒီအထင်မှားမှုကို ခုခံနိုင်မှုအနည်းဆုံးလဲ?
ဝမ်းနည်းစရာကတော့ အဖြေက ကျွန်တော်တို့အားလုံးပါပဲ... အကြောင်းက ကျွန်တော်တို့အားလုံးမှာ မကျွမ်းကျင်တဲ့ အရာတွေရှိနေလို့ပါပဲ ….ကျွန်တော်တို့ သတိမထားမိတတ်ကြပါဘူ။


အဲ့ဒါဟာ ဘာကြောင့်လဲ……?
စိတ်ပညာရှင်များ ဖြစ်ကြတဲ့ Dunning နဲ့ Kruger တို့က ဒီသက်ရောက်မှုကို ၁၉၉၉မှာ ပထမဆုံးဖော်ပြခဲ့တယ်။ သီးခြားနယ်ပယ်တွေမှာ အသိပညာ နဲ့ ကျွမ်းကျင်မှု မရှိတဲ့သူတွေက နှစ်ဆကံဆိုးတယ်လို့ သူတို့ကပြောခဲ့တယ်။
ပထမဆုံး ညံ့ဖျင်းသူတွေက အမှားတွေလုပ်ပြီး ဆုံးဖြတ်ချက်အလွဲတွေ လုပ်တတ်ကြတယ်။
ဒုတိယက သူတို့ရဲ့ အဲ့ဒီအသိပညာ ကွာဟမှုတွေကပဲ သူတို့ရဲ့အမှားတွေကိုမတွေ့မိအောင်ဟန့်တားတယ်။


တနည်းပြောရရင်တော့ စွမ်းဆောင်ရည်ညံ့သူတွေက သူတို့ ဘယ်လောက် ဆိုးဝါးစွာလုပ်ဆောင်နေတာကို သိဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှု ကင်းမဲ့တယ်.. အားနည်းတယ်ပေါ့။
ဥပမာအားဖြင့် သုတေသီတွေက ကောလိပ်စကားရည်လုပွဲ ယှဉ်ပြိုင်သူတွေကို လေ့လာတဲ့အခါမှာ လက်ရည်စမ်းပွဲအချီရဲ့ အောက်ဆုံး ၂၅% ကအသင်းတွေက ၅ ပွဲမှာ ၄ ပွဲလောက်နီးနီး ရှူံးကြတယ်။
ဒါပေမယ့် သူတို့က သူတို့ ၆၀% လောက် နိုင်တယ်လို့ ထင်ခဲ့ကြတယ်။


စကားရည်လုပွဲရဲ့ စည်းမျဉ်းတွေကို သေချာနားလည်မှုမရှိဘဲ ကျောင်းသားတွေက ဘယ်အချိန်နဲ့ဘယ်လောက်မကြာခဏ သူတို့ရဲ့ ချေပချက်က ပြိုလဲသွားတယ်ဆိုတာ မသိနိုင်ကြဘူး။
ပြောချင်တာက Dunning-Kruger သက်ရောက်မှုက အတ္တကြောင့် အားနည်းချက်တွေကိုမမြင်စေတဲ့ပြဿနာလဲမဟုတ်နေပြန်ပါဘူး။ လူတွေက သူတို့ချို့ယွင်းချက်တွေကို တွေ့သွားတဲ့အခါ တကယ်တမ်း တော့ လက်ခံတတ်ကြပါတယ်။
လေ့လာမှုတစ်ခုမှာ ယုတ္တိဗေဒ ဉာဏ်စမ်းကို အစမှာ မဖြေနိုင်ခဲ့တဲ့ကျောင်းသားတွေက ယုတ္တိဗေဒဘာသာရပ် သင်တန်းတိုတစ်ခု တက်ပြီးသွားချိန်မှာတော့ သူတို့ မူလအဖြေတွေကို အလွန်ဆိုးဝါးတယ်လို့ သတ်မှတ်ဖို့ အလွန်လိုလိုလားလားရှိကြပါတယ်။
ဒီအကြောင်းကြောင့်ပဲ အတွေ့အကြုံ (သို့) ကျွမ်းကျင်မှု အသင့်အတင့်ရှိသူတွေက မကြာခဏ သူတို့အရည်အချင်းကို ယုံကြည်မှုပိုနည်းတာ ဖြစ်နိုင်ပါတယ်။


အတော်အတန်သိထားတဲ့အတွက် သူတို့မသိသေးတာ အများကြီးရှိမှန်းသိထားတယ်။ တစ်ချိန်တည်းမှာပဲ ကျွမ်းကျင်ပညာရှင်တွေက သူတို့ဘယ်လောက်နှံ့စပ် သလဲဆိုတာ သိကြတယ်။
ဒါပေမယ့် သူတို့ကတော့ အခြားအမှားတစ်ခုကို မကြာခဏ လုပ်တတ်ကြပါသေး တယ်။အဲ့ဒါကတော့ သူတို့က တခြားသူတွေကိုလည်း သူတို့လောက်နှံစပ်တယ်လို့ ယူဆထားတယ်။
ရလဒ်ကတော့ မပိုင်နိုင်သည်ဖြစ်စေ အလွန်ကျွမ်းကျင်သည်ဖြစ်စေ လူတိုင်းက မမှန်ကန်တဲ့ ကိုယ့်ကိုယ်ကိုယ်အမြင် ပူဖောင်းထဲမှာ မကြာခဏပိတ်မိနေကြတာပဲ။

မကျွမ်းကျင်တဲ့အခါ သူတို့ကိုယ်တိုင်ရဲ့ အပြစ်ကို ပြန်မမြင်နိုင်ဘူး။ အလွန်ထူးချွန်ပြန်တော့လဲ သူတို့ရဲ့အရည်အချင်းက ဘယ်လောက် သူမတူသလဲဆိုတာ သတိမထားမိကြဘူး။

 

ဒီတော့ Dunning-Kruger သက်ရောက်မှုက ခံစားနေရတဲ့သူတွေအတွက် မမြင်သာဘူးဆိုရင် အရာအမျိုးမျိုးမှာ သင်ဘယ်လောက်တတ်ကျွမ်းသလဲ ဆိုတာကို သိအောင်ဘယ်လိုလုပ်လို့ရသလဲ?

ပထမဆုံး အခြားသူတွေဆီက အမြင်ကိုတောင်းပါ။ ပြီးတော့ နားဝင်မချိုရင်တောင်မှ သုံးသပ်ပါ။
ဒုတိယနဲ့ ပိုအရေးကြီးတာက ဆက်ပြီးလေ့လာသင်ယူပါ။ ပိုပြီး အသိပညာတိုးလာရင် ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်မှာ မမြင်နိုင်တဲ့ အပေါက်တွေရှိဖို့ ဖြစ်နိုင်ခြေနည်းပါတယ်။
အခုဖော်ပြပေးခဲ့တာကတော့ စိတ်ပညာအရ အရည်အချင်းမရှိသူတွေဟာ ဘာကြောင့် သူတို့ကိုယ်သူတို့ ပိုတော်တယ်.. ကျွမ်းကျင်တယ်လို့ထင်ရလလဲ ဆိုတဲ့ အကြောင်းအရာဖြစ်ပါတယ်။ ဒီစာပုဒ်လေးမှာ စာဖတ်သူအနေနဲ့ ပြောချင်တဲ့ အကြောင်းအရာကို နားလည်သဘောပေါက်ကြမယ်လို့ထင်မိပါတယ်။ ပြောချင်တာကတော့ မိမိလက်ရှိရောက်နေတဲ့ နေရာမှာ ရပ်မနေပဲ ပိုအောင်မြင်တဲ့ ခရီးကိုလျောက်လှမ်းနိုင်ဖို့ ဒီထက်ပိုပြီး လေ့လာသင်ယူကြပါလို့ပြောချင်ပါတယ်။

 

Zawgyi ျဖင့္ဖတ္ရန္

ဘာေၾကာင့္ အရည္အခ်င္းမရွိသူေတြက ကိုယ့္ကိုယ္ ကို အံ့မခန္းထူးခၽြန္တယ္လို႔ထင္ရတာလဲ?

သင္က သင့္ကိုယ္သင္ထင္သေလာက္အရာရာတိုင္းမွာ ကၽြမ္းက်င္မႈရွိရဲ႕လား။
သင္ဟာ ပိုက္ဆံကို စီမံခန္႔ခြဲ ကိုင္တြယ္တဲ့ေနရာမွာ ဘယ္ေလာက္ေတာ္သလဲ?
လူေတြရဲ႕ စိတ္ခံစားခ်က္ကို ဖတ္တဲ့ ေနရာမွာေရာ သင့္ကိုယ္သင္ ေတာ္တယ္လို႔ထင္လား?
ဘာသာစကားေတြမွာ သာမန္ထက္ပိုေကာင္းသလား ?
ကိုယ္ဘယ္ေလာက္ အရည္အခ်င္းရွိလဲ?
ကိုယ့္ကြၽမ္းက်င္တဲ့ပညာက တျခားလူေတြနဲ႔ ဘယ္လို ႏႈိင္းယွဥ္လို႔ရလဲသိျခင္းက ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားမႈကို ျမႇင့္တင္ေပးတာထက္ကို ပိုပါတယ္။
ဘယ္အခ်ိန္မွာကိုယ့္ဆုံးျဖတ္ခ်က္နဲ႔ ပင္ကိုအသိကိုသုံးၿပီးေရွ႕ဆက္တိုးသင့္သလဲ?


ဘယ္အခ်ိန္မွာေတာ့အႀကံဥာဏ္ေတာင္းဖို႔လိုသလဲ ဆိုတာကို နားလည္ႏိုင္ေအာင္ ကူညီေပးႏိုင္တယ္။
ဒါေပမယ့္ စိတ္ပညာသုေတသနက ၫႊန္ျပတာက ကြၽန္ေတာ္တို႔ဟာကိုယ့္ကိုယ္ကိုယ္တိတိက်က် သုံးသပ္တဲ့ေနရာမွာ သိပ္မေကာင္းၾကတာေတြ႕ရပါတယ္။
တကယ္တမ္းကြၽန္ေတာ္တို႔က ကိုယ့္အရည္အခ်င္းကို မၾကာခဏ အမွန္တကယ္ရွိတာထက္ပိုျပီး အထင္ႀကီးမိတတ္ၾကပါတယ္။ သုေတသီေတြကဒီျဖစ္စဥ္ကို Dunning-Kruger သက္ေရာက္မႈလို႕နာမည္ေပးထားၾကပါတယ္။


Dunning-Kruger သက္ေရာက္မႈ
ဒီသက္ေရာက္မႈက ဘာေၾကာင့္ ေလ့လာမႈအရ လူဦးေရ ၁၀၀ ေက်ာ္က လူေတြမွာ ကိုယ့္ကိုယ္ကို သာလြန္ေကာင္းမြန္တယ္လို႔အထင္မွားမႈ လကၡဏာျပသတယ္ဆိုတာကို ရွင္းျပတယ္။
ကြၽန္ေတာ္တို႔က ကိုယ့္ကိုယ္ကိုယ္ သူမ်ားထက္ ေတာ္တယ္လို႔ ထင္ျမင္အကဲျဖတ္တတ္ၾကတယ္။ သခ်ၤာနိယာမေတြကို ေသြဖယ္ဆန႔္က်င္တဲ့အထိပါပဲ။


ကုမၸဏီႏွစ္ခုကေဆာ့္ဖ္ဝဲလ္အင္ဂ်င္နီယာေတြကို သူတို႔စြမ္းေဆာင္မႈကို အကဲျဖတ္ခိုင္းတဲ့အခါ ကုမၸဏီတစ္ခုက အင္ဂ်င္နီယာ ၃၂% နဲ႔ ေနာက္တစ္ခုက ၄၂% က သူတို႔ကိုယ္သူတို႔ အေတာ္ဆံုး ၅% ထဲထည့္ၾကတယ္။
ေနာက္ေလ့လာမႈတစ္ခုမွာ အေမရိကန္ကားေမာင္းသူ ၈၈% က သူတို႔ကိုယ္သူတို႔ သာမန္(ပ်မ္းမွ်)ထက္ပိုတဲ့ ကားေမာင္းကြၽမ္းက်င္မႈရွိတယ္လို႔ေျပာၾကတယ္။
ဒါေတြက သီးျခားေတြ႕ရွိခ်က္ေတြမဟုတ္ပါဘူး။ ပ်မ္းမွ်အားျဖင့္ လူေတြက ကိုယ့္ကိုယ္ကိုယ္ အမ်ားစုထက္ ပိုေတာ္တယ္လို႔ အကဲျဖတ္ေလ့ရွိတယ္။
က်န္းမာေရး၊ဦးေဆာင္မႈ၊ အရည္အခ်င္း၊ က်င့္ဝတ္ ကစၿပီး အျခားပညာရပ္ေတြလည္း ပါဝင္ပါတယ္။


ထူးထူျခားျခား စိတ္ဝင္စားဖို႔ေကာင္းတာက အရည္အခ်င္းအနိမ့္ဆုံးသူေတြက ပိုျပီး မၾကာခဏ သူတို႔ကြၽမ္းက်င္မႈကိုအႀကီးဆုံးအတိုင္းတာထိ ပိုအထင္ႀကီးဖို႔ျဖစ္ႏိုင္ေျခအရွိဆုံးျဖစ္တယ္လို႕သုေတသီေတြကေျပာၾကပါတယ္။
သိသိသာသာ ညံ့ဖ်င္းတဲ့သူေတြက အက်ိဳးသင့္အေၾကာင္းသင့္ ေတြးေခၚမႈ၊ သဒၵါ၊ ေငြးေၾကးဆိုင္ရာ ဗဟုသုတ၊ သခ်ၤာ၊ စိတ္ခံစားမႈ၊ ဥာဏ္ရည္ဥာဏ္ေသြး ေဆးပညာဆိုင္ရာဓာတ္ခြဲေဆးစစ္ခ်က္မ်ား လုပ္ေဆာင္ျခင္းနဲ႔

စစ္တုရင္ ကစားနည္း စတာေတြမွာ သူတို႔ရဲ႕ကြၽမ္းက်င္မႈကို တကယ့္ပညာရွင္ေတြ နီးပါး ေကာင္းတယ္လို႔ အကဲျဖတ္ေလ့ရွိၾကပါတယ္။

 

ဒီေတာ့ ဘယ္သူေတြက ဒီအထင္မွားမႈကို ခုခံႏိုင္မႈအနည္းဆုံးလဲ?
ဝမ္းနည္းစရာကေတာ့ အေျဖက ကြၽန္ေတာ္တို႔အားလုံးပါပဲ... အေၾကာင္းက ကြၽန္ေတာ္တို႔အားလုံးမွာ မကြၽမ္းက်င္တဲ့ အရာေတြရွိေနလို႔ပါပဲ ….ကြၽန္ေတာ္တို႔ သတိမထားမိတတ္ၾကပါဘူ။


အဲ့ဒါဟာ ဘာေၾကာင့္လဲ……?
စိတ္ပညာရွင္မ်ား ျဖစ္ၾကတဲ့ Dunning နဲ႔ Kruger တို႔က ဒီသက္ေရာက္မႈကို ၁၉၉၉မွာ ပထမဆုံးေဖာ္ျပခဲ့တယ္။ သီးျခားနယ္ပယ္ေတြမွာ အသိပညာ နဲ႔ ကြၽမ္းက်င္မႈ မရွိတဲ့သူေတြက ႏွစ္ဆကံဆိုးတယ္လို႔ သူတို႔ကေျပာခဲ့တယ္။
ပထမဆုံး ညံ႕ဖ်င္းသူေတြက အမွားေတြလုပ္ၿပီး ဆုံးျဖတ္ခ်က္အလြဲေတြ လုပ္တတ္ၾကတယ္။
ဒုတိယက သူတို႕ရဲ႕ အဲ့ဒီအသိပညာ ကြာဟမႈေတြကပဲ သူတို႔ရဲ႕အမွားေတြကိုမေတြ႕မိေအာင္ဟန႔္တားတယ္။


တနည္းေျပာရရင္ေတာ့ စြမ္းေဆာင္ရည္ညံ့သူေတြက သူတို႔ ဘယ္ေလာက္ ဆိုးဝါးစြာလုပ္ေဆာင္ေနတာကို သိဖို႔ လိုအပ္တဲ့ ကြၽမ္းက်င္မႈ ကင္းမဲ့တယ္.. အားနည္းတယ္ေပါ့။
ဥပမာအားျဖင့္ သုေတသီေတြက ေကာလိပ္စကားရည္လုပြဲ ယွဥ္ၿပိဳင္သူေတြကို ေလ့လာတဲ့အခါမွာ လက္ရည္စမ္းပြဲအခ်ီရဲ႕ ေအာက္ဆုံး ၂၅% ကအသင္းေတြက ၅ ပြဲမွာ ၄ ပြဲေလာက္နီးနီး ရႉံးၾကတယ္။
ဒါေပမယ့္ သူတို႔က သူတို႔ ၆၀% ေလာက္ ႏိုင္တယ္လို႔ ထင္ခဲ့ၾကတယ္။


စကားရည္လုပြဲရဲ႕ စည္းမ်ဥ္းေတြကို ေသခ်ာနားလည္မႈမရွိဘဲ ေက်ာင္းသားေတြက ဘယ္အခ်ိန္နဲ႔ဘယ္ေလာက္မၾကာခဏ သူတို႔ရဲ႕ ေခ်ပခ်က္က ၿပိဳလဲသြားတယ္ဆိုတာ မသိႏိုင္ၾကဘူး။
ေျပာခ်င္တာက Dunning-Kruger သက္ေရာက္မႈက အတၱေၾကာင့္ အားနည္းခ်က္ေတြကိုမျမင္ေစတဲ့ျပႆနာလဲမဟုတ္ေနျပန္ပါဘူး။ လူေတြက သူတို႔ခ်ိဳ႕ယြင္းခ်က္ေတြကို ေတြ႕သြားတဲ့အခါ တကယ္တမ္း ေတာ့ လက္ခံတတ္ၾကပါတယ္။
ေလ့လာမႈတစ္ခုမွာ ယုတၱိေဗဒ ဥာဏ္စမ္းကို အစမွာ မေျဖႏိုင္ခဲ့တဲ့ေက်ာင္းသားေတြက ယုတၱိေဗဒဘာသာရပ္ သင္တန္းတိုတစ္ခု တက္ၿပီးသြားခ်ိန္မွာေတာ့ သူတို႔ မူလအေျဖေတြကို အလြန္ဆိုးဝါးတယ္လို႔ သတ္မွတ္ဖို႔ အလြန္လိုလိုလားလားရွိၾကပါတယ္။
ဒီအေၾကာင္းေၾကာင့္ပဲ အေတြ႕အႀကဳံ (သို႔) ကြၽမ္းက်င္မႈ အသင့္အတင့္ရွိသူေတြက မၾကာခဏ သူတို႔အရည္အခ်င္းကို ယုံၾကည္မႈပိုနည္းတာ ျဖစ္ႏိုင္ပါတယ္။


အေတာ္အတန္သိထားတဲ့အတြက္ သူတို႔မသိေသးတာ အမ်ားႀကီးရွိမွန္းသိထားတယ္။ တစ္ခ်ိန္တည္းမွာပဲ ကြၽမ္းက်င္ပညာရွင္ေတြက သူတို႔ဘယ္ေလာက္ႏွံ႔စပ္ သလဲဆိုတာ သိၾကတယ္။
ဒါေပမယ့္ သူတို႔ကေတာ့ အျခားအမွားတစ္ခုကို မၾကာခဏ လုပ္တတ္ၾကပါေသး တယ္။အဲ့ဒါကေတာ့ သူတို႔က တျခားသူေတြကိုလည္း သူတို႔ေလာက္ႏွံစပ္တယ္လို႔ ယူဆထားတယ္။
ရလဒ္ကေတာ့ မပိုင္ႏိုင္သည္ျဖစ္ေစ အလြန္ကြၽမ္းက်င္သည္ျဖစ္ေစ လူတိုင္းက မမွန္ကန္တဲ့ ကိုယ့္ကိုယ္ကိုယ္အျမင္ ပူေဖာင္းထဲမွာ မၾကာခဏပိတ္မိေနၾကတာပဲ။

မကြၽမ္းက်င္တဲ့အခါ သူတို႔ကိုယ္တိုင္ရဲ႕ အျပစ္ကို ျပန္မျမင္ႏိုင္ဘူး။ အလြန္ထူးခြၽန္ျပန္ေတာ့လဲ သူတို႔ရဲ႕အရည္အခ်င္းက ဘယ္ေလာက္ သူမတူသလဲဆိုတာ သတိမထားမိၾကဘူး။

ဒီေတာ့ Dunning-Kruger သက္ေရာက္မႈက ခံစားေနရတဲ့သူေတြအတြက္ မျမင္သာဘူးဆိုရင္ အရာအမ်ိဳးမ်ိဳးမွာ သင္ဘယ္ေလာက္တတ္ကြၽမ္းသလဲ ဆိုတာကို သိေအာင္ဘယ္လိုလုပ္လို႔ရသလဲ?

ပထမဆုံး အျခားသူေတြဆီက အျမင္ကိုေတာင္းပါ။ ၿပီးေတာ့ နားဝင္မခ်ိဳရင္ေတာင္မွ သုံးသပ္ပါ။
ဒုတိယနဲ႔ ပိုအေရးႀကီးတာက ဆက္ၿပီးေလ့လာသင္ယူပါ။ ပိုၿပီး အသိပညာတိုးလာရင္ ကြၽန္ေတာ္တို႔ရဲ႕ စြမ္းေဆာင္ရည္မွာ မျမင္ႏိုင္တဲ့ အေပါက္ေတြရွိဖို႔ ျဖစ္ႏိုင္ေျခနည္းပါတယ္။
အခုေဖာ္ျပေပးခဲ့တာကေတာ့ စိတ္ပညာအရ အရည္အခ်ငး္မရွိသူေတြဟာ ဘာေၾကာင့္ သူတို႕ကုိယ္သူတို႕ ပိုေတာ္တယ္.. ကၽြမ္းက်င္တယ္လို႔ထင္ရလလဲ ဆိုတဲ့ အေၾကာင္းအရာျဖစ္ပါတယ္။ ဒီစာပုဒ္ေလးမွာ စာဖတ္သူအေနနဲ႕ ေျပာခ်င္တဲ့ အေၾကာင္းအရာကို နားလည္သေဘာေပါက္ၾကမယ္လို႕ထင္မိပါတယ္။ ေျပာခ်င္တာကေတာ့ မိမိလက္ရွိေရာက္ေနတဲ့ ေနရာမွာ ရပ္မေနပဲ ပိုေအာင္ျမင္တဲ့ ခရီးကိုေလ်ာက္လွမ္းႏိုင္ဖို႕ ဒီထက္ပိုျပီး ေလ့လာသင္ယူၾကပါလို႔ေျပာခ်င္ပါတယ္။

 

Ref : https://www.ted.com/talks/david_dunning_why_incompetent_people_think_they_re_amazing/transcript?language=my#t-18304

Read times Last modified on Wednesday, 05 February 2020 15:13
Rate this articles
(0 votes)