×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Friday, 07 February 2020

"ဒီ (၄) ချက်ထဲပါမှ လက်ရှိအလုပ်ကထွက်ဖို့(သို့)ပြောင်းဖို့စဉ်းစားပါ"

"ဒီ (၄) ချက်ထဲပါမှ လက်ရှိအလုပ်ကထွက်ဖို့(သို့)ပြောင်းဖို့စဉ်းစားပါ" freepick

ကျွန်တော့်ကို တချို့ကမေးကြတယ် အခုအလုပ်ကမလုပ်ချင်တော့ဘူး ဘာလုပ်ရမှန်းလဲမသိဘူးဖြစ်နေတယ်။

အဲ့လိုတွေဖြစ်နေတာ အကြောင်း(၂) ချက်ရှိတယ်။ တစ်ချက်က လက်ရှိအလုပ်မှာမပျော်တော့လို့ စိတ်မဝင်စားတော့လို့၊ နောက်တစ်ချက်က အလုပ်ကိုမလုပ်ချင်လို့။

အဲ့လိုတွေကြောင့်အလုပ်က ထွက်ချင်နေပြီ (သို့) မလုပ်ချင်တော့ဘူးဆိုရင် ကျွန်တော်အခုပြောပြမယ့် အချက် (၄) ချက်ထဲက တစ်ချက်ထဲမှာ ပါနေပြီဆိုရင် လက်ရှိအလုပ်ကထွက်ဖို့(သို့) အလုပ်ပြောင်းဖို့ စဉ်းစားနိုင်ပါတယ်။

 

(၁) ကိုယ်ရဲ့လစာထက် အပြင်ဝင်ငွေကများလာခြင်း

ဒီနည်းလမ်းကို Side Hustle လို့လဲခေါ်ကြပါတယ် လက်ရှိအလုပ်လဲမပျက် တစ်ဖက်တစ်လမ်းကငွေရှာခြင်းပေါ့။ ဒီနည်းလမ်းတွေက လူတော်တော်များများ လုပ်ချင်ကြပေမယ့် တကယ်မလုပ်ကြပါဘူး လုပ်ရင်လဲ သေချာစူးစိုက်မလုပ်ကြပါဘူး။ ဘယ်လိုမျိုးစဉ်းစားရမလဲဆိုတာကတော့ လက်ရှိကိုယ့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အခက်အခဲတွေကို သတိထားကြည့်ပါ ကိုယ်ဘယ်လိုဖြေရှင်းပေးနိုင်လဲဆိုတာ စဉ်းစားပါ။

ကျွန်တော်ဆို အလုပ်ထဲမှာ အအေး မုန့်တွေရောင်းဖူးတယ် အဲ့လိုကနေစစဉ်းစားရမှာပေါ့၊ နောက်အလုပ်တစ်ခုမှာဆိုလည်းအဲ့အတိုင်းပဲ အန်တီကြီးက သူ့အလုပ်ခွင်ရဲ့အခြေအနေကို သိတယ် အဲ့တော့ တစ်ဖက်တစ်လမ်းက မုန့်တွေ အအေးတွေ လုပ်ဖော်ကိုင်ဖက်တွေအတွက် သေးသေးမွှားမွှားပစ္စည်းတွေကအစ သူ့အံဆွဲ ဗီဒိုထဲမှာ အပြည့်ထည့် ခြင်းတောင်ထဲမှာလည်းအပြည့်နဲ့ ရုံးလာတယ်ပေါ့နော်။ တချို့ကလဲ ဖုန်းဘေလ်ရောင်း၊ ထီရောင်း၊ အခုခေတ်စားတာက online shopping တွေလည်းပါတာပေါ့၊ ကွန်ပြူတာတစ်လုံးနဲ့ ကိုယ်တတ်ထားတဲ့အရာတွေကနေ ပိုက်ဆံရှာနေတဲ့သူတွေအများကြီးပါ။ ကျွန်တော့အသိတစ်ယောက်ဆို လစာက တစ်လ (၂) သိန်းပဲရတာ online shopping ကနေအမြတ်က (၄)သိန်းထိရတယ်။

အဲ့လိုမျိုးတွေပေါ့နော် ကိုယ့်အလုပ်ချိန်မဟုတ်ပဲ ပြင်ပကနေ ဝင်တဲ့ ဝင်ငွေဟာ သင့်လုပ်ခလစာထက် များလာပြီဆိုရင် သင့်လက်ရှိ အလုပ်ကနေ ထွက်ဖို့ (သို့) ပြောင်းဖို့ စဉ်းစားနိုင်ပါတယ်။

 

 

(၂) ကိုယ့်ရဲ့အသုံးစရိတ်အတွက် အရန်ငွေအလုံအလောက်ရှိခြင်း

ကိုယ့်ရဲ့ တစ်လတစ်လ အသုံးစရိတ်ဘယ်လောက်ရှိလဲ မတွက်ထားတဲ့ သူကများပါတယ် တွက်ထားတတ်တဲ့သူ ချင့်ချိန်သုံးစွဲတတ်တဲ့သူတွေက ဒီလိုအရာတွေမှာ ပိုပြီးအဆင်ပြေပါတယ်။ ကိုယ့်တစ်လ လစာဘယ်လောက်ရတယ် အသုံးစရိတ်က ဘယ်လောက်ရှိတယ် ဆိုတာ စီစစ်သင့်သလို တွက်လည်းတွက်သင့်ပါတယ်။ အသုံးမလိုတာတွေကို လျော့ချနိုင်ဖို့လွယ်ကူလျှင်မြန်စွာ သိရှိစေတာပေါ့။ ကိုယ့်ရဲ့ တစ်လ အသုံးစရိတ်ဘယ်လောက်လဲ သေချာခန့်မှန်းတွက်ချက်ပြီးရင် (၃) လ မှ (၅) လစာအထိ ဘယ်လောက်ရှိနိုင်မလဲ သတ်မှတ်ပါ။

ဘာ့ကြောင့်လဲဆိုတော့ နောက်အလုပ်တစ်ခု ရှာနေစဉ်အတွင်း သင့်အသုံးစရိတ်ကာမိအောင်ဖြစ်ပါတယ်။ ထိုသတ်မှတ်ထားသော (၃) လမှ (၅) လအထိ အသုံးစရိတ်အလုံအလောက်ရရှိပါက သင့်အနေနဲ့ လက်ရှိအလုပ်ကထွက်တာ(သို့) ပြောင်းတာဖြစ်ဖြစ် စဉ်းစားနိုင်ပါတယ်။ ဒီလို အသုံးစရိတ်ကာလောက်တဲ့ ငွေပမာဏမရှိပဲ အလုပ်ထွက်လိုက်ရင် ဝင်ငွေမရှိပဲ ထွက်ငွေချည်းပဲ ဖြစ်နေမှာဖြစ်လို့ ပိုက်ဆံလိုက်ချေးရတဲ့ ဝဋ်က ကျွတ်မှာမဟုတ်။

 

 

(၃) အလုပ်မလုပ်လဲတင်ကြွေးထားမယ့်သူရှိခြင်း

ဒီအချက်ကတော့ ရှင်းပါတယ် အလုပ်ကထွက်လဲ မပူရသလို အလုပ်မလုပ်လဲ ပူစရာမလိုတဲ့သူတွေပါ။ မိဘဆွေမျိုး (သို့) ခင်ပွန်း၊ ဇနီး စတဲ့ သူတွေက ကိုယ့်မှာအလုပ်မရှိရင် မလုပ်ရင်တောင် ကြည်ဖြူနေလို့ရှိရင် သင့်အနေနဲ့ လက်ရှိအလုပ်က ထွက်ထွက်မထွက်ထွက် ပူစရာမလိုပါဘူး။

 

 

(၄) ကိုယ့်အနာဂတ်အတွက် သေချာရေရာမှုရှိနေခြင်း

ဒီအချက်သည် ယခုလက်ရှိအလုပ်မှာလုပ်နေပေမယ့် ကိုယ့်ကို တစ်ဖက်က Offer လုပ်တဲ့ အလုပ်ဖြစ်ဖြစ် ဒီအလုပ်က ထွက်လိုက်ရင်တောင် နောက်အလုပ်တစ်ခုကို ချက်ခြင်းရနိုင်တဲ့ အခြေအနေ စတဲ့ စိတ်ဖိစီးမှုတစ်စုံတစ်ရာ မရှိခြင်း၊ ကိုယ်ကိုယ်တိုင်က ကိုယ့်အနာဂတ်ကို သေချာထိန်းကျောင်းနိုင်ခြင်း စတဲ့ အခြေအနေတစ်စုံတစ်ရာ ရှိနေရင်တော့ ယခုအလုပ်ကနေ ထွက်ဖို့(သို့) ပြောင်းဖို့စဉ်းစားနိုင်ပါတယ်။

ဒါ့ကြောင့် သင်အခုအလုပ်မှာ စိတ်ညစ်နေပီ၊ ထွက်ချင်နေပြီဆိုရင် ဘယ်လိုကြောင့်ထွက်ချင်ထွက်ချင် ဒီ(၄) ချက်နဲ့ တိုက်ကြည့်ပါအုံး တစ်ခုခုနဲ့ ကိုက်ညီနေပြီဆိုရင်တော့ သင့်စဉ်းစားလို့ရပါပီ။

ကျွန်တော့ အနေနဲ့ တော့ နံပါတ် (၁) နှင့် (၄) ကြောင့်ပဲ အလုပ်ထွက်တာ ပြောင်းတာမျိုး ပြုလုပ်ဖို့ အကြံပေးချင်ပါတယ်။

မှတ်ချက် - ဒီ post သည်အလုပ်ထွက်ရေးကို တိုက်တွန်းတာမဟုတ် အလုပ်ထွက်ချင်ဇောဖြင့် ထွက်မိပါက ငွေကြေးကြောင့် မလိုလားအပ်သော စိတ်အနှောင့်အယှက်များ မဖြစ်စေချင်လို့ ကြိုတင်စဉ်းစားနိုင်အောင် မျှဝေလိုက်ခြင်းဖြစ်ပါတယ်။

 

Credit : Steps For Successful life

 

Zawgyi ျဖင့္ဖတ္ရန္

"ဒီ (၄) ခ်က္ထဲပါမွ လက္ရွိအလုပ္ကထြက္ဖို႔(သို႔)ေျပာင္းဖို႔စဥ္းစားပါ"

ကြၽန္ေတာ့္ကို တခ်ိဳ႕ကေမးၾကတယ္ အခုအလုပ္ကမလုပ္ခ်င္ေတာ့ဘူး ဘာလုပ္ရမွန္းလဲမသိဘူးျဖစ္ေနတယ္။ အဲ့လိုေတြျဖစ္ေနတာ အေၾကာင္း(၂) ခ်က္ရွိတယ္။ တစ္ခ်က္က လက္ရွိအလုပ္မွာမေပ်ာ္ေတာ့လို႔ စိတ္မဝင္စားေတာ့လို႔၊ ေနာက္တစ္ခ်က္က အလုပ္ကိုမလုပ္ခ်င္လို႔။

အဲ့လိုေတြေၾကာင့္အလုပ္က ထြက္ခ်င္ေနၿပီ (သို႔) မလုပ္ခ်င္ေတာ့ဘူးဆိုရင္ ကြၽန္ေတာ္အခုေျပာျပမယ့္ အခ်က္ (၄) ခ်က္ထဲက တစ္ခ်က္ထဲမွာ ပါေနၿပီဆိုရင္ လက္ရွိအလုပ္ကထြက္ဖို႔(သို႔) အလုပ္ေျပာင္းဖို႔ စဥ္းစားႏိုင္ပါတယ္။

 

(၁) ကိုယ္ရဲ႕လစာထက္ အျပင္ဝင္ေငြကမ်ားလာျခင္း

ဒီနည္းလမ္းကို Side Hustle လို႔လဲေခၚၾကပါတယ္ လက္ရွိအလုပ္လဲမပ်က္ တစ္ဖက္တစ္လမ္းကေငြရွာျခင္းေပါ့။ ဒီနည္းလမ္းေတြက လူေတာ္ေတာ္မ်ားမ်ား လုပ္ခ်င္ၾကေပမယ့္ တကယ္မလုပ္ၾကပါဘူး လုပ္ရင္လဲ ေသခ်ာစူးစိုက္မလုပ္ၾကပါဘူး။ ဘယ္လိုမ်ိဳးစဥ္းစားရမလဲဆိုတာကေတာ့ လက္ရွိကိုယ့္ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ အခက္အခဲေတြကို သတိထားၾကည့္ပါ ကိုယ္ဘယ္လိုေျဖရွင္းေပးႏိုင္လဲဆိုတာ စဥ္းစားပါ။

ကြၽန္ေတာ္ဆို အလုပ္ထဲမွာ အေအး မုန႔္ေတြေရာင္းဖူးတယ္ အဲ့လိုကေနစစဥ္းစားရမွာေပါ့၊ ေနာက္အလုပ္တစ္ခုမွာဆိုလည္းအဲ့အတိုင္းပဲ အန္တီႀကီးက သူ႔အလုပ္ခြင္ရဲ႕အေျခအေနကို သိတယ္ အဲ့ေတာ့ တစ္ဖက္တစ္လမ္းက မုန႔္ေတြ အေအးေတြ လုပ္ေဖာ္ကိုင္ဖက္ေတြအတြက္ ေသးေသးမႊားမႊားပစၥည္းေတြကအစ သူ႔အံဆြဲ ဗီဒိုထဲမွာ အျပည့္ထည့္ ျခင္းေတာင္ထဲမွာလည္းအျပည့္နဲ႔ ႐ုံးလာတယ္ေပါ့ေနာ္။ တခ်ိဳ႕ကလဲ ဖုန္းေဘလ္ေရာင္း၊ ထီေရာင္း၊ အခုေခတ္စားတာက online shopping ေတြလည္းပါတာေပါ့၊ ကြန္ျပဴတာတစ္လုံးနဲ႔ ကိုယ္တတ္ထားတဲ့အရာေတြကေန ပိုက္ဆံရွာေနတဲ့သူေတြအမ်ားႀကီးပါ။ ကြၽန္ေတာ့အသိတစ္ေယာက္ဆို လစာက တစ္လ (၂) သိန္းပဲရတာ online shopping ကေနအျမတ္က (၄)သိန္းထိရတယ္။

အဲ့လိုမ်ိဳးေတြေပါ့ေနာ္ ကိုယ့္အလုပ္ခ်ိန္မဟုတ္ပဲ ျပင္ပကေန ဝင္တဲ့ ဝင္ေငြဟာ သင့္လုပ္ခလစာထက္ မ်ားလာၿပီဆိုရင္ သင့္လက္ရွိ အလုပ္ကေန ထြက္ဖို႔ (သို႔) ေျပာင္းဖို႔ စဥ္းစားႏိုင္ပါတယ္။

 

 

(၂) ကိုယ့္ရဲ႕အသုံးစရိတ္အတြက္ အရန္ေငြအလုံအေလာက္ရွိျခင္း

ကိုယ့္ရဲ႕ တစ္လတစ္လ အသုံးစရိတ္ဘယ္ေလာက္ရွိလဲ မတြက္ထားတဲ့ သူကမ်ားပါတယ္ တြက္ထားတတ္တဲ့သူ ခ်င့္ခ်ိန္သုံးစြဲတတ္တဲ့သူေတြက ဒီလိုအရာေတြမွာ ပိုၿပီးအဆင္ေျပပါတယ္။ ကိုယ့္တစ္လ လစာဘယ္ေလာက္ရတယ္ အသုံးစရိတ္က ဘယ္ေလာက္ရွိတယ္ ဆိုတာ စီစစ္သင့္သလို တြက္လည္းတြက္သင့္ပါတယ္။ အသုံးမလိုတာေတြကို ေလ်ာ့ခ်ႏိုင္ဖို႔လြယ္ကူလွ်င္ျမန္စြာ သိရွိေစတာေပါ့။ ကိုယ့္ရဲ႕ တစ္လ အသုံးစရိတ္ဘယ္ေလာက္လဲ ေသခ်ာခန႔္မွန္းတြက္ခ်က္ၿပီးရင္ (၃) လ မွ (၅) လစာအထိ ဘယ္ေလာက္ရွိႏိုင္မလဲ သတ္မွတ္ပါ။

ဘာ့ေၾကာင့္လဲဆိုေတာ့ ေနာက္အလုပ္တစ္ခု ရွာေနစဥ္အတြင္း သင့္အသုံးစရိတ္ကာမိေအာင္ျဖစ္ပါတယ္။ ထိုသတ္မွတ္ထားေသာ (၃) လမွ (၅) လအထိ အသုံးစရိတ္အလုံအေလာက္ရရွိပါက သင့္အေနနဲ႔ လက္ရွိအလုပ္ကထြက္တာ(သို႔) ေျပာင္းတာျဖစ္ျဖစ္ စဥ္းစားႏိုင္ပါတယ္။ ဒီလို အသုံးစရိတ္ကာေလာက္တဲ့ ေငြပမာဏမရွိပဲ အလုပ္ထြက္လိုက္ရင္ ဝင္ေငြမရွိပဲ ထြက္ေငြခ်ည္းပဲ ျဖစ္ေနမွာျဖစ္လို႔ ပိုက္ဆံလိုက္ေခ်းရတဲ့ ဝဋ္က ကြၽတ္မွာမဟုတ္။

 

 

(၃) အလုပ္မလုပ္လဲတင္ေႂကြးထားမယ့္သူရွိျခင္း

ဒီအခ်က္ကေတာ့ ရွင္းပါတယ္ အလုပ္ကထြက္လဲ မပူရသလို အလုပ္မလုပ္လဲ ပူစရာမလိုတဲ့သူေတြပါ။ မိဘေဆြမ်ိဳး (သို႔) ခင္ပြန္း၊ ဇနီး စတဲ့ သူေတြက ကိုယ့္မွာအလုပ္မရွိရင္ မလုပ္ရင္ေတာင္ ၾကည္ျဖဴေနလို႔ရွိရင္ သင့္အေနနဲ႔ လက္ရွိအလုပ္က ထြက္ထြက္မထြက္ထြက္ ပူစရာမလိုပါဘူး။

 

 

(၄) ကိုယ့္အနာဂတ္အတြက္ ေသခ်ာေရရာမႈရွိေနျခင္း

ဒီအခ်က္သည္ ယခုလက္ရွိအလုပ္မွာလုပ္ေနေပမယ့္ ကိုယ့္ကို တစ္ဖက္က Offer လုပ္တဲ့ အလုပ္ျဖစ္ျဖစ္ ဒီအလုပ္က ထြက္လိုက္ရင္ေတာင္ ေနာက္အလုပ္တစ္ခုကို ခ်က္ျခင္းရႏိုင္တဲ့ အေျခအေန စတဲ့ စိတ္ဖိစီးမႈတစ္စုံတစ္ရာ မရွိျခင္း၊ ကိုယ္ကိုယ္တိုင္က ကိုယ့္အနာဂတ္ကို ေသခ်ာထိန္းေက်ာင္းႏိုင္ျခင္း စတဲ့ အေျခအေနတစ္စုံတစ္ရာ ရွိေနရင္ေတာ့ ယခုအလုပ္ကေန ထြက္ဖို႔(သို႔) ေျပာင္းဖို႔စဥ္းစားႏိုင္ပါတယ္။

ဒါ့ေၾကာင့္ သင္အခုအလုပ္မွာ စိတ္ညစ္ေနပီ၊ ထြက္ခ်င္ေနၿပီဆိုရင္ ဘယ္လိုေၾကာင့္ထြက္ခ်င္ထြက္ခ်င္ ဒီ(၄) ခ်က္နဲ႔ တိုက္ၾကည့္ပါအုံး တစ္ခုခုနဲ႔ ကိုက္ညီေနၿပီဆိုရင္ေတာ့ သင့္စဥ္းစားလို႔ရပါပီ။

ကြၽန္ေတာ့ အေနနဲ႔ ေတာ့ နံပါတ္ (၁) ႏွင့္ (၄) ေၾကာင့္ပဲ အလုပ္ထြက္တာ ေျပာင္းတာမ်ိဳး ျပဳလုပ္ဖို႔ အႀကံေပးခ်င္ပါတယ္။

မွတ္ခ်က္ - ဒီ post သည္အလုပ္ထြက္ေရးကို တိုက္တြန္းတာမဟုတ္ အလုပ္ထြက္ခ်င္ေဇာျဖင့္ ထြက္မိပါက ေငြေၾကးေၾကာင့္ မလိုလားအပ္ေသာ စိတ္အေႏွာင့္အယွက္မ်ား မျဖစ္ေစခ်င္လို႔ ႀကိဳတင္စဥ္းစားႏိုင္ေအာင္ မွ်ေဝလိုက္ျခင္းျဖစ္ပါတယ္။

 

 

Credit : Steps For Successful life

Read times
Rate this articles
(1 Vote)