×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Saturday, 08 February 2020

“Quantity ျဖစ္တဲ့လူမ်ိဳးမလုပ္ပါနဲ႔ Quality ျဖစ္တဲ့လူမ်ိဳးလုပ္ပါ"

“Quantity ျဖစ္တဲ့လူမ်ိဳးမလုပ္ပါနဲ႔ Quality ျဖစ္တဲ့လူမ်ိဳးလုပ္ပါ" google.com

ဒီဘက္ေခတ္မွာ ပညာရပ္မ်ိဳးစုံေပၚလာသလုိ လူတုိင္းလူတုိင္းကလည္း အတတ္ပညာမ်ားစြာကုိ သင္ယူထားရပါတယ္။

အရင္ေခတ္ကဆုိလ်င္ ဘြဲ႕တစ္ခုရရုံနဲ႔ လုပ္ငန္းခြင္တစ္ခုကုိဝင္ကာ ဘဝတစ္သက္လုံးလုပ္ကုိင္ျပီး ေအးေအးေဆးေဆးရွာေဖြစာေသာက္ ျဖတ္သန္းႏုိင္ၾကပါတယ္။ ယေန႔ေခတ္မွာေတာ့ ဘြဲ႔ရျပီးေနာက္ ကြန္ပ်ဴတာသင္တန္း ဘာသာစကားသင္တန္း၊ ကားေမာင္းသင္တန္း Photoshop သင္တန္းနဲ႔ IT သင္တန္းေတြကုိ လူတုိင္းလုိုလုိက တတ္ေျမာက္ထားၾကပါတယ္။ သုိေပမဲ့ ဒီလုိတတ္ထားေသာ္ျငားလည္း အလုပ္တစ္ခုရဖုိ႔ကုိ ေတာ္ေတာ္ေလးရွာယူေနၾကရပါတယ္။

 

စကၠန္႔နဲ႔အမွ် အရွိန္အဟုန္နဲ႔တုိးတတ္လာတဲ့ေခတ္မွာ ပညာရပ္တစ္ခုႏွစ္ခု တတ္ထားရုံနဲ႔ မလုံေလာက္ေတာ့ပါဘူး၊ သာမာန္ေတြးတတ္တဲ့အေတြးအေခၚေတြက အလုပ္မျဖစ္ေတာ့ပါဘူး၊Plan ေတြမရွိဘဲ အလုပ္မျဖစ္ေတာ့ပါဘူး၊ strategies ေတြမရွိဘဲ မထုိေဖာက္ႏုိင္ေတာ့ပါဘူး။ လုပ္ငန္းေတြက တစ္ခုနဲ႔တစ္ခု အျပိဳင္အဆုိင္လုပ္ကုိင္ေနတဲ့အခ်ိန္မွာ သူတုိ႔လုပ္ငန္းတုိးတတ္ဖုိ႔အတြက္ သာမာန္လူတစ္ေယာက္ကုိ ေခၚျပီးေတာ့ လစာေကာင္းေကာင္းေပးထားမွာမဟုတ္ပါဘူး။ သူမ်ားထက္ေခါင္းတစ္လုံးသာေနတဲ့အရည္အခ်င္းရွိသူ၊ သူမ်ားထက္ေတြးေခၚၾကံဆႏုိင္သူေတြကုိသာ ျမင့္မားတဲ့လစာနဲ႔ အဆင့္တန္းျမင့့္ျမင့္ထားမွာပါ။

 

အရင္ေခတ္ကဆုိရင္ အဂၤလိပ္စာတတ္တဲ့သူေတြဆရာျဖစ္ေပမဲ့ အခုေခတ္မွာအဂၤလိပ္စာတတ္ရင္ေတာ့ သာမာန္ပါဘဲ၊ မတတ္သူဆုိရင္ေတာ့ စဥ္းစားသာၾကည့္ပါ။ အရင္ေခတ္ကြန္ပ်ဴတာ စာစီစာရုိက္ဆုိရင္ေတာင္ အံၾသ၊အထင္ၾကီးေနၾကတာပါ ဒီဘက္ေခတ္မွာေတာ့ စာရုိက္တတ္ရုံဆုိရင္ေတာ့ ေတာ္ေတာ္အထင္ေသးေနၾကပါျပီ နည္းပညာေလးအေျခခံ ဗဟုသုတရွိမွ၊ Photoshop ပုိင္းလုပ္တတ္ရင္ social media ေကာင္းေကာင္းသုံးတတ္ရင္ေတာင္ သာမာန္ရာထူး သာမာန္လစာေလာက္နဲ႔ပဲ ေနရာေပးထားတာျဖစ္ပါတယ္။ ဒီေတာ့ ဒီလုိအရည္အခ်င္းေတြက အခုေခတ္မွာလူတုိင္းလုိလုိတတ္ေျမာက္ထားၾကျပီးျဖစ္မွာပါ ဒီလုိတတ္ေျမာက္ထားလုိ႔ အလုပ္မရဘူးလုိ႔မဆုိလုိပါဘူး။ အလုပ္ေတာ့ရမွာပါ ဒါေပမဲ့ သင္က quantity ဆုိတဲ့ အလုပ္တုိင္းလုပ္တတ္ေနတဲ့အရည္အတြက္မ်ားတဲ့ထဲက တစ္ေယာက္ျဖစ္ေနတဲ့အတြက္ သာမာန္ရာထူးသာမာန္လစာနဲ႔ပဲေက်နပ္ႏွစ္သိမ့္ေနရမွာပါ။

 

Social Media platform ေတြစေပၚလာတဲ့အခ်ိန္မွာ Social Media Executive ေတြ Digital Marketing Executive ေတြက လစာေကာင္းေကာင္းရရွိျပီး သိပ္ကုိေရးပါခဲ့ပါတယ္။ သုိေပမဲ့ Digital Marketing/ Social Media Marketing သမားေတြမ်ားလာတဲ့အခ်ိန္မွာ ေရအတြက္မ်ားလာတဲ့အတြက္ တစ္ဖက္ကုိတန္းဖုိဆုိတဲ့အရာက တစ္ျဖည္းျဖည္းေလ်ာ့က်သြားခဲ့ပါတယ္။ ဒီေတာ့သင္က အစားထုိးလုိမရတဲ့သူ quantity မဟုတ္ဘဲ Quality ရွိေနတဲ့သူျဖစ္ဖုိ႔လုိပါတယ္။ Quality ရွိတဲ့ပစၥည္းတစ္ခုဟာ တန္းဖုိးၾကီးၾကီးနဲ႔ ေစ်းၾကီးေပးဝယ္ရသလုိပါပဲ။ လူတစ္ေယာက္ဟာ အရည္းအခ်င္းနဲ႔ျပည့္ဝေနသူ အေတြးအေခၚနဲ႔လုပ္ကုိင္တတ္သူ အျမဲတီထြင္ဆန္းသစ္ေနသူတစ္ေယာက္ကုိ လုပ္ငန္းရွင္တုိင္းက လက္မလႊတ္တန္းဆြဲထားတတ္ၾကပါတယ္။ သင့္အေနနဲ႔ Quantity မဟုတ္ဘဲ Quality ျဖစ္ဖုိ႔ဆုိရင္ ေအာက္ပါအခ်က္ေတြက လုပ္ေဆာင္ဖုိ႔လုိပါတယ္။

• ျပည္ဝတဲ့ကၽြမ္းက်င္မႈရွိျခင္း
ကုိယ္ကဘယ္ပညာရပ္မွာမဆုိ ျပည့္ဝတဲကၽြမ္းက်င္မႈ Expect ျဖစ္ေနဖုိ႔လုိပါတယ္။ ဥပမာ အဂၤလိပ္ဘာသာစာကုိ ႏုိင္ငံျခားသားနဲ႔ရင္ေဘာင္တန္းေျပာဆုိႏုိင္သူျဖစ္ဖုိ႔လုိပါတယ္။

• ေတြးေခၚၾကံဆလုပ္တတ္ျခင္း
အလုပ္ကုိသမရုိးၾကမလုပ္ဘဲ ဘာလုိလုပ္ရင္ပုိေကာင္းမလဲ၊ အလုပ္တုိးတတ္ဖုိ႔ဘာေတြလုိအပ္လဲဆုိတဲ့ အေတြးအေခၚနဲ႔ လုပ္ကုိင္တတ္သူကုိ သူေဌးေတြက မ်က္စိက်ပါတယ္။

• Plan / Strategies မ်ားခ်မွတ္ျခင္း
Plan ေတြ Strategies ေတြမရွိရင္ သူမ်ားကေက်ာ္တတ္သြားမွာပါ။ သူေဌးတုိင္းကပညာရွင္မဟုတ္တဲ့အတြက္ သူ႔လုပ္ငန္းရည္ရွည္အက်ိဴးစီးပြားအတြက္ Plan ေတြ Strategies ခ်မွတ္ျပီး လုပ္ေဆာင္တဲ့သူကုိသာဦးစားေပးမွာပါ။

ဒီအခ်က္ (၃) ခ်က္ကုိသာ ေသခ်ာလုပ္ႏုိင္ျပီဆိုရင္ သင္ဟာ အစားထုိးလုိ႔မရတဲ့ Quality ရွိတဲ့တစ္ေယာက္ ေသခ်ာေပါက္ျဖစ္ေနမွာပါ။

Sayar Guice banner design 2 1

 

Zawgyi ဖြင့်ဖတ်ရန်
“Quantity ဖြစ်တဲ့လူမျိုးမလုပ်ပါနဲ့ Quality ဖြစ်တဲ့လူမျိုးလုပ်ပါ"

ဒီဘက်ခေတ်မှာ ပညာရပ်မျိုးစုံပေါ်လာသလို လူတိုင်းလူတိုင်းကလည်း အတတ်ပညာများစွာကို သင်ယူထားရပါတယ်။

အရင်ခေတ်ကဆိုလျင် ဘွဲ့တစ်ခုရရုံနဲ့ လုပ်ငန်းခွင်တစ်ခုကိုဝင်ကာ ဘဝတစ်သက်လုံးလုပ်ကိုင်ပြီး အေးအေးဆေးဆေးရှာဖွေစာသောက် ဖြတ်သန်းနိုင်ကြပါတယ်။ ယနေ့ခေတ်မှာတော့ ဘွဲ့ရပြီးနောက် ကွန်ပျူတာသင်တန်း ဘာသာစကားသင်တန်း၊ ကားမောင်းသင်တန်း Photoshop သင်တန်းနဲ့ IT သင်တန်းတွေကို လူတိုင်းလိုလိုက တတ်မြောက်ထားကြပါတယ်။ သိုပေမဲ့ ဒီလိုတတ်ထားသော်ငြားလည်း အလုပ်တစ်ခုရဖို့ကို တော်တော်လေးရှာယူနေကြရပါတယ်။

စက္ကန့်နဲ့အမျှ အရှိန်အဟုန်နဲ့တိုးတတ်လာတဲ့ခေတ်မှာ ပညာရပ်တစ်ခုနှစ်ခု တတ်ထားရုံနဲ့ မလုံလောက်တော့ပါဘူး၊ သာမာန်တွေးတတ်တဲ့အတွေးအခေါ်တွေက အလုပ်မဖြစ်တော့ပါဘူး၊Plan တွေမရှိဘဲ အလုပ်မဖြစ်တော့ပါဘူး၊ strategies တွေမရှိဘဲ မထိုဖောက်နိုင်တော့ပါဘူး။ လုပ်ငန်းတွေက တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင်လုပ်ကိုင်နေတဲ့အချိန်မှာ သူတို့လုပ်ငန်းတိုးတတ်ဖို့အတွက် သာမာန်လူတစ်ယောက်ကို ခေါ်ပြီးတော့ လစာကောင်းကောင်းပေးထားမှာမဟုတ်ပါဘူး။ သူများထက်ခေါင်းတစ်လုံးသာနေတဲ့အရည်အချင်းရှိသူ၊ သူများထက်တွေးခေါ်ကြံဆနိုင်သူတွေကိုသာ မြင့်မားတဲ့လစာနဲ့ အဆင့်တန်းမြင့်မြင့်ထားမှာပါ။

 

အရင်ခေတ်ကဆိုရင် အင်္ဂလိပ်စာတတ်တဲ့သူတွေဆရာဖြစ်ပေမဲ့ အခုခေတ်မှာအင်္ဂလိပ်စာတတ်ရင်တော့ သာမာန်ပါဘဲ၊ မတတ်သူဆိုရင်တော့ စဉ်းစားသာကြည့်ပါ။ အရင်ခေတ်ကွန်ပျူတာ စာစီစာရိုက်ဆိုရင်တောင် အံသြ၊အထင်ကြီးနေကြတာပါ ဒီဘက်ခေတ်မှာတော့ စာရိုက်တတ်ရုံဆိုရင်တော့ တော်တော်အထင်သေးနေကြပါပြီ နည်းပညာလေးအခြေခံ ဗဟုသုတရှိမှ၊ Photoshop ပိုင်းလုပ်တတ်ရင် social media ကောင်းကောင်းသုံးတတ်ရင်တောင် သာမာန်ရာထူး သာမာန်လစာလောက်နဲ့ပဲ နေရာပေးထားတာဖြစ်ပါတယ်။ ဒီတော့ ဒီလိုအရည်အချင်းတွေက အခုခေတ်မှာလူတိုင်းလိုလိုတတ်မြောက်ထားကြပြီးဖြစ်မှာပါ ဒီလိုတတ်မြောက်ထားလို့ အလုပ်မရဘူးလို့မဆိုလိုပါဘူး။ အလုပ်တော့ရမှာပါ ဒါပေမဲ့ သင်က quantity ဆိုတဲ့ အလုပ်တိုင်းလုပ်တတ်နေတဲ့အရည်အတွက်များတဲ့ထဲက တစ်ယောက်ဖြစ်နေတဲ့အတွက် သာမာန်ရာထူးသာမာန်လစာနဲ့ပဲကျေနပ်နှစ်သိမ့်နေရမှာပါ။

 

Social Media platform တွေစပေါ်လာတဲ့အချိန်မှာ Social Media Executive တွေ Digital Marketing Executive တွေက လစာကောင်းကောင်းရရှိပြီး သိပ်ကိုရေးပါခဲ့ပါတယ်။ သိုပေမဲ့ Digital Marketing/ Social Media Marketing သမားတွေများလာတဲ့အချိန်မှာ ရေအတွက်များလာတဲ့အတွက် တစ်ဖက်ကိုတန်းဖိုဆိုတဲ့အရာက တစ်ဖြည်းဖြည်းလျော့ကျသွားခဲ့ပါတယ်။ ဒီတော့သင်က အစားထိုးလိုမရတဲ့သူ quantity မဟုတ်ဘဲ Quality ရှိနေတဲ့သူဖြစ်ဖို့လိုပါတယ်။ Quality ရှိတဲ့ပစ္စည်းတစ်ခုဟာ တန်းဖိုးကြီးကြီးနဲ့ ဈေးကြီးပေးဝယ်ရသလိုပါပဲ။ လူတစ်ယောက်ဟာ အရည်းအချင်းနဲ့ပြည့်ဝနေသူ အတွေးအခေါ်နဲ့လုပ်ကိုင်တတ်သူ အမြဲတီထွင်ဆန်းသစ်နေသူတစ်ယောက်ကို လုပ်ငန်းရှင်တိုင်းက လက်မလွှတ်တန်းဆွဲထားတတ်ကြပါတယ်။ သင့်အနေနဲ့ Quantity မဟုတ်ဘဲ Quality ဖြစ်ဖို့ဆိုရင် အောက်ပါအချက်တွေက လုပ်ဆောင်ဖို့လိုပါတယ်။

 

• ပြည်ဝတဲ့ကျွမ်းကျင်မှုရှိခြင်း
ကိုယ်ကဘယ်ပညာရပ်မှာမဆို ပြည့်ဝတဲကျွမ်းကျင်မှု Expect ဖြစ်နေဖို့လိုပါတယ်။ ဥပမာ အင်္ဂလိပ်ဘာသာစာကို နိုင်ငံခြားသားနဲ့ရင်ဘောင်တန်းပြောဆိုနိုင်သူဖြစ်ဖို့လိုပါတယ်။

• တွေးခေါ်ကြံဆလုပ်တတ်ခြင်း
အလုပ်ကိုသမရိုးကြမလုပ်ဘဲ ဘာလိုလုပ်ရင်ပိုကောင်းမလဲ၊ အလုပ်တိုးတတ်ဖို့ဘာတွေလိုအပ်လဲဆိုတဲ့ အတွေးအခေါ်နဲ့ လုပ်ကိုင်တတ်သူကို သူဌေးတွေက မျက်စိကျပါတယ်။

• Plan / Strategies များချမှတ်ခြင်း
Plan တွေ Strategies တွေမရှိရင် သူများကကျော်တတ်သွားမှာပါ။ သူဌေးတိုင်းကပညာရှင်မဟုတ်တဲ့အတွက် သူ့လုပ်ငန်းရည်ရှည်အကျိူးစီးပွားအတွက် Plan တွေ Strategies ချမှတ်ပြီး လုပ်ဆောင်တဲ့သူကိုသာဦးစားပေးမှာပါ။

ဒီအချက် (၃) ချက်ကိုသာ သေချာလုပ်နိုင်ပြီဆိုရင် သင်ဟာ အစားထိုးလို့မရတဲ့ Quality ရှိတဲ့တစ်ယောက် သေချာပေါက်ဖြစ်နေမှာပါ။

 Sayar Guice banner design 2 1

sayar.com.mm

Read times Last modified on Thursday, 13 February 2020 09:41
Rate this articles
(0 votes)