×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 11 February 2020

"လူငယ္ေတြ အဓိကထားစဥ္းစားသင့္တဲ့ Management (၄) မ်ိဳး"

"လူငယ္ေတြ အဓိကထားစဥ္းစားသင့္တဲ့ Management (၄) မ်ိဳး" freepick

လူငယ္ေတြဟာ ႏိုင္ငံရဲ႕အနာဂတ္ ႏိုင္ငံရဲ႕ေမွ်ာ္လင့္ခ်က္ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ႏိုင္ငံတိုးတက္ဖို႔ဆိုရင္ အနာဂတ္ေခါင္းေဆာင္ေတြျဖစ္တဲ့ လူငယ္တစ္ေယာက္ခ်င္းစီက စိတ္ဓါတ္၊ စည္းကမ္းနဲ႔ အသိပညာတိုးတက္ဖို႔ လိုပါတယ္။

ကၽြန္ေတာ္တို႔ေတြ အသက္ႀကီးလာတာနဲ႔အမွ် ေလ့လာစရာေတြက ပိုပိုမ်ားလာပါတယ္။ အဲဒီေတာ႔ လူငယ္ေတြမွာ ေျပာင္းလဲလာတဲ့ Environment အရ လိုက္ေလ်ာညီေထြျဖစ္ဖို႔ နဲ႔ အျခားႏိုင္ငံကလူငယ္ေတြနဲ႔ ရင္ေဘာင္တန္းႏိုင္ဖို႔ Skill ေတြကပိုပိုလိုအပ္လာပါတယ္။ တကယ္ေတာ့ Skill ေတြဟာ ကၽြန္ေတာ္တို႔ရဲ႕ Income ေတြပါပဲ။ ေခတ္နဲ႔အညီရင္ေဘာင္တန္းႏိုင္ဖို႔ဆိုရင္ မိမိကိုယ္တိုင္ဟာ ေန႔စဥ္နဲ႔အမၽွတိုးတက္ေနရပါမယ္။ Life & Work ဟာ System က်ၿပီး Balance ျဖစ္ေနရပါမယ္။ System မက်တဲ့ Organization ေတြဟာ ေရရွည္ေအာင္ျမင္ဖို႔ မလြယ္သလို လူငယ္ေတြရဲ႕ဘဝဟာလည္း ထိုနည္းလည္းေကာင္းပဲလို႔ဆိုရပါမယ္။ 


Balance ျဖစ္ၿပီး System က်တဲ့ဘဝ ျဖစ္ဖို႔အတြက္ဆိုရင္ေတာ့ ေအာက္ပါအခ်က္ေတြကို ေလ့လာလိုက္နာသင့္ပါတယ္။
  
(၁) Time Management 

ကၽြန္ေတာ္တို႔ လူငယ္အမ်ားစုဟာ အခ်ိန္ကိုမေလးစားၾကပါဘူး။ အခ်ိန္ေနာက္ၾကတယ္။ အခ်ိန္ဆဲြၾကတယ္။ ကိုယ့္ရဲ႕တစ္ေန႔တာ ၂၄ နာရီကို ဘယ္ Sector ေတြအတြက္ဆိုၿပီး ခြဲထားတာ မရွိၾကပါဘူး။ 
ဆိုပါစို႔ ၂၄ နာရီမွာ အလုပ္လုပ္တာက ဘယ္ေလာက္၊ Learning လုပ္တာကဘယ္ေလာက္၊ Health Care အတြက္ကဘယ္ေလာက္ဆိုၿပီး သတ္မွတ္ထားတာမ်ိဳး မရွိပါဘူး။ တကယ္ေတာ့ အခ်ိန္ကိုေကာင္းမြန္စြာ စီမံခန္႔ခြဲႏိုင္သူ တစ္ေယာက္အတြက္ ေအာင္ျမင္မႈကအလိုလိုကပ္ပါလာသလို Personal Branding ကိုလည္း တည္ေဆာက္ၿပီးျဖစ္ပါတယ္။ 
လူငယ္ေတြအေနနဲ႔ မနက္ႏိုးတာကေနအစ အိပ္တာအဆံုး ကိုယ္တိုင္ Schedule ဆြဲထားသင့္ပါတယ္။ To do list ေတြလုပ္ထားသင့္ပါတယ္။ မိမိကိုယ္ မိမိေဘာင္ခတ္လိုက္ျခင္းက စည္းလြတ္ဝါးလြတ္မျဖစ္ေစေတာ့ပါဘူး။

 



(၂) Money Management 

ဒီအခ်က္က ေတာ္ေတာ္မ်ားမ်ားသိသေလာက္ လိုက္လုပ္ဖို႔မလြယ္ကူတဲ့အခ်က္ပါ။ 
ကိုယ္႔ရဲ႕ Income နဲ႔မေလာက္တာတို႔၊ အေႂကြးေတြမ်ားေနတယ္ ဆိုတာ ဒီအခ်က္ကို Cover မလုပ္ႏိုင္လို႔ပါ။
ဆိုပါစို႔  သင့္ Income က ၁လ ၃သိန္း ရတာကို မေလာက္ငွဘူးလို႔သင္ေတြးရင္ သင့္ Income ၆ သိန္းရတဲ႔အခါလည္း မေလာက္ႏိုင္ပါဘူး။ Income မ်ားလာတာနဲ႔အမၽွ ပိုသံုးခ်င္လာတာ လူငယ္အမ်ားစုရဲ႕ သဘာဝပါပဲ။ သင့္ဘဝတိုးတက္ခ်င္လၽွင္ ဒီေနရာမွာရေနတာနဲ႔ေကၽနပ္ၿပီး ရပ္ေနလို႔ေတာ့မရပါဘူး။ ဒီေခတ္မွာ အၿမဲ Learning လုပ္ႏိုင္ဖို႔ဆိုရင္ ေငြေၾကးဟာလည္း အေရးပါတဲ့အခန္းက႑တစ္ခုကပါဝင္ပါတယ္။ ဥပမာအားျဖင့္ ၃ သိန္းဝင္တဲ့သူဟာ ေယဘူယၽအသံုးအတြက္ ၂ သိန္း ကိုဖယ္ၿပီး Learning လုပ္ဖို႔ ၁ သိန္း အစရွိသကဲ့သို႔ Income ကို ခြဲခြဲၿပီး လစဥ္စုသင့္ပါတယ္။

 



(၃) Social Management 

စာဖတ္သူတို႔ အေနနဲ႔ မိမိကိုုယ္ကိုဘယ္ေလာက္ Social ေကာင္းသလဲဟု ေမးခြန္းထုတ္ဖူးပါသလား? လူငယ္ေတြဟာ Environment မွာ Reputation တစ္ခုကို တည္ေဆာက္ေနစဥ္ Network ကို တည္ေဆာက္ဖို႔ အရမ္းအေရးႀကီးပါတယ္။ တစ္ေယာက္တည္းအေနမ်ားတဲ့သူကေတာ့ အလိုလိုကိုေဘးေရာက္သြားမွာပါ။ Social Management မွာ မိမိရဲ႕အခ်ိန္ေတြထဲကမွ  မိမိသူငယ္ခ်င္းေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြ၊ ဆရာသမားေတြ၊ လူႀကီးမိဘေတြနဲ႔ေတြ႕ဆံု ဖို႔ သီးသန္႔အခ်ိန္ကို ခြဲထုတ္ထားသင့္ပါတယ္။ ဒီလိုျပဳလုပ္ျခင္းဟာ စာဖတ္သူတို႔ကို ဗဟုသုတနဲ႔အခြင့္အလမ္းေတြမၽားစြာရလာေစပါတယ္။ Social ေကာင္းေအာင္ တည္ေဆာက္မယ္ဆိုရင္ မိမိရဲ႕ PR skill ကိုေကာင္းမြန္ေအာင္ အရင္ေလ့လာသင္ယူသင့္ပါတယ္။ PR ေကာင္းတဲ့သူဟာ Environment မွာ အခ်ိန္တိုအတြင္းေအာင္ျမင္မႈရသလို ေအာင္ျမင္လာခဲ့ရင္လည္း လြယ္လြယ္နဲ႔မေပ်ာက္ကြယ္သြားဘူးဆိုတာ အဆိုေတာ္စိုင္းစိုင္းခမ္းလိႈင္က သက္ေသသာဓကပါပဲ။ Network တည္ေဆာက္ဖို႔ ကိုယ္႔ရဲ႕ Lifestyle ကို ေျပာင္းလဲၿပီး Social ေကာင္းသူအျဖစ္ က်င့္ႀကံေနထိုင္ဖို႔ ႀကိဳးစားသင့္ပါတယ္။

 



(၄) Career Management 

စာဖတ္သူအမ်ားစုဟာ မိမိ Career အပိုင္းမွာေရာ "ဘယ္လမ္းေၾကာင္းကို ငါေလၽွာက္မယ္၊ ဘယ္အခ်ိန္မွာ ဘယ္ ရာထူး ေရာက္ၿပီး ဘယ္အသက္အရြယ္မွာ ငါဦးေဆာင္သူျဖစ္ရမယ္" ဆိုၿပီး Prospects ေတြထားဖူးပါသလား?  
ဆိုပါစို႔ Sales Person တစ္ေယာက္က Experience ၂ ႏွစ္မွာ Executive၊ ၅ႏွစ္မွာ Manager၊ ၈ ႏွစ္မွာ National Sales Manager၊ ၁၀ ႏွစ္မွာ Head အစရွိတဲ့ Goals ေတြခ်ထားရမယ္။ ၿပီးရင္ အဲ့ဒီ Goal ကို ေရာက္ဖို႔အတြက္ ကိုယ့္မွာမရွိေသးတဲ့လိုအပ္ခ်က္ေတြကိုျဖည့္ဖို႔ Strategy တစ္ခုဆြဲၿပီး Timeline အတြင္း ရေအာင္ တစ္ဆင့္ခ်င္းစီသြားရပါမယ္။

အခ်ဳပ္အားျဖင့္ဆိုရရင္ မိမိရဲ႕ Career Goal ကို Time, Money, Social အစရွိတဲ့ က႑အသီးသီး ကို System က်က် Manage လုပ္ၿပီး Step by Step သြားပါက စာဖတ္သူတို႔ ထားရွိထားတဲ့ Goal ကို မလြဲဧကန္ေရာက္ပါမယ္လို႔ ယံုၾကည္ပါတယ္။

Sayar Guice banner design 2 1

Credit : my world

 

Unicode ဖြင့်ဖတ်ရန်
လူငယ်တွေ အဓိကထားစဉ်းစားသင့်တဲ့ Management (၄) မျိုး

လူငယ်တွေဟာ နိုင်ငံရဲ့အနာဂတ် နိုင်ငံရဲ့မျှော်လင့်ချက်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံတိုးတက်ဖို့ဆိုရင် အနာဂတ်ခေါင်းဆောင်တွေဖြစ်တဲ့ လူငယ်တစ်ယောက်ချင်းစီက စိတ်ဓါတ်၊ စည်းကမ်းနဲ့ အသိပညာတိုးတက်ဖို့ လိုပါတယ်။ ကျွန်တော်တို့တွေ အသက်ကြီးလာတာနဲ့အမျှ လေ့လာစရာတွေက ပိုပိုများလာပါတယ်။ အဲဒီတော့ လူငယ်တွေမှာ ပြောင်းလဲလာတဲ့ Environment အရ လိုက်လျောညီထွေဖြစ်ဖို့ နဲ့ အခြားနိုင်ငံကလူငယ်တွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ Skill တွေကပိုပိုလိုအပ်လာပါတယ်။ တကယ်တော့ Skill တွေဟာ ကျွန်တော်တို့ရဲ့ Income တွေပါပဲ။ ခေတ်နဲ့အညီရင်ဘောင်တန်းနိုင်ဖို့ဆိုရင် မိမိကိုယ်တိုင်ဟာ နေ့စဉ်နဲ့အမျှတိုးတက်နေရပါမယ်။ Life & Work ဟာ System ကျပြီး Balance ဖြစ်နေရပါမယ်။ System မကျတဲ့ Organization တွေဟာ ရေရှည်အောင်မြင်ဖို့ မလွယ်သလို လူငယ်တွေရဲ့ဘဝဟာလည်း ထိုနည်းလည်းကောင်းပဲလို့ဆိုရပါမယ်။ 

Balance ဖြစ်ပြီး System ကျတဲ့ဘဝ ဖြစ်ဖို့အတွက်ဆိုရင်တော့ အောက်ပါအချက်တွေကို လေ့လာလိုက်နာသင့်ပါတယ်။


  
(၁) Time Management 

ကျွန်တော်တို့ လူငယ်အများစုဟာ အချိန်ကိုမလေးစားကြပါဘူး။ အချိန်နောက်ကြတယ်။ အချိန်ဆွဲကြတယ်။ ကိုယ့်ရဲ့တစ်နေ့တာ ၂၄ နာရီကို ဘယ် Sector တွေအတွက်ဆိုပြီး ခွဲထားတာ မရှိကြပါဘူး။ 
ဆိုပါစို့ ၂၄ နာရီမှာ အလုပ်လုပ်တာက ဘယ်လောက်၊ Learning လုပ်တာကဘယ်လောက်၊ Health Care အတွက်ကဘယ်လောက်ဆိုပြီး သတ်မှတ်ထားတာမျိုး မရှိပါဘူး။ တကယ်တော့ အချိန်ကိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်သူ တစ်ယောက်အတွက် အောင်မြင်မှုကအလိုလိုကပ်ပါလာသလို Personal Branding ကိုလည်း တည်ဆောက်ပြီးဖြစ်ပါတယ်။ 
လူငယ်တွေအနေနဲ့ မနက်နိုးတာကနေအစ အိပ်တာအဆုံး ကိုယ်တိုင် Schedule ဆွဲထားသင့်ပါတယ်။ To do list တွေလုပ်ထားသင့်ပါတယ်။ မိမိကိုယ် မိမိဘောင်ခတ်လိုက်ခြင်းက စည်းလွတ်ဝါးလွတ်မဖြစ်စေတော့ပါဘူး။


(၂) Money Management 

ဒီအချက်က တော်တော်များများသိသလောက် လိုက်လုပ်ဖို့မလွယ်ကူတဲ့အချက်ပါ။ 
ကိုယ့်ရဲ့ Income နဲ့မလောက်တာတို့၊ အကြွေးတွေများနေတယ် ဆိုတာ ဒီအချက်ကို Cover မလုပ်နိုင်လို့ပါ။
ဆိုပါစို့  သင့် Income က ၁လ ၃သိန်း ရတာကို မလောက်ငှဘူးလို့သင်တွေးရင် သင့် Income ၆ သိန်းရတဲ့အခါလည်း မလောက်နိုင်ပါဘူး။ Income များလာတာနဲ့အမျှ ပိုသုံးချင်လာတာ လူငယ်အများစုရဲ့ သဘာဝပါပဲ။ သင့်ဘဝတိုးတက်ချင်လျှင် ဒီနေရာမှာရနေတာနဲ့ကျေနပ်ပြီး ရပ်နေလို့တော့မရပါဘူး။ ဒီခေတ်မှာ အမြဲ Learning လုပ်နိုင်ဖို့ဆိုရင် ငွေကြေးဟာလည်း အရေးပါတဲ့အခန်းကဏ္ဍတစ်ခုကပါဝင်ပါတယ်။ ဥပမာအားဖြင့် ၃ သိန်းဝင်တဲ့သူဟာ ယေဘူယျအသုံးအတွက် ၂ သိန်း ကိုဖယ်ပြီး Learning လုပ်ဖို့ ၁ သိန်း အစရှိသကဲ့သို့ Income ကို ခွဲခွဲပြီး လစဉ်စုသင့်ပါတယ်။

 



(၃) Social Management 

စာဖတ်သူတို့ အနေနဲ့ မိမိကိုယ်ကိုဘယ်လောက် Social ကောင်းသလဲဟု မေးခွန်းထုတ်ဖူးပါသလား? လူငယ်တွေဟာ Environment မှာ Reputation တစ်ခုကို တည်ဆောက်နေစဉ် Network ကို တည်ဆောက်ဖို့ အရမ်းအရေးကြီးပါတယ်။ တစ်ယောက်တည်းအနေများတဲ့သူကတော့ အလိုလိုကိုဘေးရောက်သွားမှာပါ။ Social Management မှာ မိမိရဲ့အချိန်တွေထဲကမှ  မိမိသူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ဆရာသမားတွေ၊ လူကြီးမိဘတွေနဲ့တွေ့ဆုံ ဖို့ သီးသန့်အချိန်ကို ခွဲထုတ်ထားသင့်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ စာဖတ်သူတို့ကို ဗဟုသုတနဲ့အခွင့်အလမ်းတွေများစွာရလာစေပါတယ်။ Social ကောင်းအောင် တည်ဆောက်မယ်ဆိုရင် မိမိရဲ့ PR skill ကိုကောင်းမွန်အောင် အရင်လေ့လာသင်ယူသင့်ပါတယ်။ PR ကောင်းတဲ့သူဟာ Environment မှာ အချိန်တိုအတွင်းအောင်မြင်မှုရသလို အောင်မြင်လာခဲ့ရင်လည်း လွယ်လွယ်နဲ့မပျောက်ကွယ်သွားဘူးဆိုတာ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်က သက်သေသာဓကပါပဲ။ Network တည်ဆောက်ဖို့ ကိုယ့်ရဲ့ Lifestyle ကို ပြောင်းလဲပြီး Social ကောင်းသူအဖြစ် ကျင့်ကြံနေထိုင်ဖို့ ကြိုးစားသင့်ပါတယ်။

 



(၄) Career Management 

စာဖတ်သူအများစုဟာ မိမိ Career အပိုင်းမှာရော "ဘယ်လမ်းကြောင်းကို ငါလျှောက်မယ်၊ ဘယ်အချိန်မှာ ဘယ် ရာထူး ရောက်ပြီး ဘယ်အသက်အရွယ်မှာ ငါဦးဆောင်သူဖြစ်ရမယ်" ဆိုပြီး Prospects တွေထားဖူးပါသလား?  
ဆိုပါစို့ Sales Person တစ်ယောက်က Experience ၂ နှစ်မှာ Executive၊ ၅နှစ်မှာ Manager၊ ၈ နှစ်မှာ National Sales Manager၊ ၁၀ နှစ်မှာ Head အစရှိတဲ့ Goals တွေချထားရမယ်။ ပြီးရင် အဲ့ဒီ Goal ကို ရောက်ဖို့အတွက် ကိုယ့်မှာမရှိသေးတဲ့လိုအပ်ချက်တွေကိုဖြည့်ဖို့ Strategy တစ်ခုဆွဲပြီး Timeline အတွင်း ရအောင် တစ်ဆင့်ချင်းစီသွားရပါမယ်။

အချုပ်အားဖြင့်ဆိုရရင် မိမိရဲ့ Career Goal ကို Time, Money, Social အစရှိတဲ့ ကဏ္ဍအသီးသီး ကို System ကျကျ Manage လုပ်ပြီး Step by Step သွားပါက စာဖတ်သူတို့ ထားရှိထားတဲ့ Goal ကို မလွဲဧကန်ရောက်ပါမယ်လို့ ယုံကြည်ပါတယ်။


Credit : my world

Sayar Guice banner design 2 1

Read times Last modified on Thursday, 13 February 2020 09:37
Rate this articles
(2 votes)