×

Warning

JUser: :_load: Unable to load user with ID: 723


Lifestyle

Friday, 01 September 2017

ဘဝမှာမမေ့သင့်တဲ့ သင်ခန်းစာ

ဘဝမှာမမေ့သင့်တဲ့ သင်ခန်းစာ google.com

လောကကြီးထဲကို စတင်လျှောက်လှမ်းပြီိဆိုတာနဲ့ ကြုံတွေ့ရမယ့် အခက်အခဲတွေဆိုတာ အများကြီးပါပဲ။ ဒီလိုပါပဲ အခက်အခဲတွေကို ကြိုးစားဖြတ်ကျော်ရင်း ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကိုရောက်အောင် လျှောက်လှမ်းနေကြတာပါ။

အမှားတွေကြုံတဲ့အခါ အဲဒီအမှားတွေကနေ အမှန်တွေကို သင်ယူရင်း အတွေ့အကြုံများလာပြီး ရင့်ကျက်တဲ့သူတွေဖြစ်လာပါတယ်။

ကိုယ့်ရဲ့ဘဝကို အကောင်းမွန်ဆုံးလျှောက်လှမ်းတဲ့အခါ ဘယ်တော့မှမမေ့သင့်တဲ့ သင်ခန်းစာ ၄ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁. ဘဝအစကနေအဆုံးတိုင် သင့်ဘေးနားမှာ ရှိနေမယ့် အချိန်ကို ကောင်းကောင်းအသုံးချပါ။

အချိန်ဆိုတာ သင့်နဲ့မပြတ် သင့်ဘေးနားမှာ အမြဲတမ်းရှိနေမယ့် မိတ်ဆွေပါ။ အချိန်ကို ကောင်းမွန်စွာ အသုံးချတတ်ခြင်းက သင့်ရဲ့နေ့ရက်တိုင်းကို ပျော်ရွှင်စရာတွေ ဖြစ်အောင်ဖန်တီးနိုင်မှာပါ။ မိုးလင်းကနေ မိုးချုပ်ထိ သင်မျက်စိရှေ့မှာ ရှိနေတဲ့ အရာက သင့်ရဲ့ အလုပ်စားပွဲပေါ်က ကွန်ပျူတာပဲ ဖြစ်နေတာဆိုရင် သင်ဘဝရဲ့ နောင်တတွေကို စုဆောင်းနေတာနဲ့အတူတူပါပဲ။ သင်ရဲ့ တန်ဖိုးရှိတဲ့ မိသားစုဝင်တွေ မိတ်ဆွေ အပေါင်းအသင်းတွေကိုလည်း တန်ဖိုးရှိတဲ့အချိန်တွေကို မျှဝေပေးဖို့လည်း မမေ့သင့်ပါဘူး။

၂. သင်လုပ်နေတဲ့အရာတွေကို ချစ်မြတ်နိုးပါ။

အောင်မြင်မှုတစ်ခုကိုရဖို့ သင်မျှော်မှန်းထားတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ သင့်ဆီမှာ လုံလောက်တဲ့ ကြိုးစားအား ထုတ်မှုနဲ့ စိတ်အားထက်သန်မှု(Passion) ရှိဖို့လိုအပ်ပါတယ်။ သင်လုပ်နေတဲ့အလုပ်တွေကို ချစ်မြတ်နိုးပြီး တန်ဖိုးထားမှ အလုပ်ကလည်း သင့်ကို တန်ဖိုးထားမှာပါ။ ကိုယ်လျှောက်လှမ်းရမယ့်အလုပ်ကို ကိုယ်ချစ်မြတ်နိုးပြီး တကယ်ဝါသနာပါတဲ့ လမ်းကြောင်းကိုပဲ ရွေးချယ်ပါ။

READ -Selfie ရိုက်လေ့ရှိတဲ့သူတွေက တခြားသူတွေထက် ပိုပြီးပျော်ရွှင်တဲ့ဘဝလေးကို ပိုင်ဆိုင်ထားပါတယ်

၃. မလိုအပ်တာတွေ ရှင်းထုတ်လိုက်ပါ။

ဘ၀ခရီးလမ်းကို မလိုတာတွေသယ်ပြီး လျှောက်နေမယ်ဆိုရင် ခရီးက တွင်မှာမဟုတ်ပါဘူး။ တစ်ခါတလေ လိုအပ်မယ် ထင်လို့ ဆုပ်ကိုင်ထားတဲ့အရာတွေက ကိုယ့်ကို ပင်ပန်းမှုဖြစ်စေရုံကလွဲပြီး ဘာမှအသုံးမ၀င်တဲ့အခါ သဘောထားကြီး ကြီးနဲ့စွန့်လွှတ်လိုက်ပါ။

. ဘ၀ဆိုတာ တိုတိုလေးပါ။

ဘ၀ရဲ့နောက်ဆုံး နေ၀င်ချိန်ရောက်ဖို့ အချိန်တစ်နာရီပဲ ကျန်တော့တယ်ဆိုရင် သင်ဘာလုပ်မလဲ။ ဒီ မေးခွန်းရဲ့အဖြေကို အကောင်းဆုံးဖြေနိုင်ဖို့ သိပ်တော့မလွယ်ပါဘူး။ ဘ၀က တိုတိုလေးဆိုတာ လူ့သက်တမ်းတွေ တဖြည်း ဖြည်းနည်းလာ တာကို ကြည့်ရင်သိနိုင်ပါတယ်။ ဘ၀ရဲ့အချိန်ခဏလေးမှာ ဘာကိုစောင့်နေဦးမှာလဲ။ သင့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အခုပဲ စတင်လိုက်ပါ။

READ -အင်္ဂလိပ်စာ writing skill တိုးတက်စေဖို့

၅. ကိုယ်တိုင်တည်ဆောက်ပါ။

ကိုယ့်ဘ၀ကို ကိုယ်တိုင်တည်ဆောက်ပါ။ ဘ၀ရဲ့နောက်ဆုံးအချိန်တွေမှာ  နောင်တတွေနဲ့ အဆုံးမသတ်မိစေဖို့လိုပါတယ်။ ဘယ်သူမှ သင့်အတွက် မရှင်သန်နေသလို သင်ကိုယ်တိုင်လည်း သူများအတွက် ရှင်သန်တာမျိုး မဖြစ်သင့်ပါဘူး။ ကိုယ့်ရဲ့ စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ ကိုယ်တိုင်ရှင်သန်ပါ။ သင့်အတွက် ဆိုတဲ့ တစ်စုံတစ်ယောက်ရဲ့ ဖေးမမှု ကို စောင့်ဆိုင်းနေမယ့်အစား ဘ၀အမှောင်ကို ကိုယ်တိုင်ဖြတ်ပြီး စိတ်လှုပ်ရှားမှုကို ကိုယ်တိုင်ခံစားလိုက်တာက ကိုယ်နဲ့ ပိုပြီး ထိုက်တန်ပါတယ်။

 

Source ; alinyaungnews

Read times Last modified on Monday, 30 December 2019 14:39
Rate this articles
(3 votes)