×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 11 March 2020

နှုတ်ကြောင့်သေ

နှုတ်ကြောင့်သေ google

စကားကို မဆင်မခြင် ပြောခြင်းဟာ မကောင်းဘူး။ စကားဆိုတာ ပြောပြီးသွားရင် ပြန်သိမ်းယူလို့ မရတော့ဘူး။

ခဲဖျက်နဲ့ ဖျက်လို့ မရတော့ဘူး။ စကားကြောင့် သူတပါးရဲ့ မုန်းတီးမှု အမြင်ကပ်မှု ခံရတတ်ပါတယ်။ ဒါတွေကို လူအတော်များများ သိကြပါတယ်။ ဒါပေမဲ့ စကားကို မဆင်မခြင် ပြောမိလို့ အသက်သေဆုံးခဲ့တဲ့ အဖြစ်အပျက်လေး တစ်ခုကိုတော့ လူသိနည်းကြပါတယ်။ ရုရှားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာပါ။

၁၈၂၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ရုရှားနိုင်ငံကို အုပ်စိုးတဲ့ ဇာဘုရင်ကြီး အလက်ဇန္ဒား နတ်ရွာစံတော်မူလို့ သားအငယ် နစ်ကလတ်စ်(၁)ဟာ နန်းတက်လာပါတယ်။ သူ နန်းတက်ပွဲကျင်းပနေချိန်မှာ ရှေးရိုးဆန်တဲ့ သူ့ကို သစ္စာမနာခံလိုဘူးဆိုပြီး စစ်တပ်က အရာရှိ၊ စစ်သား နဲ့ အရပ်သား အယောက် ၃၀၀၀ လောက်ဟာ နန်းတော်ရှေ့က လွှတ်တော်ရင်ပြင်မှာ ကန့်ကွက်ဆန္ဒပြကြတယ်။ ရုရှားစစ်တပ်ဟာ ဆန္ဒပြသူတွေကို ရက်ရက်စက် ဖြိုခွင်းနှိမ်နင်းလိုက်တယ်။ ဖမ်းမိတဲ့ သူတွေကို ထောင်ချလိုက်တယ်။ ဆန္ဒပြခေါင်းဆောင်တွေ တခြားနိုင်ငံကို ထွက်ပြေးသွားကြတယ်။ ဒါပေမဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကဗျာဆရာ 'ကွန်ဒရာတီရိုင်လက်ယက်'ကိုတော့ ဖမ်းမိလိုက်တယ်။ ဘုရင်က သူ့ကို ကြိုးပေးသတ်ဖို့ အမိန့်ပေးလိုက်တယ်။

ကြိုးပေးမယ့်နေ့မှာ ကွန်ဒရာတီကို စစ်သားတွေက ကြိုးစင်ပေါ် ခေါ်သွားပြီး သူ့လည်ပင်းမှာ ကြိုးကွင်းစွပ်ပေးလိုက်တယ်။ ကြိုးစင်က ဒေါက်ကို ဖြုတ်လိုက်တယ်။ ကြမ်းပြင်က အံဝှက်တံခါးပွင့်သွားပြီး ကွန်ဒရာတီဟာ ကြမ်းပေါက်ကနေ အောက်ကို ပြုတ်ကျသွားတယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်အလေးချိန်ကို မခံနိုင်လို့ ကြိုးပြတ်သွားပြီး ကွန်ဒရာတီဟာ မြေကြီးပေါ် ပြုတ်ကျသွားတယ်။ ပြုတ်ကျလို့ ဒဏ်ရာအနာတရ ဖြစ်သွားပေမယ့် သူ အသက်မသေပါဘူး။

ကြိုးပေးသတ်လို့ မသေတဲ့သူကို ဘုရင်က လွတ်ပေးရတဲ့ ထုံးစံရှိပါတယ်။ ဒါကို သိတဲ့ ကွန်ဒရာတီဟာ ဝမ်းသာအားရနဲ့ မတ်တတ်ထရပ်လိုက်ပြီး ကြိုးပေးတာကို လာကြည့်တဲ့ ပရိသတ်ကို ခုလို အော်ပြောလိုက်တယ်။ 'ကြည့်ကြစမ်းပါအုံးဗျာ။ ရုရှားအစိုးရဟာ ဘာတစ်ခုမှ ဖြစ်မြောက်အောင် မလုပ်တတ်ဘူး။ ကြိုးပေးတာလည်း ကြိုးကိုတောင် ကောင်းကောင်း မချည်တတ်ဘူး'တဲ့။

ဆက်သားတစ်ယောက်ဟာ ဘုရင့်နန်းတော်ကို အမြန်ပြေးသွားပြီး အခုအဖြစ်အပျက်ကို ဘုရင်သစ် နစ်ကလတ်စ်ကို သွားပြောပြတယ်။ ဘုရင်ဟာ ထုံးစံရှိတဲ့အတိုင်း ကွန်ဒရာတီကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ စာရေးပြီး လက်မှတ်ထိုးပေးလိုက်တယ်။ သူဟာ စာရွက်ကို မပေးခင်မှာ ဆက်သားကို မေးလိုက်တယ်။ 'အခုလိုဖြစ်ပြီးတော့ ကွန်ဒရာတီက ဘာပြောသလဲ'။ ဆက်သားက 'ရုရှားအစိုးရဟာ ကြိုးစင်က ကြိုးကိုတောင် ကောင်းကောင်း မချည်တတ်ဘူး'လို့ ပြောကြောင်း ပြောပြလိုက်တယ်။ ဘုရင်နစ်ကလတ်စ်ဟာ လွတ်ငြိမ်းချမ်းသာခွင့်စာရွက်ကို ဆုတ်ဖြဲလိုက်ပြီး ဆက်သားကို ပြောလိုက်တယ်။ 'ရုရှားအစိုးရဟာ ကြိုးကောင်းကောင်း ချည်တတ်ကြောင်း လူတွေကို သက်သေပြလိုက်ကွာ'။ ကွန်ဒရာတီဟာ ဒုတိယအကြိမ် ကြိုးပေးခံရတယ်။ ဒီတစ်ကြိမ်မှာတော့ ကြိုးပြတ်မကျလို့ ကွန်ဒရာတီတစ်ယောက် အသက်ပျောက်သွားရပါတယ်။

ကွန်ဒရာတီဟာ ပထမအကြိမ် ကြိုးပေးခံရတုန်းက အသက်မသေဘဲ ဖြစ်နေချိန်မှာ စကားမပြောဘဲ နှုတ်ဆိတ်နေခဲ့မယ်ဆိုရင် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် အသက်သေမှာ မဟုတ်ပါဘူး။ သူ့ရဲ့ မဆင်မခြင် ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် သူ အသက်ဆုံးရှုံးသွားရတယ်။ ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ လောက်က ဖြစ်ခဲ့ပေမယ့် ဒီခေတ်မှာလည်း မှန်နိုင်တယ်ဆိုတာကို သတိပြုစေချင်ပါတယ်။

Credit - ဗန်းမော်သိန်းဖေ Bamaw Thein Pe

Sayar_Guice_banner_design_2_3.jpg

ႏႈတ္ေၾကာင့္ေသ

စကားကို မဆင္မျခင္ ေျပာျခင္းဟာ မေကာင္းဘူး။ စကားဆိုတာ ေျပာၿပီးသြားရင္ ျပန္သိမ္းယူလို႔ မရေတာ့ဘူး။ ခဲဖ်က္နဲ႔ ဖ်က္လို႔ မရေတာ့ဘူး။ စကားေၾကာင့္ သူတပါးရဲ႕ မုန္းတီးမႈ အျမင္ကပ္မႈ ခံရတတ္ပါတယ္။ ဒါေတြကို လူအေတာ္မ်ားမ်ား သိၾကပါတယ္။ ဒါေပမဲ့ စကားကို မဆင္မျခင္ ေျပာမိလို႔ အသက္ေသဆုံးခဲ့တဲ့ အျဖစ္အပ်က္ေလး တစ္ခုကိုေတာ့ လူသိနည္းၾကပါတယ္။ ႐ုရွားႏိုင္ငံမွာ ျဖစ္ပ်က္ခဲ့တာပါ။

၁၈၂၅ ခုႏွစ္ ဒီဇင္ဘာလ ၁ ရက္ေန႔မွာ ႐ုရွားႏိုင္ငံကို အုပ္စိုးတဲ့ ဇာဘုရင္ႀကီး အလက္ဇႏၵား နတ္႐ြာစံေတာ္မူလို႔ သားအငယ္ နစ္ကလတ္စ္(၁)ဟာ နန္းတက္လာပါတယ္။ သူ နန္းတက္ပြဲက်င္းပေနခ်ိန္မွာ ေရွး႐ိုးဆန္တဲ့ သူ႔ကို သစၥာမနာခံလိုဘူးဆိုၿပီး စစ္တပ္က အရာရွိ၊ စစ္သား နဲ႔ အရပ္သား အေယာက္ ၃၀၀၀ ေလာက္ဟာ နန္းေတာ္ေရွ႕က လႊတ္ေတာ္ရင္ျပင္မွာ ကန႔္ကြက္ဆႏၵျပၾကတယ္။ ႐ုရွားစစ္တပ္ဟာ ဆႏၵျပသူေတြကို ရက္ရက္စက္ ၿဖိဳခြင္းႏွိမ္နင္းလိုက္တယ္။ ဖမ္းမိတဲ့ သူေတြကို ေထာင္ခ်လိုက္တယ္။ ဆႏၵျပေခါင္းေဆာင္ေတြ တျခားႏိုင္ငံကို ထြက္ေျပးသြားၾကတယ္။ ဒါေပမဲ့ ေခါင္းေဆာင္တစ္ေယာက္ျဖစ္တဲ့ ကဗ်ာဆရာ 'ကြန္ဒရာတီ႐ိုင္လက္ယက္'ကိုေတာ့ ဖမ္းမိလိုက္တယ္။ ဘုရင္က သူ႔ကို ႀကိဳးေပးသတ္ဖို႔ အမိန႔္ေပးလိုက္တယ္။

ႀကိဳးေပးမယ့္ေန႔မွာ ကြန္ဒရာတီကို စစ္သားေတြက ႀကိဳးစင္ေပၚ ေခၚသြားၿပီး သူ႔လည္ပင္းမွာ ႀကိဳးကြင္းစြပ္ေပးလိုက္တယ္။ ႀကိဳးစင္က ေဒါက္ကို ျဖဳတ္လိုက္တယ္။ ၾကမ္းျပင္က အံဝွက္တံခါးပြင့္သြားၿပီး ကြန္ဒရာတီဟာ ၾကမ္းေပါက္ကေန ေအာက္ကို ျပဳတ္က်သြားတယ္။ ဒါေပမဲ့ သူ႔ခႏၶာကိုယ္အေလးခ်ိန္ကို မခံႏိုင္လို႔ ႀကိဳးျပတ္သြားၿပီး ကြန္ဒရာတီဟာ ေျမႀကီးေပၚ ျပဳတ္က်သြားတယ္။ ျပဳတ္က်လို႔ ဒဏ္ရာအနာတရ ျဖစ္သြားေပမယ့္ သူ အသက္မေသပါဘူး။

ႀကိဳးေပးသတ္လို႔ မေသတဲ့သူကို ဘုရင္က လြတ္ေပးရတဲ့ ထုံးစံရွိပါတယ္။ ဒါကို သိတဲ့ ကြန္ဒရာတီဟာ ဝမ္းသာအားရနဲ႔ မတ္တတ္ထရပ္လိုက္ၿပီး ႀကိဳးေပးတာကို လာၾကည့္တဲ့ ပရိသတ္ကို ခုလို ေအာ္ေျပာလိုက္တယ္။ 'ၾကည့္ၾကစမ္းပါအုံးဗ်ာ။ ႐ုရွားအစိုးရဟာ ဘာတစ္ခုမွ ျဖစ္ေျမာက္ေအာင္ မလုပ္တတ္ဘူး။ ႀကိဳးေပးတာလည္း ႀကိဳးကိုေတာင္ ေကာင္းေကာင္း မခ်ည္တတ္ဘူး'တဲ့။

ဆက္သားတစ္ေယာက္ဟာ ဘုရင့္နန္းေတာ္ကို အျမန္ေျပးသြားၿပီး အခုအျဖစ္အပ်က္ကို ဘုရင္သစ္ နစ္ကလတ္စ္ကို သြားေျပာျပတယ္။ ဘုရင္ဟာ ထုံးစံရွိတဲ့အတိုင္း ကြန္ဒရာတီကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးတဲ့ စာေရးၿပီး လက္မွတ္ထိုးေပးလိုက္တယ္။ သူဟာ စာ႐ြက္ကို မေပးခင္မွာ ဆက္သားကို ေမးလိုက္တယ္။ 'အခုလိုျဖစ္ၿပီးေတာ့ ကြန္ဒရာတီက ဘာေျပာသလဲ'။ ဆက္သားက '႐ုရွားအစိုးရဟာ ႀကိဳးစင္က ႀကိဳးကိုေတာင္ ေကာင္းေကာင္း မခ်ည္တတ္ဘူး'လို႔ ေျပာေၾကာင္း ေျပာျပလိုက္တယ္။ ဘုရင္နစ္ကလတ္စ္ဟာ လြတ္ၿငိမ္းခ်မ္းသာခြင့္စာ႐ြက္ကို ဆုတ္ၿဖဲလိုက္ၿပီး ဆက္သားကို ေျပာလိုက္တယ္။ '႐ုရွားအစိုးရဟာ ႀကိဳးေကာင္းေကာင္း ခ်ည္တတ္ေၾကာင္း လူေတြကို သက္ေသျပလိုက္ကြာ'။ ကြန္ဒရာတီဟာ ဒုတိယအႀကိမ္ ႀကိဳးေပးခံရတယ္။ ဒီတစ္ႀကိမ္မွာေတာ့ ႀကိဳးျပတ္မက်လို႔ ကြန္ဒရာတီတစ္ေယာက္ အသက္ေပ်ာက္သြားရပါတယ္။

ကြန္ဒရာတီဟာ ပထမအႀကိမ္ ႀကိဳးေပးခံရတုန္းက အသက္မေသဘဲ ျဖစ္ေနခ်ိန္မွာ စကားမေျပာဘဲ ႏႈတ္ဆိတ္ေနခဲ့မယ္ဆိုရင္ လြတ္ၿငိမ္းခ်မ္းသာခြင့္ေၾကာင့္ အသက္ေသမွာ မဟုတ္ပါဘူး။ သူ႔ရဲ႕ မဆင္မျခင္ ေျပာလိုက္တဲ့ စကားတစ္ခြန္းေၾကာင့္ သူ အသက္ဆုံးရႈံးသြားရတယ္။ ဒီအျဖစ္အပ်က္ဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀၀ ေလာက္က ျဖစ္ခဲ့ေပမယ့္ ဒီေခတ္မွာလည္း မွန္ႏိုင္တယ္ဆိုတာကို သတိျပဳေစခ်င္ပါတယ္။

Credit - ဗန္းေမာ္သိန္းေဖ Bamaw Thein Pe

Read times
Rate this articles
(0 votes)