×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Monday, 23 March 2020

အသက် ၃၀ မတိုင်ခင်မှာ အောင်မြင်မှုတွေရဖို့ဆိုရင်

အသက် ၃၀ မတိုင်ခင်မှာ အောင်မြင်မှုတွေရဖို့ဆိုရင် google

အသက် ၃၀ မတိုင်ခင်မှာ အောင်မြင်မှုတွေရဖို့ဆိုရင်

အသက် ၃၀ မတိုင်ခင်အောင်မြင်မှု တွေရင်ဖို့ ဆိုရင်တော့ သင့်ရဲ့နေ့စဉ် နေထိုင်မှုပုံစံတွေကိုလဲ ပြောင်းလဲပစ်ဖို့လိုအပ်ပါလိမ့်မယ်။


သင့်ဘဝမှာ အမှားတွေအများကြီးလုပ်ဖူးပါလိမ့်မယ်။ ထိုအမှားတွေက အလွန်ဆိုးရွားတဲ့အမှား တွေတော့ မဟုတ်ပါဘူး။ သင်ဟာအောင်မြင်ချင်တဲ့သူတစ်ယောက် ဒါမှမဟုတ် သင့်ဘာဝကိုပြောင်းလဲ ပစ်ချင်တဲ့သူတစ်ယောက်ဆိုရင်တော့ ဒီအချက်လေးတွေကို လိုက်နာသင့်ဖို့လိုတယ်နော်။

 

(1) Stop smoking
သင်ဟာဆေးလိပ်သောက်တတ် တဲ့တစ်ယောက်ဆိုရင် ဒီအချိန်မှာဆေးလိပ်သောက်ချင်းကို ချက်ချင်းရပ်သင့်ပါတယ် ဟု Quora user Cyndi Perlman Fink ကအကြံပြုခဲ့ပါတယ်။
ဆေးလိပ်သောက်ခြင်းကြောင့်အသက် ၄၀ မတိုင်ခင်သေဆုံး သည့် သေဆုံးသူရာခိုင်နှုန်းမှာ ၉၀% လောက်ရှိသည်ဟု သုတေသနပညာရှင်တွေက ပြောကြာခဲ့ပါတယ်။

 

(2) နေ့စဉ် သင့်ရဲ့အိပ်ချိန် နှင့် အိပ်ရာထချိန်ကို ပုံသေထားပါ
သင့်ဘဝ ကိုပြောင်းလဲနိုင်ဖို့ဆိုရင် သင့်ရဲ့အိပ်ချိန် တွေကို ပြောင်းလဲပစ်ဖို့လိုအပ်ပါတယ်။ အိပ်ချိန် နည်းရက်လဲမကောင်းသလို အိပ်ချိန်အရမ်းများရင်လဲမကောင်းပါဘူး။ ဒါ့ကြောင့် ပုံမှန်အိပ်ရာဝင်ချိန် နဲ့ အိပ်ရာထချိန်ကို သတ်မှန်ထားဖို့လိုပါတယ်။

 

(3) လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပါ
ကိုယ့်ကိုယ် ကိုတတ်နိုင်သလောက်ပြောင်းလဲဖို့ကြိုးစားပါ။ အသက် ၂၀ကျော်အရွယ်ဟာ သင်​ရ ဲ့ကြွက်သားတွေ စတင်ပြောင်းလဲစပြုလာတဲ့ အချိန်ဖြစ်တဲ့အတွက်ကြောင့် လေ့ကျင့်ခန်းကိုပုံမှန် လုပ်ပေးရန်လဲ အရေးကြီးပါတယ်။

 

(4) ပိုက်ဆံ စုပါ
သင့်ရဲ့အစီအစဉ် တွေကိုအကောင်အထည်ဖော် နိုင်ဖို့ဆိုရင် ငွေကို ခြွေတာသုံးစွဲတတ်ရန်နဲ့ စုဆောင်းမိရန် အရေးကြီးပါတယ်။ ငွေကိုဂရုတစိုက် မသုံးစွဲဘူးဆိုရင်တော့ဘဝ အောင်မြင်မှုနဲ့ ဝေးကွာနေအုန်းမှာပါ။

 

(5) ရည်မှန်းချက်ထားပါ
သင့်ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်
ဖော်ဖို့ အချိန်မဆွဲ့ပါနဲ့။ သင်ဟာ အိမ်တစ်လုံး လိုချင်တာလား ၊ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တာလား၊ စာရေးဆရာတစ်ယောက် ဖြစ်ချင်တာလား ဆိုတာစဉ်းစားပြီး သင်ဖြစ်ချင်တဲ့ ရည်မှန်းချက်တစ်ခုကို ရွေးပြီးသတင်လုပ်ဆောင်ပါ။

 

(6) သင့်ရဲ့အမှားတွေကိုပြင်ဆင်ပါ
ကျွန်တော်တို့ အားလုံးအမှားတွေအများကြီးလုပ်ခဲ့ဖူးပါတယ်။ အတိတ်ကအမှားတွေကို မစဉ်းပါနဲ့ ၊ အဲ့ဒီအမှားတွေကနေ သင့်ကိုယ်နေ သင်ယူပါ အမှားတွေထပ်မလုပ်မိအောင် ပြင်ဆင်ပါ။ မိမိရဲ့ အမှားကိုသိပြီး ပြင်ဆင်ခြင်းက အောင်မြင်မှုရဲ့ အဓိကအစိတ်အပိုင်း တစ်ခုပါပဲ။

(Zaw gyi)

register


 


 

(1) Stop smoking

 


 


 

(4) ပိုက်ဆံ စုပါ

 

(5) ရည်မှန်းချက်ထားပါ

 


- ဤဝက်ဆိုဒ်တွင် သင်ယူလိုသည့် သူများအနေဖြင့် ဂီတ၊ ဘာသာစကား၊ ကွန်ပြူတာ၊ ကျောင်းဘာသာရပ်များ၊ ဒီဇိုင်းပညာရပ်များ၊ အနုပညာ စသည်ဖြင့် ဘာသာရပ်အမျိုးမျိုးကို အနီးကပ်သင်ပေးသော ဆရာ၊ ဆရာမ    များကိုရှာဖွေ နိုင်ပါသည်။
- ဆရာ၊ ဆရာမများ၏ ကိုယ်ရေးအချက်အလက် အပြည့် အစုံပါဝင်သောကြောင့် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။ 

 - ၀င်ရောက်ကြည့်ရှုလိုပါက ဤ Link https://www.sayar.com.mm/subjects.html လေးကိုသာနှိပ်လိုက်ပါ။

Read times Last modified on Monday, 23 March 2020 09:59
Rate this articles
(1 Vote)