×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 31 March 2020

လူတစ်ယောက်မှာ အကောင်းမြင်တတ်တဲ့ စိတ်ရှိဖို့ကဘာကြောင့်အရေးကြီးတာလဲ ?

လူတစ်ယောက်မှာ အကောင်းမြင်တတ်တဲ့ စိတ်ရှိဖို့ကဘာကြောင့်အရေးကြီးတာလဲ ? google

အကောင်းမြင်တတ်ခြင်း (positive thinking) ဆိုတာတကယ်တော့ နားထောင်လို့ကောင်းတဲ့ စကားစုတစ်ခုတင်  မဟုတ်ပါဘူး။ အကောင်းမြင်တတ်ခြင်းက သင့်ဘဝကိုအများကြီးပြောင်းလဲစေနိုင်ပါတယ်။

အရာရာကို  အကောင်းမြင်တတ်ခြင်းက သင့်ကိုပျော်ရွှင်စေပြီး၊ ဘဝကိုနေထိုင်တတ်သူတစ်ယောက်ဖြစ်အောင်ပြောင်းလဲ နိုင်စွမ်းရှိပါတယ်။ ဘဝဆိုတာခက်ခဲ ကြမ်းတမ်းလို့ အမြဲတမ်းအကောင်းမြင်ဖို့ ဆိုတာတော့ မဖြစ်နိုင်ဘူးလို့  သင်ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမဲ့ သင်တတ်နိုင်သလောက်တော့ အကောင်းမြင်စိတ် ရှိအောင်ကြိုးစားလို့ရပါတယ်။ ဒါကြောင့် အကောင်းမြင်ခြင်းကြောင့် ရရှိနိုင်မဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

(၁) အကောင်းမြင်ခြင်းက စိတ်ဖိစီးမှုတွေကိုလျော့ကျစေပါတယ်

ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေ မရှိပဲနေဖို့ဆိုတာမလွယ်ပါဘူး။ ဒါပေမဲ့အကောင်းမြင်ခြင်းက စိတ်ဖိစီးမှုတွေကိုကောင်းကောင်း လျော့ချပေးနိုင်ပါတယ်။ သင်စိတ်ဖိစီးမှုတွေများလာတဲ့အခါ သင့်ကိုယ်သင် အကောင်းမြင်ဖို့ သတိပေးပါ။ အကောင်းမြင်ခြင်းအားဖြင့် ခဏတာ သင့်ရဲ့စိတ်ဖိစီးမှုတွေက လွတ်မြောက်ပြီး ပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ပါလိမ့်မယ်။

 

(၂) အကောင်းမြင်သူတွေက ကျန်းမာရေးပိုကောင်းလေ့ရှိတယ်

အကောင်းမြင်တတ်တဲ့ သူတွေကတကယ်တော့ သူတို့ကို သူတို့လည်းပိုမို ဂရုစိုက်လေ့ရှိပါတယ်။ သူတို့ရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်လေ့ရှိပါတယ်။ ကျန်းမာရေးကောင်းတဲ့အတွက် စိတ်ဖိစီးမှုတွေ၊ လောကဓံတရားတွေကို တိုက်ခိုက်ရာမှာလည်း သူများတွေထက်ပိုပြိး ခံနိုင်ရည်ရှိကြတာကိုတွေ့ရပါတယ်။

 

(၃) သင့်ရဲ့ blood pressure ကိုလျော့ကျစေတယ်

သင့်မှာ blood pressure တွေ အရမ်းတတ်နေပြီး သင်ကလည်းအကောင်းမြင်တတ်သူတစ်ယောက် မဟုတ်ရင်တော့ သင့်အနေနဲ့ အကောင်းမြင်တတ်ဖို့ ကြိုးစားသင့်ပါပြီ။ အဆိုးမြင်တတ်တဲ့ သူတွေဟာ အကောင်းမြင်တတ်တဲ့ သူတွေထက် blood pressure ပိုမြင့်လေ့ရှိပါတယ်။ အဆိုးမြင်သူများမှာ စိတ်ဖိစီးမှုများ၊ စိုးရိမ်ကြောင့်ကြမှုများ ပိုမိုရှိခြင်းကြောင့် blood pressure ပိုမြင့်ရခြင်းဖြစ်ပါတယ်။

 

(၄) Positive Thinking ရှိခြင်းကသင့်ကိုအရွယ်တင်စေပါတယ်

သုတေသနတွေအရ အကောင်းမြင်စိတ်ရှိသူတွေဟာ အဆိုးမြင်သူတွေထက်ပိုပြီး နုပျိုကြပါတယ်တဲ့။ ကျန်းမာရေး ရှုထောင့်အရလည်း အကောင်းမြင်ခြင်းက နုပျိုခြင်းကို အထောက်အကူပြုပါတယ်။ မြန်မာစကားပုံရှိပါတယ် " စိတ်ပျိုတော့ ကိုယ်နု " တဲ့။ ဒါကြောင့်မို့ အကောင်းမြင်တဲ့ စိတ်ရှိခြင်းက သင့်ရဲ့စိတ်ကို အမြဲကြည်လင်စေသောကြောင့် သင်အရွယ်တင်ပြီး နုပျိုမှာ လက်ခက်မလွဲပါပဲ။

 (Zaw gyi)

 

90251442 832926683874316 4730726126572273664 n

 

 

register

လူတစ္ေယာက္မွာ အေကာင္းျမင္တတ္တဲ့ စိတ္ရွိဖို႔ကဘာေၾကာင့္အေရးၾကီးတာလဲ

အေကာင္းျမင္တတ္ျခင္း (positive thinking) ဆိုတာတကယ္ေတာ့ နားေထာင္လို႔ေကာင္းတဲ့ စကားစုတစ္ခုတင္ မဟုတ္ပါဘူး။ အေကာင္းျမင္တတ္ျခင္းက သင့္ဘ၀ကိုအမ်ားၾကီးေျပာင္းလဲေစႏိုင္ပါတယ္။ အရာရာကို အေကာင္းျမင္တတ္ျခင္းက သင့္ကိုေပ်ာ္ရႊင္ေစျပီး၊ ဘ၀ကိုေနထိုင္တတ္သူတစ္ေယာက္ျဖစ္ေအာင္ေျပာင္းလဲ ႏိုင္စြမ္းရွိပါတယ္။ ဘ၀ဆိုတာခက္ခဲ ၾကမ္းတမ္းလို႔ အျမဲတမ္းအေကာင္းျမင္ဖို႔ ဆိုတာေတာ့ မျဖစ္ႏိုင္ဘူးလို႔ သင္ထင္ေကာင္းထင္ပါလိမ့္မယ္။ ဒါေပမဲ့ သင္တတ္ႏိုင္သေလာက္ေတာ့ အေကာင္းျမင္စိတ္ ရွိေအာင္ၾကိဳးစားလို႔ရပါတယ္။ ဒါေၾကာင့္ အေကာင္းျမင္ျခင္းေၾကာင့္ ရရွိႏိုင္မဲ့ အက်ိဳးေက်းဇူးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

 

(၁) အေကာင္းျမင္ျခင္းက စိတ္ဖိစီးမႈေတြကိုေလ်ာ႔က်ေစပါတယ္

ကြ်န္ေတာ္တို႔ရဲ႔ ေန႔စဥ္ဘ၀မွာ စိတ္ဖိစီးမႈေတြ မရွိပဲေနဖို့ဆိုတာမလြယ္ပါဘူး။ ဒါေပမဲ့အေကာင္းျမင္ျခင္းက စိတ္ဖိစီးမႈေတြကိုေကာင္းေကာင္း ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ သင္စိတ္ဖိစီးမႈေတြမ်ားလာတဲ့အခါ သင့္ကိုယ္သင္ အေကာင္းျမင္ဖို႔ သတိေပးပါ။ အေကာင္းျမင္ျခင္းအားျဖင့္ ခဏတာ သင့္ရဲ႔စိတ္ဖိစီးမႈေတြက လြတ္ေျမာက္ျပီး ျပႆနာကို မွန္မွန္ကန္ကန္ ေျဖရွင္းႏိုင္ပါလိမ့္မယ္။

 

(၂) အေကာင္းျမင္သူေတြက က်န္းမာေရးပိုေကာင္းေလ့ရွိတယ္

အေကာင္းျမင္တတ္တဲ့ သူေတြကတကယ္ေတာ့ သူတို႔ကို သူတို႔လည္းပိုမို ဂရုစိုက္ေလ့ရွိပါတယ္။ သူတို့ရဲ႔ က်န္းမာေရးကိုလည္း ဂရုစိုက္ေလ့ရွိပါတယ္။ က်န္းမာေရးေကာင္းတဲ့အတြက္ စိတ္ဖိစီးမႈေတြ၊ ေလာကဓံတရားေတြကို တိုက္ခိုက္ရာမွာလည္း သူမ်ားေတြထက္ပိုျပိး ခံႏိုင္ရည္ရွိၾကတာကိုေတြ့ရပါတယ္။

 

(၃) သင့္ရဲ႔ blood pressure ကိုေလ်ာ့က်ေစတယ္

သင့္မွာ blood pressure ေတြ အရမ္းတတ္ေနျပီး သင္ကလည္းအေကာင္းျမင္တတ္သူတစ္ေယာက္ မဟုတ္ရင္ေတာ့ သင့္အေနနဲ့ အေကာင္းျမင္တတ္ဖို့ ၾကိဳးစားသင့္ပါျပီ။ အဆိုးျမင္တတ္တဲ့ သူေတြဟာ အေကာင္းျမင္တတ္တဲ့ သူေတြထက္ blood pressure ပိုျမင့္ေလ့ရွိပါတယ္။ အဆိုးျမင္သူမ်ားမွာ စိတ္ဖိစီးမႈမ်ား၊ စိုးရိမ္ေၾကာင့္ၾကမႈမ်ား ပိုမိုရွိျခင္းေၾကာင့္ blood pressure ပိုျမင့္ရျခင္းျဖစ္ပါတယ္။

 

(၄) Positive Thinking ရွိျခင္းကသင့္ကိုအရြယ္တင္ေစပါတယ္

သုေတသနေတြအရ အေကာင္းျမင္စိတ္ရွိသူေတြဟာ အဆိုးျမင္သူေတြထက္ပိုျပီး ႏုပ်ိဳၾကပါတယ္တဲ့။ က်န္းမာေရး ရႈေထာင့္အရလည္း အေကာင္းျမင္ျခင္းက ႏုပ်ိဳျခင္းကို အေထာက္အကူျပဳပါတယ္။ ျမန္မာစကားပံုရွိပါတယ္ " စိတ္ပ်ိဳေတာ့ ကိုယ္ႏု " တဲ့။ ဒါေၾကာင့္မို့ အေကာင္းျမင္တဲ့ စိတ္ရွိျခင္းက သင့္ရဲ့စိတ္ကို အျမဲၾကည္လင္ေစေသာေၾကာင့္ သင္အရြယ္တင္ျပီး ႏုပ်ိဳမွာ လက္ခက္မလြဲပါပဲ။

 https://www.sayar.com.mm/

Read times Last modified on Tuesday, 31 March 2020 14:03
Rate this articles
(1 Vote)