×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 21 April 2020

ဆင်ပျံလေး ဒန်ဘို (Spoiler Free) Dumbo လေးရဲ့ တကယ့်ဖြစ်ရပ်မှန်ရင်နင့်ဖွယ်ဇာတ်လမ်း (Video Review)

ဆင်ပျံလေး ဒန်ဘို (Spoiler Free) Dumbo လေးရဲ့ တကယ့်ဖြစ်ရပ်မှန်ရင်နင့်ဖွယ်ဇာတ်လမ်း

*Jumbo ဆင်ကလေး

 

ဆင်ပျံလေး ဒန်ဘို (Spoiler Free) Dumbo လေးရဲ့ တကယ့်ဖြစ်ရပ်မှန်ရင်နင့်ဖွယ်ဇာတ်လမ်း

*Jumbo ဆင်ကလေး

ပထမဆုံး Dumbo ဆင်လေးရဲ့ တကယ့်အဖြစ်အပျက်အလေးအနည်းငယ်ပြောပြပါရစေ။ရုပ်ရှင်နဲ့ အပြင်လုံးဝကွဲ ပြားတာမို့ Spoiler မဖြစ်စေပါဘူးလို့ ကတိပေးပါတယ်။

စပြောမယ်ဆို - အာဖရိကရဲ့ တောကြီးမျက်မဲထဲ ှာ စမ်းတဝါးဝါးနဲ့ အစာရှာနေတဲ့ ဆင်မကြီးနဲ့ သူ့သားပေါက်လေး ဟာ သားကောင်လိုက်တဲ့ မုဆိုးတွေနဲ့ တိုးခဲ့ပါတော့တယ်။

မုဆိုးတွေဟာ ရိုင်းစိုင်းယုတ်မာစွာ ဆင်မိခင်ကြီးကို ထို ကျိုးချည်ထားတဲ့ဆင်သားပေါက်လေး ှေ့တင် သတ်ဖြတ်ကာ အပိုင်းပိုင်းခုတ်ထစ်ပြီး အရေခွံစုတ်ကာ ှာမောင်း , အစွယ် , နားရွက်ကို ဖျက်ကာ သွေးအိုင်တွေကြားထဲက ဆင်လေးကိုတော့ ခြေထောက်ကနေကြိုးတုတ်ခါ အရှင်လိုက်ရောင်းမယ်ဟု ဆိုကာသယ်ဆောင်လာပါတော့တယ်။

ထို့နောက် ထိုဆင်ကလေးကို လန်ဒန်မြို့ရဲ့တိရိစ္ဆာန် ရုံမှာ ရောင်းချခဲ့ပါတယ်။Jumbo ဟာ 1860 ခရစ်စမတ်နေ့နားမှာမွေးတယ်လို့သိရပါတယ်။

ထိုဆင်ပေါက်လေး ဟာ တိရစ္ဆာန်ရုံမှာ အတော်လေးရိုင်းပြတဲ့ ဆင်ပါ။သူ့မျက်စိရှေ့သူ့အမေကို လူတွေက အရှင်လတ်လတ်သူ့ကြိုးတုပ်ထားပြီး သတ်ဖြတ်ခဲ့တာကိုး သူလူတွေကို ဘယ်ကြိုက်ပါ့မလဲ တိရစ္ဆာန်ရုံက ဆင်ထိမ်းဟာ ဆင်ပေါက်လေး ကိုအရိုးကွဲအောင်ကိုရိုက်ပါတယ်။ လူတွေအနား ဆင်လေးက အကပ်မခံ၍ပင်ဖြစ်သည်။

ထို့ပြင် ဆင်လေးကို အရက်စိမ်ထားသော ဘီစကစ်တွေကိုကျွေးကာ မူးနေအောင်အမြဲထားသည် ဒါမ ကလေးတွေကြည့်ရူ့လို့ရမည်ဖြစ်သည်။ နေ့တိုင်း အရက်စိမ်ဘီစကစ်ကျွေးသည်။ထို တိစ္ဆာန်ရုံ အစောင့်ကပြောလိုက်သေးသည် ဆင်လေးက က ကောက်ရိုးနဲ့ချက်တဲ့ အရက်နဲ့ ှန်ပိန်ကိုကြိုက်သည်ဟုဆိုသည်။ ဆင်လေးဟာ တိရစ္ဆာန်ရုံမှာ သူအိပ်ချင်တိုင်းမအိပ်ရ ဆင်လာကြည့်သည့် ကလေးတွေက ဆိုးသည် အမှိုက်များ အကြွေစေ့များဖြင့် ပစ်ပေါက်ကြသည်။ အသက်အရွယ်ရလာတဲ့ ဆင်လေး က လန့်ဖြန့်ကာ မုန်ရိုသလိုဖြစ်လာသည် ဆင်ထိန်းအရိုက်လဲခံရ ကလေးတွေ အနာတရပြစ်ပေါက်တာလဲ ခံရတဲ့ အတွက် ဆင်လေး ဟာ ပိုရိုင်းသထက်ရိုင်းလာကာ လာကြည့်သမျ ကလေးတွေကို အထိ ခိုက်နာတရဖြစ်အောင်လုပ်ပြစ်လေသည်။

ထိုချိန်ဆပ်ကပ်ဆရာကြီး P.T.Burnum ဟာ တရက် London ကိုလာရင်း London တိရိစ္ဆာန်မ ဆင်ကို တောင်းဝယ်ခဲ့သည်။ဆင်ထိန်းကလဲ ဒီဆင်က ရိုင်ပြီးကလေးတွေကို လည်း အန္တရာယ်ပြုနေမှတော့ မထူးဘူးဆိုကာ P.T.Burnum ကိုရောင်းချဖို့ သဘောတူလိုက်လေသည်။ P.T.Burnum ှာ အခြားသူမဟုတ် (The Greatest Show Man) ဇာတ်ကားမ သင်တို့သိသော ဆပ်ကပ်စီစဉ်သူအကျော်အမော်ကြီးဖြစ်သည်။ Jumbo ဆိုတဲ့ ဆင်ရဲ့ နာမည်ကို P.T.Burnum ှပေးခဲ့တာဖြစ်သည်။

Jum ရဲ့အဓိပ္ပာယ်က Jumbe ကနေဆင်းသက်လာချင်းဖြစ်သည် အာဖရိက ရိုးရာလိုအနက်အဓိပ္ပါယ်ကောက်ဆိုလျှင် ခင်မင်စွာ ှုတ်ဆက်သည့်သဘောဆောင်သည်။ Jumbo က ဆပ်ကပ်ရောက်တော့ အတော်လေးလိမ္မာလာပြီး အောင်မြင်ကျော်ကြားတဲ့ star တစ်ဦးတောင်ဖြစ်လာတယ်ပြောရမယ်။ Jumbo ကနားရွက်ရှည်သလား ...?

Jumbo က အကောင်က အင်မတန်မ ကြီးသည် အခြားဆင်များထက်ကြီးမားကာထူးခြားသည် တကယ်တော့ နားရွက်က သာမန်ထက်နည်းနည်း ပိုရှည်တာပါ ဒါကို P.T.Burnum ထုံးစုံ တမင်ရှည်အောင် fake လုပ်ခဲ့တယ်သိရပါတယ်။ {သင်တို့မြင်တွေ့ရမှာပါ ... The Greatest Show Man ဇာတ်ကားထဲတောင် ဝတဲ့သူကို ပိုဝအောင် ရေမြုပ်ထည့် fake တာ,အရပ်ရှည်တာကို ပိုရှည်အောင် သစ်တိုင်ထောင်တာတွေ မြင်တွေ့မှာကြမှာပါ) ဒါကို Disney က အတူယုယူကာ နားရွက်ရှည်ရှည်နဲ့ ဆင်ပျံဆိုကာဖြစ်ပေါ်လာတာပါ။

Jumbo ဟာ သူ့အသက် ၂၅ အရွယ် 1885 ှာရထားတိုက်ခံရကာဆုံးပါးသွားပါတယ်တဲ့။Mr Burnam ဟာသူ့ဆင်ကို Newyork ှာရှိတဲ့ ခွဲစိတ်လေ့လာခန်းဖြစ်တဲ့ Henry Ward's Natural Science ကိုပို့ခဲ့ပါတယ်။ Jumbo ရုပ်အလောင်း ရဲ့ဝမ်းဗိုက် အတွင်းမ ဝီစီတွေ , သော့တွေ , အမှိုက်တွေနဲ့ , အကြွေစေ့တွေများစွာတွေ့ရှိခဲ့ပါတယ်။အသိတရားရှိတဲ့ လူတွေ ရက်စက်စွာ ဆင်လေးကို ဒီလိုပစ္စည်းတွေနဲ့ ပြစ်ပေါက်ပေးကြွေးထားတာပါ။

တကယ်တော့ Jumbo အစစ် ဆင်ကလေးဟာ ဇာတ်ကားမှာလို့ သူ့ဘဝက နူးညံ့သိမ်မွှေ့မူ့မရှိခဲ့ပါဘူး။ဘဝတစ်ခုလုံးဒဏ်ရာတွေနဲ့ပါ။စိတ်ဆင်းရဲစရာပဲ မူလ Dumbo story အစစ်ကပေးပါတယ်။ Disney ရဲ့ အနုပညာရှင်တွေဟာ အဓိက အချက်တွေသာယူ ကျန်တဲ့ အချက်တွေကို သွေဖယ်ကာ ကလေးတွေ အတွက် ကာတွန်းဇာတ်ကောင် တစ်ခု အဖြစ်ပုံဖော်ခဲ့တာပါ။တကယ်တော်ကြပါတယ်။ Jumbo ကို Disney Dumbo ဟု နာမည်ပြောင်းလွဲထားချင်းသာဖြစ်သည်။

Dumbo ဇာတ်ကားဟာစိတ်ကူးယဉ်ဆန်ဆန် / စွန့်စားခန်းပုံစံပါ။ ဇာတ်လမ်းအကျဉ်း အခက်အခဲတွေဖြစ်နေတဲ့ ဆပ်ကပ် ပိုင်ရှင် Max Medici ဟာ သူရဲ့ဆပ်ကပ် အဖွဲ့ရယ် , နားရွက်အကြီးကြီးတွေရှိတဲ့ ဆင်လေး Dumbo ရယ်နဲ့ဇာတ်လမ်းကစတင်ထားပါတယ်။သူ့ဆင်ကိုလည်း သိမ်းခံလိုက်ရပါတယ်။Dumbo လေး နားရွက်ကားကားကြီးတွေနဲ့ မိုးပေါ် ပျံတက်ကြောင်းသိတဲ့ အချိန်မှာတော့ ဆပ်ကပ်ဟာ လူဝင်များပြီးချောင်လည်အဆင်ပြေလာပါတယ်။ထိုအချင်းအရာကိုသိသွားသော Vandevere ဟာ ဉာဏ်နီဉာဏ်နက်သုံးကာ Dumbo ကိုမရရအောင်ကြံစည်ပါတော့တယ်။

Vandevere ရဲ့ ယုတ်မာတဲ့ လုပ်ရက်တွေက လွတ်မြောက်ဖို့ ကြိုးစားကြတဲ့ အပေါ် လွတ်မြောက်နိုင်မလား ဆိုတာကြည့်ရူ့ခံစားရမှာပါ။ ယခု Disney က Dumbo ဇာတ်ကားလေးကို ဒါရိုက်တာကြီး Tim Burtom ကရိုက်ကူးထားတာပါ။Tim ဟာတကယ်တော်တဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး Batman ဇာတ်ကားများထို့ပြင် Alice in Wonderland , Edward Scissorhands , Sleepy Hollow , Charlie and the Chocolate Factory စတဲ့ ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာလည်းဖြစ်သူပါ။ ဒီ Dumbo ဇာတ်ကားလေးကိုOtto Englander , Joe Grant နဲ့ Dick Hueme တို့ရဲ့ Disney Dumbo စာအုပ်နဲ့Helen Aberson နဲ့ Harold Pearl တို့ရဲ့ Dumbo ဇာတ်လမ်းကိုပေါင်းစည်းပုံဖော်ရိုက်ကူးထားတာပါ။

သရုပ်ဆောင်တွေအနေနဲ့ က Colin Farrell , Michael Keaton, Danny DeVito, Eva Green နဲ့ Alan Arkin တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။PG - 13 ပါဝင်တာမို့ မိသားစုနှင့်အတူ ကြည့်နိုင်ပါသည်။ ကလေး သူငယ်များကို အဓိက ပုံဖော်ထားချင်းဖြစ်သည်။ Disney ရဲ့ Dumbo ဇာတ်ကားရဲ့ ရည်ရွယ်ချက်မှာ ဆင်လေးတွေဟာ မျိုးတုံး ပျောက်ကွယ်သွားနိုင်တဲ့ အတွက် ကြောင့် ကမ္ဘာဆင်ကောင်ရေတိုးပွားဖို့ , ဆင်လေးတွေကို တန်ဖိုးထားဖို့ရည်ရွယ်တယ်သိရပါတယ်။ တောရိုင်းတိရစ္ဆာန်လေးတွေကို ှစ်သက်သဘောကျစေဖို့ ကလေးတွေစိတ်ထဲ ရိုက်သွင်းတယ်ဆိုရပေမယ့် Dumbo ကား ကြည့်ပြီး ကလေးငယ်တွေ ဆင်တွေကို တန်ဖိုးထားတတ်လာပါသတဲ့။ မကြည့်ရသေးရင် ကြည့်ကို ကြည့်သင့်ပါတယ် စိတ်ကျေနပ်မူ့အပြည့်အဝရရှိစေမဲ့ အပြင် ဆင်ကလေးတွေ နဲ့ မိသားစုအပေါ် အမြင်တစ်မျိုးနဲ့ မြင်တတ်လာစေရမယ်မြင်မိပါတယ်။ဇာတ်ကားကြာချိန် 1 နာရီ နဲ့ 52 မိနစ် ပါ။Budget 170 မီလီယံ အသုံးပြုရိုက်ကူးထားပြီး Box office ှာ 136.5 မီလီယံပြန်လည်ရရှိထားပါတယ်

Read times
Rate this articles
(0 votes)