×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Thursday, 21 May 2020

ဈေးဗန်းအောက်မှ အွန်လိုင်းစာသင်ခန်းမှာ ပညာသင်တဲ့ မိန်းကလေး

ဟူဘိုင်ပြည်နယ် Yichang ရှိ ဈေးဆိုင်တွင် မိခင်က ဈေးလာဝယ်သူတစ်ဦးနှင့် စကားပြောဆိုနေစဉ် က‌လေးမလေး Ke Enya သည် ဈေးဗန်းအောက်ရှိ အွန်လိုင်း စာသင်ခန်းတွင် စာသင်နေသည့် ဓာတ်ပုံသည် တရုတ်ပြည် အွန်လိုင်းပေါ်တွင် ဟိုးလေးတကျော် ဖြစ်သွားခဲ့သည်။

 

အသက် ၇ နှစ်အရွယ်ရှိ မိန်းကလေးအတွက် အွန်လိုင်း စာသင်ခန်းကို ဈေးသည်တွေဖြစ်တဲ့ မိဘနှစ်ပါးက ခင်းကျင်းထားတဲ့ ဈေးဗန်းအောက်မှာ ဖန်တီးပေးထားတယ်။ ထိုင်ဖို့အတွက် ကတ်ထူပုံးနှစ်ခုကို ပြားပြီး ထပ်ခင်းပေးထားတယ်။ စက္ကဓကတ်ထူပုံးနှစ်ခုကို ဆက်ပြီး စားပွဲငယ် လုပ်ပေးထားတယ်။ မီးအိမ်ငယ် တစ်ခု ရှိတယ်။ အွန်လိုင်း စာသင်ဖို့ တစ်ပတ်ရစ် လက်ပ်တော့ အဟောင်းတစ်လုံး ရှိတယ်။

 

စာသင်ခန်းရဲ့ အပေါ်ဘက်မှာတော့ မိဘတွေက ဟင်သီးဟင်းရွက်တွေနဲ့ အသားတွေ ခင်းကျင်းပြီး ရောင်းချတယ်။

 

ဈေးဗန်းအောက်မှာတော့ Ke Enya က ကျုံ့ကျုံ့လေးထိုင်ပြီး စာသင်နေတယ်။ COVID-19 ကြောင့် စာသင်ကျောင်းတွေ ပိတ်ထားချိန်မှာ အစိုးရက ပညာရေးကို အွန်လိုင်းကနေ သင်ပေးနေတာမို့ Ke Enya က တစ်ပတ်ရစ်လက်ပ်တော့ အဟောင်း တစ်လုံးနဲ့ အခုလို စာသင်နေတာ ဖြစ်ပါတယ်။

 

သူတို့ ဆိုင်ဖွင့်တာ ၂၀၀၇ ခုနှစ် ဇွန်လကတည်းက ဖြစ်ပါတယ်။ ဆိုင်ကို မနက် ၆ နာရီမှာ စခင်းပြီး ရောင်းတာ ညမိုးချုပ်တဲ့အထိ ဖြစ်ပါတယ်။


သူတို့ မိသားစု သုံးယောက် အခုလိုပဲ ဈေးရောင်းထွက်ရင်း စာသင်ခန်းလုပ်ပြီး စာသင်နေကျ ဖြစ်ရာမှ တစ်ရက်မှာတော့ Ke Enya ရဲ့ ဆရာမက ဆိုင်ကို လာပြီး ဈေးဝယ်ရာမှ Ke Enya အခုလို စာသင်နေတာကို တွေ့သွားပြီး ဓာတ်ပုံရိုက်တယ်။ မိန်းကလေးရဲ့ စာသင်ခန်းလို့ ရေးပြီး WeChat moment မှာ ပုံကို တင်လိုက်တာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။


Ke Enya အတွက်တော့ ကောင်းဖို့ ဖြစ်သွားပါတယ်။ မြို့မှာ ရှိတဲ့ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုက ဆိုင်ကို ရောက်လာပြီး အခမဲ့ ဘရော့ဘင် ဆင်ပေးသွားတယ်။ ဒီတော့ အရင်ကလို အမေ့ဖုန်းနဲ့ ချိတ်ပြီး သုံးနေဖို့ မလိုတော့ဘူး။ လိုင်းကလည်း အရင်ကနဲ့ ဘာမှ မဆိုင်တော့ဘူး။ အရမ်းကောင်းသွားတယ်။


Chinadaily.com.cn

Read times
Rate this articles
(0 votes)