×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 03 June 2020

Personal Branding တည်ဆောက်ကြမယ်

Personal Branding တည်ဆောက်ကြမယ်

Brand ဆိုတာ အမှတ်တံဆိပ် တစ်ခုပါ။ Brand လို့ပြောလိုက်ရင် လူတွေရဲ့အတွေးအမြင်ထဲမှာ ကုန်ပစ္စည်းတွေကိုသာ အရင်ဆုံးပြေးမြင်မိကြမှာပါ။ ဥပမာ - ဖုန်းတွေထဲမှာ Brand ကောင်းတာဆိုရင် Apple, Samsung, Huawei, Xiaomi, Vivo …. / အဝတ်အစားဆိုရင်လည်း Chanel, Levis, H&M, Giordano … အစရှိတဲ့ Brand တွေကို အရင်ဆုံးတွေးမိကြမယ်ထင်ပါတယ်။ အဲ့ဒီ ကုန်ပစ္စည်းတွေဟာဆိုရင် တခြား ကုန်ပစ္စည်းတွေထက် သာလွန်တဲ့ အရည်အသွေး၊ အရည်အချင်းတွေ ရှိနေတဲ့အတွက် လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တာပဲဖြစ်ပါတယ်။
ဒီလို ကုန်ပစ္စည်းတွေမှာ အမှတ်တံဆိပ်ရှိသလို လူတွေမှာလဲ Personal Brand တွေရှိပါတယ်။ ဒီလူက ဘယ်လိုလူမျိုးလဲ၊ ဘယ်လိုနေရာတွေမှာထူးချွန်တာလဲ အစရှိသဖြင့်ပေါ့။ ဥပမာ ဘီ(လ်)ဂိတ်၊ စတီ(ဗ်)ဂျော့၊ ဂျက်ကီဂျန်း တို့လို နာမည်ကျော်ကြားတဲ့သူတွေဟာဆိုရင် Personal Branding ကို အကောင်းဆုံးတစ်ဆောက်ခဲ့သူတွေ ဖြစ်ကြပါတယ်။

 

Personal Branding က လွန်စွာ အရေးကြီးပါတယ်။ Brand ကောင်းတဲ့လူတစ်ယောက်ဟာဆိုရင် အောင်မြင်မှု လှေခါးတွေဆီကို တက်ဖို့ အဆင်သင့်ဖြစ်နေလို့ တစ်ယောက်နဲ့ အတူတူပါပဲ။ ကိုယ်ဟာ ယုံကြည်စိတ်ချရတယ်၊ အားကိုးရတယ်၊ အစစအရာရာမှာ တိကျသေချာမှုရှိတယ်ဆိုတဲ့ Brand တစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုကြပါစို့။ ဒီလိုလူအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ၊ ပိုမိုကောင်းမွန်တဲ့ရာထူးတွေ၊ တခြားအခွင့်အရေးတွေက စောင့်ကြိုနေမယ်ဆိုတာ မလွဲဧကန်ပါ။

 

Personal Brand ကောင်းမွန်ဖို့အတွက်ဆိုရင်တော့
(၁) မိမိရဲ့ အားသာချက်၊ ကိုယ်ရဲ့ Brand က ဘာလဲ။
Personal Brand တည်ဆောက်တော့မယ်ဆိုရင် အရင်ဆုံးအနေနဲ့ မိမိရဲ့အားသာချက်ကဘာလဲ၊ မိမိကိုယ် တခြားသူတွေရဲ့အမြင်မှာ ဘယ်လိုရှိစေချင်တာလဲ၊ ဘယ်လိုပုံစံမျိုးနဲ့အောင်မြင်မှုရချင်တာလဲဆိုတာကို တိကျသေချာစွာ သိဖို့ လိုအပ်ပါတယ်။ ကိုယ်တကယ်ကျွမ်းကျင်တဲ့နယ်ပယ်မှာသာ မိမိရဲ့ Personal Brand ကို အကောင်းဆုံး တည်ဆောက်သင့်ပါတယ်။ တကယ်မကျွမ်းကျင်ဘဲ ဟန်ဆောင်ပြီး လုပ်ဆောင်မယ်ဆိုရင်တော့ ကောင်းမွန်တဲ့ Personal Brand တစ်ခုကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ဥပမာ - ကိုယ်က Beauty Blogger တစ်ယောက်အဖြစ် လူသိများတဲ့ Brand တစ်ခုဖြစ်ချင်တာလား၊ ပြောဆိုဆက်ဆံရေးကောင်းတဲ့ Consultant တစ်ယောက်အဖြစ် လူသိများချင်တာလား ….. အစရှိတဲ့ မိမိစိတ်ဝင်စားတဲ့ မိမိအောင်မြင်ချင်တဲ့ Brand ကို အရင်ဆုံးရွေးချယ်ရမှာပါ။

 

(၂) မိမိရဲ့ တန်ဖိုး (Value) ကို မိမိတည်ဆောက်ပါ
လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ ကိုယ်ကသတ်မှတ်လို့မရပါဘူး။ အချိန်တန်ရင် လူအများက သတ်မှတ်သွားမှာပါ။ မိမိလုပ်ဆောင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို မိမိကိုယ်တိုင်ပဲ ခံစားရမှာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ တန်ဖိုးတစ်ခု ရရှိအောင် မိမိဘဝကိုယ်မိမိ တည်ဆောက်ပါ။ မိမိရဲ့ ဂုဏ်သတင်းကို ထိခိုက်စေနိုင်တဲ့ အချက်အလက်များကို ရှောင်ရှားပါ။ မိမိရဲ့ Personal Image ကို တည်ဆောက်ပါ။ မြင်သာထင်သာ ရှိပါစေ။ မိမိရဲ့ အကောင်းဆုံး အရည်အသွေးများကို ဖန်တီးပါ။

 

(၃) Network ကောင်းအောင် လုပ်ဆောင်ပါ။
Personal brand ကောင်းမွန်စွာ တည်ဆောက်ချင်သူတွေအတွက် အရေးပါတဲ့အချက်တစ်ခုကတော့ ကောင်းမွန်တဲ့ Network (Social Media နှင့် ပြင်ပလောက) တည်ဆောက်ဖို့ပါပဲ။ ကိုယ်ကျွမ်းကျင်ရာ နယ်ပယ်နဲ့ သက်ဆိုင်သူများနဲ့ မိတ်ဆွေဖွဲ့ခြင်း၊ မိမိရဲ့နယ်ပယ်မှာ အောင်မြင်မှုရနေတဲ့ သင်ဆရာ၊မြင်ဆရာများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့ LinkedIn, Social Media, FB မှာ မိတ်ဆွေဖွဲ့ခြင်း၊ ဟောပြောပွဲများ တက်ရောက်ခြင်း၊ Network event များမှာ ပါဝင်ဆောင်ရွက်ခြင်း အစရှိသဖြင့် network ကောင်းမွန်အောင် တည်ဆောက်သင့်ပါတယ်။

 

(၄) မိမိနဲ့သင့်တော်မဲ့ Social Platform ကို ရွေးချယ်တည်ဆောက်ပါ။
ယနေ့ခေတ်မှာ ဆိုရင်တော့ Social Media ရဲ့ အကျိုးသက်ရောက်မှုက လွန်စွာ အရေးကြီးပါတယ်။ များပြားလှတဲ့ Social Media တွေထဲမှာမှ မြန်မာနိုင်ငံအတွက်ဆိုရင် Facebook, LinkedIn, Twitter, Instagram, တဲ့ Social Media Tools တွေကို အသုံးများပါတယ်။ အရင်ဆုံး ကိုယ်က ဘယ် Platform ကိုအသုံးပြုမှာလဲဆိုတာကို ရွေးချယ်ရပါမယ်။ ရွေးချယ်ပြီးပြီဆိုရင်တော့ ကိုယ်ကျွမ်းကျင်ရာနယ်ပယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာများ တင်ပြဆွေးနွေးခြင်း၊ မျှဝေခြင်း၊ သက်ဆိုင်ရာ Group များမှာ ဝင်ရောက်ဆွေးနွေးခြင်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်သင့်ပါတယ်။


အစောပိုင်းက ပြောခဲ့သလို Personal brand ကောင်းတဲ့သူတစ်ယောက်ဟာ အောင်မြင်မှုလမ်းမပေါ်ကိုရောက်နေတဲ့လူတစ်ယောက်နဲ့အတူတူပါပဲ။ ကိုယ်လုပ်ဆောင်ခဲ့တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ကိုယ်သာလျှင် ခံစားရမှာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ Personal Brand တည်ဆောက်ပြီး အောင်မြင်မှုများ ခံစားနိုင်ကြပါစေ။

 

 

 

Personal Branding တည္ေဆာက္ၾကမယ္

Brand ဆိုတာ အမွတ္တံဆိပ္ တစ္ခုပါ။ Brand လို႔ေျပာလိုက္ရင္ လူေတြရဲ႕အေတြးအျမင္ထဲမွာ ကုန္ပစၥည္းေတြကိုသာ အရင္ဆံုးေျပးျမင္မိၾကမွာပါ။ ဥပမာ - ဖုန္းေတြထဲမွာ Brand ေကာင္းတာဆိုရင္ Apple, Samsung, Huawei, Xiaomi, Vivo …. / အ၀တ္အစားဆိုရင္လည္း Chanel, Levis, H&M, Giordano … အစရွိတဲ့ Brand ေတြကို အရင္ဆံုးေတြးမိၾကမယ္ထင္ပါတယ္။ အဲ့ဒီ ကုန္ပစၥည္းေတြဟာဆိုရင္ တျခား ကုန္ပစၥည္းေတြထက္ သာလြန္တဲ့ အရည္အေသြး၊ အရည္အခ်င္းေတြ ရွိေနတဲ့အတြက္ လူေတြရဲ႕ အာရံုကို ဖမ္းစားႏိုင္ခဲ့တာပဲျဖစ္ပါတယ္။
ဒီလို ကုန္ပစၥည္းေတြမွာ အမွတ္တံဆိပ္ရွိသလို လူေတြမွာလဲ Personal Brand ေတြရွိပါတယ္။ ဒီလူက ဘယ္လိုလူမ်ိဳးလဲ၊ ဘယ္လိုေနရာေတြမွာထူးခၽြန္တာလဲ အစရွိသျဖင့္ေပါ့။ ဥပမာ ဘီ(လ္)ဂိတ္၊ စတီ(ဗ္)ေဂ်ာ့၊ ဂ်က္ကီဂ်န္း တို႔လို နာမည္ေက်ာ္ၾကားတဲ့သူေတြဟာဆိုရင္ Personal Branding ကို အေကာင္းဆံုးတစ္ေဆာက္ခဲ့သူေတြ ျဖစ္ၾကပါတယ္။

Personal Branding က လြန္စြာ အေရးႀကီးပါတယ္။ Brand ေကာင္းတဲ့လူတစ္ေယာက္ဟာဆိုရင္ ေအာင္ျမင္မႈ ေလွခါးေတြဆီကို တက္ဖို႔ အဆင္သင့္ျဖစ္ေနလို႔ တစ္ေယာက္နဲ႔ အတူတူပါပဲ။ ကိုယ္ဟာ ယံုၾကည္စိတ္ခ်ရတယ္၊ အားကိုးရတယ္၊ အစစအရာရာမွာ တိက်ေသခ်ာမႈရွိတယ္ဆိုတဲ့ Brand တစ္ခုကို ပိုင္ဆိုင္ထားတယ္ဆိုၾကပါစို႔။ ဒီလိုလူအတြက္ အလုပ္အကိုင္ အခြင့္အလမ္းေကာင္းေတြ၊ ပိုမိုေကာင္းမြန္တဲ့ရာထူးေတြ၊ တျခားအခြင့္အေရးေတြက ေစာင့္ၾကိဳေနမယ္ဆိုတာ မလြဲဧကန္ပါ။

 

Personal Brand ေကာင္းမြန္ဖို႔အတြက္ဆိုရင္ေတာ့
(၁) မိမိရဲ႕ အားသာခ်က္၊ ကိုယ္ရဲ႕ Brand က ဘာလဲ။
Personal Brand တည္ေဆာက္ေတာ့မယ္ဆိုရင္ အရင္ဆံုးအေနနဲ႔ မိမိရဲ႕အားသာခ်က္ကဘာလဲ၊ မိမိကိုယ္ တျခားသူေတြရဲ႕အျမင္မွာ ဘယ္လိုရွိေစခ်င္တာလဲ၊ ဘယ္လိုပံုစံမ်ိဳးနဲ႔ေအာင္ျမင္မႈရခ်င္တာလဲဆိုတာကို တိက်ေသခ်ာစြာ သိဖို႔ လိုအပ္ပါတယ္။ ကိုယ္တကယ္ကၽြမ္းက်င္တဲ့နယ္ပယ္မွာသာ မိမိရဲ႕ Personal Brand ကုိ အေကာင္းဆံုး တည္ေဆာက္သင့္ပါတယ္။ တကယ္မကၽြမ္းက်င္ဘဲ ဟန္ေဆာင္ၿပီး လုပ္ေဆာင္မယ္ဆိုရင္ေတာ့ ေကာင္းမြန္တဲ့ Personal Brand တစ္ခုကို တည္ေဆာက္ႏိုင္မွာ မဟုတ္ပါဘူး။ ဥပမာ - ကိ္ုယ္က Beauty Blogger တစ္ေယာက္အျဖစ္ လူသိမ်ားတဲ့ Brand တစ္ခုျဖစ္ခ်င္တာလား၊ ေျပာဆိုဆက္ဆံေရးေကာင္းတဲ့ Consultant တစ္ေယာက္အျဖစ္ လူသိမ်ားခ်င္တာလား ….. အစရွိတဲ့ မိမိစိတ္၀င္စားတဲ့ မိမိေအာင္ျမင္ခ်င္တဲ့ Brand ကို အရင္ဆံုးေရြးခ်ယ္ရမွာပါ။

 

(၂) မိမိရဲ႕ တန္ဖိုး (Value) ကို မိမိတည္ေဆာက္ပါ
လူတစ္ေယာက္ရဲ႕ တန္ဖိုးဆိုတာ ကိုယ္ကသတ္မွတ္လို႔မရပါဘူး။ အခ်ိန္တန္ရင္ လူအမ်ားက သတ္မွတ္သြားမွာပါ။ မိမိလုပ္ေဆာင္တဲ့ ေကာင္းက်ိဳး၊ ဆိုးက်ိဳးေတြကို မိမိကိုယ္တိုင္ပဲ ခံစားရမွာျဖစ္တဲ့အတြက္ ေကာင္းမြန္တဲ့ တန္ဖိုးတစ္ခု ရရွိေအာင္ မိမိဘ၀ကိုယ္မိမိ တည္ေဆာက္ပါ။ မိမိရဲ႕ ဂုဏ္သတင္းကို ထိခိုက္ေစႏိုင္တဲ့ အခ်က္အလက္မ်ားကို ေရွာင္ရွားပါ။ မိမိရဲ႕ Personal Image ကို တည္ေဆာက္ပါ။ ျမင္သာထင္သာ ရွိပါေစ။ မိမိရဲ႕ အေကာင္းဆံုး အရည္အေသြးမ်ားကို ဖန္တီးပါ။

 

(၃) Network ေကာင္းေအာင္ လုပ္ေဆာင္ပါ။
Personal brand ေကာင္းမြန္စြာ တည္ေဆာက္ခ်င္သူေတြအတြက္ အေရးပါတဲ့အခ်က္တစ္ခုကေတာ့ ေကာင္းမြန္တဲ့ Network (Social Media ႏွင့္ ျပင္ပေလာက) တည္ေဆာက္ဖို႔ပါပဲ။ ကိုယ္ကၽြမ္းက်င္ရာ နယ္ပယ္နဲ႔ သက္ဆိုင္သူမ်ားနဲ႔ မိတ္ေဆြဖြဲ႕ျခင္း၊ မိမိရဲ႕နယ္ပယ္မွာ ေအာင္ျမင္မႈရေနတဲ့ သင္ဆရာ၊ျမင္ဆရာမ်ား၊ လုပ္ေဖာ္ကိုင္ဖက္မ်ားနဲ႔ LinkedIn, Social Media, FB မွာ မိတ္ေဆြဖြဲ႔ျခင္း၊ ေဟာေျပာပြဲမ်ား တက္ေရာက္ျခင္း၊ Network event မ်ားမွာ ပါ၀င္ေဆာင္ရြက္ျခင္း အစရွိသျဖင့္ network ေကာင္းမြန္ေအာင္ တည္ေဆာက္သင့္ပါတယ္။

 

(၄) မိမိနဲ႔သင့္ေတာ္မဲ့ Social Platform ကို ေရြးခ်ယ္တည္ေဆာက္ပါ။
ယေန႔ေခတ္မွာ ဆိုရင္ေတာ့ Social Media ရဲ႕ အက်ိဳးသက္ေရာက္မႈက လြန္စြာ အေရးႀကီးပါတယ္။ မ်ားျပားလွတဲ့ Social Media ေတြထဲမွာမွ ျမန္မာႏိုင္ငံအတြက္ဆိုရင္ Facebook, LinkedIn, Twitter, Instagram, တဲ့ Social Media Tools ေတြကို အသံုးမ်ားပါတယ္။ အရင္ဆံုး ကိုယ္က ဘယ္ Platform ကိုအသံုးျပဳမွာလဲဆိုတာကို ေရြးခ်ယ္ရပါမယ္။ ေရြးခ်ယ္ၿပီးၿပီဆိုရင္ေတာ့ ကိုယ္ကၽြမ္းက်င္ရာနယ္ပယ္နဲ႔ပတ္သက္တဲ့ အေၾကာင္းအရာမ်ား တင္ျပေဆြးေႏြးျခင္း၊ မွ်ေ၀ျခင္း၊ သက္ဆိုင္ရာ Group မ်ားမွာ ၀င္ေရာက္ေဆြးေႏြးျခင္းမ်ားကို စဥ္ဆက္မျပတ္ လုပ္ေဆာင္သင့္ပါတယ္။


အေစာပိုင္းက ေျပာခဲ့သလို Personal brand ေကာင္းတဲ့သူတစ္ေယာက္ဟာ ေအာင္ျမင္မႈလမ္းမေပၚကိုေရာက္ေနတဲ့လူတစ္ေယာက္နဲ႔အတူတူပါပဲ။ ကိုယ္လုပ္ေဆာင္ခဲ့တဲ့ ေကာင္းက်ိဳး၊ ဆိုးက်ိဳးေတြကို ကိုယ္သာလွ်င္ ခံစားရမွာျဖစ္တဲ့အတြက္ ေကာင္းမြန္တဲ့ Personal Brand တည္ေဆာက္ၿပီး ေအာင္ျမင္မႈမ်ား ခံစားႏိုင္ၾကပါေစ။

Read times
Rate this articles
(2 votes)