×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Thursday, 11 June 2020

HR ပုံပြင်

HR ပုံပြင်

ပုရွတ်ဆိတ်ကလေးတစ်ကောင်က အလုပ်ခွင်ကို နေ့တိုင်းစောစောရောက်ပြီး ရောက်ရောက်ချင်းလည်း အလုပ်ကိုစပြီးလုပ်ပါသတဲ့.. ပုရွက်ဆိတ်ကလေးက ကောင်းစွာပဲ ထုတ်လုပ်မှုတွေလုပ်ပြီးပျော်ရွင်နေပါတယ်။ခေါင်းဆောင်အကြီးအမှူးဖြစ်တဲ့ ခြင်္သေ့က ပုရွတ်ဆိတ်ကလေးအနေနဲ့ကြီးကြပ်မှုမပါပဲ အလုပ်လုပ်နေတာကို ကြည့်ပြီးအံ့သြနေရှာတယ်။

 


ခြင်္သေ့ကြီးကတစ်မျိုးတွေးလိုက်တယ်။ကြီးကြပ်သူမပါပဲတောင် ပုရွတ်ဆိတ်ကလေးကောင်ကောင်းအလုပ်ကိုလုပ်နိုင်တယ်ဆိုတော့ တကယ်လို့များသူ့မှာကြီးကြပ်သူတစ်ယောက်လောက်များရှိနေမယ်ဆိုရင် ပိုပြီးအလုပ်လုပ်နိုင်မလားဆိုပြီးတွေးနေတာပါ။ ဒါနဲ့ပဲခြင်္သေ့ကြီးက လူ့အရင်းအမြစ်ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင်ပြင်ဆင်စရာရှိတာတွေပြင်ဆင်ပါတော့တယ်၊စီစဉ်စရာရှိတာတွေစီစဉ်ပါတော့တယ်။ ခြင်္သေ့ကြီးကပိုးဟပ်တစ်ကောင်ကိုတာဝန်ပေးဖို့ခေါ်ယူပါတယ်။

ပိုးဟပ်ကလည်းကြီးကြပ်စီမံတယ့်နေရာမှာအတွေ့ကြုံကောင်းတွေရှိပြီး အထက်လူကြီးဆီ အစီရင်ခံစာတွေရေးပြီးတင်တယ့်နေရာမှာ အတော်နာမည်ကြီးတစ်ယောက်ပါ။ ပိုးဟပ်ရဲ့ပထမဦးဆုံးဆုံးဖြတ်ချက်က အလုပ်ခွင်ရောက်အချိန်စနစ်ကို စပြီးချမှတ်လိုက်တာပါပဲ။ သူလိုအပ်နေတာက သူရဲ့အထက်ကိုတင်ပြမယ့်အစီရင်ခံစာနဲ့အခြားအကြောင်းအရာအချို့ရေးသားရာမှာ အကူအညီပေးနိုင်မယ့် ကိုယ်ရေးအတွင်းရေးမှူးတစ်ဦးပါ။ပိုးဟပ်ကပင့်ကူကိုခေါ်ယူလိုက်တယ်။

 


ပင့်ကူရဲ့အလုပ်ကတယ်လီဖုန်းခေါ်ဆိုမှုတွေနဲ့မှတ်တမ်းမှတ်ရာတွေကို ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ ခြင်္သေ့ကြီးကအစီရင်ခံစာပေါ်မှာ အတော်ကလေးနှစ်သက်သဘောကျနေတယ်။ ဒါရိုက်တာအဖွဲ့အစည်းအဝေးကျရင် ဖွယ်ဖွယ်ရာရာတင်ပြနိုင်ဖို့အတွက်အဲ့ဒီမှာ အသုံးပြုဖို့ရာ ပိုးဟပ်ကိုခြင်္သေ့က ထုတ်လုပ်မှုနဲ့ပတ်သက်တဲ့ ပုံပြမျဉ်းတွေ ရေးဆွဲခိုင်းတယ်။ ထုတ်လုပ်မှုနှုန်းတွေ ၊ အလားအလာတွေကိုပြသ တဲ့ပုံပြအခင်အကျင်းတွေပါတဲ့တင်ပြမှုမျိုးပေါ့ ။ ဒါနဲ့ပိုးဟပ်က ကွန်ပျုတာအသစ်တစ်လုံး နဲ့လေဆာပရင်တာတစ်လုံးဝယ်ဖို့ဖြစ်လာခဲ့တယ် ။ ပိုးဟပ်က ယင်ကောင်တစ်ကောင်ကို အိုင်တီဌာနကိုကြီးကြပ်ဖို့ခေါ်လိုက်ရပြန်တယ် ။

 


ပုရွက်ဆိတ်ကလေးကအဲ့ဒီ့အဖြစ်အပျက်တွေကိုကြည့်ပြီး အတော်လေးစိတ်ပျက်နေတယ် ။တစ်ခါတုန်းကသက်တောင့်သက်သာရှိရှိနဲ့ရလဒ်ကောင်းထွက်အောင်လုပ်တတ်ခဲ့တဲ့ ပုရွက်ဆိတ်ကလေးဟာ လိုတာတွေထက်ပိုလုပ်နေရတဲ့ စာရွက်ပေါ်ကအလုပ်တွေနဲ့အစည်းဝေးတွေကို သဘောမကျမုန်းတီးလာခဲ့တယ်။ သူ့ရဲ့အချိန်အများစုက အဲ့ဒီ့အလုပ်တွေနဲ့ပဲကုန်လွန်နေရတယ်။ ပုရွက်ဆိတ်ကလေးအလုပ်လုပ်တဲ့နေရာဌာနရဲ့အကြီးအမှူးနေရာကို အဆိုပြုဖို့ဖြစ်လာပါတော့တယ်။အဲ့ဒီ့နေရာမှာ အင်းဆက်ပိုးကြီးတစ်ကောင်ကိုတာဝန်ပေးလိုက်တယ် ။

 


အဲ့ဒီ့အင်းဆက်ပိုးကြီးကလည်း ဌာနရဲ့အကြီးအကဲဖြစ်ဖြစ်ချင်းမှာ ကော်ဇောတစ်ချပ်နဲ့သူ့ရုံးအတွက် အင်မတန်ကောင်းတယ့်ခုံတစ်လုံးကို ဝယ်ဖို့ဆုံးဖြစ်ခဲ့ပါတယ်။ဌာနမှူးဖြစ်တဲ့အင်းဆက်ကောင်ကြီးက သူ့အရင်ဌာနက အကူတစ်ယောက်ကိုခေါ်လာပြီး ကွန်ပျူတာတစ်လုံးကိုဝယ်လိုက်တယ်။ ပြီးတော့အလုပ်နဲ့ရသုံးငွေထိန်းသိမ်းရေး အစီအစဉ်ကို ဆောင်ရွက်ပါတော့တယ်။

 


ပုရွက်ဆိတ်ကလေး အလုပ်လုပ်တဲ့ဌာနဟာ ယခုအချိန်မှာစိတ်ချမ်းသာစရာကောင်းတဲ့နေရာ တစ်ခုမဟုတ်တော့ပါဘူး။ဘယ်သူမှမရယ်ရယ်မောမော ပျော်ပျော်ရွင်ရွင်မရှိကြတော့တဲ့အပြင်အားလုံးဟာလည်းအတော်ကလေးစိတ်အနှောက်အယှက် အဖြစ်ခံနေကြရပါတော့တယ်။အဲ့ဒီ့အချိန်မှာ အင်းဆက်ပိုးကောင်ကြီးက ဘော့ဖြစ်တဲ့ခြင်္သေ့ကြီးကို အလုပ်ခွင်ဝန်းကျင်အခြေအနေ အာဝါသနဲ့ပတ်သက်ပြီးလေ့လာမှုတစ်ခု စပြီးလုပ်ဖို့တင်ပြခဲ့ပါတယ်။ ခြင်္သေ့ကြီးဟာ ပြန်လှန်သုံးသပ်ချက်တွေ လေ့လာမှုတွေပြုလုပ်ပြီး တဲ့အခါမှာ ပုရွက်ဆိတ်ကလေးအလုပ်လုပ်တဲ့ဌာနကထုတ်လုပ်မှုဟာအရင်ထက် အများကြီးနိမ့်ဆင်းသွားတာကို တွေ့လိုက်ရပါတယ်။

 


ခြင်္သေ့ကြီးဟာ ပညာရှိဇီးကွက်ကြီးကို ခေါ်ယူပြန်ပါတယ်။ ပညာရှိဇီးကွက်ကြီးလုပ်ပေးရမယ့်တာဝန်ကတော့ လေ့လာဆန်းစစ်မှုတွေကို လုပ်ပြီး အဖြေကောင်းရှာဖွေပေးရမယ့်အလုပ်ဖြစ်ပါတယ်။ ပညာရှိဇီးကွက် ကလေ့လာဆန်းစစ်မှုတွေအတွက် အချိန်သုံးလယူခဲ့ပြီး နောက်ဆုံးအတွဲများစွာ ပါဝင်ပြီး အလွန်ကြီးမားတဲ့ အစီရင်ခံစာကြီးကိုတင်ပြပါတော့တယ်။အဲ့ဒီ့အစီရင်ခံစာထဲမှာ ဌာနအတွင်းဝန်ထမ်းတွေ ပိုလျှံနေတယ်ဆိုတယ့်အကြောင်းလည်းပါလာပါတယ်။

 


ပုံပြင်လေးနောက်ဆုံးပိုင်းမှာတော့
ခြင်္သေ့ကြီးကဘယ်သူ့ကိုဦးဆုံးအရေးယူမလဲစဉ်းစားပါတော့တယ် ။ ခြင်္သေ့ကြီးက ပိုလျှံဝန်ထမ်းဆိုပြီး ဦးဆုံးအလုပ်ဖြုတ်လိုက်သူကတော့ မှန်မှန်လာပြီး အလုပ်လုပ်နေတဲ့ပုရွက်ဆိတ်ကလေးပါပဲ ။ အကြောင်းပြချက်ကတော့ “ ပုရွက်ဆိတ်ကလေးဟာ တက်ကြွစိတ်နည်းပါးပြီး ဆန့်ကျင်ဖက်သဘောထားရှိလို့” ပါတဲ့…. ပုံပြင်လေးကတော့ ဒါပါပဲ…..

 


တစ်ခါတစ်ခါမှာပေါ့စေချင်လို့ကြောင်ရုပ်ထိုးတာမှာ … ဆေးကြောင့်လေးသွားတာတွေ့ရမှာဖြစ်ပါတယ်။ ဒီလိုအမှားမျိုးမဖြစ်ရလေအောင်၊ လူမှန်၊ နေရာမှန်နဲ့ အလုပ်တွေကို မှန်မှန်ကန်ကန် လုပ်ကိုင်နိုင်စေဖို့ ရည်မှန်းရင်း


Credit : ဆရာနေဇင်လတ်

 

 

 

HR ပုံျပင္

ပု႐ြတ္ဆိတ္ကေလးတစ္ေကာင္က အလုပ္ခြင္ကို ေန႔တိုင္းေစာေစာေရာက္ၿပီး ေရာက္ေရာက္ခ်င္းလည္း အလုပ္ကိုစၿပီးလုပ္ပါသတဲ့.. ပု႐ြက္ဆိတ္ကေလးက ေကာင္းစြာပဲ ထုတ္လုပ္မႈေတြလုပ္ၿပီးေပ်ာ္႐ြင္ေနပါတယ္။ေခါင္းေဆာင္အႀကီးအမႉးျဖစ္တဲ့ ျခေသၤ့က ပု႐ြတ္ဆိတ္ကေလးအေနနဲ႔ႀကီးၾကပ္မႈမပါပဲ အလုပ္လုပ္ေနတာကို ၾကည့္ၿပီးအံ့ၾသေနရွာတယ္။

 


ျခေသၤ့ႀကီးကတစ္မ်ိဳးေတြးလိုက္တယ္။ႀကီးၾကပ္သူမပါပဲေတာင္ ပု႐ြတ္ဆိတ္ကေလးေကာင္ေကာင္းအလုပ္ကိုလုပ္ႏိုင္တယ္ဆိုေတာ့ တကယ္လို႔မ်ားသူ႔မွာႀကီးၾကပ္သူတစ္ေယာက္ေလာက္မ်ားရွိေနမယ္ဆိုရင္ ပိုၿပီးအလုပ္လုပ္ႏိုင္မလားဆိုၿပီးေတြးေနတာပါ။ ဒါနဲ႔ပဲျခေသၤ့ႀကီးက လူ႔အရင္းအျမစ္ပိုမိုဖြံ႕ၿဖိဳးတိုးတက္လာေအာင္ျပင္ဆင္စရာရွိတာေတြျပင္ဆင္ပါေတာ့တယ္၊စီစဥ္စရာရွိတာေတြစီစဥ္ပါေတာ့တယ္။ ျခေသၤ့ႀကီးကပိုးဟပ္တစ္ေကာင္ကိုတာဝန္ေပးဖို႔ေခၚယူပါတယ္။

 

ပိုးဟပ္ကလည္းႀကီးၾကပ္စီမံတယ့္ေနရာမွာအေတြ႕ႀကဳံေကာင္းေတြရွိၿပီး အထက္လူႀကီးဆီ အစီရင္ခံစာေတြေရးၿပီးတင္တယ့္ေနရာမွာ အေတာ္နာမည္ႀကီးတစ္ေယာက္ပါ။ ပိုးဟပ္ရဲ႕ပထမဦးဆုံးဆုံးျဖတ္ခ်က္က အလုပ္ခြင္ေရာက္အခ်ိန္စနစ္ကို စၿပီးခ်မွတ္လိုက္တာပါပဲ။ သူလိုအပ္ေနတာက သူရဲ႕အထက္ကိုတင္ျပမယ့္အစီရင္ခံစာနဲ႔အျခားအေၾကာင္းအရာအခ်ိဳ႕ေရးသားရာမွာ အကူအညီေပးႏိုင္မယ့္ ကိုယ္ေရးအတြင္းေရးမႉးတစ္ဦးပါ။ပိုးဟပ္ကပင့္ကူကိုေခၚယူလိုက္တယ္။

 


ပင့္ကူရဲ႕အလုပ္ကတယ္လီဖုန္းေခၚဆိုမႈေတြနဲ႔မွတ္တမ္းမွတ္ရာေတြကို ေဆာင္႐ြက္ဖို႔ျဖစ္ပါတယ္။ ျခေသၤ့ႀကီးကအစီရင္ခံစာေပၚမွာ အေတာ္ကေလးႏွစ္သက္သေဘာက်ေနတယ္။ ဒါ႐ိုက္တာအဖြဲ႕အစည္းအေဝးက်ရင္ ဖြယ္ဖြယ္ရာရာတင္ျပႏိုင္ဖို႔အတြက္အဲ့ဒီမွာ အသုံးျပဳဖို႔ရာ ပိုးဟပ္ကိုျခေသၤ့က ထုတ္လုပ္မႈနဲ႔ပတ္သက္တဲ့ ပုံျပမ်ဥ္းေတြ ေရးဆြဲခိုင္းတယ္။ ထုတ္လုပ္မႈႏႈန္းေတြ ၊ အလားအလာေတြကိုျပသ တဲ့ပုံျပအခင္အက်င္းေတြပါတဲ့တင္ျပမႈမ်ိဳးေပါ့ ။ ဒါနဲ႔ပိုးဟပ္က ကြန္ပ်ဳတာအသစ္တစ္လုံး နဲ႔ေလဆာပရင္တာတစ္လုံးဝယ္ဖို႔ျဖစ္လာခဲ့တယ္ ။ ပိုးဟပ္က ယင္ေကာင္တစ္ေကာင္ကို အိုင္တီဌာနကိုႀကီးၾကပ္ဖို႔ေခၚလိုက္ရျပန္တယ္ ။

 


ပု႐ြက္ဆိတ္ကေလးကအဲ့ဒီ့အျဖစ္အပ်က္ေတြကိုၾကည့္ၿပီး အေတာ္ေလးစိတ္ပ်က္ေနတယ္ ။တစ္ခါတုန္းကသက္ေတာင့္သက္သာရွိရွိနဲ႔ရလဒ္ေကာင္းထြက္ေအာင္လုပ္တတ္ခဲ့တဲ့ ပု႐ြက္ဆိတ္ကေလးဟာ လိုတာေတြထက္ပိုလုပ္ေနရတဲ့ စာ႐ြက္ေပၚကအလုပ္ေတြနဲ႔အစည္းေဝးေတြကို သေဘာမက်မုန္းတီးလာခဲ့တယ္။ သူ႔ရဲ႕အခ်ိန္အမ်ားစုက အဲ့ဒီ့အလုပ္ေတြနဲ႔ပဲကုန္လြန္ေနရတယ္။ ပု႐ြက္ဆိတ္ကေလးအလုပ္လုပ္တဲ့ေနရာဌာနရဲ႕အႀကီးအမႉးေနရာကို အဆိုျပဳဖို႔ျဖစ္လာပါေတာ့တယ္။အဲ့ဒီ့ေနရာမွာ အင္းဆက္ပိုးႀကီးတစ္ေကာင္ကိုတာဝန္ေပးလိုက္တယ္ ။

 


အဲ့ဒီ့အင္းဆက္ပိုးႀကီးကလည္း ဌာနရဲ႕အႀကီးအကဲျဖစ္ျဖစ္ခ်င္းမွာ ေကာ္ေဇာတစ္ခ်ပ္နဲ႔သူ႔႐ုံးအတြက္ အင္မတန္ေကာင္းတယ့္ခုံတစ္လုံးကို ဝယ္ဖို႔ဆုံးျဖစ္ခဲ့ပါတယ္။ဌာနမႉးျဖစ္တဲ့အင္းဆက္ေကာင္ႀကီးက သူ႔အရင္ဌာနက အကူတစ္ေယာက္ကိုေခၚလာၿပီး ကြန္ပ်ဴတာတစ္လုံးကိုဝယ္လိုက္တယ္။ ၿပီးေတာ့အလုပ္နဲ႔ရသုံးေငြထိန္းသိမ္းေရး အစီအစဥ္ကို ေဆာင္႐ြက္ပါေတာ့တယ္။

 


ပု႐ြက္ဆိတ္ကေလး အလုပ္လုပ္တဲ့ဌာနဟာ ယခုအခ်ိန္မွာစိတ္ခ်မ္းသာစရာေကာင္းတဲ့ေနရာ တစ္ခုမဟုတ္ေတာ့ပါဘူး။ဘယ္သူမွမရယ္ရယ္ေမာေမာ ေပ်ာ္ေပ်ာ္႐ြင္႐ြင္မရွိၾကေတာ့တဲ့အျပင္အားလုံးဟာလည္းအေတာ္ကေလးစိတ္အေႏွာက္အယွက္ အျဖစ္ခံေနၾကရပါေတာ့တယ္။အဲ့ဒီ့အခ်ိန္မွာ အင္းဆက္ပိုးေကာင္ႀကီးက ေဘာ့ျဖစ္တဲ့ျခေသၤ့ႀကီးကို အလုပ္ခြင္ဝန္းက်င္အေျခအေန အာဝါသနဲ႔ပတ္သက္ၿပီးေလ့လာမႈတစ္ခု စၿပီးလုပ္ဖို႔တင္ျပခဲ့ပါတယ္။ ျခေသၤ့ႀကီးဟာ ျပန္လွန္သုံးသပ္ခ်က္ေတြ ေလ့လာမႈေတြျပဳလုပ္ၿပီး တဲ့အခါမွာ ပု႐ြက္ဆိတ္ကေလးအလုပ္လုပ္တဲ့ဌာနကထုတ္လုပ္မႈဟာအရင္ထက္ အမ်ားႀကီးနိမ့္ဆင္းသြားတာကို ေတြ႕လိုက္ရပါတယ္။


ျခေသၤ့ႀကီးဟာ ပညာရွိဇီးကြက္ႀကီးကို ေခၚယူျပန္ပါတယ္။ ပညာရွိဇီးကြက္ႀကီးလုပ္ေပးရမယ့္တာဝန္ကေတာ့ ေလ့လာဆန္းစစ္မႈေတြကို လုပ္ၿပီး အေျဖေကာင္းရွာေဖြေပးရမယ့္အလုပ္ျဖစ္ပါတယ္။ ပညာရွိဇီးကြက္ ကေလ့လာဆန္းစစ္မႈေတြအတြက္ အခ်ိန္သုံးလယူခဲ့ၿပီး ေနာက္ဆုံးအတြဲမ်ားစြာ ပါဝင္ၿပီး အလြန္ႀကီးမားတဲ့ အစီရင္ခံစာႀကီးကိုတင္ျပပါေတာ့တယ္။အဲ့ဒီ့အစီရင္ခံစာထဲမွာ ဌာနအတြင္းဝန္ထမ္းေတြ ပိုလွ်ံေနတယ္ဆိုတယ့္အေၾကာင္းလည္းပါလာပါတယ္။

 


ပုံျပင္ေလးေနာက္ဆုံးပိုင္းမွာေတာ့
ျခေသၤ့ႀကီးကဘယ္သူ႔ကိုဦးဆုံးအေရးယူမလဲစဥ္းစားပါေတာ့တယ္ ။ ျခေသၤ့ႀကီးက ပိုလွ်ံဝန္ထမ္းဆိုၿပီး ဦးဆုံးအလုပ္ျဖဳတ္လိုက္သူကေတာ့ မွန္မွန္လာၿပီး အလုပ္လုပ္ေနတဲ့ပု႐ြက္ဆိတ္ကေလးပါပဲ ။ အေၾကာင္းျပခ်က္ကေတာ့ “ ပု႐ြက္ဆိတ္ကေလးဟာ တက္ႂကြစိတ္နည္းပါးၿပီး ဆန္႔က်င္ဖက္သေဘာထားရွိလို႔” ပါတဲ့…. ပုံျပင္ေလးကေတာ့ ဒါပါပဲ…..


တစ္ခါတစ္ခါမွာေပါ့ေစခ်င္လို႔ေၾကာင္႐ုပ္ထိုးတာမွာ … ေဆးေၾကာင့္ေလးသြားတာေတြ႕ရမွာျဖစ္ပါတယ္။ ဒီလိုအမွားမ်ိဳးမျဖစ္ရေလေအာင္၊ လူမွန္၊ ေနရာမွန္နဲ႔ အလုပ္ေတြကို မွန္မွန္ကန္ကန္ လုပ္ကိုင္ႏိုင္ေစဖို႔ ရည္မွန္းရင္း


Credit : ဆရာေနဇင္လတ္

Read times
Rate this articles
(0 votes)