×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 22 September 2020

Work From Home လုပ္ေနရတဲ့အခ်ိန္မွာ Motivation ရအောင္ ဘယ္လိုေတြ လုပ္ေဆာင္သင့္ပါသလဲ???

ခုလိုအချိန်မျိုးမှာ လုပ်ငန်းခွင်အတော်များများက Covid ရောဂါဆိုးကြီးရဲ့ ဂယက်ကြောင့် “Work From Home” အလုပ်လုပ်နေကြရပါတယ်။ ဒီလိုအလုပ်လုပ်တဲ့နေရာမှာ တကယ့်လုပ်ငန်းခွင်မှာမဟုတ်တဲ့အတွက် အနည်းနဲ့အများ အဆင်မပြေမှုလေးတွေ၊ အလုပ်ထဲကို ရာနှုန်းပြည့်စိတ်နှစ်လို့မရတဲ့အခြေအနေတွေ၊ Motivation မဖြစ်တဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီလိုအခက်အခဲတွေကို အဆင်ပြေအောင် ဘယ်လိုမျိုးတွေ လိုက်နာဆောင်ရွက်သင့်သလဲဆိုတာကို ဝေမျှချင်ပါတယ်။

(၁) မိမိအလုပ်လုပ်မယ့်နေရာကို တကယ့်လုပ်ငန်းခွင်ပုံစံအတိုင်းဖြစ်အောင် ဖန်တီးပါ။
ကိုယ်တကယ်အလုပ်လုပ်မယ်လို့ရွေးချယ်လိုက်တဲ့နေရာက အိပ်ယာထဲမှာ၊ ဒါမှမဟုတ် တီဗီရှေ့မှာဖြစ်နေမယ်ဆိုရင်တော့ သင်ရဲ့အလုပ်လုပ်ဆောင်နိုင်စွမ်းက အဆင်ပြေမှာမဟုတ်ပါဘူး။ သင့်ရုံးအခန်းအနေနဲ့ အခန်းလွတ်တစ်ခု၊ စာကြည့်ခန်း၊ မိသားစုဝင်တွေနဲ့ သီးသီးသန့်သန့်ဖြစ်နိုင်မယ့် နေရာမျိုးကို ရွေးချယ်သင့်ပါတယ်။ ဒီလိုမျိုး အခြေအနေရှိမှသာ အလုပ်ထဲမှာ စိတ်ပါဝင်စားပြီး တကယ့်ကိုအကျိုးဖြစ်ထွန်းစွာ မိမိရဲ့အလုပ်ကို လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။

 

(၂) အလုပ်သွားစဉ်ကအတိုင်း အဝတ်အစားကို ဝတ်ဆင်ပါ။
အိမ်မှာအလုပ်လုပ်ရတာပဲဆိုပြီး ပေါ့ပေါ့ဆဆ မတွေးသင့်ပါဘူး။ ညဝတ်အကျီ ၤကိုဝတ်ပြီး အလုပ်လုပ်တာ၊ ပေါ့ပေါ့ပါးပါးဖြစ်မယ်ဆိုပြီး အိမ်နေရင်းအဝတ်အစားတွေဝတ်တာတွေကလည်း သင့်ကို တက်တက်ကြွကြွ အလုပ်လုပ်ကိုင်နေစေခြင်းမှ အနည်းနဲ့အများဆိုသလို ထိခိုက်စေနိုင်ပါတယ်။ ဒီ့အတွက်ကြောင့် အိမ်မှာနေတဲ့အဝတ်အစားကို မဝတ်ဆင်ပဲ တကယ့်လုပ်ငန်းခွင်တက်ရောက်စဉ်က ဝတ်ဆင်တဲ့အတိုင်း ဝတ်ဆင်သင့်ပါတယ်။

 

(၃) တစ်နေ့တာလုပ်ဆောင်ရမယ့် အစီအစဉ်တွေကို သေချာ ချမှတ်ပါ။
တစ်နေ့တာလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို သေချာချမှတ်ခြင်းအားဖြင့် အရေးတကြီးလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ၊ အစီအစဉ်အတိုင်း လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေ စသဖြင့် သင့်ကို အလုပ်ထဲမှာ ပိုမိုအာရုံစိုက်လာနိုင်စေပါတယ်။ ပြီးမြောက်သွားတဲ့လုပ်ငန်းစဉ်တွေကိုလည်း သေသေချာချာ အမှတ်အသား ပြုပါ။

 

(၄) သင်လုပ်ဆောင်ရမယ့် လုပ်ငန်း (Workload) ကို သေချာ စီမခံခန့်ခွဲပါ။
သင့်ကိုချမှတ်ထားတဲ့ လုပ်ငန်းများ ပြီးမြောက်ရန်အတွက် သင့်မှာ တာဝန်များစွာရှိပါတယ်။ ချမှတ်ထားတဲ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် သေသေချာချာ မိမိရဲ့ Workload ကိုသေသေချာချာ စီမံခန့်ခွဲပါ။ မိမိရဲ့အထက်လူကြီးနဲ့အမြဲ keep-in-touch ဖြစ်နေပါစေ။ မိမိလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ် အဆင့်တိုင်းကို သေသေချာချာ report တင်ပါ။

 

(၅) မိမိရဲ့လုပ်ဖော်ကိုင်ဖက်များနှင့် အဆက်အသွယ် မပြတ်ပါစေနဲ့။
အိမ်မှာအလုပ်လုပ်ရတဲ့အခါ မိမိတစ်ဦးထဲလုပ်ဆောင်ရတဲ့အတွက် လွတ်လပ်မှုကိုတော့ခံစားရမှာပါ။ ဒါဟာ ရုပ်ပိုင်းဆိုင်ရာအရ မှန်ကန်နိုင်သော်လည်း သင်ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို မမေ့ပါနဲ့။ ကိုယ်ထမ်းဆောင်နေတဲ့တာဝန်တွေ၊ လုပ်ငန်းခွင်နဲ့ဆက်စပ်နေတဲ့ အကြောင်းအရာတွေ၊ အချက်အလက်တွေကို တိုင်ပင်ဆွေးနွေးဖို့ရန်၊ အကြံဉာဏ်ပြုရန်အတွက် သင်ရဲ့လုပ်ဖော်ကိုင်ဖက်များနဲ့ အမြဲ အဆက်အသွယ်ရှိနေရန် လိုအပ်ပါတယ်။

 

(၆) အနားယူရမယ့်အချိန်မှာ အနားယူပါ။
အနားယူသင့်တဲ့အချိန်မှာ အနားယူတာဟာဆိုရင် မိမိရဲ့လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။ လုပ်ငန်းခွင်မှာလည်း ထမင်းစားချိန်၊ အနားယူချိန်ဆိုပြီးရှိပါတယ်။ မိမိအိမ်မှာအလုပ်လုပ်တဲ့အတွက်ကြောင့် ဒီလို ကိုယ်ပိုင်အချိန်တွေမှာဆိုရင် ကွန်ပျူတာနဲ့ ဝေးဝေးနေပါ။ သေသေချာချာ အစာစားပါ။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် သင်ဟာ အလုပ်စားပွဲကိုပြန်လည်ရောက်ရှိသည့်အခါ လိုအပ်တဲ့စွမ်းအင်တွေပြည့်ဝနေပြီး ရွှင်လန်းနေပါလိမ့်မယ်။

 

(၇) မိမိကိုယ်ကို ဆုချပါ။
သင် အလုပ်တစ်ခုပြီးမြောက်တဲ့အချိန်၊ မိမိရဲ့အထက်လူကြီးထံ မိမိတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြောင်း Report တင်ပြီးချိန်တွေမှာ မိမိရဲ့ လုပ်ကိုင်နိုင်စွမ်းကို ပိုမိုတိုးမြှင့်ပေးနိုင်ရန်အတွက် သင့်ကိုယ်သင် လှုံ့ဆော်မှုတစ်ခုပြုလုပ်ရန်၊ အားပေးရန် လိုအပ်ပါတယ်။ ဒီ့အတွက် မိမိကိုယ်မိမိ ဆုချတဲ့အနေနဲ့ ကော်ဖီသောက်တာ၊ မုန့်စားတာ၊ ခေတ္တအနားယူတာ အစရှိသဖြင့် မိမိကိုယ်ကို ဆုချပါ။

 

ဒီလိုအချက်တွေကို ပြုလုပ်မယ်ဆိုရင် အိမ်မှာအလုပ်လုပ်နေရတယ်ဆိုတဲ့အချက်ကိုတောင် မေ့ထားနိုင်မှာပါ။ အားလုံး ရောဂါဆိုးကြီးရန်မှ လွတ်မြောက်ပြီး ပျော်ရွှင်ကျန်းမာတဲ့ လုပ်ငန်းခွင်တစ်ခု “Work From Home” ဖန်တီးနိုင်ကြပါစေ။

 

 

ခုလိုအခ်ိန္မ်ိဳးမွာ လုပ္ငန္းခြင္အေတာ္မ်ားမ်ားက Covid ေရာဂါဆိုးႀကီးရဲ႕ ဂယက္ေၾကာင့္ “Work From Home” အလုပ္လုပ္ေနၾကရပါတယ္။ ဒီလိုအလုပ္လုပ္တဲ့ေနရာမွာ တကယ့္လုပ္ငန္းခြင္မွာမဟုတ္တဲ့အတြက္ အနည္းနဲ႔အမ်ား အဆင္မေျပမႈေလးေတြ၊ အလုပ္ထဲကို ရာႏႈန္းျပည့္စိတ္ႏွစ္လို႔မရတဲ့အေျခအေနေတြ၊ Motivation မျဖစ္တဲ့အေျခအေနေတြနဲ႔ ရင္ဆိုင္ရႏိုင္ပါတယ္။ ဒီလိုအခက္အခဲေတြကို အဆင္ေျပေအာင္ ဘယ္လိုမ်ိဳးေတြ လိုက္နာေဆာင္ရြက္သင့္သလဲဆိုတာကို ေ၀မွ်ခ်င္ပါတယ္။

 

(၁) မိမိအလုပ္လုပ္မယ့္ေနရာကို တကယ့္လုပ္ငန္းခြင္ပံုစံအတိုင္းျဖစ္ေအာင္ ဖန္တီးပါ။
ကိုယ္တကယ္အလုပ္လုပ္မယ္လို႔ေရြးခ်ယ္လိုက္တဲ့ေနရာက အိပ္ယာထဲမွာ၊ ဒါမွမဟုတ္ တီဗီေရွ႕မွာျဖစ္ေနမယ္ဆိုရင္ေတာ့ သင္ရဲ႕အလုပ္လုပ္ေဆာင္ႏိုင္စြမ္းက အဆင္ေျပမွာမဟုတ္ပါဘူး။ သင့္ရံုးအခန္းအေနနဲ႔ အခန္းလြတ္တစ္ခု၊ စာၾကည့္ခန္း၊ မိသားစု၀င္ေတြနဲ႔ သီးသီးသန္႔သန္႔ျဖစ္ႏိုင္မယ့္ ေနရာမ်ိဳးကို ေရြးခ်ယ္သင့္ပါတယ္။ ဒီလိုမ်ိဳး အေျခအေနရွိမွသာ အလုပ္ထဲမွာ စိတ္ပါ၀င္စားၿပီး တကယ့္ကိုအက်ိဳးျဖစ္ထြန္းစြာ မိမိရဲ႕အလုပ္ကို လုပ္ေဆာင္ႏိုင္မွာပဲျဖစ္ပါတယ္။

 

(၂) အလုပ္သြားစဥ္ကအတိုင္း အ၀တ္အစားကို ၀တ္ဆင္ပါ။
အိမ္မွာအလုပ္လုပ္ရတာပဲဆိုၿပီး ေပါ့ေပါ့ဆဆ မေတြးသင့္ပါဘူး။ ည၀တ္အက်ီ ၤကို၀တ္ၿပီး အလုပ္လုပ္တာ၊ ေပါ့ေပါ့ပါးပါးျဖစ္မယ္ဆိုၿပီး အိမ္ေနရင္းအ၀တ္အစားေတြ၀တ္တာေတြကလည္း သင့္ကို တက္တက္ၾကြၾကြ အလုပ္လုပ္ကိုင္ေနေစျခင္းမွ အနည္းနဲ႔အမ်ားဆိုသလို ထိခိုက္ေစႏိုင္ပါတယ္။ ဒီ့အတြက္ေၾကာင့္ အိမ္မွာေနတဲ့အ၀တ္အစားကို မ၀တ္ဆင္ပဲ တကယ့္လုပ္ငန္းခြင္တက္ေရာက္စဥ္က ၀တ္ဆင္တဲ့အတိုင္း ၀တ္ဆင္သင့္ပါတယ္။

 

(၃) တစ္ေန႔တာလုပ္ေဆာင္ရမယ့္ အစီအစဥ္ေတြကို ေသခ်ာ ခ်မွတ္ပါ။
တစ္ေန႔တာလုပ္ေဆာင္ရမယ့္ လုပ္ငန္းစဥ္ေတြကို ေသခ်ာခ်မွတ္ျခင္းအားျဖင့္ အေရးတႀကီးလုပ္ေဆာင္ရမယ့္ လုပ္ငန္းစဥ္ေတြ၊ အစီအစဥ္အတိုင္း လုပ္ေဆာင္ရမယ့္လုပ္ငန္းစဥ္ေတြ စသျဖင့္ သင့္ကို အလုပ္ထဲမွာ ပိုမိုအာရံုစိုက္လာႏိုင္ေစပါတယ္။ ၿပီးေျမာက္သြားတဲ့လုပ္ငန္းစဥ္ေတြကိုလည္း ေသေသခ်ာခ်ာ အမွတ္အသား ျပဳပါ။

 

(၄) သင္လုပ္ေဆာင္ရမယ့္ လုပ္ငန္း (Workload) ကို ေသခ်ာ စီမခံခန္႔ခြဲပါ။
သင့္ကိုခ်မွတ္ထားတဲ့ လုပ္ငန္းမ်ား ၿပီးေျမာက္ရန္အတြက္ သင့္မွာ တာ၀န္မ်ားစြာရွိပါတယ္။ ခ်မွတ္ထားတဲ့တာ၀န္မ်ားကို ေက်ပြန္စြာ ထမ္းေဆာင္ႏိုင္ရန္အတြက္ ေသေသခ်ာခ်ာ မိမိရဲ႕ Workload ကိုေသေသခ်ာခ်ာ စီမံခန္႔ခြဲပါ။ မိမိရဲ႕အထက္လူႀကီးနဲ႔အၿမဲ keep-in-touch ျဖစ္ေနပါေစ။ မိမိလုပ္ေဆာင္ေနတဲ့ လုပ္ငန္းစဥ္ အဆင့္တိုင္းကို ေသေသခ်ာခ်ာ report တင္ပါ။

 

(၅) မိမိရဲ႕လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္ အဆက္အသြယ္ မျပတ္ပါေစနဲ႔။
အိမ္မွာအလုပ္လုပ္ရတဲ့အခါ မိမိတစ္ဦးထဲလုပ္ေဆာင္ရတဲ့အတြက္ လြတ္လပ္မႈကိုေတာ့ခံစားရမွာပါ။ ဒါဟာ ရုပ္ပိုင္းဆိုင္ရာအရ မွန္ကန္ႏိုင္ေသာ္လည္း သင္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြကို မေမ့ပါနဲ႔။ ကိုယ္ထမ္းေဆာင္ေနတဲ့တာ၀န္ေတြ၊ လုပ္ငန္းခြင္နဲ႔ဆက္စပ္ေနတဲ့ အေၾကာင္းအရာေတြ၊ အခ်က္အလက္ေတြကို တိုင္ပင္ေဆြးေႏြးဖို႔ရန္၊ အႀကံဥာဏ္ျပဳရန္အတြက္ သင္ရဲ႕လုပ္ေဖာ္ကိုင္ဖက္မ်ားနဲ႕ အၿမဲ အဆက္အသြယ္ရွိေနရန္ လိုအပ္ပါတယ္။

 

(၆) အနားယူရမယ့္အခ်ိန္မွာ အနားယူပါ။
အနားယူသင့္တဲ့အခ်ိန္မွာ အနားယူတာဟာဆုိရင္ မိမိရဲ႕လုပ္ႏိုင္စြမ္းကို ျမွင့္တင္ေပးႏိုင္ပါတယ္။ လုပ္ငန္းခြင္မွာလည္း ထမင္းစားခ်ိန္၊ အနားယူခ်ိန္ဆိုၿပီးရွိပါတယ္။ မိမိအိမ္မွာအလုပ္လုပ္တဲ့အတြက္ေၾကာင့္ ဒီလုိ ကိုယ္ပိုင္အခ်ိန္ေတြမွာဆိုရင္ ကြန္ပ်ဴတာနဲ႔ ေ၀းေ၀းေနပါ။ ေသေသခ်ာခ်ာ အစာစားပါ။ ဒီလိုလုပ္ေဆာင္ျခင္းအားျဖင့္ သင္ဟာ အလုပ္စားပြဲကိုျပန္လည္ေရာက္ရွိသည့္အခါ လိုအပ္တဲ့စြမ္းအင္ေတြျပည့္၀ေနၿပီး ရႊင္လန္းေနပါလိမ့္မယ္။

 

(၇) မိမိကိုယ္ကို ဆုခ်ပါ။
သင္ အလုပ္တစ္ခုၿပီးေျမာက္တဲ့အခ်ိန္၊ မိမိရဲ႕အထက္လူႀကီးထံ မိမိတာ၀န္ေက်ပြန္စြာထမ္းေဆာင္ခဲ့ေၾကာင္း Report တင္ၿပီးခ်ိန္ေတြမွာ မိမိရဲ႕ လုပ္ကိုင္ႏိုင္စြမ္းကို ပိုမိုတိုးျမွင့္ေပးႏိုင္ရန္အတြက္ သင့္ကိုယ္သင္ လံႈ႕ေဆာ္မႈတစ္ခုျပဳလုပ္ရန္၊ အားေပးရန္ လိုအပ္ပါတယ္။ ဒီ့အတြက္ မိမိကိုယ္မိမိ ဆုခ်တဲ့အေနနဲ႔ ေကာ္ဖီေသာက္တာ၊ မုန္႔စားတာ၊ ေခတၱအနားယူတာ အစရွိသျဖင့္ မိမိကိုယ္ကို ဆုခ်ပါ။

 

ဒီလိုအခ်က္ေတြကို ျပဳလုပ္မယ္ဆိုရင္ အိမ္မွာအလုပ္လုပ္ေနရတယ္ဆိုတဲ့အခ်က္ကိုေတာင္ ေမ့ထားႏိုင္မွာပါ။ အားလံုး ေရာဂါဆိုးႀကီးရန္မွ လြတ္ေျမာက္ၿပီး ေပ်ာ္ရႊင္က်န္းမာတဲ့ လုပ္ငန္းခြင္တစ္ခု “Work From Home” ဖန္တီးႏိုင္ၾကပါေစ။

 

Read times
Rate this articles
(0 votes)