×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 29 September 2020

မိတ်ဆွေတွေဖြစ်သွားတဲ့အခါ

မိတ်ဆွေတွေဖြစ်သွားတဲ့အခါ

  • အခွင့်အရေးတွေကို ကြုံတိုင်းမယူမိပါစေနဲ့။ တကယ်လိုအပ်တဲ့အချိန်တွေမှာ လျစ်လျူရှု့ခြင်းကို ခံစားသွားစေနိုင်ပါတယ်။
  • ငွေကြေးအပေးအယူတွေ၊ ချေးငှားတာတွေ မလုပ်မိပါစေနဲ့။ အချိန်မတိုင်ခင် သံယောဇဉ်ကြိုးတွေ ပြတ်တောက်သွားနိုင်လို့ပါ။
  • တစ်ရက်စာ ကူညီပေးလိုက်တာထက် တစ်သက်စာ ရပ်တည်နိုင်အောင် စီးပွားရှာနည်းတွေကိုလမ်းညွှန်ပေးလိုက်ပါ။ (ငါးဟင်းစားပေးတာထက် ငါးရှာနည်းကိုသင်ပေးတာ ပိုပြီးလေးနက်စေပါတယ်)
  • ကတိတစ်လုံးကို တန်ဖိုးထားပါ။ အကြိမ်ကြိမ်လွှဲချော်နေသရွေ့ ယုံကြည်အားကိုးခြင်းတွေကို ဘယ်တော့မှ လက်ခံရရှိနေမှာ မဟုတ်တော့ဘူး။
  • တစ်ဦးပေါ်တစ်ဦး ရိုသေလေးစားခြင်းဖြင့် ကူညီစောင့်ရှောက်နေထိုင်ပါ။ တစ်ဦးကိုတစ်ဦး မကောင်းကြောင်းတွေပြောပြီး ကုန်းတိုက်၊ သွေးထိုး လက်ဆင့်ကမ်းခြင်းတွေကို ရှောင်ရှားပါ။
  • မိတ်ဆွေတွေအပေါ် မျှော်လင့်စောင့်စားတတ်တဲ့ အကျင့်တွေနဲ့ ရှင်သန်မနေပါနဲ့ ကိုယ်တတ်နိုင်သဘောက် စွမ်းဆောင်ပေးခြင်းဖြင့် ရှင်သန်ရပ်တည်ပါ။
  • အခက်အခဲတိုင်းကို တိုင်ပင်ဆွေးနွေးပါ။ တစ်ခါတစ်လေ ကိုယ်မဖြေရှင်းနိုင်ပေမယ့် ဖြေရှင်းနိုင်တဲ့သူတွေကို ဖွင့်မပြောမိလို့ ဆုံးရှုံးနစ်နာခြင်းတွေကို ခံစားရစေနိုင်ပါတယ်။
  • အပေးအယူတွေကို မျှတညီညာစေဖို့အတွက် အလေးနက်ထားပါ။ “ငါ” တစ်လုံးကို ရှေ့တန်းတင်ပြီး အယူသက်သက်ပဲဆိုရင်တော့ မိတ်ဆွေစစ်တွေရဲ့ နောင်ကြဉ်ပြစ်ပယ်ခြင်းကို ခံစားရလိမ့်မယ်။
  • မလိုအားအပ်တဲ့စကားတွေကို အချိန်မဖြုန်းမိပါစေနဲ့။ တကယ်လိုလားတဲ့စကားတွေကို ပြောချင်တဲ့အချိန်မှာ နားထောင်ပြီးအကြံပေးဖို့ အချိန်မရတာတွေ ဖြစ်သွားပါလိမ့်မယ်။
  • လမ်းမှားတွေဆီကို ဘယ်တော့မှ မညွှန်ကြားမိပါစေနဲ့။ သင့်မိတ်ဆွေတွေ မှားနေတယ်ဆိုရင်တောင် ပြုပြင်နိုင်ဖို့ အခွင့်အရေးကောင်းတွေ ရယူနိုင်အောင် ကြိုးစားနေပေးပါ။
  • ထူးချွန်ထက်မြက်တဲ့သူကို ဂုဏ်ယူအားပေးချီးမြှောက်ဖို့အတွက် ဝန်မလေးမိပါစေနဲ့
  • အသေးအဖွဲအမှားလေးတွေကို တစ်ဦးနဲ့တစ်ဦး ရန်ငြိုးကြီးစွာ ဗွေမယူမိပါစေနဲ့။ ခွင့်လွှတ်တတ်တဲ့စိတ်ကို ထာဝရမွေးမြူပါ။
  • ပျော်ရွှင်ခြင်းတွေကို ဖန်တီးရယူပါ။ စိတ်ညစ်စရာအတွေးစတွေကို အဝေးဆီကို မောင်းထုတ်ပြစ်နိုင်အောင် ကြိုးစားပါ။
  • စည်းလုံးညီညွတ်ပါ။ အင်အားကြီးမားတဲ့အန္တရာယ် အတားအဆီးတွေကို တိုက်ခိုက်နိုင်ဖို့အတွက် ညီအစ်ကိုရင်းပမာ သွေးစည်းညီညွတ်စွာ လက်တွဲနေထိုင်ပါ။
  • အတူတကွကြိုးစားဖြစ်ကျော်ပြီးတ့အခါတိုင်း အတူတကွ အောင်ပွဲခံဖို့ မမေ့ပါနဲ့။

Credit : ကိုရဲ(Barlarlar)

 

 

မိတ္ေဆြေတြျဖစ္သြားတဲ့အခါ

  • အခြင့္အေရးေတြကို ႀကံဳတိုင္းမယူမိပါေစနဲ႔။ တကယ္လိုအပ္တဲ့အခ်ိန္ေတြမွာ လ်စ္လ်ဴရွဳ႕ျခင္းကို ခံစားသြားေစႏိုင္ပါတယ္။
  • ေငြေၾကးအေပးအယူေတြ၊ ေခ်းငွားတာေတြ မလုပ္မိပါေစနဲ႔။ အခ်ိန္မတိုင္ခင္ သံေယာဇဥ္ႀကိဳးေတြ ျပတ္ေတာက္သြားႏိုင္လို႔ပါ။
  • တစ္ရက္စာ ကူညီေပးလိုက္တာထက္ တစ္သက္စာ ရပ္တည္ႏိုင္ေအာင္ စီးပြားရွာနည္းေတြကိုလမ္းညႊန္ေပးလိုက္ပါ။ (ငါးဟင္းစားေပးတာထက္ ငါးရွာနည္းကိုသင္ေပးတာ ပိုၿပီးေလးနက္ေစပါတယ္)
  • ကတိတစ္လံုးကို တန္ဖိုးထားပါ။ အႀကိမ္ႀကိမ္လႊဲေခ်ာ္ေနသေရြ႕ ယံုၾကည္အားကိုးျခင္းေတြကို ဘယ္ေတာ့မွ လက္ခံရရွိေနမွာ မဟုတ္ေတာ့ဘူး။
  • တစ္ဦးေပၚတစ္ဦး ရိုေသေလးစားျခင္းျဖင့္ ကူညီေစာင့္ေရွာက္ေနထိုင္ပါ။ တစ္ဦးကိုတစ္ဦး မေကာင္းေၾကာင္းေတြေျပာၿပီး ကုန္းတိုက္၊ ေသြးထိုး လက္ဆင့္ကမ္းျခင္းေတြကို ေရွာင္ရွားပါ။
  • မိတ္ေဆြေတြအေပၚ ေမွ်ာ္လင့္ေစာင့္စားတတ္တဲ့ အက်င့္ေတြနဲ႔ ရွင္သန္မေနပါနဲ႔ ကိုယ္တတ္ႏိုင္သေဘာက္ စြမ္းေဆာင္ေပးျခင္းျဖင့္ ရွင္သန္ရပ္တည္ပါ။
  • အခက္အခဲတိုင္းကို တိုင္ပင္ေဆြးေႏြးပါ။ တစ္ခါတစ္ေလ ကိုယ္မေျဖရွင္းႏိုင္ေပမယ့္ ေျဖရွင္းႏိုင္တဲ့သူေတြကို ဖြင့္မေျပာမိလို႔ ဆံုးရွံဳးနစ္နာျခင္းေတြကို ခံစားရေစနိုင္ပါတယ္။
  • အေပးအယူေတြကို မွ်တညီညာေစဖို႔အတြက္ အေလးနက္ထားပါ။ “ငါ” တစ္လံုးကို ေရွ႕တန္းတင္ၿပီး အယူသက္သက္ပဲဆိုရင္ေတာ့ မိတ္ေဆြစစ္ေတြရဲ႕ ေနာင္ၾကဥ္ျပစ္ပယ္ျခင္းကို ခံစားရလိမ့္မယ္။
  • မလိုအားအပ္တဲ့စကားေတြကို အခ်ိန္မျဖဳန္းမိပါေစနဲ႔။ တကယ္လိုလားတဲ့စကားေတြကို ေျပာခ်င္တဲ့အခ်ိန္မွာ နားေထာင္ၿပီးအႀကံေပးဖို႔ အခ်ိန္မရတာေတြ ျဖစ္သြားပါလိမ့္မယ္။
  • လမ္းမွားေတြဆီကို ဘယ္ေတာ့မွ မညႊန္ၾကားမိပါေစနဲ႔။ သင့္မိတ္ေဆြေတြ မွားေနတယ္ဆိုရင္ေတာင္ ျပဳျပင္ႏိုင္ဖို႔ အခြင့္အေရးေကာင္းေတြ ရယူႏိုင္ေအာင္ ႀကိဳးစားေနေပးပါ။
  • ထူးခၽြန္ထက္ျမက္တဲ့သူကို ဂုဏ္ယူအားေပးခ်ီးေျမွာက္ဖို႔အတြက္ ၀န္မေလးမိပါေစနဲ႔
  • အေသးအဖြဲအမွားေလးေတြကို တစ္ဦးနဲ႔တစ္ဦး ရန္ၿငိဳးႀကီးစြာ ေဗြမယူမိပါေစနဲ႔။ ခြင့္လႊတ္တတ္တဲ့စိတ္ကို ထာ၀ရေမြးျမဴပါ။
  • ေပ်ာ္ရႊင္ျခင္းေတြကို ဖန္တီးရယူပါ။ စိတ္ညစ္စရာအေတြးစေတြကို အေ၀းဆီကို ေမာင္းထုတ္ျပစ္ႏိုင္ေအာင္ ႀကိဳးစားပါ။
  • စည္းလံုးညီညြတ္ပါ။ အင္အားႀကီးမားတဲ့အႏၱရာယ္ အတားအဆီးေတြကို တိုက္ခိုက္ႏိုင္ဖို႔အတြက္ ညီအစ္ကိုရင္းပမာ ေသြးစည္းညီညြတ္စြာ လက္တြဲေနထိုင္ပါ။
  • အတူတကြႀကိဳးစားျဖစ္ေက်ာ္ၿပီးတ့အခါတိုင္း အတူတကြ ေအာင္ပြဲခံဖို႔ မေမ့ပါနဲ႔။

Credit : ကိုရဲ(Barlarlar)

Read times
Rate this articles
(0 votes)