×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Tuesday, 06 October 2020

ကိုယ့္ကိုကိုယ္ျပင္ဖို႔ ႀကိဳးစားတယ္လို႔ ကိုယ့္ဘာသာကိုယ္ ထင္ေနေပမဲ့ တျခားသူကို ျပင္မိေနတယ္

တခါက အမျိုးသားတယောက်ဟာ အိမ်ပြန်လာတဲ့လမ်း၊ အိမ်ရောက်ခါနီးမှာ နာရီကြည့်လိုက်တယ်၊ အချိန်က ရး၄၅။ သူ့အမျိုးသမီးက အိမ်ပြန်ချိန်ကို ၈း၀၀ နာရီထက်နောက်မကျဖို့ စည်းကမ်းထုတ်ထားတယ်။ အိမ်ကလဲရောက်ခါနီးနေပြီ ဖြစ်တယ် အချိန်ကလဲ နဲနဲလိုသေးတာကြောင့် သူဟာ အရက်သွားသောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆိုင်ရောက်တော့ အရက်ကို သောက်တယ် သောက်တယ် သောက်တယ် သူသတိထားမိတဲ့ အချိန်မှာ အချိန်က မနက် ၂း၀၀ ဖြစ်နေပြီ။

 

သူထပြီး လမ်းလျှောက်တဲ့ အခါ ကမ္ဘာကြီးလည်နေတဲ့ သဘောတရားကို သတိထားမိတယ်။ အရှိန်တော်တော်ပြင်းပြင်းနဲ့ လည်နေသကိုး။ အဲ့လို လည်နေတဲ့ ကမ္ဘာကြီးကြောင့် သူဟာ လမ်းကောင်းကောင်းမလျှာက်နိုင်အောင် ဖြစ်ရတယ်။ အိမ်နဲ့ နီးနီးလေးကို တော်တော်နဲ့ မရောက်နိုင်ဘူးဖြစ်နေတယ်။

 

လျှောက်နေရင်း နှင်းဆီခြုံထဲ လဲကျလို့ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ပေါ့။ အိမ်ပြန်ရောက်တော့လဲ သော့က တော်တော်ရှာယူရတယ်။ ရှာတွေ့တော့လဲ သော့ပေါက်က တော်တော်နဲ့ ထိုးမရဘူး။ နောက်ဆုံးတော့ အိမ်ထဲ ရောက်အောင်ဝင်နိုင်ခဲ့ပြီ။ အမျိုးသမီးက အအိပ်မက်လို့တော်သေးတယ်။ သူပြန်ရောက်တာကို မသိရှာဘူး။ အဲ့ဒါနဲ့ ရေချိုးခန်းထဲ ဝင် သန့်ရှင်းရေးလုပ်။ နှင်းဆီခြုံထဲ ကျထားလို့ ရထားတဲ့ ဒဏ်ရာဒဏ်ချက်‌တွေကို ပလာစတာကပ် အိပ်ယာထဲဝင်အိပ်လိုက်တယ်။ မနက်ရောက်‌တော့ သူ့အမျိုးသမီးက သူ့ကိုနှိုးပါရော။

 

အဲ့ဒါနဲ့ ပိတ်ရက်လေ ဘယ်အချိန်ရှိလို့ နှိုးတာလဲပေါ့။ သူ့အမျိုးသမီးက ရှင်သောက်လာပြန်ပြီလားမေးတော့ မသောက်တာဖြင့် ကြာလှပြီဆို ပြီး ဖြေတယ်။ အဲ့ဒါနဲ့ သူ့မိန်းမက သူ့ကို ရေချိုးခန်းထဲ ခေါ်သွားပြီး ပြတဲ့အခါ ပလာစတာတွေကို မှန်ပေါ်မှာကပ်ထားတာ တွေ့လိုက်ရတယ်။

အဲ့ဒါဖတ်ပြီးတဲ့အခါ ကိုယ်ဉာဏ်မှီသလောက် တွေးမိတာက အမြင်မကြည်နေတဲ့အချိန် ကိုယ့်ကိုကိုယ်ပြင်ဖို့ ကြိုးစားတယ်လို့ ကိုယ့်ဘာသာကိုယ် ထင်နေပေမဲ့ တခြားသူကို ပြင်မိနေတယ်

 

(ခုစာထဲက အမျိုးသားဆို မှန်ထဲက ကိုယ့်ကိုကိုယ် ပြင်နေ) လို့ ဆိုလိုသလားပေါ့လေ ဒါပေမဲ့ ကိုယ့်ကိုကိုယ် ပြန်သတိပေးလိုက်သေးတယ် .... your perception is not a reality

 

 

 

တခါက အမ်ိဳးသားတေယာက္ဟာ အိမ္ျပန္လာတဲ့လမ္း၊ အိမ္ေရာက္ခါနီးမွာ နာရီၾကည့္လိုက္တယ္၊ အခ်ိန္က ၇း၄၅။ သူ႔အမ်ိဳးသမီးက အိမ္ျပန္ခ်ိန္ကို ၈း၀၀ နာရီထက္ေနာက္မက်ဖို႔ စည္းကမ္းထုတ္ထားတယ္။ အိမ္ကလဲေရာက္ခါနီးေနၿပီ ျဖစ္တယ္ အခ်ိန္ကလဲ နဲနဲလိုေသးတာေၾကာင့္ သူဟာ အရက္သြားေသာက္ဖို႔ ဆုံးျဖတ္လိုက္တယ္။ ဆိုင္ေရာက္ေတာ့ အရက္ကို ေသာက္တယ္ ေသာက္တယ္ ေသာက္တယ္ သူသတိထားမိတဲ့ အခ်ိန္မွာ အခ်ိန္က မနက္ ၂း၀၀ ျဖစ္ေနၿပီ။

 

သူထၿပီး လမ္းေလွ်ာက္တဲ့ အခါ ကမာၻႀကီးလည္ေနတဲ့ သေဘာတရားကို သတိထားမိတယ္။ အရွိန္ေတာ္ေတာ္ျပင္းျပင္းနဲ႔ လည္ေနသကိုး။ အဲ့လို လည္ေနတဲ့ ကမာၻႀကီးေၾကာင့္ သူဟာ လမ္းေကာင္းေကာင္းမလွ်ာက္ႏိုင္ေအာင္ ျဖစ္ရတယ္။ အိမ္နဲ႔ နီးနီးေလးကို ေတာ္ေတာ္နဲ႔ မေရာက္ႏိုင္ဘူးျဖစ္ေနတယ္။

 

ေလွ်ာက္ေနရင္း ႏွင္းဆီၿခဳံထဲ လဲက်လို႔ ဒဏ္ရာ ဒဏ္ခ်က္ေတြနဲ႔ေပါ့။ အိမ္ျပန္ေရာက္ေတာ့လဲ ေသာ့က ေတာ္ေတာ္ရွာယူရတယ္။ ရွာေတြ႕ေတာ့လဲ ေသာ့ေပါက္က ေတာ္ေတာ္နဲ႔ ထိုးမရဘူး။ ေနာက္ဆုံးေတာ့ အိမ္ထဲ ေရာက္ေအာင္၀င္ႏိုင္ခဲ့ၿပီ။ အမ်ိဳးသမီးက အအိပ္မက္လို႔ေတာ္ေသးတယ္။ သူျပန္ေရာက္တာကို မသိရွာဘူး။ အဲ့ဒါနဲ႔ ေရခ်ိဳးခန္းထဲ ၀င္ သန႔္ရွင္းေရးလုပ္။ ႏွင္းဆီၿခဳံထဲ က်ထားလို႔ ရထားတဲ့ ဒဏ္ရာဒဏ္ခ်က္‌ေတြကို ပလာစတာကပ္ အိပ္ယာထဲ၀င္အိပ္လိုက္တယ္။ မနက္ေရာက္‌ေတာ့ သူ႔အမ်ိဳးသမီးက သူ႔ကိုႏႈိးပါေရာ။

 

အဲ့ဒါနဲ႔ ပိတ္ရက္ေလ ဘယ္အခ်ိန္ရွိလို႔ ႏႈိးတာလဲေပါ့။ သူ႔အမ်ိဳးသမီးက ရွင္ေသာက္လာျပန္ၿပီလားေမးေတာ့ မေသာက္တာျဖင့္ ၾကာလွၿပီဆို ၿပီး ေျဖတယ္။ အဲ့ဒါနဲ႔ သူ႔မိန္းမက သူ႔ကို ေရခ်ိဳးခန္းထဲ ေခၚသြားၿပီး ျပတဲ့အခါ ပလာစတာေတြကို မွန္ေပၚမွာကပ္ထားတာ ေတြ႕လိုက္ရတယ္။

အဲ့ဒါဖတ္ၿပီးတဲ့အခါ ကိုယ္ဉာဏ္မွီသေလာက္ ေတြးမိတာက အျမင္မၾကည္ေနတဲ့အခ်ိန္ ကိုယ့္ကိုကိုယ္ျပင္ဖို႔ ႀကိဳးစားတယ္လို႔ ကိုယ့္ဘာသာကိုယ္ ထင္ေနေပမဲ့ တျခားသူကို ျပင္မိေနတယ္

 

(ခုစာထဲက အမ်ိဳးသားဆို မွန္ထဲက ကိုယ့္ကိုကိုယ္ ျပင္ေန) လို႔ ဆိုလိုသလားေပါ့ေလ ဒါေပမဲ့ ကိုယ့္ကိုကိုယ္ ျပန္သတိေပးလိုက္ေသးတယ္ .... your perception is not a reality

Read times
Rate this articles
(1 Vote)