×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 07 October 2020

ျပသနာဆိုတာ

ပြသနာတစ်ခုဆိုတာ ဖြစ်တဲ့အချိန်ရယ် အဲ့အချိန်မှာ ဖြစ်တဲ့ စိတ်ခံစားချက်တွေပေါ်မူတည်ပြီး ဒီဂရီကွာပါတယ်။ ဖြစ်ခဲ့တဲ့ ပြသနာတစ်ခုကို အချိန်တစ်ခုမှာ ပြန်တွေးတဲ့အခါ အဲ့ဒီ့အချိန်က ကိုယ်တွေးထင်တာတွေက တဖက်သပ်ပါလား (ဒါမှမဟုတ်) ငါဒီလိုတွေးရင် ပြသနာ ဒီလောက် ကြီးပါ့မလား.. ပြသနာ မဟုတ်ပါလား စတဲ့ ခံစားချက်မျိုး ရစေတတ်ပါတယ်။

မရေရာတဲ့ အနာဂတ်အတွက် မပူနဲ့၊ ပြီးခဲ့တဲ့ အတိတ်က အပူကို ပြန်မရှာနဲ့ ပစ္စုပ္ပန်မှာနေလို့ သူပဲပြောပြီး အခု ဘာတွေ လာပြောနေပြန်တာလဲ ဆိုတော့...

COVID ရဲ့ ကျေးဇူးပဲ ဆိုကြပါစို့.. နေ့စဉ် ကိုယ့်ကိုကိုယ် ပြန်ပြီး reflection လုပ်ဖြစ်နေတယ်။ တချို့ ပြသနာဆိုတာတွေကို ပြန်စဉ်းစားမိတဲ့အခါ... တဖက်နေရာက ပြန်စဉ်းစားနိုင်ခဲ့တယ်။ အဲ့ဒီ့ပြသနာလို့ ထင်ခဲ့တဲ့အရာတွေကြောင့် ကိုယ်ရခဲ့တဲ့ ကောင်းကျိုးတွေကို ပြန်စဉ်းစားလာနိုင်သလို အဲ့အချိန်က ကိုယ်မရင့်ကျက်တာတွေလဲ ပြန်မြင်ရတယ်။

ခုရင့်ကျက်လို့လားဆိုတော့လဲ မရင့်ကျက်သေးပါဘူး ... တဖက်ကို အပြစ်မမြင်တော့သလို ကိုယ့်ကိုယ်တိုင်မသိဘဲ ပြုခဲ့တဲ့ အပြစ်တွေကို ခွင့်လွှတ်လိုက်တယ်။ မသိစိတ်မှာ ကပ်နေတဲ့ အစိုင်အခဲတွေ၊ ဝန်ထုပ်ဝန်ပိုးတွေ လျော့သွားတယ်...

ပသနာက ရှောင်လွှဲလို့မရဘူး။ ရှောင်ပြေးရင် တချိန်ပြန်တွေ့တဲ့အခါ ပိုကြီးတဲ့ပြသနာလာတတ်တယ်တဲ့...အဲ့ဒါကြောင့် တကယ်လို့ ကိုယ့်မှာ ပြသနာကြုံနေပြီဆို ရှုထောင့်မျိုးစုံက အရင်ကြည့်နိုင်ရင် ကောင်းတယ်။ သူ့ဖက် ကိုယ့်ဖက် တွေးကြည့်ပေးနိုင်ရင် ပိုကောင်းတယ်။

ပြသနာလို့ မြင်တာထက် ကိုယ့်အတွက် အတွေ့အကြုံအသစ်တစ်ခုလို မြင်ရင် ကိုယ့်မှာ စိတ်သက်သာရာရပါတယ်။ ဖြစ်ပျက်နေတာတွေကို ကိုယ်က မပြင်ဆင်နိုင်ဘူးဆိုရင်တောင် ရှုမြင်ပုံ၊ လက်ခံပုံ၊ တုန့်ပြန်ပုံတွေက ကိုယ့်ရွေးချယ်ခွင့်ပါပဲလို့။ ဘဝစာမေးပွဲမှာ စဉ်စားပြီး ဖြေရတဲ့ ရွေးစရာမပေးထားတဲ့ မေးခွန်းတပုဒ်လို့ သဘောထားကြည့်လိုက်ရင်...

 

 

ျပသနာတစ္ခုဆိုတာ ျဖစ္တဲ့အခ်ိန္ရယ္ အဲ့အခ်ိန္မွာ ျဖစ္တဲ့ စိတ္ခံစားခ်က္ေတြေပၚမူတည္ၿပီး ဒီဂရီကြာပါတယ္။ ျဖစ္ခဲ့တဲ့ ျပသနာတစ္ခုကို အခ်ိန္တစ္ခုမွာ ျပန္ေတြးတဲ့အခါ အဲ့ဒီ့အခ်ိန္က ကိုယ္ေတြးထင္တာေတြက တဖက္သပ္ပါလား (ဒါမွမဟုတ္) ငါဒီလိုေတြးရင္ ျပသနာ ဒီေလာက္ ႀကီးပါ့မလား.. ျပသနာ မဟုတ္ပါလား စတဲ့ ခံစားခ်က္မ်ိဳး ရေစတတ္ပါတယ္။

မေရရာတဲ့ အနာဂတ္အတြက္ မပူနဲ႔၊ ၿပီးခဲ့တဲ့ အတိတ္က အပူကို ျပန္မရွာနဲ႔ ပစၥဳပၸန္မွာေနလို႔ သူပဲေျပာၿပီး အခု ဘာေတြ လာေျပာေနျပန္တာလဲ ဆိုေတာ့...

COVID ရဲ႕ ေက်းဇူးပဲ ဆိုၾကပါစို႔.. ေန႔စဥ္ ကိုယ့္ကိုကိုယ္ ျပန္ၿပီး reflection လုပ္ျဖစ္ေနတယ္။ တခ်ိဳ႕ ျပသနာဆိုတာေတြကို ျပန္စဥ္းစားမိတဲ့အခါ... တဖက္ေနရာက ျပန္စဥ္းစားႏိုင္ခဲ့တယ္။ အဲ့ဒီ့ျပသနာလို႔ ထင္ခဲ့တဲ့အရာေတြေၾကာင့္ ကိုယ္ရခဲ့တဲ့ ေကာင္းက်ိဳးေတြကို ျပန္စဥ္းစားလာႏိုင္သလို အဲ့အခ်ိန္က ကိုယ္မရင့္က်က္တာေတြလဲ ျပန္ျမင္ရတယ္။

ခုရင့္က်က္လို႔လားဆိုေတာ့လဲ မရင့္က်က္ေသးပါဘူး ... တဖက္ကို အျပစ္မျမင္ေတာ့သလို ကိုယ့္ကိုယ္တိုင္မသိဘဲ ျပဳခဲ့တဲ့ အျပစ္ေတြကို ခြင့္လႊတ္လိုက္တယ္။ မသိစိတ္မွာ ကပ္ေနတဲ့ အစိုင္အခဲေတြ၊ ဝန္ထုပ္ဝန္ပိုးေတြ ေလ်ာ့သြားတယ္...

ပသနာက ေရွာင္လႊဲလို႔မရဘူး။ ေရွာင္ေျပးရင္ တခ်ိန္ျပန္ေတြ႕တဲ့အခါ ပိုႀကီးတဲ့ျပသနာလာတတ္တယ္တဲ့...အဲ့ဒါေၾကာင့္ တကယ္လို႔ ကိုယ့္မွာ ျပသနာႀကဳံေနၿပီဆို ရႈေထာင့္မ်ိဳးစုံက အရင္ၾကည့္ႏိုင္ရင္ ေကာင္းတယ္။ သူ႔ဖက္ ကိုယ့္ဖက္ ေတြးၾကည့္ေပးႏိုင္ရင္ ပိုေကာင္းတယ္။

ျပသနာလို႔ ျမင္တာထက္ ကိုယ့္အတြက္ အေတြ႕အႀကဳံအသစ္တစ္ခုလို ျမင္ရင္ ကိုယ့္မွာ စိတ္သက္သာရာရပါတယ္။ ျဖစ္ပ်က္ေနတာေတြကို ကိုယ္က မျပင္ဆင္ႏိုင္ဘူးဆိုရင္ေတာင္ ရႈျမင္ပုံ၊ လက္ခံပုံ၊ တုန္႔ျပန္ပုံေတြက ကိုယ့္ေ႐ြးခ်ယ္ခြင့္ပါပဲလို႔။ ဘဝစာေမးပြဲမွာ စဥ္စားၿပီး ေျဖရတဲ့ ေ႐ြးစရာမေပးထားတဲ့ ေမးခြန္းတပုဒ္လို႔ သေဘာထားၾကည့္လိုက္ရင္...

Read times
Rate this articles
(0 votes)