×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Saturday, 17 October 2020

လူကောင်းကို အနိုင်ကျင့်ရတာ လွယ်တယ်

လူကောင်းကို အနိုင်ကျင့်ရတာ လွယ်တယ်

 

တစ်ခါက ရွာတစ်ရွာရဲက ရွာဦးနတ်ကွန်းဘေးမှာ ရေမြောင်းတစ်ခု ဖြတ်သန်းစီးဆင်းနေတယ်။ နတ်ကွန်းထဲမှာ မတ်တပ်ရပ်ကိုယ်တော် နတ်ရုပ်တစ်ရုပ်ရှိနေပါတယ်။ တစ်နေ့တော့ လူတစ်ယောက်က မြောင်းဘောင်အတိုင်းလျှောက်လာပြီး ကမ်းတစ်ဘက်ကို ကူးမယ့်အချိန်မှာ ရေမြောင်းထဲမှာ ရေက အတော်များများ ရှိနေတယ်။

 

ညက မိုးသည်းထန်စွာ ရွာထားတာကိုး။ ခုန်ကူးဖို့လည်း မမှီတမှီ၊ မြောင်းထဲဆင်းကူးမယ်ဆိုရင်လည်း ရေကိုစိုဦးမယ်။ သူမြောင်းတဘက်ကို အန္တရာယ်ကင်းကင်း ဘယ်လိုဖြတ်ကူးရမလဲဆိုတာ အကြံထုတ်နေတုန်း နတ်ကွန်းထဲက နတ်ရုပ်ကြီးကို တွေ့ပါလေရော။ သူက ဘာကိုမှ သိပ်ဂရုစိုက်တတ်တဲ့သူမဟုတ်၊ သူသွားချင်တဲ့ခရီးကို အမြန်ဆုံးရောက်ဖို့သာ အဓိကကျတာမို့ နတ်ကွန်းထဲက နတ်ရုပ်ကြီးကု ဆွဲချလာပါလေရော။ ပြီးတော့ နတ်ရုပ်ကြီးကို တံတားလုပ်ပြီး မြောင်းကို ကူးသွားခဲ့တယ်။ ဟိုဘက်ကမ်းအဆင်းမှာ နတ်ရုပ်ကြီးရဲ့မျက်နှာကိုတောင် ဆောင့်နင်းသွားလိုက်သေးသတဲ့။

 

သိပ်မကြာလိုက်ပါဘူး။ ဒီနေရာကိုပဲ လယ်သမားကြီးတစ်ယောက် ရောက်လာခဲ့တယ်။ သူက နတ်ရုပ်ကြီးမျက်နှာမှာ ရွှံ့ခြေရာတွေပေနေပြီး တံတားအဖြစ် အသုံးချခံထားရတာကိုတွေ့တော့ မျက်စေ့ထဲတောင် ပျာခနဲဖြစ်သွားပြီး မြောင်းထဲဆင်း၊ ရေတွေကိုလက်ခုပ်နဲ့သယ်၊ နတ်ရုပ်ကြီးကိုဆေး၊ မနိုင့်တနိုင်နဲ့မပြီး နတ်ကွန်းထဲကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်။

အဲ . . .အဲ့ဒီမှာပဲ နတ်ဘကီးက သူ့ကို နတ်ကွန်းထဲမှာ နေရာတကျပြန်ထားတဲ့ လယ်သမားကြီးကို ဖမ်းစားသတဲ့။ နတ်ရုပ်ကိုရွှေ့ပြောင်းရာမှာ အစဉ်အလာရှိတဲ့အတိုင်း အမွှေးတိုင်ပူဇော်ပြီး မပင့်မလျှောက်ပဲ နေရာရွေ့လို့ပါတဲ့။ အဲ့ဒီ့လိုဖမ်းစားခံရတဲ့ လယ်သမားကြီးက နတ်ကြီးရဲ့ ဆိုးနေတဲ့စိတ်ကို ပြန်လည်တောင်းပန်ဖို့ရာ ဝက်တစ်ကောင်ပေါ်ပြီး ပူဇော်ခဲ့ရသတဲ့။

 

အဲ့ဒီမှာပဲ အဲ့ဒီ့နတ်ကြီးကို သူငယ်ချင်းနတ်တွေက ဝိုင်းလှောင်ကြသတဲ့။ မင်းကွာ - မင်းကိုတက်နင်းသွားတဲ့ကောင်ကိုတော့ မဖမ်းစားဘူး။ ရိုရိုသေသေနဲ့ နေရာတကျပြန်ထားတဲ့သူကိုမှ ဖမ်းစားရသလားပေါ့။

 

နတ်ကြီးက ဘာပြန်ပြောသလိုဆိုရင် "ဟ - ငါ့ကို မကြောက်လို့ တံတားလုပ်ခင်း၊ မျက်နှာကိုတောင် ဖနောင့်နဲ့ပေါက်သွားတဲ့သူက ငါကသွားပြီး ဖမ်းစားခဲ့ရင် သူက ငါ့ကိုမကြောက်တဲ့အပြင် ငါ့နတ်စင်တောင် အမှုန့်ကြိတ်သွားမှာပေါ့" တဲ့ . . . .

 

သူငယ်ချင်းနတ်တွေက" ဒါဆို...မင်းကိုရိုသေကြောက်ရွံ့တဲ့လူကိုပဲအမိအရကိုင်လိုက်တာပေါ့"

ဒီတော့ အဲ့နတ်က အားရပါးရ ရယ်ပီး ပြန်ပြောသတဲ့ ''ဟေ့ကောင်တွေ၊ မင်းတို့ မသိဘူးလား၊ လူကောင်းကို အနိုင်ကျင့်ရတာ လွယ်တယ်ကွ'' တဲ့။

*******
ဒီပုံပြင်လေးကိုဖတ်ပြီး ကိုယ်ထင်တဲ့၊ ကိုယ်ခံစားရတဲ့ ခံစားချက်လေးတွေကို မျှဝေပေးခဲ့ပါအုန်း။

Credit : Original Uploader

 

လူေကာင္းကို အနိုင္က်င့္ရတာ လြယ္တယ္

 

တစ္ခါက ရြာတစ္ရြာရဲက ရြာဦးနတ္ကြန္းေဘးမွာ ေရေျမာင္းတစ္ခု ျဖတ္သန္းစီးဆင္းေနတယ္။ နတ္ကြန္းထဲမွာ မတ္တပ္ရပ္ကိုယ္ေတာ္ နတ္ရုပ္တစ္ရုပ္ရွိေနပါတယ္။ တစ္ေန႔ေတာ့ လူတစ္ေယာက္က ေျမာင္းေဘာင္အတိုင္းေလွ်ာက္လာၿပီး ကမ္းတစ္ဘက္ကို ကူးမယ့္အခ်ိန္မွာ ေရေျမာင္းထဲမွာ ေရက အေတာ္မ်ားမ်ား ရွိေနတယ္။

 

ညက မိုးသည္းထန္စြာ ရြာထားတာကိုး။ ခုန္ကူးဖို႔လည္း မမွီတမွီ၊ ေျမာင္းထဲဆင္းကူးမယ္ဆိုရင္လည္း ေရကိုစိုဦးမယ္။ သူေျမာင္းတဘက္ကို အႏၱရာယ္ကင္းကင္း ဘယ္လိုျဖတ္ကူးရမလဲဆိုတာ အႀကံထုတ္ေနတုန္း နတ္ကြန္းထဲက နတ္ရုပ္ႀကီးကို ေတြ႕ပါေလေရာ။ သူက ဘာကိုမွ သိပ္ဂရုစိုက္တတ္တဲ့သူမဟုတ္၊ သူသြားခ်င္တဲ့ခရီးကို အျမန္ဆံုးေရာက္ဖို႔သာ အဓိကက်တာမို႔ နတ္ကြန္းထဲက နတ္ရုပ္ႀကီးကု ဆြဲခ်လာပါေလေရာ။ ၿပီးေတာ့ နတ္ရုပ္ႀကီးကို တံတားလုပ္ၿပီး ေျမာင္းကို ကူးသြားခဲ့တယ္။ ဟိုဘက္ကမ္းအဆင္းမွာ နတ္ရုပ္ႀကီးရဲ႕မ်က္ႏွာကိုေတာင္ ေဆာင့္နင္းသြားလိုက္ေသးသတဲ့။

 

သိပ္မၾကာလိုက္ပါဘူး။ ဒီေနရာကိုပဲ လယ္သမားႀကီးတစ္ေယာက္ ေရာက္လာခဲ့တယ္။ သူက နတ္ရုပ္ႀကီးမ်က္ႏွာမွာ ရႊံ႕ေျခရာေတြေပေနၿပီး တံတားအျဖစ္ အသံုးခ်ခံထားရတာကိုေတြ႕ေတာ့ မ်က္ေစ့ထဲေတာင္ ပ်ာခနဲျဖစ္သြားၿပီး ေျမာင္းထဲဆင္း၊ ေရေတြကိုလက္ခုပ္နဲ႕သယ္၊ နတ္ရုပ္ႀကီးကိုေဆး၊ မႏိုင့္တႏိုင္နဲ႔မၿပီး နတ္ကြန္းထဲကို ျပန္လည္ပို႔ေဆာင္ေပးခဲ့တယ္။

 

အဲ . . .အဲ့ဒီမွာပဲ နတ္ဘကီးက သူ႔ကို နတ္ကြန္းထဲမွာ ေနရာတက်ျပန္ထားတဲ့ လယ္သမားႀကီးကို ဖမ္းစားသတဲ့။ နတ္ရုပ္ကိုေရႊ႕ေျပာင္းရာမွာ အစဥ္အလာရွိတဲ့အတိုင္း အေမႊးတိုင္ပူေဇာ္ၿပီး မပင့္မေလွ်ာက္ပဲ ေနရာေရြ႕လို႔ပါတဲ့။ အဲ့ဒီ့လိုဖမ္းစားခံရတဲ့ လယ္သမားႀကီးက နတ္ႀကီးရဲ႕ ဆိုးေနတဲ့စိတ္ကို ျပန္လည္ေတာင္းပန္ဖို႔ရာ ၀က္တစ္ေကာင္ေပၚၿပီး ပူေဇာ္ခဲ့ရသတဲ့။

 

အဲ့ဒီမွာပဲ အဲ့ဒီ့နတ္ႀကီးကို သူငယ္ခ်င္းနတ္ေတြက ၀ိုင္းေလွာင္ၾကသတဲ့။ မင္းကြာ - မင္းကိုတက္နင္းသြားတဲ့ေကာင္ကိုေတာ့ မဖမ္းစားဘူး။ ရိုရိုေသေသနဲ႔ ေနရာတက်ျပန္ထားတဲ့သူကိုမွ ဖမ္းစားရသလားေပါ့။

နတ္ႀကီးက ဘာျပန္ေျပာသလိုဆိုရင္ "ဟ - ငါ့ကို မေၾကာက္လို႔ တံတားလုပ္ခင္း၊ မ်က္ႏွာကိုေတာင္ ဖေနာင့္နဲ႔ေပါက္သြားတဲ့သူက ငါကသြားၿပီး ဖမ္းစားခဲ့ရင္ သူက ငါ့ကိုမေၾကာက္တဲ့အျပင္ ငါ့နတ္စင္ေတာင္ အမႈန္႔ႀကိတ္သြားမွာေပါ့" တဲ့ . . . .

 

သူငယ္ခ်င္းနတ္ေတြက" ဒါဆို...မင္းကို႐ိုေသေၾကာက္ရြံ ့တဲ့လူကိုပဲအမိအရကိုင္လိုက္တာေပါ့"

ဒီေတာ့ အဲ့နတ္က အားရပါးရ ရယ္ပီး ျပန္ေျပာသတဲ့့ ''ေဟ႔ေကာင္ေတြ၊ မင္းတို႔ မသိဘူးလား၊ လူေကာင္းကို အနိဳင္က်င့္ရတာ လြယ္တယ္ကြ'' တဲ့။

*******


ဒီပံုျပင္ေလးကိုဖတ္ၿပီး ကိုယ္ထင္တဲ့၊ ကိုယ္ခံစားရတဲ့ ခံစားခ်က္ေလးေတြကို မွ်ေ၀ေပးခဲ့ပါအုန္း။

Credit : Original Uploader

Read times
Rate this articles
(0 votes)