×

Warning

JUser: :_load: Unable to load user with ID: 81428


Lifestyle

Wednesday, 25 November 2020

ကိုဗစ်ကာလက ယောဂကျင့်ဖို့ အကောင်းဆုံးကာလလား?

ကိုဗစ်ကာလက ယောဂကျင့်ဖို့ အကောင်းဆုံးကာလလား?


ကိုဗစ်ကာလတောင် တဖြည်းဖြည်းနဲ့ တစ်နှစ်ပြည့်တော့မယ် ။ အိမ်ထဲမှာ ပဲ နေရတော့ စိတ်တွေ မွမ်းကျပ်ပြီး စိတ်ဓာတ်ကျတာတွေဖြစ်နေပြီလား?

ဒါဆိုရင်တော့ သင့်ကိုယ်သင် ဂရုစိုက်ဖို့လိုပါပြီ ။

 

လူ့စိတ်ဆိုတာ အနားပေးလိုက်ရင် အတွေးတွေ ဝင်ချင်ရာဝင်လာတတ်ပါတယ်။ ဒီလိုဝင်လာတဲ့အတွေးတွေမှာ ကောင်းတဲ့အတွေးတွေနဲ့ မကောင်းတဲ့အတွေးတွေ ပေါင်းစုံပါဝင်လာနိုင်ပါတယ်။ ကောင်းမွန်တဲ့အတွေးတွေ ဝင်ရောက်လာပါက ပြသနာမရှိပေးမယ့် မကောင်းတဲ့အတွေးတွေ ဝင်မလာနိုင်စေဖို့တော့ ဂရုပြုဖို့လိုပါလိမ့်မယ်။

 

အဲ့တာကြောင့် သင့်အနေနဲ့ သင့် စိတ်ကျန်းမာဖို့ အလေ့အကျင့်ကောင်းလေးတွေ လုပ်ပေးနေဖို့လိုပါတယ် ။

ဒီတော့ သင့်စိတ်ရောကိုယ်ရော အတွက် အထောက်အကူပြုတဲ့ ယောဂ ကို အိမ်မှာ ကျင့်ကြည့်ပါ။ ယောဂကျင့်ဖို့ က ယောဂဖျာတစ်ချပ်ရယ်၊ သဘာဝအလှတရားကိုမြင်နိုင်မဲ့နေရာတစ်ခုပဲလိုအပ်တာကြောင့် အိမ်မှာအလွယ်တကူ လုပ်နိုင်ပါတယ် ။

 

အခုဆို အိမ်မှာနေပြီး အားနေလို့ အချိန်လေးမှာ အချိန်ကိုအကျိုးရှိစွာ အသုံးချရင်း ယောဂကျင့်ကြည့်ပါ။


>>> ယောဂ (Yoga) သင်ကြားပေသည့် ဆရာ၊ ဆရာမများကို ရှာဖွေလိုပါလျှင် <<<

ယောဂလေ့ကျင့်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့
၁. လိုက်လျောညီထွေနေနိုင်စွမ်းမြင့်လာပါမယ် ။
၂. ကြွက်သားတွေ သန်မာလာပါမယ် ။
၃. ညီမျှစွာပြုမူနေထိုင်နိုင်လာပါမယ် ။
၄. ကိုယ်အလေးချိန်ကျလာပါမယ် ။
၅. စိတ်ပိုင်းဆိုင်ရာနာကျင်မှု ကိုရော ရုပ်ပိုင်းဆိုင်ရာနာကျင်မှုများကို ပါ ကာကွယ်နိုင်လာပါလိမ့်မယ် ။

 

ဒီလို သင့်ကို ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးကောင်းတွေ ပေးစွမ်းနိုင်တဲ့ ယောဂကျင့်ခြင်း ကို အိမ်မှာနေရင်း စတင်လိုက်ပါစို့။

 

 



 



 


 


 

>>> ယောဂ (Yoga) သင်ကြားပေသည့် ဆရာ၊ ဆရာမများကို ရှာဖွေလိုပါလျှင် <<<

 

၎. ကိုယ်အလေးချိန်ကျလာပါမယ် ။

 


ကိုဗစ်ကာလက ယောဂကျင့်ဖို့ အကောင်းဆုံးကာလလား?
Read times
Rate this articles
(0 votes)